Thursday, October 11, 2012

B.R.S.A (၆)လပါတ်ညီလာခံဖိတ်ကြားခြင်း

B.R.S.A အသင်း၏ (၆)လပါတ်ညီလာခံနှင့် အသင်းဝင်စုံညီ အစည်းအဝေးအား
 အောက်ဖေါ်ပြပါ အစီအစဉ် အတိုင်းကျင်းပပြုလူပ်မည်ဖြစ်ပါသဖြင့်
အသင်းဝင်များအားလုံး (မပျက်မကွက်)တက်ရောက်ုကပါရန် ဖိတ်ုကားအပ်ပါသည်
 နေရာ - MINAMI OTSUKA HALL DAI (1)
 နေ့ ရက် - ၂၁-၁၀-၂၀၁၂ (SUNDAY)
 အချိန် - နေ့ လည် ၁း၃၀ မှ ညနေ ၅း၀၀

HTET AUNG KYAW
080-3001-1487

Monday, April 2, 2012

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်

မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၊ အခုနောက်ဆုံး သိရသလောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်က ၀ါးသင်္ခ ရွာ ၊ ညောင်ထောက်ရွာ ၊ ငှက်အော်စမ်းကျေးရွာ ၊ ကော်ခြံကျေးရွာတွေက မဲရုံတွေကို ဒီကနေ့ မနက် ၇ နာရီက လိုက်လံကြည့်ရှုခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကလည်း ကော့မှူးမြို့နယ်ကို သွားရောက်ပြီးတော့ အားလုံးမျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့လည်း သိရပါတယ်။ ဒီရွေးကောက်ပွဲမှာ တချို့မဲကတ်ပြားတွေမှာ NLD ပါတီကို မဲပေးလို့မရအောင် ဖယောင်းသုတ်ထားတာတွေ၊ မဲပေးသူတွေကိုလည်း ခြိမ်းခြောက်အကြပ်ကိုင်တာတွေ၊ မဲစာရင်းပြဿနာတွေ နဲ့ မဲသမာမှုတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမအနေနဲ့ ဒီရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း ဒါပေမဲ့လည်း ဒီရွေးကောက်ပွဲဟာ အရေးပါတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီးတဲ့အချိန်ကစပြီး၊ ဒီတကြိမ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လက အစိုးရသစ်တက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။

Thursday, March 29, 2012

ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေ ရောက်ရှိ


မြန်မာနိုင်ငံမှာ ဧပြီလတစ်ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ဖို့အတွက် အခုဆိုရင် နိုင်ငံတကာ အဖွဲ့တွေ ရန်ကုန်မြို့မှာ ရောက်နေကြပါပြီ။ ဖိတ်ကြားထားတဲ့ အတိုင်းပဲ နိုင်ငံတကာ သံတမန်တွေနဲ့အတူ သက်ဆိုင်ရာ သတင်းမီဒီယာတွေလည်း ပါဝင်လာကြပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာ ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်နေပါပြီ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ဒေါက်တာ Mely Anthony ဦးဆောင်တဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးကတော့ ဒီနေ့ညနေပိုင်း ရန်ကုန်မြို့ကို ရောက်လာပါပြီ။ အခြား နိုင်ငံအသီးသီးက လေ့လာရေးအဖွဲ့အချို့လည်း ရန်ကုန်ကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာရွေးကောက်ပွဲတွေကို လေ့လာ စောင့်ကြည့်နေတဲ့ NDI (National Democratic Institute) နဲ့ IRI (International Republican Institue) က ကိုယ်စားလှယ်နှစ်ဦး သွားရောက်မှာဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ NDI ရဲ့ အာရှဒေသဆိုင်ရာညွန်ကြားရေးမှုး Peter Manikas နဲ့ IRI ရဲ့ အာရှအစီအစဉ် ညွန်ကြားရေးမှူး Johanna Kao တို့ နှစ်ဦးဟာ အခု မတ်လ ၂၈ ရက်နေ့ကနေ ဧပြီ ၃ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း မဲရုံတွေကို လေ့လာစောင့်ကြည့်သွားမယ်လို့ NDI ပြောခွင့် ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း ၂၀၀၅ ခုနှစ်တုန်းက ကုလသမဂ္ဂက ရေးဆွဲသတ်မှတ်ထားတဲ့ နိုင်ငံတကာစံနှုန်းအတိုင်း ရွေးကောက်ပွဲစောင့်ကြပ်မှုမျိုးတော့ လုပ်နိုင်မယ့် အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ အဲဒီ စံနှုန်းအရဆိုရင်တော့ ရွေးကောက်ပွဲမတိုင်ခင် လနဲ့ချီပြီး အခြေအနေတွေကို စောင့်ကြည့်ရတာမျိုး၊ နိုင်ငံအနှံ့က ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်ဖို့ လုံလောက်တဲ့ လူအင်အား သုံးသပ်မှုထားရှိတာမျိုး စတဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာစောင့်ကြည့်မှု သတ်မှတ်ချက်တွေ လိုအပ်ပါတယ်။
ဒါပေမယ့်လည်း လာမယ့် ၂၀၁၅ ခုနှစ်လုပ်မယ့် ရွေးကောက်ပွဲအတွက် အခုလုပ်မယ့် ရွေးကောက်ပွဲ အတွေ့အကြုံတွေကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့ NDI ပြောခွင့်ရသူ Rob Runyan က ပြောပါတယ်။
“NDI ရော IRI ပါ ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက်ကြည့်ရှုခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် NDI ရော IRI နှစ်ခုစလုံးက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပုံ၊ ကျင်းပနည်းကနေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးကျင်းပရာမှာ ဘယ်လို အထောက်အကူပေးနိုင်မယ်ဆိုတာကို အထူး စိတ်ဝင်စားပြီး မြန်မာနိုင်ငံမှာ ပိုပြီးကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုလည်း ဦးတည်စေမယ်ဆိုတာ မျှော်လင့်ပါတယ်။”
မနက်ဖြန် မတ်လ ၂၉ ရက်နေ့မှာတော့ အဲဒီ သံတမန်အားလုံးကို မြန်မာနိုင်ငံရေးဝန်ကြီးဌာနက ခေါ်ယူထားပါတယ်။ အဲဒီမှာ ရွေးကောက်ပွဲလေ့လာရေး စီစဉ်မှုနဲ့ပတ်သက်လို့ ရှင်းပြဖို့ရှိပြီး အဲဒီကျမှ လေ့လာရေးအဖွဲ့တွေအနေနဲ့ ဘယ်နေရာကို ဘယ်လို သွားရောက်မလဲဆိုတာ ဆွေးနွေး ဆုံးဖြတ်ဖွယ် ရှိပါတယ်။ နိုင်ငံအများစု ရွေးကောက်ပွဲကို လေ့လာဖို့ သီးခြားကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာရှိသလို အချို့နိုင်ငံတွေကတော့ သက်ဆိုင်ရာသံရုံးကနေ တာဝန်ယူပြီး လေ့လာစောင့်ကြည့်မှာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်သံရုံးကနေ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် သွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr.Raul Hernandez က ပြောပါတယ်။
“မြန်မာအာဏာပိုင်တွေအနေနဲ့ အခုလို ရွေးကောက်ပွဲစောင့်ကြည့်ရေး နိုင်ငံတကာကို ဖိတ်ကြားရာမှာ သံတမန်တွေတင်မဟုတ်ဘဲ နိုင်ငံလွှတ်တော်အမတ်တွေနဲ့ သတင်းမီဒီယာတွေကိုပါ ဖိတ်ကြားခဲ့ပါ တယ်။ ဖိလစ်ပိုင်ကို ကိုယ်စားပြုပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ဟယ်လန် ဒလာဘေးကား ဦးဆောင်တဲ့ လေးဦးပါ အဖွဲ့က ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမှာပါ။ ဖိလစ်ပိုင်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ပြီး ပါလီမန်ကိုယ်စားလှယ် အဖွဲ့ကလည်း မြန်မာရွေးကောက်ပွဲစောင့်ကြည့်ဖို့ သွားရောက်ပါလိမ့်မယ်။ ဒီ စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ အတူ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံးရုပ်သံဌာနကလည်း သတင်းသမားတွေ သွားရောက်ပါလိမ့်မယ်။”
ဂျပန်နိုင်ငံဘက်ကတော့ ဂျပန်နိုင်ငံခြားရေးရုံးနဲ့ ဂျပန်သံရုံးက ကိုယ်စားလှယ် သုံးဦးကို စေလွှတ် စောင့်ကြည့်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှုဖြစ်စေလိမ့်မယ်လို့ ဂျပန်နိုင်ငံအနေနဲ့ မျှော်လင့်တဲ့အကြောင်းလည်း ပါရှိပါတယ်။ အိန္ဒိယနိုင်ငံဘက်ကတော့ မဏိပူရ်နဲ့ အာသံဒေသ ရွေးကောက်ပွဲကြီးကြပ်ရေးအရာရှိနှစ်ဦးကို အိန္ဒိယနိုင်ငံကို ကိုယ်စားပြုပြီး စေလွှတ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ အလားတူလိုပဲ ကုလသမဂ္ဂ လေ့လာရေးကိုယ်စားလှယ်အဖွဲ့တွေလည်း မနက်ဖြန် မနက်ပိုင်း မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ သူတို့လေ့လာတွေ့ရှိချက်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပြန်လည် အစီရင်ခံရမှာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူတဦးဖြစ်တဲ့ Eri Kaneko က ပြောပါတယ်။
“မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်က ကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်သွားမှာဖြစ်ပြီး အချုပ် သုံးသပ်ချက်ကို အတွင်းရေးမှူးချုပ်ကို ပြန်လည် အစီရင်ခံမှာဖြစ်ပါတယ်။”
အမေရိကန်ပြည်ထောင်စုဘက်မှာတော့ အမေရိကန်အစိုးရရဲ့ကမ်းလှမ်းမှုနဲ့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ မြန်မာသမိုင်းအတွက် အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်မယ်လို့ သံတမန်တွေက ယူဆပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr.Raul Hernandez ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တာဟာ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးမှုဖြစ်တယ်လို့ ပြောပါတယ်။
“ဧပြီ ၁ ရက်နေ့လုပ်မယ့် ပါလီမန်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးဖို့ ဖိလစ်ပိုင်နိုင်ငံက မျှော်လင့်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာသမို်င်းရဲ့ နောက်ထပ် မှတ်တိုင်တခုဖြစ်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံရေးပါတီတွေ ပါဝင်လာတာကြောင့်ပါ။ အခုလို ရွေးကောက်ပွဲကျင်းပနေစဉ်မှာ အခြားနိုင်ငံတကာကို လေ့လာ စောင့်ကြည့်နိုင်ဖို့ ဖိတ်ကြားတဲ့အတွက်လည်း အားတက်ကျေနပ်မိပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ရဖို့ နိုင်ငံတကာရဲ့တောင်းဆိုချက်ကို လိုက်လျောလိုက်တာပါ။”
ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် နိုင်ငံတကာသံတမန်တွေ၊ သတင်းမီဒီယာတွေအနေနဲ့ ဘယ်လို ပုံစံနဲ့ ဘယ်နေရာကို သွားရောက်ကြမလဲဆိုတာ မနက်ဖြန် မြန်မာနိုင်ငံခြားရေးဌာနနဲ့ တွေ့ဆုံပြီးမှ ရှင်းရှင်းလင်းလင်း ဖြစ်လာမယ့် သဘောရှိပါတယ်။ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားရောက်နိုင်ဖို့တော့ မျှော်လင့်ထားကြပါတယ်။ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကအခြေအနေကို ပိုပြီး အာရုံစိုက်ကြဖွယ်ရှိပါတယ်။ အခု ဒီရွေးကောက်ပွဲကလည်း အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတာကြောင့်လည်း နိုင်ငံတကာက ပိုပြီးတော့ စိတ်ဝင်စားနေကြပါတယ်ခင်ဗျား။

