Tuesday, November 30, 2010

အသင်းဝင်များစူံညီစုံညီအစည်းအဝေးဖိတ်ကြားခြင်း။

ဒေါ်စုနဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ(VOA) スー・チーさんと国連の高官が初めて面会(10/11/27)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး စတင်ရောက်ရှိပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာနမ်ဘီးယားတို့ တွေ့ဆုံစဉ်မှာတော့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ အားလုံးစုစုပေါင်း ၁ နာရီကြာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာနမ်ဘီးယားဟာ မြန်မာနိုင်ငံအရေး တာဝန်ယူပြီးကတည်းကဆိုရင် ဒါ ပထမဆုံး သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သလို မြန်မာပြည်တွင်း အတိုက်အခံ အင်အားစုတွေနဲ့ ပထမဆုံး စတင်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။ “နေ့လည် မွန်းလွဲ ၂ နာရီမှာ မစ္စတာ နမ်ဘီးယားဟာ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့စပြီး ဆွေးနွေးပါတယ်။ ဆွေးနွေးပြီးတဲ့နောက် ၂ နာရီခွဲမှာ ကျနော်တို့ ဥက္ကဌ ဦးတင်ဦး၊ NLD အလုပ်အမှုဆောင်အဖွဲ့များ အားလုံး ပါဝင်တဲ့၊ ဗဟိုအလုပ်အမှုဆောင်များအဖွဲ့၊ အဲဒီအထဲမှာ အထွေးထွေ အတွင်းရေးမှူးလည်း ပါဝင်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ထပ်ပြီးတော့ ဆွေးနွေးပါတယ်။ ဆွေးနွေပြီးတဲ့နောက် CRPP အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်များဖြစ်တဲ့ ဦးအေးသာအောင်၊ ဦးနိုင်ထွန်းသိန်း၊ ဦးပုကျင်းရှင်းထန်၊ ဦးထောင်ကိုထန်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်များနဲ့ အတွဲလိုက်ပေါ့ ဆက်ပြီးတော့ ကျနော်တို့နဲ့အတူ ဆက်ပြီးတော့ ဆွေးနွေးပါတယ်။ ၂ နာရီကနေစတဲ့ ဆွေးနွေးပွဲဟာ ၃ နာရီမှာ အဲဒီလို အစီအစဉ်အလိုက် ဆွေးနွေးပြီးတဲ့နောက် ပြီးသွားပါတယ်ခင်ဗျ။” ဆွေးနွေးတာက ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပဲလားခင်ဗျ။ - “ဟုတ်ပါတယ်ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပါ။ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်များပါ နောက်ဆုံးမှာ ပါဝင်ပြီး ဆွေးနွေးကြတာပေါ့။ တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေး ပြဿနာကို ပြေလည်ဖို့ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် ကြိုးပမ်းတာအောင်မြင်ဖို့ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါမှာဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားခေါင်းဆောင် CRPP အဖွဲ့ဝင် ခေါင်းဆောင်များကိုပါ အထွေထွေ အတွင်းရေးမှူးချုပ်က ဖိတ်ကြားပြီးတော့ မိတ်ဆက်ပေးပြီးတော့ တွေ့တာဖြစ်ပါတယ်။” အဲဒီတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့တဲ့သဘောက မစ္စတာ နမ်ဘီးယားက စီစဉ်တာမဟုတ်ဘဲနဲ့ ဒီဘက် NLD က စီစဉ်ပေးတဲ့သဘောပေါ့။ - “အဲဒီ အကုန်လုံးပေါ့ ညှိနှိုင်းပြီးတော့ စီစဉ်တဲ့သဘောပါပဲခင်ဗျ။” ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာရော ဘာအကြောင်းရပ်တွေများ ပြောဖြစ်လဲခင်ဗျ။ - “တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့တော့ အသေးစိတ် ထုတ်ပြန်ဖို့မရှိပါဘူး နှစ်ဖက်စလုံးက။ ဒါပေမဲ့ ကျနော် ပြောနိုင်တာကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အထွေထွေ အခြေအနေတွေကို ပြည့်စုံစွာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြပါတယ်။” မစ္စတာ နမ်ဘီးယားနဲ့ အဲန်ကယ်လို့ ပထမဆုံး တွေ့ရတဲ့အခေါက်ဆိုတော့ ဘယ်လို ယူဆလဲခင်ဗျ။ အခု တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ အားရကျေနပ်မှုရှိသလား၊ လိုအပ်ချက်တွေ ရှိသေးလား။ - “နှစ်ဖက်စလုံးက ဆွေးနွေးချက်တွေဟာ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပေါ့လေ ဖလှယ်ကြတာဖြစ်တဲ့အတွက်ကြောင့် ဆွေးနွေးပွဲဟာ တကယ့်ကို ရင်းနှီးပွင့်လင်းတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြီးတော့လဲ ကျနော်တို့ အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးချုပ် ကလည်းပဲ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရအောင် ကျိုးပမ်းရမှာဆိုတာကို အစကတည်းက ပြောထားပါတယ်။ ထို့အတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မနှစ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သ၀ဏ်လွှာမှာကိုပဲ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဆိုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် အရင်လုပ်ရမယ်ဆိုတာကို ပြောထားတာဖြစ်တော့ အဲဒီဆီကို ဦးတည်နိုင်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတရပ် ဖြစ်တယ်ဆိုတာကို ခံစားမိကြောင်း ကျနော်ကတော့ ပြောချင်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်စေ၊ NLD နဲ့ဖြစ်စေ ထပ်ပြီးတော့ တွေ့ဆုံနိုင်တဲ့ အလားအလာ ရှိသေးလားခင်ဗျ။ - “ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ထပ်ပြီးတော့ နောက်ထပ် ဆွေးနွေးပွဲတွေ ရှိမယ်လို့တော့ နှစ်ဖက်စလုံးကတော့ သဘောထား ပေးပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ နောက် အလားတူ ဆွေးနွေးပွဲတွေဟာ မကြာခဏ ဖြစ်သွားမှာပါလို့ အဲဒီလို သုံးသပ်ကြတာသိပါတယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ သီးခြားတွေ့ဆုံသလို ရွေးကောက်ပွဲဝင်တဲ့ အခြားနိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လို့ မြို့တော် နေပြည်တော်ကိုတော့ သွားရောက်မယ့်အစီအစဉ် မရှိဘူးလို့သိရပါတယ်။ ဒီမိုဝေယံမှကူးယူတင်ပြသည်။

