Thursday, December 9, 2010

သံဃာတော်များကို ဒေါ်အောင်ဆန်းစုကြည် သင်္ကန်း ကပ်လှူ။

ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ယနေ့နံနက် ၈ နာရီတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များက သံဃာတော်များနှင့် သီလရှင်များကို သင်္ကန်းနှင့် ၀တ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းပွဲသို့ ပင့်ဖိတ်ထားသော သံဃာတော်များအပြင် တခြားသော ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များစွာ ကြွရောက် လာမှုကြောင့် စီစဉ်ထားသော သင်္ကန်း အရေအတွက် မလောက်မင ဖြစ်ခဲ့ပြီး သံဃာတော် အပါး ၁၅၀ ကိုသာ သင်္ကန်းများ ကပ်လှူနိုင် ခဲ့ကြောင်း၊ သင်္ကန်း မကပ် လှူနိုင်သော သံဃာတော်များကို ဖိနပ်နှင့် ၀တ္ထုငွေများ ကပ်လှူခဲ့ ရကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော် ၁၅၀ ကို သင်္ကန်းများ ကပ်လှူရန် NLD ရုံး အနီးအနားရှိ ဘုန်းကြီးကျောင်းများကို လိုက်လံ ပင့်ဖိတ် ခဲ့သော်လည်း ယနေ့တွင် ရန်ကုန်မြို့တမြို့လုံးရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များ၊ သာမဏေ များနှင့် သီလရှင်များစွာ ကြွရောက် ခဲ့ကြောင်း NLD ဗဟို ကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းထိန်က ပြောသည်။
ယနေ့ လှူဒါန်းပွဲသို့ NLD ရုံးရှေ့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆွမ်းခံကြွလေ့ ရှိသည့် သံဃာတော် ၇၈၅ ပါးနှင့် သီလရှင် ၁၁၉ ပါး ကြွရောက် ခဲ့သည်ဟု သူက ပြောသည်။
ယနေ့ လှူဒါန်းမှု မပြုလုပ်မီ ၁ ပတ်အလိုကတည်းက NLD ရုံးချုပ်ရှေ့နှင့် ရွှေတိဂုံ စေတီတော် အနီးတဝိုက်တွင် သံဃာတော်များ ကြွရောက်ပါရန် ပင့်ဖိတ် ထားသည့် ကြော်ငြာစာရွက်များ လိုက်လံကပ်ခဲ့သည်ဟု သိရသည်။