Tuesday, March 13, 2012

မြန်မာနိုင်ငံလူအခွင့်အရေးနေ့နှစ်ပါတ်လည် ချီတက်ဆန္ဒပြပွဲ

၂၄ကြိမ်မြောက်မြန်မာနိုင်ငံလူအခွင့်အရေးနေ့နှစ်ပါတ်လည် ချီတက်ဆန္ဒပြပွဲတွင်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်းမှမြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan နှင့်လက်တွ္ပဲ္ပ၍ချီတက်ဆန္ဒပြခဲ့သည်။၂၀၁၂-ခုမတ်လ (၁၃) ရက်(အင်္ဂါနေ့)ှညနေ ၃-နာရီ တွင်Gotanda ဘူတာအနီး Minami Gotandaပန်းခြံမှစတင်ချီတက်ခဲ့ပြီးရှီနာကာဝရှိမြန်မာနိုင်ငံသံရုံုးဖြတ်ကျော်၍
ရှီနာကာဝပန်းခြံတွင်ချီတက်ပွဲပြီးဆုံးခဲ့သည်။



သတင်းနှင့်ပြန်ကြားရေးဌာန
Posted by MAUNG NE WIN
ne0029win@gmail.com

မြန်မာ့ရုပ်မြင်သံကြားမှာထုတ်လွှင့်မဲ့ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး မိန့်ခွန်း

ဒေါ်အောင်ဆန်းစုကြည် ရုပ်သံကလွှင့်မယ့်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် အနေနဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနတွေကနေ တပါတီချင်းအလိုက် မိန့်ခွန်းတိုပြောကြားခွင့် ပြုထားတာမှာ မကြာသေးခင်ကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ပါတယ်။ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် - ရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်တင်သွင်းရတဲ့ မူကြမ်းကနေ အခုလို ဖြတ်တောက်ခံခဲ့ရတာပါ။ ဘယ်အချက်ကို လက်မခံခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ဧပြီလ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို နိုင်ငံပိုင် ရေဒီယို - ရုပ်မြင်သံကြားတွေကနေ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းပြောကြားခွင့် ရရှိထားတာမှာ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့တာပါ။ လာမယ့် ၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းကို မေးကြည့်တော့ -
“ကျနော်တို့ မဲဆွယ်စည်းရုံးဟောပြောပွဲ တယ်လီဗေးရှင်းဟောပြောပွဲအတွက် ဟောပြောမယ့်ဟာကို ပြည်ထောင်စုကော်မရှင်ကို တင်ရပါ တယ်။ ပြီးခဲ့တဲ့တပတ်ကပဲ ကျနော်တို့ တင်ခဲ့ပါတယ်။ စာပိုဒ်တပိုဒ်ကို ဖြုတ်ခိုင်းပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းလေး ရေးထားတဲ့ စာပိုဒ်ပါ။ အဲ့ဒီဖြုတ်ခိုင်းတဲ့အပိုဒ်ကို ကျနော်တို့ အစားထိုး ထပ်တင်တယ်။ အချိန်ကနည်းတော့ ကျနော်တို့ဘက်ကလည်း Fax နဲ့ပို့တယ်။ သူတို့ဘက်ကလည်း Fax နဲ့ ပြန်လာတယ်။ အဲ့ဒါ အခု အဆင်ပြေသွားပါပြီ။ Pass ဖြစ်သွားပါပြီ။”
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ အလားတူပဲ - ဒီိမိုကရက်တစ် ပါတီ မြန်မာအဖွဲ့က ဦးသုဝေရဲ့ ရုပ်သံနဲ့ ရေဒီယိုတွေမှာ ပြောကြားဖို့ ရေးသားထားတဲ့မူကြမ်းထဲက ပါတီမူဝါဒဆိုင်ရာ ဆောင်းပါးနှစ်ခုစလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးစံနစ်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ယှဉ်ပြီး သုံးသပ်ပြထားတာတွေ ပြောခွင့်မပြုခဲ့တာကြောင့် ဒီအချက်တွေချန်ပြီး ပြောခဲ့ရတယ်လို့ ဦးသုဝေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ဒါ့အပြင် ဒီ ကြားဖြတ်ရွေးကောက်ပွဲအတွက် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာလည်း အဟန့် အတား အကန့်အသတ်တွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ -
ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေမှာ မမှန်မကန် လုပ်ဆောင်တာတွေ တွေ့ရသလို - အထူးသဖြင့် - မဲဆန္ဒရှင်စာရင်းတွေထဲမှာ ကွယ်လွန်ပြီးသား လူတွေရဲ့ နာမည်တွေ ပါဝင်နေတယ်လို့ ကြာသာပတေးနေ့က သူမရဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဥာဏ်ဝင်းကတော့ - မဲစာရင်းကွာဟမှုတွေကို သက်ဆိုင်ရာကော်မရှင်ထံ အချိန်မီ အကြောင်းကြားပေးနေပြီး - ကော်မရှင်တွေ ဘက်ကလည်း ဥပဒေအရ လုပ်ပိုင်ခွင့်ထဲကနေ ပြင်ဆင်မှုတွေ လုပ်ပေးနေကြောင်း ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကရော အာဆီယံကပါ - ဒီကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရခေါင်းဆောင်တွေကို ထပ်ခါတလဲလဲ ပြောဆိုနေတာပါ။ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေကလည်း ဒီဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး - မရုပ်သိမ်းရေးကိစ္စကို ကြားဖြတ် ရွေးကောက်ပွဲ အခြေအနေအပေါ် မူတည်ပြီးတော့မှ ဆုံးဖြတ်မယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် အာဆီယံကလည်း - ဒီကြားဖြတ် ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာရေး အကဲခတ်အဖွဲ့တွေနဲ့ နိုင်ငံခြားသတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/--03_09_12_my-news-burma

မှကူးယူတင်ပြသည်
Posted by MAUNG NE WIN
ne0029win@gmail.com

Thursday, March 1, 2012

မြန်မာအစိုးရရဲ့ လျှို့ဝှက်စီမံကိန်း

မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေအပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာမိတ်ဆွေတွေ တိုးပွားနေပါတယ်။အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂအတွင်းက ရန်သူဟောင်းတွေကလည်း အခုအခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြသလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက် လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ ခြေလှမ်းတပြင်ပြင် ဖြစ်နေပြီ။
သမ္မတသိန်းစိန်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာတခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမယ့် တကယ်တမ်း ဘာတွေ ပြောင်းပါသလဲ။ အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ။- ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေအပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာတွေ၊- ၂၀၀၈ ခုနှစ် အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ်ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုံ့ပြန်ပုံတွေ၊- ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီး ကျင်းပခဲ့လို့ အများက ဝိုင်းဝန်းရှုတ်ချ ပြစ်တင်ခံရတာတွေ၊- ၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုးမဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကျုံး လုယူသွားတာတွေကို မကြာသေးခင် ကာလကလေးမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းရှုတ်ချ အပြစ်တင်ခဲ့ကြပါသေးတယ်။
အခုခေတ်စားနေတဲ့ သီအိုရီတခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။ ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။

“ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင်မစဉ်းစားဘဲ တောက်လျှောက် တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက်ကို တာရှည်တည်တံ့ဖို့ မဖြစ်နိုင်တဲ့အချက် ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍာန်ကို အခြေခံရေးသားထားပါတယ်။ ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ ကာလဟာ သိပ်ရှည်ကြာမယ်မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှမဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။”

အနောက်နိုင်ငံ တော်တော်များများက ဘာပဲလုပ်လုပ် သူတို့လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာရောက်ဖို့နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ဆိုတဲ့ အချက်အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေကြတာကလည်း အထင်အရှားပါပဲ။
ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အီးယူ ဥရောပသမဂ္ဂ ဥက္ကဌ ဟားမန်းဗန်ရွန်းပါက ဘရပ်ဆဲလ် ထိပ်သီးအစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ “မြန်မာအစိုးရရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။အဲသလို သူမပြောခင် တရက်အကြိုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။
တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်းအတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံတွေဆီက အရင်ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေ တိုးလာအောင် သူတို့ စစ်ဗိုလ်အချင်းချင်းကြားမှာ လူဆိုးလူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။ တချို့ကတော့လည်း သိန်းစိန်အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်းနိုင်လောက်အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။
မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ “တကယ်တမ်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာမှ ရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။


စနစ်တကျ အကွက်ချထားတဲ့ အစီအမံ




မြန်မာအစိုးရရဲ့ ပေါ်လစီအပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက် ထောက်ခံနေကြသလဲ ဆိုတာကို နားလည်နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန် အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။ အဲဒီအချိန်တုန်းက နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက်ရာ လမ်းပြမြေပုံ ၇ ချက် ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ် ရေးဆွဲ၊ ရွေးကောက်ပွဲ ကျင်းပ၊ ပြီးရင် လွှတ်တော်ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။