Friday, November 26, 2010

မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ မြတ်ခိုင်နှင့် နအဖအာဘော်များရေးသော ငါးမင်းဆွေတို့ ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်အောင် လုပ်ကြံကြပြီ။

Thursday, November 25, 2010
မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ မြတ်ခိုင်နှင့် နအဖအာဘော်များရေးသော ငါးမင်းဆွေတို့ ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်အောင် လုပ်ကြံကြပြီ။


ယနေ့  မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှုး
ဒေါ်အောင်ဆန်းစုကြည
နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၄င်း (ငါးမင်းဆွေ)ရေးသား
ခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား
လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေး
ပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။
ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၄င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။ ငါးမင်းဆွေမှ ၄င်းရေးသားခဲ့သော

ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား
လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူ
ဆောင်းပါးကို တောင်းရာ ပြည်ပနိုင်ငံခြားသတင်းဌာနမှဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား ဆက်လက်စုံစမ်းရာ ငါးမင်းဆွေရေးသား
သော ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု သုံးနှုံးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရပါသည်။

အဲ့ဒီနောက် ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးအဖွဲ့မှုး ဦးဝင်းထိန်မှ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ ဦးဝင်းထိန်မှ ဒေါ်စုကြည်ဆိုသည့် အသုံးအနှုံးအား ပြောင်းလဲရေးသားရန်၊ ၄င်းတို့ အဖွဲ့ချုပ်ခေါင်းဆောင်အား ယင်းကဲ့သို့ ခေါ်ဆိုခြင်း
ကို လုံးဝ လက်မခံနိုင်ကြောင်း၊ နအဖစစ်အစိုးရအကြိုက်ရေးသားနေသောသူနှင့်
၎င်းတို့၏ ခေါင်းဆောင်အား ပေးမတွေ့နိုင်ကြောင်း၊ ဦးဝင်းထိန်မှ ၄င်းထောင်ကျ
နေစဉ်အတွင်း ငါးမင်းဆွေ ရေးသားသော ဆောင်းပါးများတွင်နအဖကောင်း
ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကောင်း
ကြောင်းများ လုပ်ကြံရေးသားထားသည်ကို ဖတ်ရကြောင်း ပြောဆိုခဲ့ပါသည်။
ုူုပြီးခဲ့သည့် တစ်ပတ်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်ဂျာနယ်များ အပိတ်ခံရအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ။ သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေသည်ကို တွေ့ရပါသည်။


