Tuesday, March 15, 2011

ဒုတိယအကြိမ် Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း

ဂျပန်နိုင်ငံ Fukushima နယူကလီးယား ဓါတ်ပေါင်းဖို အမှတ်(၃)စက်ရုံမှာ ဆုနာမိ ဒီလှိုင်းဒဏ်ကြောင့် အအေးပေး စနစ်တွေ ပျက်စီးသွားတဲ့အတွက် ယနေ့ နေခင်းလောက်မှာ ထပ်မှန်ပြီး နောက်ထပ် ပေါက်ကွဲမှု တခု ဖြစ်ပွါးခဲ့ကြောင်းကို သတင်းဌာနမျာမှ ပြသသွားပါသည်။

နျူကလီးယား ဓာတ်အားပေးစက်ရုံကို ဆူနာမိ ဒီလှိုင်း ရိုက်ခတ်မှု ဒဏ်တွေကြောင့် ဓါတ်ပေါင်းဖို အအေးပေးစနစ်တွေ ပျက်စီးပြီး နျူကလီယား ဓါတ်ပေါင်းဖို အတွင်းရှိ လောင်စာချောင်းတွေ အပူလွန်ကဲရာက ဓါတ်ပေါင်းဖို အပြင်ရှိ အဆောက်အဦးကြီး အမှတ် (၁)နဲ့ အမှတ်(၃)တွေ ပေါက်ကွဲရခြင်း ဖြစ်ကြောင်း သိရပါသည်။ အမှတ် (၂)ဓါတ်ပေါင်းဖိုကိုတော့ ဒီကနေ့ အပူရှိန် တက်လာတဲ့ အချိန်မှာ ပင်လယ်ရေအေးတွေသွင်းတာ မ၀င်တော့တဲ့အတွက် ဓာတ်ပေါင်းဖိုတွင်းရှိတဲ့ရေပမာဏ ကျဆင်းလာပြီး ညူကလီယား လောင်စာတောင့်များရဲ့အောက်ဆုံးအခြေအထိ ရေပမာဏ ကျဆင်းလာနိုင်ပြီး အပူချိန်လွန် ကာ ပေါက်ကွဲနိုင်ကြောင်း ကြေခြာခဲ့သော်လည်း ဓာတ်ပေါင်းဖိုကို ဖိအားတွေ ကျလာစေဖို့ ပင်လယ်ရေသွင်းပြီး အချိန်မှီ ထိမ်းချုပ်နိုင်ကြောင်း ထပ်မှန်ကြေငြာသွားသည်ကိုလည်း တွေ့ရပါသည်။