တချိန်တည်းမှာပဲ လျှို့ဝှက်မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း ရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လို ဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။ ဒီအက်စ်အေရဲ့ သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝှက်စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှ ဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။



မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ် ဖော်ပြထားပါတယ်။ အောင်ကျော်လှ ဆိုတာဟာ တကယ်ရှိတဲ့ လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမယ့် နာမည်ဝှက်လို့ ယူဆစရာ ရှိပါတယ်။စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ-အမေရိကန်ဆက်ဆံရေး လေ့လာချက်လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိက ဆွေးနွေးထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး မှီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့လွတ်လပ်ရေးကို ခြိမ်းခြောက်ခံနေရတဲ့ အရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။



ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံ ၇ ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက် တင်မြှောက်ခြင်းအားဖြင့် ပြင်ပကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင် လုပ်တဲ့နည်းလမ်း ကျင့်သုံးပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန်မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာ တွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။



ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေးပြဿနာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန်တာမှန်ပေမယ့် အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာအတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲ ဆိုတဲ့အချက်ကိုတော့ အတိအကျ ပြောပြမထားပါဘူး။ဒါပေမယ့် သူတွေးခေါ်ပုံဟာ အမေရိကန်-တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ အခြေခံကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာထင်ရှားပါတယ်။ အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော်ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျှော့ပေးတတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင်ဆူဟာတို လက်ထက် အင်ဒိုနီးရှားဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။



တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရနိုင်မယ်လို့ အဲဒီမဟာစီမံကိန်းက ဖော်ပြပါတယ်။ ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စေတနာနဲ့ ကုန်သွယ်ရေးအပေါ်မှာ မီခိုနေရတဲ့ ဒေသတွင်း နိုင်ငံတနိုင်ငံအဆင့်ကနေ ကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက် နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။ မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျှော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။



အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ ရေးထားပါတယ်။ သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေ လျော့သွားတယ်လို့လည်း သုံးသပ်ထားပါတယ်။ စုကြည်ကို လွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထားသလို သူ့ရဲ့ အဆုံးစွန် ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်း ရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေးကို ဆန့်ကျင်တဲ့ အနောက်တိုင်းပညာရှင်တွေကိုလည်း နာမည်နဲ့တကွ ဖော်ပြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ်အမတ်တွေရဲ့ နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယသံတမန်များက အကူအညီပေးပါလိမ့်မယ်လို့ ဆိုထားတဲ့ အချက်ဖြစ်ပါတယ်။


စာတမ်းမှာ အဆုံးသတ် ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက်အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမယ့် အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အမေရိကန်အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့အခါ အရင်ကထက် ဝေဖန်တဲ့အသံတွေ တဖြည်းဖြည်း ပျော့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံရေးမှာ အပေးအယူ အပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီးရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။



တရုတ်ကြောက်ရောဂါ


အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။ တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုလှုပ်ရှားမှုကြီးကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေးကို လျော့ချလိုက်တာကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေး ပိုပြီးဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေဖတ်ရှုတဲ့ အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမယ့် သစ်တောသယံဇာတတွေကို မတော်မတရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါးကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ်အကြောင်းတရား ဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။




မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေးလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တရုတ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ်ပတ်သက်နေတာကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေအနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃,၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံစီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။ အမေရိကန်ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ပူးပေါင်းလိုကြောင်း ပြသတဲ့အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက် ပြုလုပ်ပေးရေးဟာ အဓိက ဦးစားပေးဖြစ်လာတယ်။



ဒါ့အပြင် သူတို့အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား စစ်ရေးဆက်စပ်မှုကို ပျက်ပြယ်အောင်လုပ်ဖို့လည်း အမေရိကန်အစိုးရအနေနဲ့ စိတ်အားထက်သန်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိကလုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းက ပါလာတာဟာ ဘာမှအံ့သြစရာမရှိဘူး။ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတ ဖြစ်လာပြီးနောက် အစိုးရအရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားကနေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။


မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်လာတယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင် USS McCampbell လေယာဉ်တင်သင်္ဘောက တွေ့ခဲ့တယ်။ အမေရိကန်သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီ ချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမယ့် မြောက်ကိုရီးယားဘက်က ငြင်းခဲ့တယ်။နောက်ထပ် ရက်အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင်ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများခဲ့ကြတယ်။ နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိလ်တုက လမ်းတလျှောက် တောက်လျှောက် စောင့်ကြပ်လိုက်ပါလာတဲ့အတွက် မြောက်ကိုရီးယားသင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားတယ်။



အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုတချို့ကို လျှော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယားလက်နက်သင်္ဘော မြန်မာနိုင်ငံကို လာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။မြန်မာအစိုးရအနေနဲ့ တရုတ်ကနေ ခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ သံသယဝင်စရာ မရှိပါဘူး။ “အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစားဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို လစ်ဘရယ် အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန်သံတမန်ဟောင်း ရောဘတ်ဖစ်က ပြောပါတယ်။မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့အနေနဲ့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ် ခန့်အပ်ပါတော့မယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်းသတင်းစာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ်ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန် အစိုးရအရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ပါတယ်။



စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူအနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝမဟုတ်ပါဘူး။ စီအိုင်အေရဲ့ ဦးစားပေးလုပ်ငန်းဟာ အမေရိကန်အတွက် မြန်မာရဲ့သေနင်္ဂဗျူဟာအရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာနိုင်တယ် ဆိုတာပါပဲ။ ဒါ့ကြောင့် အားမျှအောင် ချင့်ချိန်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။ ဒါပေမယ့် ဘယ်လို အားမျှအောင် လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။




ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း



မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေ ရှိပါတယ်။ မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုးအုပ်စု ကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့် ကပြနေတဲ့ ဇာတ်လမ်းကို နိုင်ငံတကာက ယုံကြည်ပုံရပေမယ့် ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာလွယ်လွယ်နဲ့ ယုံကြည်ကြပုံမရပါဘူး။မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက် အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။ သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ၊ စစ်အစိုးရ တင်းမာအုပ်စု လူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာနဲ့ ပတ်သက်ပြီး သံသယကြီးကြီး ဝင်နေကြပါတယ်။


အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို သူတို့ သတိပြုမိကြပါတယ်။ မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီတပ်စကာက တင်ဦးနဲ့ သူ့ထောက်လှမ်းရေးတွေအကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။



“သူတို့ဟာ တခြားအမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာအကြောင်း ပိုသိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမယ့် သူတို့ကို နိုင်ငံခြားသွားခွင့်ပေးထားတယ်။ နိုင်ငံခြားသားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။ဒါပေမယ့် သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေအပေါ်မှာ အင်မတန် အညှာတာကင်း ရက်စက်ပြီး အလွန်ပါးနပ်လိမ္မာသူတွေအဖြစ် လူသိများပါတယ်။ မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ အမေရိကန် စီအိုင်အေသင်တန်းကို တက်ရောက်ခဲ့သူတယောက် ဖြစ်ပါတယ်။



အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံ ကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာစစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကို ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေ စစ်အစိုးရလက်ထက်မှာ မီးရထားဝန်ကြီး ဖြစ်လာပါတယ်။ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာသက်ဆိုးရှည်ရေး အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိကပြဿနာ ဖြစ်ပါလိမ့်မယ်။




စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ


ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။ သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေကို အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်းအရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆခံရသူ ဖြစ်ပါတယ်။လူကောင်း အောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။ ဒါပေမယ့် သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက် ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။ အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာ ပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။



ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင်မစဉ်းစားဘဲ တောက်လျှောက် တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက်ကို တာရှည်တည်တံ့ဖို့ မဖြစ်နိုင်တဲ့အချက် ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍာန်ကို အခြေခံရေးသားထားပါတယ်။ ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ ကာလဟာ သိပ်ရှည်ကြာမယ် မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာ ဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့လျှောက် သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။ မဟာစီမံကိန်းမှာ အောင်ကျော်လှ သတိပေးခဲ့တဲ့ တရုတ်-အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။


ဘာတေးလ် လစ်တနာ
(အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ဘာသာပြန်ထားတာဖြစ်ပါတယ်။)


မှကူးယူတင်ပြသည်

Posted by MAUNG NE WIN

ne0029win@gmail.com


Sunday, February 26, 2012

၂၀၁၂. ၂. ၂၆ ရက်နေ့ BRSA အလုပ်အမှုဆောင် အစည်းအဝေးမှ သီးခြားအစီအစဉ်ဖြင့် အကူအညီပေးနေသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာဆုံးဖြတ်ချက်





၂၀၁၂. ၂. ၂၆ ရက်နေ့ BRSA အလုပ်အမှုဆောင် အစည်းအဝေးမှ နာရီတာလေဆိပ်သို့ ရောက်ရှိလာပြီး ဒုက္ခသည်အဖြစ် ခိုလှူံခွင့်လျှောက်ထားလာသော မြန်မာနိုင်ငံသားများအား လူသားချင်းစာနာသည့် အနေဖြင့် သီးခြားအစီအစဉ်ဖြင့် အကူအညီပေးနေသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လုပ်ငန်းစဉ်များတရပ်အား ရပ်ဆိုင်းလိုက်ကြောင်း အလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ အသိပေးကြေငြာအပ်ပါသည်။ အကယ်၍ နာရီတာလေဆိပ်မှရောက်ရှိ လာပြီးခိုလှုံခွင့်လျှောက်ထားသူများသည်BRSA အသင်းသို့အသင်းဝင် အဖြစ်ဝင်ရောက်ခဲ့ပါက အသင်း၏ဖွဲ့စည်းပုံပြဌာန်းချက်များအတိုင်း အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက် များဖြင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။

၂၀၁၂.၂.၂၆ အလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ
သတင်းနှင့်ပြန်ကြားရေးဌာန
BRSA အသင်းသူ/သားများ သိရှိရန် ကြေငြာခြင်း