အကြောင်းအရင်းကို စုံစမ်းကြည့်ရာ သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) မှ ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့မှ ရဲထောက်လှမ်းရေးများအား ဒေါ်အောင်ဆန်းစုကြည် သတင်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း လုပ်ရမည် သို့ သော် အနှောင့်အယှက်မပေးရဟု ညွှန်ကြားပြောဆိုထားသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းသို့ ၀င်ရောက်သတင်းယူ၍ မရသောကြောင့် မြတ်ခိုင်နှင့် သူ့သား ဇေယျာမြတ်ခိုင်တို့အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ ငွေကြေးနှင့် အခွင့်အရေးများပေး၍ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းသတင်းများ ယူခိုင်းထားကြောင်းသိရပါသည်။

မြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေသော မော်နီတာဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ကြီးမားစွာ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သော်လည်း ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသော ဂျာနယ် ၉ စောင်တွင် မပါဝင်ခဲ့ပေ။ သို့သော် လူအများပြောဆိုစရာဖြစ်မည်ဆိုသဖြင့် ၄င်း၏ ဂျာနယ်တစ်စောင်ဖြစ်သော လျှပ်တပြက်ဂျာနယ်ကို ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသည်ဟု သတင်းလွှင့်ခဲ့ပါသည်။


ဟံသာဝတီ ဦးဝင်းတင် ရေးသားသော (ဘာလဲဟဲ့ လူ့ငရဲ) စာအုပ်ပါ ထောင်တွင်းအကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ရေးသားထားသည်ကို တန်ပြန်သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မြတ်ခိုင်အား ၄င်း၏ဂျာနယ်တွင် မြန်မာပြည်မှ ထောင်များမှာ လွန်စွာကောင်းကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာရှိမှုကြောင့် ထောင်ကျအကျဉ်းသားများမှာ ကောင်းမွန်စွာနေရကြောင်း ရေးသားခိုင်းမှုကို အလွန်အကျွံ ကူညီရေးသားပေးခဲ့သော
ဂျာနယ်လစ်ဆိုးတစ်ယောက် ဖြစ်ပါသောကြောင့်မြတ်ခိုင်နှင့်သူ၏အဖွဲ့သားများ၊ငါးမင်းဆွေတို့ကဲ့သို့
သော သူများအား သတိကြီးမားစွာနှင့် ရှောင်ရှားကြပါလို့ အသိ ပေးတင်ပြလိုက်ပါတယ်။
(မြန်မာပြည်သားတစ်ဦး)။

ကိုနစ်နေမန်း စာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။


Saturday, November 20, 2010

ဒေါ်အောင်ဆန်းစုကြည်၏ဂျပန်ရောက်မြန်မာဒုက္ခသည်များအားမှာကြားချက်ပါသည့်ANN Newsအင်တာဗျူး။

スー・チーさん「軍事政権との対話望む」(10/11/19)





http://www.youtube.com/watch?v=BY8eFdUUy_s
မှကူးယူတင်ပြသည်။

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခြင်း။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏ထုတ်ပြန်ကြေညာချက်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏
ထုတ်ပြန်ကြေညာချက်
၁၄-၁၁-၂ဝ၁ဝ

၁၊ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရာမှ ၁၃-၁၁-၂ဝ၁ဝ (စနေနေ့) တွင် ပြန်လည် လွတ်မြောက်လာသောမြန်မာလူထု

ုခေါင်းဆောင်၊ ငြိမ်းချမ်း ရေး နိုဘဲလ်ဆုရှင်၊ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်
၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလျက် မြန်မာ့ဒီမိုကရေစီအရေး
အတွက် ဆက်လက် ပူးပေါင်း ပံ့ပိုး လှုပ်ရှားသွားမည် ဖြစ်သည်။

၂၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း
မြန်မာ့ဒီမိုကရေစီအရေးအတွက် အတူတကွတိုက်ပွဲဝင်ရင်း မတရား

ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်သော ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊
ကိုကိုကြီး အပါအဝင်နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ
အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း နအဖ အာဏာပိုင်တို့အားဂျပန်
နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက လေးနက်စွာ
တောင်းဆို လိုက်သည်။

