Monday, November 15, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏ထုတ်ပြန်ကြေညာချက်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏
ထုတ်ပြန်ကြေညာချက်
၁၄-၁၁-၂ဝ၁ဝ

၁၊ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရာမှ ၁၃-၁၁-၂ဝ၁ဝ (စနေနေ့) တွင် ပြန်လည် လွတ်မြောက်လာသောမြန်မာလူထု

ုခေါင်းဆောင်၊ ငြိမ်းချမ်း ရေး နိုဘဲလ်ဆုရှင်၊ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်
၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလျက် မြန်မာ့ဒီမိုကရေစီအရေး
အတွက် ဆက်လက် ပူးပေါင်း ပံ့ပိုး လှုပ်ရှားသွားမည် ဖြစ်သည်။

၂၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း
မြန်မာ့ဒီမိုကရေစီအရေးအတွက် အတူတကွတိုက်ပွဲဝင်ရင်း မတရား

ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်သော ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊
ကိုကိုကြီး အပါအဝင်နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ
အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း နအဖ အာဏာပိုင်တို့အားဂျပန်
နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက လေးနက်စွာ
တောင်းဆို လိုက်သည်။

မြန်မာ့ဒီမိုကရေစီ အင်အားစုများ
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)