ယနေ့ ၂၀၁၂. .၂.၂၆ ရက်နေ့၌ otsuka kumin jimusho ခန်းမတွင် BRSA လပတ်အစည်းအဝေး နှင့် အလုပ်အမှုဆောင်အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ပါသည်။ ယနေ့ ကျင်းပပြုလုပ်သောအစည်းအဝေးမှ အသင်းနှင့်အဆက်အသွယ်ပြတ်တောက်၍အသင်း၏လစဉ်ကြေးများကို ပေးသွင်းရန်ပျက်ကွက် နေကြသော
အသင်းသူ/သားများအား၂၀၁၂. ၃. ၃၁ ရက်နေ့နောက်ဆုံးထား၍ ပေးသွင်းကြပါရန် နှိုးဆော်လိုက်ပါသည်။ အကယ်၍ လစဉ်ကြေးပေးသွင်းရန် ပျက်ကွက်ခဲ့သော အသင်းဝင်များအားအသင်း၏ဖွဲ့စည်းပုံပါ ပြဌာန်းချက်အရ အသင်းသားအဖြစ်မှ ရပ်ဆိုင်းမည်ဖြစ်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အသင်း၏ အလုပ်အမှုဆောင်ကော်မတီဝင်များထံ ဆက်သွယ်ရန်အသိပေးအပ်ပါသည်။


သတင်းနှင့် ပြန်ကြားရေးဌာန

၂၀၁၂ခုနှစ်မြန်မာနိုင်ငံသား ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)အမှုဆောင်အစည်းအဝေးပွဲဖိတ်ကြားခြင်း

BRSA အသင်းသားများ စုံညီအစည်းအဝေး

ကျင်းပမည့်နေရာ ။ ။ Toubu Kumin Jimusho, Otsuka, Toshima-Ku
ကျင်းပမည့်အချိန် ။ ။ ၁ နာရီမှ ၅ နာရီ
ကျင်းပမည့်နေ့ ။ ။ ၂၀၁၂ .၃.၁၈ (တနင်္ဂနွေနေ့) တွင်ကျင်းပမည်ဖြစ်ပါသဖြင့်အမှုဆောင်နှင့်အဖွဲ့ဝင်များအားမပျက်မကွက်
တက်ရောက် ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။


ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ

ကျင်းပမည့်နေရာ ။ ။ KOMAGOME
ကျင်းပမည့်အချိန် ။ ။ ၅ နာရီမှ ၉ နာရီခွဲ
ကျင်းပမည့်နေ့ ။ ။ ၂၀၁၂ .၃.၄ (တနင်္ဂနွေနေ့) တွင်ကျင်းပမည်ဖြစ်ပါသဖြင့်အမှုဆောင်နှင့်အဖွဲ့ဝင်များအား
တက်ရောက် ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။


၂ဝ၁၂. ၃. ၁၃ ( အင်္ဂါနေ့ ) မြန်မ့ာလူ့အခွင့်ရေးနေ့အထိမ်းအမှတ် GOTANDA ပန်းခြံမှ ၂နာရီ စုဝေး၍ အခွန်ရုံးရှေ့ဖြတ်ပြီး ချီတက်လမ်းလျှောက် ဆန္ဒပြပွဲ









သတင်းနှင့်ပြန်ကြားရေးဌာန

၂၀၁၂ခုနှစ်မြန်မာနိုင်ငံသား ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)အမှုဆောင်အစည်းအဝေးပွဲဖိတ်ကြားခြင်း

BRSA အလုပ်အမှုဆောင်အစည်းအဝေး
ကျင်းပမည့်နေရာ ။ ။ Toubu Kumin Jimusho, Otsuka, Toshima-Ku
ကျင်းပမည့်အချိန် ။ ။ ၁ နာရီမှ ၅ နာရီ
ကျင်းပမည့်နေ့ ။ ။ ၂၀၁၂ .၃.၄ (တနင်္ဂနွေနေ့) တွင်ကျင်းပမည်ဖြစ်ပါသဖြင့်အမှုဆောင်နှင့်အဖွဲ့ဝင်များအားမပျက်မကွက်
တက်ရောက် ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန




၂၀၁၂. ၂. ၂၆ BRSA ဧ။် လပတ်စုံညီ အစည်းအဝေး မှတ်တမ်းဓါတ်ပုံများ





Friday, February 24, 2012

၂၀၁၂ခုနှစ်မြန်မာနိုင်ငံသား ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)အမှုဆောင်အစည်းအဝေးပွဲဖိတ်ကြားခြင်း

လပတ်စုံညီအစည်းအဝေးပွဲအား အမှုဆောင်များနှင့်အဖွဲ့ဝင်များအားဖိတ်ကြားခြင်း

ကျင်းပမည့်နေရာ ။ ။ Toubu Kumin Jimusho, Otsuka, Toshima-Ku
ကျင်းပမည့်အချိန် ။ ။ ၁ နာရီမှ ၅ နာရီ
ကျင်းပမည့်နေ့ ။ ။ ၂၀၁၂ .၂.၂၆ (တနင်္ဂနွေနေ့) တွင်ကျင်းပမည်ဖြစ်ပါသဖြင့်အမှုဆောင်နှင့်အဖွဲ့ဝင်များအားမပျက်မကွက်
တက်ရောက် ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

ဝန်ထမ်းလစာ တိုးပေးရန် ကိစ္စကို နောက်မဆုတ်ဟု သူရဦးရွှေမန်းပြော



ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၀န်ထမ်းလစာတိုးပေးရန် အဆိုကို ၎င်းအနေဖြင့် နောက်ဆုတ်မည်မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အဦတွင် ယနေ့နံနက် ၉ နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွ္ပဲ၌ ပြောကြားလိုက်သည်။ ထို့ပြင် ဖေဖေါ်ဝါရီ ၇ ရက်နေ့ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်တွင် ပာကြားသည့် မိန့်ခွန်းထဲမှ စကားလုံး အချို့ ဖြတ်တောက်ခံရကြောင်း ကိုပါ ထည့်သွင်းပြောကြား သွားသည်။ မိန့်ခွန်းထဲတွင် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်သင့်တာလုပ်ဖို့ ဆိုသည့်စကားရပ် တွင် သတ္တိ ဆိုသည့် စကားလုံး ဖြတ်တောက်ခံရသည်ဟုလည်း ပြောဆိုသွားကြောင်း YPI - facebook စာမျက်နှာတွင်ဖော်ပြထားပါသည်။
အဆိုပါ သတင်းနှင့်ပါတ်သတ်လို့ The Voice Weekly - facebook စာမျက်နှာတွင်လည်းအခုလို ဖော်ပြထား-
ဝန်ထမ်းလစာ တိုးမြှင့်ရေး မဖြစ်မနေဆောင်ရွက်မည်ဟု သူရဦးရွှေမန်း ပြောဆိုဝန်ထမ်းလစာ တိုးမြှင့်ရေးမှာ ပြည်ထောင်စုလွှတ်တော်၏ တခဲနက်ထောက်ခံချက်ဖြင့် အတည်ပြုထားသော ကိစ္စဖြစ်၍ ယင်းဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေလုပ်ဆောင်သွား မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ နံနက်ပိုင်းတွင် ပြောကြားလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ တွင်ကျင်းပသော ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများ ကို ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ "လစာတိုးရင် ကုန်ဈေးနှုန်းမြင့်မယ်။ ကုန်ဈေးနှုန်းမြင့်မှာစိုးလို့ လစာမတိုးဘဲနေလို့ရမလား။ လစာတိုးပေမယ့် ကုန်ဈေးနှုန်းမမြင့်အောင်ဘာလုပ်မလဲ။ ဒါကို စဉ်းစားဖို့လိုတယ်။ လစာတိုးတိုး မတိုးတိုး မဖြစ်သင့်တဲ့ကုန်ဈေးနှုန်းဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့လိုတယ်"ဟု သူရဦးရွှေမန်းက ပြောကြားသည်။ တက်ရောက်လာသူအများစုက လစာတိုးမြှင့်ပေးရေးကို ထောက်ခံခဲ့ကြပြီး ကုန်ဈေးနှုန်း မြင့်တက်လာခြင်းမရှိစေရန်ကိုလည်း ၄င်းတို့၏ အမြင်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
The Voice Weekly
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN
ne0029win@gmail.com