မြန်မာ့ဒီမိုကရေစီ အင်အားစုများ
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

Sunday, November 14, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီ။


18 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်း ပြန်ဝင်
နှုတ်ဆက်စကား ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အတွင်း သို့ ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်သည်။
ဦးတင်ဦးနှင့် ဇနီးနှင့် ဦးအုန်းကြိုင်တို့လည်း နေအိမ်တွင်းသို့
လိုက်ပါ ဝင်ရောက်သွားသည်။



မနက်ဖြန် မွန်းတည့် ၁၂ နာရီတွင် ရွှေဂုံတိုင် ရုံးချုပ်သို့ လာရောက်
တွေ့ဆုံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လူအုပ်စုကြီးကို ထဲ့
သွင်း ပြောကြားသွားသည်။

17 နာရီ 40 မိနစ် - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည် လွတ်ပါပြီ
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စု ကြီးကို နှုတ်ဆက်စကား ပြောကြားနေပြီ ဖြစ်သည်။
ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။
အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုကို ပရိတ်သတ်ထဲမှ
ပေးလာ၍ ပန်ဆင်ထားသည်။
------------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ တွင် လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
နေအိမ်ရှေ့တွင်ပင် လူထုကို စကားပြောရန် ဒေါ်အောင်ဆန်းစုကြည်
က စီစဉ်လျှက် ရှိသည်ဟု ဦးဝင်းတင်က ပြောသည်။ အနည်းဆုံး ၄ ထောင် ခန့်ရှိသော စောင့်မျှော်နေသော လူအုပ်ကြီးက
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ခြံဝသို့တိုးကာ စောင့်ဆိုင်း
နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်စုကြီးက မတွေ့ရသေးသော်လည်း ဒေါက်တာ တင်မျိုးဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က လူအုပ်စုကြီးကို ထိန်းထား
ရသည်။ ရွှေဂုံတိုင်ရုံးချုပ်ရှေ့တွင်တော့ လူ ၁ သောင်းကျော်က
စောင့်ဆိုင်းနေရာ ဒေါ်စုနေအိမ်ဘက်သို့ စတင်ထွက်ခွာကြပြီဖြစ်သည်။


16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်

အတားအဆီးများကို စတင် ဖယ်ရှား
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အနီးရှိ လုံခြုံရေး အတားအဆီးများကို စတင် ဖယ် ရှားနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီး ကို နှုတ်ဆက်စကား ပြောကြားနေပုံ။





http://www.mizzimaburmese.com/ မှကူးယူတင်ပြသည်။

Saturday, November 13, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်မည။်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံးဝ
လွတ်မြောက်မည် ဟု အပြည့်အဝ ယုံကြည်
ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်
ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆို။
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း
စုကြည်နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည့် လာမည့် စနေ
နေ့မှာ လုံးဝလွတ်မြောက်မည် ဟု အပြည့်အဝ ယုံကြည်ကြောင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီး
ဦးဥာဏ်ဝင်း
က ပြောဆိုပါတယ်..။
မေး။...။ အန်ကယ် အန်တီစု ပြန်လွတ်မယ့် အပေါ် အန်ကယ့်
အမြင်လေး ပြောပြပေးပါ...။
ရှေ့နေကြီးဦးဥာဏ်ဝင်း..။...။ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မယ်
လို့ အန်ကယ်ပြောလိုပါတယ်..။
မေး။..။ ဘယ်နေ့ ဘယ်အချိန်လောက်ပါလဲ အန်ကယ်..။
ရှေ့နေကြီးဦးဥာဏ်ဝင်း..။....။ ၁၃ရက်နေ့ပေါ့ သူတို့ဥပဒေအတိုင်း
ဆို ဒေါ်အောင်ဆန်းစုကြည်ကို စပြီး Move လုပ်သွားတဲ့ အချိန်က
ည(၇)နာရီပေါ့... အဲ့တော့ သူတို့ တိတိကျကျ လုပ်ရင်တော့
ည(၇)နာရီပေါ့။ ဒါပေမယ့် နေ့ခင်း လွှတ်ရင်လည်း ရပါတယ်ဗျာ...
သူတို့ အဲ့လို တိတိကျကျ လုပ်တတ်တဲ့ အကျင့်ရှိတယ် ။
ဒေါ်စုလွတ်ဖို့ အပြည့်အဝ ယုံကြည်ပါတယ်..။ ဟုပြောဆိုသွားပါတယ်..


