Tuesday, March 15, 2011

နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်နိုင်။

၂၀၁၁ ခုနှစ် မတ်လ (၁၃)ရက်။

(၃)ရက် အတွင်း နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်သွားနိုင်ကြောင်းကို ဂျပန်အစိုးရ၏ မိုးလေ၀သ ဌာန ငလျင် ပညာရှင်များမှ ထုတ်ပြန် ကြေငြာသွားပါတယ်။ ငလျင်ဖြစ်ပေါ်ရန် ၇၀% ဟု တရားဝင် ထုတ်ဖေါ် ပြောကြားသွားပြီး လက်ရှိ ခန့်မှန်း ထားကတော့ ယခင် ငလျင်လှုပ်ခတ်သွားသော ဧရိယာ အတွင်းမှာ ဗဟိုပြုပြီး ဖြစ်ပေါ်လာမယ် အနည်းဆုံး အင်အား M 7.0 ကျော် ဖြစ်နိုင်ကြောင်း ပြောကြားသွားပါတယ်။

လျှပ်စစ်စွမ်းအား ထုတ်လုပ်ပေးတဲ့ နျူကလီယား ဓါတ်ပေါင်းဖို ရပ်ဆိုင်းသွားတဲ့အတွက် မီးဖြန့်ဖြူးရေးမှာ မလုံလောက် ဖြစ်သွားပြီး TEPCO တိုကျို လျှပ်စစ်စွမ်းအင် ကုမ္မဏီမှ မီးဖြန့်ဖြူးရေး လျော့ချ တော့မည့် အစီအစဉ်ကို ၀န်ကြီးချုပ် နာအိုးတိုးခမ် (Naoto Kan) က လက်ခံ လိုက်ပြီး မနက်ဖြန် ၆း၂၀ နာရီကနေစပြီး အလှည့်ကျ တနေ့ ပျမ်းမျှ ၃ နာရီလောက် မီးပျက် သွားနိုင်ကြောင်းကို ၀န်ကြီးချုပ်က ပြောကြား သွာပါတယ်။ TEPCO တိုကျို လျှပ်စစ်စွမ်းအင် ကုမ္မဏီမှလည်း ခန်တို ဧရိယာအတွင်း သတ်မှတ်ထားသည့် ဒေသ ၅ ခုရှိ ပြည်သူတွေ ကို မနက်ဖြန် ၆း၂၀ နာရီကနေစပြီး ည ၁၀း၀၀ နာရီကြားမှာ မီးကို အလှည့်ကျ တနေ့ ပျမ်းမျှ ၃ နာရီလောက် အလှည်ကျ မီးဖြတ်တောက် သွားမည်ဖြစ်ကြောင်း ကြေငြာသွားပြီး မီးလျောချသွားမည့် အစီအစဉ်ကို ၄ လပိုင်း လကုန်ပိုင်းအထိ အထိဖြစ်နိုင် ကြောင်း ပြောကြားသွားပါတယ်။

မတ်လ ၁၁ ရက်နေ့ လှုပ်ခတ်သွားသော ငလျင်အားကို ပညာရှင်များ၏ ငလျင်တိုင်းထွာချက် မှတ်တမ်းအရ M 9.0 အဖြစ်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာသွားပါတယ်။ 9.0M သည် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်သော ငလျင်များထဲတွင် ၁၉၀၀ ခုနှစ် နောက်ပိုင်း ပဉ္စမမြောက် အကြီးဆုံး ငလျင်ကြီး ဖြစ်ပြီး ဂျပန် သမိုင်းမှာတော့ နှစ်ပေါင်း ၁၄၀ ကျော်အတွင်း အကြီးဆုံး ငလျင်ဖြစ်ကြောင်း သိရပါတယ်။ M 9 ပြင်းအားရှိ ငလျင်နှင့် အမြင့် ၁ဝ မီတာခန့်ရှိ ဆူနာမီ ရေလှိုင်းကြီးများကြောင့် ဂျပန်နိုင်ငံအတွင်း အသေအပျောက် ၃၀၀၀ ကျော် ရှိပြီး အမြောက်အများ ပျောက်ဆုံးကြောင်း ငလျင်ဗဟိုပြုခဲ့
Boldသည့် မီယဂိ ဒေသ တခုထဲမှာ လူဦးရေ အသေအပျောက် ၁၀၀၀၀ ကျော်ရှိနိုင်ကြောင်း သတင်းများမှ ခန့်မှန်း ပြောကြားသွားပါတယ်။

ဂျပန် မိုးလေ၀သ ဌာနမှ ငလျင်မှတ်တမ်းကို သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://www.jma.go.jp/jma/indexe.html