Thursday, February 23, 2012

တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာကြောင်း NLD ပြောပြီ




NLD အထူးသတင်းစာ ရှင်းလင်းပွဲတွင် ရှေ့နေဦးဉာဏ်ဝင်း ရှင်းလင်းပြောဆိုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့ ကျင်းပပြုလုပ်သော အထူးသတင်းစာ ရှင်းလင်းပွဲ၌ ဦးဉာဏ်ဝင်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာ၌ အားကစားကွင်းများအတွင်း လုံးဝ မဲဆွယ်စည်းရုံး ဟောပြောမှုများမပြုလုပ်ရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့ကြောင်း၊ လှည်းကူးမြို့နယ်ရှိ ဘောလုံးကွင်းတွင် မဲဆွယ်စည်းရုံးမှုများပြုလုပ်ရန် သက်ဆိုင်ရာက ခွင့်ပြုပြီးဖြစ်သော်လည်း ၁၄ ရက်နေ့တွင် အားကစားဝန်ကြီး ဦးတင့်ဆန်းက အားကစားကွင်းတွင် မဲဆွယ်စည်းရုံးခွင့်မပြုဟူသည့် အမိန့်တရပ် ထုတ်ပြန်လိုက်ကြောင်း၊ ထိုအချိန် နေပြည်တော် ရောက်ရှိနေသော ဦးဉာဏ်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ယင်းကိစ္စ ချက်ချင်း တိုင်ကြားနိုင်ခဲ့သဖြင့် နဂိုခွင့်ပြုထားသည့်အတိုင်း သုံးစွဲခွင့်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ လှည်းကူးခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်ပင် အားကစားကွင်းများအတွင်း မဲဆွယ်ဟောပြောခွင့် မပေးဟူသော ညွှန်ကြားချက် ထုတ်ပြန်လိုက်သောကြောင့် အံ့အားသင့်ခဲ့ ရကြောင်း ၎င်းက ပြောသည်။
“ဖျာပုံမှာ အားကစားကွင်း အသုံးမပြုနိုင်အောင် ၀န်ကြီးဦးတင့်ဆန်းက ဟန့်တားတာက တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်ဖို့ ထိခိုက်တယ်။ NLD ပါတီစည်းရုံးရေး ထိခိုက်တယ်လို့ ယူဆတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ကချင်ပြည်နယ် ခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၄ ရက်နေ့တွင် စီစဉ်ထားပြီး မိုးကောင်းမြို့နယ်ရှိ နန့်တီးကျေးရွာတွင် ဟောပြောပွဲ ကျင်းပခွင့် တောင်းခံရာ လုံခြုံရေး အကြောင်းပြပြီး ကျင်းပခွင့် ပိတ်ပင်ခံနေရကြောင်းလည်း ၎င်းက ဆက်ပြော သည်။
“လုံခြုံရေးစိုးရိမ်ရရင် ဘာလို့ ရွေးကောက်ပွဲကျင်းပ သလဲ။ လုံခြုံရေးရှိလို့ ရွေးကောက်ပွဲကျင်းပတာ။ ဟောပြောခွင့်ကိုတော့ လုံခြုံရေး စိုးရိမ်မှုရှိလို့ ဆိုပြီး ပိတ်ပင်တယ်။ ဒါက ကျိုးကြောင်းမဆီလျော်ဘူး၊ ရှေ့နောက်မညီဘူး” ဟု သူက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က နွားထိုးကြီးရှိ ဘာသာရေးဇရပ်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို “အဘွားကြီး” ဟု ခေါ်ဝေါ်ခဲ့သည့်အပြင် NLD ပါတီကို ထောင်ထွက်များနှင့် ဖွဲ့စည်းထားသည့် ပါတီဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့က ထောင်ထွက်ဆိုပေမယ့် ခိုး၊ ဆိုး၊ နှိုက်လို့၊ ပြစ်မှုကျူးလွန်ထားလို့ ထောင်ကျတာမဟုတ်ဘူး။ ယုံကြည်ချက် ကြောင့် ထောင်ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အဘွားကြီးလို့ ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောဘူး။ ဒါကို သူလက်ခံတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတရားမျှတမှုရှိစေရန် ကြိုတင်မဲများ မှန်မှန်ကန်ကန်ဖြစ် စေရမည်ဟု ပြောဆိုထားသည့်အပေါ် လေးစားမိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ တားမြစ်ချက်ကို လိုက်နာသွားမည် ဖြစ်သော်လည်း ကော်မရှင်၏ ခွင့်ပြုချက်များအပေါ် ၀န်ကြီးဌာနတခုက ကန့်ကွက်မှုများမှာ မဖြစ်သင့်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်သော ကော်မရှင်တခုဖြစ်ရန် အရေးကြီးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုချက် မပေးဘဲ မဲဆွယ်စည်းရုံးမှု မလုပ်ရန် အာဏာပိုင်များက ဟန့်တားနေကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပါတီများ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနိုင်ပြီဟု ပြောဆိုထားပြီးဖြစ်သော်လည်း အောက်ခြေ အဖွဲ့အစည်းများက ကော်မရှင်၏ ခွင့်ပြုချက်အပေါ် မလိုက်နာကြဟု ၎င်းက ဆိုသည်။
“ကန့်သတ်မှုတွေ များလာတယ်။ ၀န်ကြီးဦးတင့်ဆန်းရဲ့သားကိုယ်တိုင်က ရွေးကောက်ပွဲဝင်တယ်။ နိုင်ရင် ဆုပေးမယ် ဆိုပြီးပြောတယ်။ ဒါက ဥပဒေနဲ့ငြိတယ်။ မဲဝယ်တာ။ ဆုပေးမယ်ဆိုတာ မဲဝယ်တာပဲ။ ကျနော်တို့ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရားနည်းလမ်း မကျတာတွေကို ရွေးကောက်ပွဲကော်မရှင်ကို အကုန်တိုင်ကြားတယ်။ ဒါပေမဲ့ ခုအချိန်အထိ ရှင်းရှင်းလင်းလင်း အဖြေမရဘူး” ဟု သူက ပြောသည်။
ဆက်လက်၍ ဦးဉာဏ်ဝင်းက လက်ရှိ အခြေအနေအတိုင်း ဆက်သွားမည် ဆိုလျင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတသည်ဟု မပြောနိုင်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။
“ကျနော်တို့ တရားရေးလောကမှာ ဆိုရိုးစကားရှိတယ်။ အမှန်ကိုလုပ်နေတယ်၊ တရားမျှတအောင် လုပ်နေတယ်လို့ ပြောရုံနဲ့ မပြီးသေးဘူး။ တရားမျှတမှုနဲ့ အမှန်ကို မြင်အောင်ပြနိုင်မှ ဖြစ်မယ်။ လက်ရှိမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အန္တရာယ်တွေ ရှိပါတယ်” ဟု ၎င်းက သတင်းထောက်များအား ရှင်းပြသည်။
ယခု ရှင်းလင်းပြောဆိုချက်များသည် တရားမျှတမှုရှိရန် ဖြစ်ပြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို ရှင်းလင်း တင်ပြခြင်းဖြစ်ကြောင်း၊ ၀န်ကြီးဦးတင့်ဆန်း၏ အမည်ကို တပ်၍ ပြောဆိုရခြင်းမှာလည်း အစိုးရအဖွဲ့ကို ဆိုလိုခြင်းမဟုတ်သည်ကို နားလည်စေလိုကြောင်း၊ မိမိအနေနှင့် အစိုးရအဖွဲ့ဟု ပြောဆို သုံးနှုန်းခြင်းမရှိသည်ကို သတိထားစေလိုကြောင်း ဦးဉာဏ်ဝင်းက သတင်းထောက်များ ကိုရှင်းပြသည်။
နိုင်ငံ့ဘဏ္ဍာနှင့် နိုင်ငံပိုင် ပစ္စည်းများသုံးစွဲသော နိုင်ငံရေးပါတီများကိုလည်း သက်ဆိုင်ရာက ပြဋ္ဌာန်းထားသော နိုင်ငံရေး ပါတီများ ဥပဒေ၊ နည်းဥပဒေများအရ အရေးယူရန် တိုင်ကြားသွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ပါတီတခုက လမ်းခင်း ပေးမည်၊ မီးသွယ်ပေးမည်ဟုဆိုကာ မဲဆွယ်စည်းရုံးမှုများ ရှိနေကြောင်း ၎င်းက ဆိုသည်။
ယခု အခြေအနေအတိုင်း ဆက်လက်ဖြစ်ပျက်နေပါက NLD အနေဖြင့် မည်သို့ ဆုံးဖြတ်မည်ကို လက်ရှိတွင် မပြောနိုင် သေးကြောင်း၊ နိုင်ငံရေးပါတီတရပ် အနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းသူက ပြောသည်။
ယနေ့ NLD ပါတီ၏ သတင်းစာရှင်းလင်းပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးအား NLD ၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ် လက်ခံလိုက်ပြီ ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။
ဒေါက်တာမြတ်ဉာဏစိုးကမူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ၏ လုပ်ဆောင်မှုများကို ကြိုဆို ထောက်ခံသဖြင့် ပါတီကူးပြောင်းရခြင်းဖြစ်ကြောင်း၊ ၎င်းအပေါ် “သာကူး၊ မှန်ပြောင်း” အစရှိသည်ဖြင့် ပြောဆို သုံးနှုန်းမှုများအား တုံ့ပြန်လိမ့်မည်မဟုတ်ကြောင်း သတင်းမီဒီယာများကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းအတွင်း မြို့နယ်များသို့ နေ့ချင်းပြန် စည်းရုံးရေး ခရီးစဉ်များ သွားရောက်မည်ဖြစ်ပြီး ကချင်ပြည်နယ်သို့ ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်၊ မတ်လ ၄ ရက်နှင့် ၅ ရက်နေ့၊ ၎င်းနောက် မန္တလေးခရီးစဉ် သွားရောက်ရန် အကြမ်းဖျဉ်း အစီအစဉ်ဆွဲထားကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

AungSanSuuKyi campaigns for bi-election in Kawhmu

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယအကြိမ်မြောက် ကော့မှူးမဲဆွယ်ခရီးစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရေးအတွက် သူဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် ကော့မှူးမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးလုပ်ဖို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၇ နာရီက သွားရောက်ခဲ့ပါတယ်။ ကော့မှူးမြို့နယ်ကို သွားရာလမ်းတစ်လျှောက် ကျေးရွာတွေက ဒေသခံပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖျောက်ကျေးရွာနဲ့ ၀ါးဘလောက်ကျေးရွာတွေမှာ မိန့်ခွန်းပြောသွားခဲ့သလို ဆင်ခြံကျေးရွာမှာရှိတဲ့ အောင်ဇမ္ဗူ ပရဟိတ လူငယ်သင်တန်းကျောင်းအတွက် ဗလာစာအုပ်တွေ ၊ ဆေးဝါးတွေ နဲ့ အောင်ဇမ္ဗူပရိယတ္တိ ဘုန်းတော်ကြီးကျောင်းက ဆရာတော်တွေကိုလည်း သင်္ကန်းကပ် လှူခဲ့ပါတယ်။



http://www.youtube.com/watch?feature=player_embedded&v=eL3vtCPz9qQ#!
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN
ne0029win@gmail.com

Amay Suu Tavoy Trip


အမေစု ထားဝယ် စည်းရုံးရေးခရီးစဉ်မှာ ပြည်သူတွေက ဤသို့ကြိုဆိုကြပါတယ်...

Ko Htay Kywal Speech out public


http://www.youtube.com/watch?v=qUoX_gVptl8&feature=relatedမှကူးယူတင်ပြသည်
Posted by MAUNG NE WIN
ne0029win@gmail.com

Sleeping in Myanmar Parliment


သြော် လွှတ်တော်ထဲမှာ တိုင်းပြည်အကျိုးအတွက် နေ့မအားညမအား လုပ်ဆောင်ပြီး အိပ်ပျော်နေတဲ့ ရွေးကောက်မခံ ကိုယ်စားလှယ်တော်ကြီး တွေပါ...။
CNN ရုပ်သံမှဟောကြမယ် ပြောကြမယ်မဟုတ်ပါ။ အိပ်ကြမယ် ဟောက်ကြမယ်။ လွှတ်တော်ထဲမှာ အိပ်ပျော်နေတဲ့ ရွေးကောက်မခံ လွှတ်တော် အမတ်များ။
ဒီလို အိပ်ပျော်နေတဲ့ လူတွေ နေရာမှာ တကယ့်စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဆို ဘယ်လောက်ကောင်းမလဲ..။















http://www.youtube.com/watch?v=qUoX_gVptl8&feature=related
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN
ne0029win@gmail.com

Saturday, January 21, 2012

ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သူများ ပြည်ထဲရေးပြစ်မှုဖြင့် ငြိစွန်းပါက အရေးယူမည်