အဖွဲ့ချုပ်အဖွဲ့ဝင်များ ကြိုဆိုရေးအတွက် ကြိုတင်ပြင်ဆင်နေကြပုံ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား
မစ္စတာဂျွန်ယက်တော နေအိမ်သို့ ဝင်ရောက်မှုနှင့် ပတ်သတ်ပြီး
ထောင်ဒဏ် ၃နှစ်ကျခံရန် အမိန်ချမှတ်ခံရပြီးမှ နအဖဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန်ဖြင့် နေအိမ်အကျယ်ချုပ် ၁နှစ်ခွဲ
ကျခံခဲ့ရပြီး.. လာမယ့် ၁၃ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ရက် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်..။ လာမည့် ၁၃ရက်နေ့ဟာ ရုံးပိတ်ရက် စနေနေ့ ဖြစ်တဲ့အတွက် ၁၂ရက်နေ့ သောကြာနေ့မှာ လွတ်မြောက်လာနိုင်တယ် လို့လည်း ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှ အထူး မျှော်လင့်နေကြပါတယ်...။
အဖွဲ့ချုပ်ရုံးမှာ လူထုခေါင်းဆောင်အတွက် ကြိုတင်ပြင်ဆင်နေကြပုံ..
ယနေ့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည် လွတ်မြောက်လာလျှင် ကြိုဆိုဖို့အတွက် ကြိုဆိုရေးလုပ်ငန်းများ
ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး အဖွဲ့ချုပ် အဖွဲ့ဝင်များ အထူးများပြားကြောင်း အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့် မည့် စနေနေ့မှာ ရုံးပိတ်ရက် ဖြစ်သည့်အတွက် သောကြာနေ့မှာ လွတ်မြောက် လာဖို့ အထူး

မျှော်လင့်နေကြပါတယ်..။ သောကြာနေ့ မနက်ပိုင်းမှာလည်း အဖွဲ့
ချုပ်လူငယ်များ ရန်ကုန်မြို့ရှိ ဆေးရုံများမှာ သွေးလှူဒါန်းကြမှာ ဖြစ်ပါတယ်...။ ပြန်လည် လွတ်မြောက်လာမည့် လူထုခေါင်းဆောင်၏ လုံခြုံရေးအတွက် အဖွဲ့ ချုပ်လူငယ် အယောက်(၁၀၀)ကျော် ကြိုတင်ပြင်ဆင် ထားကြကြောင်း သိရှိရပါတယ်..။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၉၈၈)မှ (၂၀၁၀)ခုနှစ်အထိ (၂၂)နှစ်တာ ကာလအတွင်း စုစုပေါင်း ၁၅နှစ်ကျော် (၃)

ကြိမ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချထားခြင်းကို ခံခဲ့ရပါတယ်..။




ဒီမိုဝေယံမှကူးယူတင်ပြသည်။

Thursday, November 11, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး - အခွန်ရုံး (သံရုံး) ရှေ့ ကန့်ကွက်ဆန္ဒပြပွဲ။

လာမည့် စနေနေ့ (၁၃-၁၁-၂ဝ၁ဝ) တွင် ကျနော်တို့အားလုံး၏
အမျိုးသားခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး
ထိန်းသိမ်းခံနေရာမှ ပြန်လည် လွတ်မြောက်ရတော့မည်
ဖြစ်ပါသည်။သို့ဖြစ်ပါ၍ အတက်ကြွဆုံး နိုင်ငံရေး လှုပ်ရှား
ရန်အတွက် အောက်ပါ အစီအစဉ်ဖြင့် တခဲနက် လာရောက်
စုရုံးကြပါရန် ဂျပန်ရောက် မြန်မာနိုင်ငံသားတိုင်းအား
လေးစားစွာ နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။

(စနေနေ့)
အချိန်နေ့ရက်
၁၃-၁၁-၂ဝ၁ဝ
မွန်းလွဲ ၂ နာရီမှ ၄ နာရီထိ
နေရာ
မြန်မာသံရုံးရှေ့၊ ရှိနဂါဝ၊ တိုကျို၊ ဂျပန်

ဤ ကန့်ကွက်ဆန္ဒပြပွဲနှိုးဆော်ချက်ကို လက်ဆင့်ကမ်း ဖြန့်ချီ
အကြောင်းကြားပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ မှကူးယူတင်ပြသည်။


