Saturday, March 19, 2011

တိုကျိုဧရိယာတ၀ိုက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုလျှပ်စစ်ဓာတ်သုံးစွဲမှု ချွေတာ။

တိုကျိုဧရိယာတ၀ိုက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဟာ ကြီးကြီးမားမားဖြစ်နိုင်တယ်လို့ ဂျပန့်စီးပွားရေး ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး Banri Kaieda က မတ်လ ၁၇ ရက်နေ့ကပြောပါတယ်။

တိုကျိုမြို့တော်ဧရိယာတွင်ပြေးဆွဲနေသော ရထားလိုင်းကုမ္ပဏီများကလည်း ညနေ ၅ နာရီနောက်ပိုင်းက စပြီး ပြေးဆွဲတဲ့ရထားအရေအတွက်ကို လျှော့ချမယ်လို့ ပြောပါတယ်။

တိုကျိုမြို့တွင်းနေရာအနှံ့ကိုကြည့်မယ်ဆိုရင် လျှပ်စစ်မီးထွန်းတာတွေကို လျှော့ချထားတာကိုတွေ့ရပါလိမ့် မယ်။ စူပါမားကက်တွေ၊ ဆိုင်တွေ၊ ကွန်ဗီးနီးယင့်စ်စတိုးတွေ၊ ရုံးအဆောက်အဦ စတာတွေဖြစ်ပါတယ်။

တိုကျိုတာဝါ လည်း ညဘက် မီးအလှဆင်ထွန်းတာတွေကိုလည်း ရပ်တန့်လိုက်ပါပြီ။

ကန်တိုဧရိယာတွင် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကိုလုပ်ကိုင်နေသော TEPCO က လျှပ်စစ်ဓာတ်သုံးစွဲမှု ချွေတာတဲ့လုပ်ဆောင်ချက်တွေဟာ ဧပြီလကုန်ပိုင်းအထိ ဆက်ပြီးရှိနေလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

အဲဒီလိုဆိုရင် ဂျပန့်စီးပွားရေးရော၊ ဂျပန်မှာနေထိုင်နေတဲ့သူတွေရဲ့ ဘ၀လည်း အထိုက်အလျောက် ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ တွက်ဆလို့ရပါတယ်။