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများ
အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြစ်မှု တစ်စုံတစ်ရာနှင့် ငြိစွန်းမှုရှိပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မကြီးဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်အတွင်းက ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ခုတွင် ပြည်ပသို့ရောက်ရှိနေသည့် အမြင်သဘောထား မတူသူများကို မြန်မာ့ဒီမိုကရေစီရေးခရီးလမ်းတွင် တူညီသည်များ ပူးပေါင်းဆောင်ရွက်ရန် ပြည်တွင်းသို့ပြန်လာကြရန် ဖိတ်ခေါ်မှုများ ရှိခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြစ်မှုတစ်ခုခုနှင့် ငြိစွန်းမှုရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်းသို့ ပြည်ပနိုင်ငံနေ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာရာတွင် မြန်မာနိုင်ငံအတွင်း၌ ကျုးလွန်သွားခဲ့သည့် ပြစ်မှု တစုံတရာ သော်လည်း၊ ပြည်ပနိုင်ငံ၌ ကျုးလွန်ခဲ့သည့် ပြစ်မှုတစုံတရာသော်လည်းကောင်း ကျူးလွန်မှုများရှိပါက ၎င်းကျူးလွန်မှုများအလိုက် ပြစ်ဒဏ်ကျခံစေမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၁၂ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ထိုင်းအစိုးရသည် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများနှင့် ယာယီနေထိုင်ခွင့်လက်မှတ်မရှိသူ မြန်မာရွှေ့ပြောင်းလုပ်သားများအား စတင်အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုင်းအစိုးရမှ ထိုင်းနိုင်ငံအတွင်း လာရောက်နေထိုင် အလုပ် လုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ယာယီနေထိုင်ခွင့်လက်မှတ်(သို့) ယာယီနိုင်ငံကူး လက်မှတ်များမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ဗီဇာ ပြုလုပ်ရန် ကြေညာချက် တစ်စောင်ထုတ်ပြန်ထားကြောင်း သိရသည်။

http://www.thithtoolwin.com/2012/01/blog-post_6073.html
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN
ne0029win@gmail.com

Thursday, January 19, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ရုတ်တရက်စကား လူထုသဘောကျ

နယူးဒေလီ (မဇ္ဈိမ) ။ ။ အင်္ဂါနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် လာရောက် နားထောင်ကြသော ပရိသတ်ထဲမှ ထိုင်ခုံ ကျိုးကျသည်ကို မြင်၍ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် လူထုပရိသတ် လက်ခုပ်သြဘာ ပေးခဲ့ကြသည်။“ဒီလောက်အများကြီး ဒီခုံလေးပေါ်မှာ တက်နေရင် ပြုတ်ကျမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ရယ်ရွှန်း မှတ်ချက် ပေးလိုက်သည့်အတွက် ပရိသတ်က နှစ်သက် သဘောကျသွားခြင်း ဖြစ်သည်။ဤသို့ ပရိသတ်သြဘာပေးကြသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ရိုးရိုးပြောတာပါ။ ပြည်သူတွေက ……. အရမ်းဉာဏ်ပြေးတာပဲ” ဟု ထပ်မံမှတ်ချက်ပြုလိုက်သေးသည်။


ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် (ဓါတ်ပုံ NLD)










နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် မြို့နယ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၂၀ ခန့်ကြာ အမှာစကား ပြောကြားခဲ့ရာ “ဒီလို မြို့နယ်ရုံးခန်းတွေ ဖွင့်တာဟာ ပြည်သူတွေနဲ့ နီးနီးစပ်စပ် ဆက်ဆံနိုင်ဖို့ ပါပဲ” ဟု ပြောသည်။
ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် မဖြူဖြူသင်း အား NLD မှ ရွေးချယ်ထားခြင်းနှင့် ပတ်သက်၍လည်း “နေ့တိုင်းနေ့တိုင်း ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ အလုပ်တွေ လုပ်သွားကြတဲ့ လူငယ်တွေထဲက တယောက်ပါပဲ” ဟု မိတ်ဆက်ပေးပြီး ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ကြောင်း သက်သေပြနိုင်တဲ့ အရည်အချင်းနှင့် ပြည့်စုံသည့် အတွက်ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
ပြည်သူများအနေဖြင့် မိမိတို့ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ထားရှိသင့်သည့် သဘောထားမှာ “သူတို့ကံကြမ္မာ ဟာ ကိုယ့်လက်ထဲမှာရှိတယ်။ ကိုယ့်ကံကြမ္မာဟာ သူ့လက်ထဲမှာ ရှိတာမဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ဇန်နဝါရီလ ၅ ရက်နေ့မှ တရားဝင် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးနောက် ဗဟိုနှင့် မြို့နယ် NLD ပါတီရုံးခန်းများ ပြန်လည် ဖွင့်လှစ်လာခဲ့ကြသည်။“အနယ်နယ် အရပ်ရပ်မှာ ရှိကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိမိတို့ရဲ့အလံတော်ကို မြို့နယ်အသီးသီးမှာ ဖွင့်လှစ်သွားမယ် ဆိုတဲ့အတိုင်း တနိုင်ငံလုံးဟာ နီရဲသွားမယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု နာယက ဦးတင်ဦး က ပြောသည်။
ထို့နောက် “ကိုယ်စားလှယ်လောင်းတွေ ရွေးကြပြုကြတဲ့အခါ၊ နေရာ ပေါ်လာတဲ့အခါကျတော့ လူတို့ရဲ့သဘာဝ အတိုင်းပဲ ပူညံ ပူညံ ပူညံ ဖြစ်လာတာပဲ” ဟု ပါတီ နာယကကြီးက ပြောလိုက်ရာတွင်လည်း ပရိသတ် နှစ်သက် သဘောကျကြသည်။ဇန်နဝါရီ ၁၇ ရက် နေ့စွဲဖြင့် ပြည်နယ်နှင့်တိုင်း ၆ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၂၂ ဦးစာရင်းကို ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်ကြေညာလိုက်ရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအတွက် ၄၄ နေရာ ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကိုလည်း အင်္ဂါနေ့ နံနက်က ပြုလုပ်ခဲ့ရာ ဖိတ်စာ ၅၀၀ ဝေခဲ့သော်လည်း ပရိသတ် နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပါတီဝင် ကိုမင်းမင်း က မဇ္ဈိမကို ပြောသည်။“အရင်ပါတီ ရုံးနေရာမှာပဲ လုပ်ပါတယ်။
မင်းကင်း (ဒေါ်ခင်မွှေးလွင်) အောင်နိုင်ရေးအတွက် ကလေးမြို့၊ တမူး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝတို့က ပေါင်းပြီး ၂၁ ဦး စည်းအဖွဲ့ ဖွဲ့စည်းလှုပ်ရှားနေပါတယ်”တမူးမြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲသို့ ကြံ့ခိုင်ရေးပါတီ၊ တစည ပါတီ၊ ချင်းအမျိုးသား တိုးတက်ရေးပါတီတို့ကလည်း လှိုက်လှိုက်လှဲလှဲ တက်ရောက်ခဲ့ကြကြောင်း၊ စသုံးလုံး၊ SB နှင့် ရဲတပ်ဖွဲ့များက သတင်းလာရောက် ယူခဲ့သော်လည်း အနှောက်အယှက် တစုံတရာမရှိဘဲ ပြုလုပ်နိုင်ခဲ့ကြောင်း ကိုမင်းမင်းက ပြောသည်။
Posted by MAUNG NE WIN
ne0029win@gmail.com

Tuesday, January 17, 2012

လွတ်ငြိမ်းချမ်းသာခွင့်အရ ပူတာအို ထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်ကျော်ဦးဟာ နေအိမ်ကို ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွ

လွတ်ငြိမ်းချမ်းသာခွင့်အရ ပူတာအို ထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်ကျော်ဦးဟာ နေအိမ်ကို ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားတာ ကြုံတွေ့လိုက်ရတယ်လို့…


လွတ်ငြိမ်းချမ်းသာခွင့်အရ ပူတာအို ထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်ကျော်ဦးဟာ နေအိမ်ကို ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားတာ ကြုံတွေ့လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

ကိုအောင်ကျော်ဦးရဲ့ မိခင်ဟာ ပြီးခဲ့တဲ့လက လေဖြတ်ထားသလို၊ နှလုံးရောဂါ အခံလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သားဖြစ်သူ ပြန်လွတ်လာတဲ့အခါမှာ စိတ်လှုပ်ရှားလွန်ပြီး ရုတ်တရက် အခုလို ဖြစ်သွားတယ်လို့ ပြောပါတယ်။

ကိုအောင်ကျော်ဦးဟာ အရင်က ကျူရှင်ဆရာတစ်ဦး ဖြစ်ပြီး တိုက်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၂ဝဝ၇ ခု သြဂုတ်လမှာ စစ်အစိုးရက လောင်စာဆီဈေးနှုန်း ရုတ်တရက် မြှင့်လိုက်လို့ ဆန္ဒပြ တဲ့အတွက် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။
Posted by MAUNG NE WIN
ne0029win@gmail.com

Sunday, January 15, 2012

နိုင်ငံရေးဆွေးနွေးပွဲ





သတင်းနှင့်ပြန်ကြားရေးဌာန

Saturday, January 14, 2012

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

Friday, January 13, 2012

ကျိုင်းတုံတောင်မှ လွတ်မြောက်လာသူ ကိုကိုကြီး
ကျိုင်းတုံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃ဦးအပါအ၀င် အကျဉ်းသား ၁၆ ဦး လွတ်မြောက်လာကြောင်းသိရသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသား ၃ ဦးမှာ ကိုသိန်းဇော် ၊ကိုညီညီဇော် နှင့် ကိုညွန့်ဟန်တို့ဖြစ်ကြပြီး ယနေ့နေ့လည်တစ်နာရီတွင် ကျိုင်းတုံလေဆိပ်မှ ရန်ကုန်သို့ထွက်ခွာလာပြီဖြစ်ကြောင်းသိရသည်။ ထိုအပြင် မိုင်းဆတ်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာသော ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးသည် လည်း ကျိုင်းတုံလေဆိပ်မှတစ်ဆင့် ကျိုင်းတုံထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦးနှင့်အတူ တစ်ပါတည်းလိုက်ပါလာကြောင်း သိရသည်။







တောင်ငူထောင်မှ ယနေ့ လွတ်လာသော ၈၈ မျိုးဆက် ဦးဇော်ဇော်မင်း






ခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ဗိုလ်ချုပ်ခင်ညွန့် ပြောကြားချက်