Monday, November 8, 2010

၂၀၁၀-ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့ ရှိစစ်အာဏာရှင်များ၏အခွန်ရုံး ရှေ့တွင်ပြုလုပ်သောမှတ်တမ်းပုံများ။

၂၀၁၀နိုဝင်ဘာလ၇ရက်နေ့၁၀နာရီမှညနေ၄နာရီ

ခန့်အတွင်းဂျပန်နိုင်ငံတိုကျိုမြို့မြန်မာသံ၇ုံးေ၇ှ့တွင်မြန်မာ့ဒီမိုကရေစီ
အင်အားစုများ၊မြန်မာ့အေ၇းကိုစိတ်ဝင်စားကြသောဂျပန်အဖွဲ့
အစည်း
များစုဝေးကာဆန္ဒပြခဲ့ကြပါသည်။့မြန်မာနိုင်ငံတွင်နအဖစစ်အစိုးရက

ရွေးကောက်ပွဲပြုလုပ်ခြင်းကိုဆန့်ကျင်ကန့်ကွက်ရန်ရည်ရွယ်ဆန္ဒပြကြ
ခြင်း
ဖြစ်ကြောင်းသိရှိရပါသည်။၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်
မီတီ(ဂျပန်)မှ
တာဝန်ယူကျင်းပခဲ့ပြီးစုစုပေါင်းအင်အား၈၀၀ကျော်ပါဝင်
ဆန္ဒပြခဲ့ကြပါသည်။
ဂျပန်နိုင်ငံရုပ်မြင်သံကြားဌာနများ၊သတင်းစာများ
မှလည်းလာရောက်၍သတင်း
ရိုက်ကူးထုတ်လွှင့်ခဲ့ကြပါသည်။နံနက်မှ
ညနေတိုင်အောင်တစ်နာရီ
တစ်ကြိမ်ရွေးကောက်ပွဲဆန့်ကျင်ရေးကြွေး
ကျော်သံများသံပြိုင်ရွတ်ဆို
ခဲ့ကြသလိုညနေပိုင်းတွင်မြန်မာစစ်အစီုးရ
က တဖက်သတ်သတ်မှတ်
ပြင်ဆင်ခဲ့သောအလံနှင့်၂၀၀၈ဖွဲ့စည်းပုံအခြေ
ခံဥပဒေစာအုပ်တို့ကို
ဂျပန်ရဲများတားဆီးနေသည့်ကြားမှပင်မြန်မာသံရုံး
ဝင်းတံခါးရှေ့တွင်မီးရှို့
ဖျက်ဆီးခဲ့ကြပါသည်။မြန်မာပြည်တွင်းမဲရုံများသို့
လူအသွားအလာနဲပါးခြင်း
စသည့်ပြည်တွင်းသတင်းများကိုလည်း
တာဝန်ရှိကိုယ်စားလှယ်များ-မှအသိ
ပေးကြေငြာခဲ့ပါသည်။
ညနေ၄နာရီတွင်ဆန္ဒပြပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။



Sunday, November 7, 2010

တိုကျိုမြို့ရှိမြန်မာနိုင်ငံအခွန်ရုံးရှေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကန့်ကွက် ဆန္ဒပြပွဲ။

၂၀၁၀.၁၁.၀၆ ရက်နေ့(စနေနေ့)
တိုကျိုမြို့ရှိမြန်မာနိုင်ငံအခွန်ရုံးရှေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကန့်ကွက် ဆန္ဒပြပွဲ။


ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ
ဦးစီး ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီင်္း မြန်မာ ပြည်သူများ၏ အနာဂတ်
ကံကြမ္မကို အဆိုးဝါးဆုံး ဖန်တီးခံရတော့မည့် ၂၀၁၀ ရွေးကောက်ပွဲ၊
စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် ပြုလုပ်မည့် ရွေးကောက်ပွဲ
ဖြစ်သည့်အတွက် ဆန့်ကျင်ကြောင်း နှင့်လက်မခံ နိုင်ကြောင်းကို
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) အဖွဲ့တာဝန်ခံ
အသီးသီးတို့မှ ကန့်ကွက် ပြောကြားခဲ့ကြပါသည်။
ဆန္ဒပြပွဲကိုမြန်မာနိုင်ငံသား ၃၀၀ခန့်မြန်မာနိုင်ငံအရေးကို အားပေး ကူ
ညီသော ဂျပန်အဖွဲ့အစည်း များတို့လည်း ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါသည်။