သတင်းထောက်များနှင့်တွေ့ဆုံစဉ် ကိုမင်းကိုနိုင်၏ ပြောကြားချက် – Eleven Weekly ဂျာနယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော် ၀ိုင်း ကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲ ဆောင်ရွက်ကြဖို့ပါပဲ။
ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ရေးခဲ့ပြီ/ ကျွန်တော်တို့ ကိုယ်ကောင်း စိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံ ပေးပြီး ပြန်လာတာပါ။
ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခုကျွန်တော် ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော် မစဉ်;စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ ဘယ်ကပဲ လုပ်လုပ်ပါ၊ အပြင်က လုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မ ရှိဘူး။
သို့သော် ဒီမိုကရေစီအရေး အတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွာ;မှာဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့ မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေ ကြည့်ရတယ်လို့ Congratulations လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့။

တောင်ငူထောင်မှ လွတ်လာသော ဦးခွန်ထွန်းဦး၏ ပြောကြားချက် – Eleven Weekly ဂျာနယ်“

“နိုင်ငံတော် အစိုးရအနေနဲ့ ပြောင်းလဲချင်စိတ် ရှိလို့ ပြောင်းလဲလာတာ။ ကမ္ဘာမှာ ဒီမိုကရေစီစနစ်က စက်ဝိုင်းလို လည်နေတယ်။ အဲဒီအပြောင်းအလဲ မြန်မာနိုင်ငံကို ရောက်လာတဲ့ အတွက် ပြောင်းလဲလာတယ် လို့မြင်တယ်။နိုင်ငံအနေနဲ့ အရမ်းကြီးကံဆိုးမှသာ ရှေ့ဆက် ဆိုးသွားနိုင်တယ်။ အခုလို အနေအထားအတိုင်း ဆိုရင်တော့ ကောင်းလာမှာပါ။ ကျွန်တော့်အနေနဲ့ ကတော့ ကျွန်တော့်ပါတီက ဗဟိုကော်မတီနဲ့ တွေ့ပြီးတော့ ဆွေးနွေးပြီးတော့မှ ရှေ့ဆက် ဘာတွေ ဆက်လုပ်မယ် ဆိုတာ ပြောပါမယ်။ နိုင်ငံရေးကတော့ မပြီးသေးတဲ့အတွက် ဆက်လုပ်ရမှာပါပဲ။ နိုင်ငံရေးအကျဉ်းသား နည်းနည်းတော့ ကျန်နေသေးတယ်။ ဒါကိုအစိုးရအနေနဲ့ ဘယ်လို ဆက်လုပ် မယ် ဆိုတာတော့ မသိသေးဘူး။






ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပြောကြားချက် – The Voice ဂျာနယ်


အခုလို လွတ်မြောက်လာတာ ဝမ်းသာတယ်၊ သူလွတ်သလိုပဲ သူ့တပည့်သားမြေးတွေလည်း လွတ်မြောက် လာစေချင်တယ်။ တစ်ကိုယ်ကောင်းဆန်သလို
ဖြစ်မှာစိုးတယ်။ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားမှာကို ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားမှာကို ကြိုဆိုပါတယ်။စတုတ္ထမဏ္ဏိုင် ဖွံ့ဖြိုးပါစေလို့ ဆန္ဒပြုပါတယ်။ မိသားစုနဲ့ ၇ နှစ်လောက် ခွဲနေရတဲ့အတွက် အတူတူ ပြန်နေမယ်။အခုကတော့ ဘုရားတရား အလုပ်နဲ့ သစ်ပင်စိုက်တာပဲ လုပ်နေတယ်။






လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက်သူ (၆၅၁)ဦးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၅၉၁)ဦး နှင့် ကျန် (၆၀) ဦးတွင် ယခင် စစ်ထောက်လှမ်းရေးနှင့် အကောက်ခွန်မှ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြပါသည်။ ယနေ့ နေ့လည်ပိုင်းမှ စတင်ပြီး နယ်ထောင်များမှ လွတ်မြောက်လာသူ အချို့သည် လေကြောင်းဖြင့် ရန်ကုန်သို့ပြန်လာနေသည့် အတွက် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းနေကြကြောင်း သိရပါသည်။
2:41 PMဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း (ကွယ်လွန်)၏ မြေးနှစ်ဦးဖြစ်သူ ကျော်နေ၀င်းနှင့် ဇွဲနေ၀င်းတို့ လွတ်မြောက်လာကြောင်း သိရှိရသည်။






Posted by MAUNG NE WIN
ne0029win@gmail.com

Thursday, January 12, 2012

ယနေ့ လွတ်ငြိမ်းချမ်းသာခွင်ကြေညာချက် (MRTV-ရုပ်/သံ)

ယနေ့ လွတ်ငြိမ်းချမ်းသာခွင်ကြေညာချက် (MRTV-ရုပ်/သံ)


မြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက် "အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း" ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊နိုင်ငံေ၇းလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းသိရပါသည်။

Posted by MAUNG NE WIN
ne0029win@gmail.com

Tuesday, January 10, 2012

မေမေစု့ ၏ အသဲကြား မှ မဲတပြား စည်းရုံးရေးခရီးစဉ်များ စတင်တော့မည်

ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင်

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်

တွင် ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံရန် သေချာသည့် အခြေအနေရှိကြောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စုံစမ်းသိရှိရသည်။
“ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှာ ၀င်ပြိုင်ဖို့က ၇၅%လောက်ထိ

သေချာသလောက်ရှိပါတယ်” ဟု အန်အယ်လ်ဒီရုံးချုပ်မှ ရန်ကုန်တိုင်း၊

ဗဟိုကော်မတီဝင် မြောင်းမြ ဗဆွေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်မှ ရွေးကောက်

ပွဲဝင်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက်နောက်ပိုင်း စည်းရုံးရေး ခရီးစဉ်များ စတင်

မည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ဇန်န၀ါရီလ ၅ ရက်နေ့က ပါတီမှတ်ပုံတင် အမှတ်၄၇/၂၀၁၂ ဖြင့် ပါတီအလံ၊

တံဆိပ် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သော အဖွဲ့ချုပ်နေဖြင့် ကြားဖြတ်

ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ၀င်ရောက်ယှဉ်

ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင်
ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေငြာ ထားကြောင်း သိရှိရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနေဖြင့်လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် လူများစိစစ်ခြင်းနှင့်ရွေးကောက်ပွဲအောင်နိုင်

ရေးအတွက် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
“ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ သူတွေကို ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ကိုက်ညီ

တဲ့လူကို ယှဉ်ပြိုင်ခိုင်းမယ် နောက် မြို့နယ်နဲ့ တိုင်းတွေမှာလည်း

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြုလုပ်နေကြပြီ ” ဟု
အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်မိမိကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီအတွက် အဖွဲ့ဝင် (၈)ဦးဖြင့် ဖွဲ့စည်းထားပြီး၊ အဆိုပါ အဖွဲ့ဝင်များမှာ
၁။ ဦးနိုင်းနိုင်း
၂။ ဒေါက်တာမျိုးအောင်
၃။ မြောင်းမြဗဆွေ
၎။ဦးဝင်းသောင်း
၅။ ဦးအောင်ထူး
၆။ ဒေါ်ကြည်ကြည်ဝင်း(စမ်းချောင်း) ၊
၇။ ဒေါ်ကြည်ကြည်ဝင်း(ကြည်မြင်တိုင်)
၊၈။ဒေါ်တင်တင်ဝင်း (မင်္ဂလာတောင်ညွှန့်)တို့ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အောင်နိုင်ရေးကော်မတီအတွက် မြို့နယ်စည်းရုံးရေးကိစ္စများ၊

အဖွဲ့ဝင်ဖြစ်လာမည့် အဖွဲ့ဝင်များ အတွက် ကဒ်ပြား ထုတ်ပေးရေးကိစ္စများ ၊

လုပ်ငန်းတာဝန်ခွဲဝေပေးခြင်းတို့ကို စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
“လုပ်ငန်းတွေကိုလဲ (၅)ခုခွဲထားတယ်၊ ဘဏ္ဍာရေး ၊ ဥပဒေရေး ၊ စည်းရုံးလှုံ့ဆော်ရေး ၊ သတင်းပြန်ကြားရေး နောက် ရုံးလုပ်ငန်းအဖွဲ့

ဆိုပြီးတော့ စီစဉ်နေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ အမာခံအဖွဲ့ဝင်တွေ ရှိပြီးသားပါ၊ အမျိုးသားဒိမိုကရေစီအဖွဲ့

ရုံးခန်းလည်း ရှိပြီးသားပါ”ဟု ဗဟိုလုပ်မှုဆောင် ကော်မတီဝင်တစ်ဦး

ဖြစ်သည့် မြောင်းမြဗဆွေက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် NLD က ပါတီ ပြန်လည်မှတ်တင်ပြီး ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်နောက် ဒီဇင်ဘာ ၁၂ရက်
နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။


Posted by MAUNG NE WIN

ရွှေည၀ါဆရာတော်ကိစ္စ နောက်ကွယ်မှာ လျှို့ဝှက်သောရည်ရွယ်ချက်များရှိနေ

ရွှေည၀ါဆရာတော်နှင့် ဒယကာ ဒါယိကာမများ၏ အသနားခံ တောင်းပန်မှု အပေါ် မဟန ၄၇ ပါးထံမှ အကြောင်းမပြန်ပဲ နှုတ်ဆိတ်လျက်ရှိနေသည်။ ဒီအတောအတွင်း ၄၇ပါးနောက်ကွယ်မှ ချုပ်ကိုင်သူရှိနေသည်ဟူသော သိုးသိုးသန့်သန့်သတင်းများကိုလည်း ကြားနေရသည်။ နောက်ကွယ်မှာ ကြိုးကိုင်သူမှာ ဦးအောင်သောင်းနှင့် အပေါင်းအပါတစ်စုဟု သိရသည်။
ရွှေည၀ါဆရာတော်ကို ခေါ်ယူသတိပေးခြင်းမျိုးမရှိပဲ ပြင်းထန်သည့်ဆုံးဖြတ်ချက် ကြေငြာခဲ့သည်။ ထိုကြေငြာချက်မတိုင်မီ ရက်ပိုင်းအလိုက ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ရွှေည၀ါကျောင်းတိုက်သို့ လာရောက်ကာ ရွှေည၀ါဆရာတော်၏ ဆောင်ရွက်ချက်များအတွက် ချီးကျူးစကားဆိုခဲ့သည်။ရွှေည၀ါဆရာတော်အား ခေါ်ယူမေးမြန်းစုံစမ်းမှုမပြုပဲ တဖက်သတ်အမိန့်ချမှတ်ခြင်း၊အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်တွေ့ဆုံပြီးမှာ သတင်းများထွက်ပေါ်လာခြင်း၊အကြောင်းပြချက်မှာ မခိုင်လုံပဲ NLD၏ အမည်ပါ ပါလာခြင်း၊စည့်အချက်များသည် ရွှေည၀ါနှင့် ရွှေည၀ါကို လေးစားထောက်ခံသော ရဟန်းပျိုသံဃာများနှင့် ဒယကာ ဒါယိကာမများ ကို တမင် ဒေါသဖြစ် ပေါက်ကွဲ ဆူပူမှုဖြစ်အောင် အကွက်ဆင်ခြင်းဖြစ်သည်။
မဟန အဖွဲ့ကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး၊ ရွှေည၀ါနှင့် မဟနကို တမင် ထိပ်တိုက်တွေ့ စေရန် ဖန်တီးခြင်းဖြစ်သည်။ ကြောက်စရာကောင်းလှပေစွ၊ အကြံပက်စက်လှသည်။နောက်ကွယ်မှာ ထို့ထက်နက်ရှိုင်းသော ရည်ရွယ်ချက်များကိုတွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကြာင့် ရွှေည၀ါဆရာတော် ဒုက္ခရောက်သွားသည် ဟုသောအမြင်ကို ဖြစ်စေချင်သည်။ သံဃာထု၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုကို ဖြိုခွဲချင်သည်။ အစိုးရကို အကျပ်တွေ့စေချင်သည်။
အစိုးရကနောက်ကွယ်ကကြိုးကိုင်နေသည်ဟု အများကိုမြင်စေပြီး အစိုးရနှင့် နိုင်ငံရေးအင်အားစုများအကြား သံသယများဖြစ်စေလိုသည်။ အောင်သောင်းနှင့် အပေါင်းအပါများ၏ လုပ်ရပ်ပင်ဖြစ်တော့သည်။မဟန ဆရာတော် ၄၇ ပါးစလုံးဖုန်းများပိတ်ထားကြသည်။ မီဒီယာသမားများ၏ ဆက်သွယ်မေးမြန်းမှု မလုပ်နိုင်ကြပါ။ တွေ့ဆုံမေးမြန်းမှု မပြုနိုင်အောင်လည်း လမ်းကြောင်းများပိတ်ဆို့ထားကြသည်။ စောင့်ကြည့်နေသောလူထုကြီး စိတ်မရှည်ဖြစ်လာသည်။ အကွက်စေ့လှပါပေ့ အောင်သောင်းရယ်။ဦးအောင်သောင်း နာမည်မကောင်းခဲ့ပါ။
တိုင်းပြည်ကို လက်ညှိုးထိုးရောင်စား၊ ဆွေမျိုးသားချင်းကောင်းစားရေးလုပ်သူဟုနာမည်ထွက်နေသည်။ နုရင်ဘတ်ခုံရုံးကို ကြောက်သူဟုလည်း ကြားဖူးသည်။ ဒီပဲရင်းကိစ္စတွင်နောက်ကွယ်မှ အဓိက ကြိုးကိုင်သူဖြစ်သည်။ သူ့တွင်ထူးခြားသော အရည်အချင်းရှိသည်။ ဂျပိုးကို လိပ်ဖြစ်အောင် ကလိမ်စေ့ငြမ်းဆင် ပြောနိုင်သည်။ ဒီတွင် မဟန ကိုယ်တော်ကြီးများ မျက်စိလည်ကုန်တာဖြစ်နိုင်သည်။ အောင်သောင်းတစ်ယောက် ဘုန်းကြီးတွေနားကပ်ပြီး ဘာလုပ်တာလဲ လူတိုင်းသိသည်။ အောင်သောင်းတစ်ယောက် နိဗ္ဗာန်ရောက်ကြောင်း တရားနာလိုသဖြင့် ဘုန်းကြီးနားကပ်ခြင်းမဟုတ်ပေ။ အောင်သောင်းလိုလူမျိုးကို နိဗ္ဗာန်ရောက်ကြောင်းတရားဟောလို့ ရ မရ ရင်းနှီးသောဆရာတော်များ အသိဆုံးပင်။ယခုကြားဖြတ်ရွေးကောက်ပွဲအတွက် အောင်သောင်းပူပန်နေသည်။ ကြားဖြတ်ရွေးကောက်ပွဲကြောင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲ၏ အပုပ်နံ့များလည်းထွက်လာနိုင်သည်။
အစိုးရနှင့်လွှတ်တော်ကို အောင်သောင်း ချည်းကပ် သွေးထိုးနေသည်။ ရလာဒ်က ယခုအချိန်အထိ ကြားဖြတ်ရွေးကောက်ပွဲအတွက် အချိန်စာရင်းမထုတ်ပြန်နိုင်သေး။ အောင်သောင်းတွင် နောက်ခံခိုင်ခိုင်မာမာရှိနေသေးသည်။အခြေအနေ အချိုးအကွေ့တစ်ခုမရောက်ခင်၊ တိုးတက်မှုများနောက်ပြန်မဆုတ်ခင်၊ တစ်ဦးနှင်တစ်ဦး သံသယများ မဖြစ်ပေါ်ခင် အားလုံးဝိုင်းဝန်းဖို့လိုသည်။ အတွေ့အကြုံရှိသော၊ အမျှော်အမြင်ရှိသော ပညာရှင်များ လိုအပ်နေသည်။ ၀ိုင်ဝန်းတိုင်ပင် ဆွေးနွေးကြပါ။သားရွှေအိုးထမ်းလာမည့် လမ်းကြောင်းဖော်ပေးကြပါ။ အမှန်တရားအတွက် ပြည်သူအများက နောက်ကလိုက်ဖို့ အသင့်ရှိနေသည်။့

http://komoethee.blogspot.com/2012/01/good-bad-urgly.html
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN
ne0029win@gmail.com

Monday, January 9, 2012

ကျပ်သိန်း ၉၀ နဲ့ သတ်ခိုင်းခဲ့




ကျပ်သိန်း ၉၀ နဲ့ သတ်ခိုင်းခဲ့
မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုက အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ် ဦးအား ဓားများဖြင့် ၀ိုင်းဝန်းခုတ်ထိုးသတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သည့် အဓိကတရားခံတစ်ဦးအပြင် စုစုပေါင်း ၂၀ ဦးကိုဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


ယင်းဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ ၆ လမ်းအနီးအနားတွင် အသက် ၃၀ အရွယ်ရှိ ကိုကျော်မင်းကို မျက်နှာဖုံးစွပ်သူများအပါအ၀င် လူအုပ်စုတစ်စုက ရက်စက်စွာ ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ကြောင်း သိရသည်။ဒီဇင်ဘာလ ၁၅ ရက်နေ့အထိဖြစ်စဉ်မှ ပါဝင်ကျူးလွန်ခဲ့သူ ၁၄ ဦးကိုဖမ်းဆီးထားနိုင်ခဲ့ကြောင်း အဓိကပါဝင်ခဲ့သူတစ်ဦးကိုလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အ ထိ တရားခံများကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။ ပါဝင်ကျူးလွန်ခဲ့သူများထဲမှ အဓိကကျူးလွန်ခဲ့သူကို ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဒုစရိုက်နှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက " ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ပြီး တော့ ခုတ်သတ်ခဲ့တဲ့ ဖြစ်စဉ်မှာ အဓိကပါဝင်ကျူးလွန်သူတစ်ဦးဖြစ်တဲ့ မြှားလေး(ခ)ကောင်းမြတ်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီတရားခံက အဓိကတရားခံဖြစ်ပါတယ်။


သူ့ကိုပိုက်ဆံပေးပြီးတော့ ဦးစီး ပြီးသတ်ခိုင်းတာပါ။ ကျပ်သိန်း ၉၀ နဲ့ သတ်ခိုင်းခဲ့တာပါ။ တရားခံက စရံ ၂၅ သိန်းရထားတယ်။ သတ်ပြီးတဲ့နေ့ မှာ ကျပ်သိန်း ၂၀ ထပ်ရပါတယ်။ ကျပ် ၄၅ သိန်းကိုတော့မရသေးပါဘူး။ သူ့ကိုငှားပြီးတော့ သတ်ခိုင်းတဲ့သူတွေ ကို အကုန်လုံးကို ဖမ်းဆီးထားပြီးသွားပါပြီ။ အဓိကတရားခံကို စစ်ဆေးမေးမြန်းဆဲကနေ ပြီးတော့ အခြားတရား ခံငါးဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ပြေးနေတဲ့ ၁၆ ဦးကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်" ဖမ်းဆီးရမိခြင်း နှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။၎င်းဖြစ်စဉ်ကို မြောက်ဥက္ကလာပရဲစခန်းမှ (ပ)၅၂၄/၂၀၁၁၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။




မှကူးယူတင်ပြသည်

G T C ကျောင်းသူလေး မတရားပြုကျင့်ခံရမှု၌ ရုံးထိုင် မြို့နယ်တရားသူကြီး ဦးအောင်ကြည်သန်းမှ တရားခံအား အမိန့်ချရန် ၅ရက်အလိုတွင် သက်သေ ၅ယောက်ထပ်တိုးတယ် ဆိုပြီး ပြန်လည် ပြင်ဆင်ပါတယ်..။ အမှန်တကယ်က သက်သေထပ်တိုးလို့ မရဟု ဆိုပါတယ်..။ တရားခံဘက်မှ ထွက်ဆိုပေးမည့် သက်သေစန်းသူရိန်ထွန်းအား တရားသူကြီး ဦးအောင်ကြည်သန်းမှ မိမိပိုင်ကားနဲ့ ခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။ တရားခံ ဦးမင်းသီလအား တရားသူကြီးမှ တရားသေ လွှတ်လိုက်ပါတယ်..။ ငွေများတရားနိုင် အဖြစ်မျိုးရင်ဆိုင်ရမှာကို စိုးရိမ်တဲ့အတွက် နစ်နာခဲ့ရတဲ့ မသင်းကြူကြူလှိုင် မိသားစုမှ အမှုမှန်ပေါ်ပေါက်ရေးကို အလိုရှိနေကြပါတယ်..။

Sunday, January 8, 2012

နိုင်ငံရေးဆွေးနွေးပွဲဖိတ်ကြားခြင်း















သတင်းနှင့်ပြန်ကြားရေးဌာန

Posted by MAUNG NE WIN