http://www.humanright-myanmar.com/ မှကူးယူတင်ပြသည်။



Tuesday, November 30, 2010

အသင်းဝင်များစူံညီစုံညီအစည်းအဝေးဖိတ်ကြားခြင်း။

ဒေါ်စုနဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ(VOA) スー・チーさんと国連の高官が初めて面会(10/11/27)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး စတင်ရောက်ရှိပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာနမ်ဘီးယားတို့ တွေ့ဆုံစဉ်မှာတော့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ အားလုံးစုစုပေါင်း ၁ နာရီကြာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာနမ်ဘီးယားဟာ မြန်မာနိုင်ငံအရေး တာဝန်ယူပြီးကတည်းကဆိုရင် ဒါ ပထမဆုံး သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သလို မြန်မာပြည်တွင်း အတိုက်အခံ အင်အားစုတွေနဲ့ ပထမဆုံး စတင်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။ “နေ့လည် မွန်းလွဲ ၂ နာရီမှာ မစ္စတာ နမ်ဘီးယားဟာ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့စပြီး ဆွေးနွေးပါတယ်။ ဆွေးနွေးပြီးတဲ့နောက် ၂ နာရီခွဲမှာ ကျနော်တို့ ဥက္ကဌ ဦးတင်ဦး၊ NLD အလုပ်အမှုဆောင်အဖွဲ့များ အားလုံး ပါဝင်တဲ့၊ ဗဟိုအလုပ်အမှုဆောင်များအဖွဲ့၊ အဲဒီအထဲမှာ အထွေးထွေ အတွင်းရေးမှူးလည်း ပါဝင်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ထပ်ပြီးတော့ ဆွေးနွေးပါတယ်။ ဆွေးနွေပြီးတဲ့နောက် CRPP အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်များဖြစ်တဲ့ ဦးအေးသာအောင်၊ ဦးနိုင်ထွန်းသိန်း၊ ဦးပုကျင်းရှင်းထန်၊ ဦးထောင်ကိုထန်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်များနဲ့ အတွဲလိုက်ပေါ့ ဆက်ပြီးတော့ ကျနော်တို့နဲ့အတူ ဆက်ပြီးတော့ ဆွေးနွေးပါတယ်။ ၂ နာရီကနေစတဲ့ ဆွေးနွေးပွဲဟာ ၃ နာရီမှာ အဲဒီလို အစီအစဉ်အလိုက် ဆွေးနွေးပြီးတဲ့နောက် ပြီးသွားပါတယ်ခင်ဗျ။” ဆွေးနွေးတာက ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပဲလားခင်ဗျ။ - “ဟုတ်ပါတယ်ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပါ။ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်များပါ နောက်ဆုံးမှာ ပါဝင်ပြီး ဆွေးနွေးကြတာပေါ့။ တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေး ပြဿနာကို ပြေလည်ဖို့ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် ကြိုးပမ်းတာအောင်မြင်ဖို့ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါမှာဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားခေါင်းဆောင် CRPP အဖွဲ့ဝင် ခေါင်းဆောင်များကိုပါ အထွေထွေ အတွင်းရေးမှူးချုပ်က ဖိတ်ကြားပြီးတော့ မိတ်ဆက်ပေးပြီးတော့ တွေ့တာဖြစ်ပါတယ်။” အဲဒီတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့တဲ့သဘောက မစ္စတာ နမ်ဘီးယားက စီစဉ်တာမဟုတ်ဘဲနဲ့ ဒီဘက် NLD က စီစဉ်ပေးတဲ့သဘောပေါ့။ - “အဲဒီ အကုန်လုံးပေါ့ ညှိနှိုင်းပြီးတော့ စီစဉ်တဲ့သဘောပါပဲခင်ဗျ။” ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာရော ဘာအကြောင်းရပ်တွေများ ပြောဖြစ်လဲခင်ဗျ။ - “တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့တော့ အသေးစိတ် ထုတ်ပြန်ဖို့မရှိပါဘူး နှစ်ဖက်စလုံးက။ ဒါပေမဲ့ ကျနော် ပြောနိုင်တာကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အထွေထွေ အခြေအနေတွေကို ပြည့်စုံစွာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြပါတယ်။” မစ္စတာ နမ်ဘီးယားနဲ့ အဲန်ကယ်လို့ ပထမဆုံး တွေ့ရတဲ့အခေါက်ဆိုတော့ ဘယ်လို ယူဆလဲခင်ဗျ။ အခု တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ အားရကျေနပ်မှုရှိသလား၊ လိုအပ်ချက်တွေ ရှိသေးလား။ - “နှစ်ဖက်စလုံးက ဆွေးနွေးချက်တွေဟာ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပေါ့လေ ဖလှယ်ကြတာဖြစ်တဲ့အတွက်ကြောင့် ဆွေးနွေးပွဲဟာ တကယ့်ကို ရင်းနှီးပွင့်လင်းတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြီးတော့လဲ ကျနော်တို့ အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးချုပ် ကလည်းပဲ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရအောင် ကျိုးပမ်းရမှာဆိုတာကို အစကတည်းက ပြောထားပါတယ်။ ထို့အတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မနှစ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သ၀ဏ်လွှာမှာကိုပဲ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဆိုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် အရင်လုပ်ရမယ်ဆိုတာကို ပြောထားတာဖြစ်တော့ အဲဒီဆီကို ဦးတည်နိုင်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတရပ် ဖြစ်တယ်ဆိုတာကို ခံစားမိကြောင်း ကျနော်ကတော့ ပြောချင်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်စေ၊ NLD နဲ့ဖြစ်စေ ထပ်ပြီးတော့ တွေ့ဆုံနိုင်တဲ့ အလားအလာ ရှိသေးလားခင်ဗျ။ - “ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ထပ်ပြီးတော့ နောက်ထပ် ဆွေးနွေးပွဲတွေ ရှိမယ်လို့တော့ နှစ်ဖက်စလုံးကတော့ သဘောထား ပေးပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ နောက် အလားတူ ဆွေးနွေးပွဲတွေဟာ မကြာခဏ ဖြစ်သွားမှာပါလို့ အဲဒီလို သုံးသပ်ကြတာသိပါတယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ သီးခြားတွေ့ဆုံသလို ရွေးကောက်ပွဲဝင်တဲ့ အခြားနိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လို့ မြို့တော် နေပြည်တော်ကိုတော့ သွားရောက်မယ့်အစီအစဉ် မရှိဘူးလို့သိရပါတယ်။ ဒီမိုဝေယံမှကူးယူတင်ပြသည်။

Friday, November 26, 2010

မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ မြတ်ခိုင်နှင့် နအဖအာဘော်များရေးသော ငါးမင်းဆွေတို့ ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်အောင် လုပ်ကြံကြပြီ။

Thursday, November 25, 2010
မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ မြတ်ခိုင်နှင့် နအဖအာဘော်များရေးသော ငါးမင်းဆွေတို့ ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်အောင် လုပ်ကြံကြပြီ။


ယနေ့  မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှုး
ဒေါ်အောင်ဆန်းစုကြည
နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၄င်း (ငါးမင်းဆွေ)ရေးသား
ခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား
လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေး
ပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။
ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၄င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။ ငါးမင်းဆွေမှ ၄င်းရေးသားခဲ့သော

ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား
လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူ
ဆောင်းပါးကို တောင်းရာ ပြည်ပနိုင်ငံခြားသတင်းဌာနမှဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား ဆက်လက်စုံစမ်းရာ ငါးမင်းဆွေရေးသား
သော ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု သုံးနှုံးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရပါသည်။

အဲ့ဒီနောက် ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးအဖွဲ့မှုး ဦးဝင်းထိန်မှ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ ဦးဝင်းထိန်မှ ဒေါ်စုကြည်ဆိုသည့် အသုံးအနှုံးအား ပြောင်းလဲရေးသားရန်၊ ၄င်းတို့ အဖွဲ့ချုပ်ခေါင်းဆောင်အား ယင်းကဲ့သို့ ခေါ်ဆိုခြင်း
ကို လုံးဝ လက်မခံနိုင်ကြောင်း၊ နအဖစစ်အစိုးရအကြိုက်ရေးသားနေသောသူနှင့်
၎င်းတို့၏ ခေါင်းဆောင်အား ပေးမတွေ့နိုင်ကြောင်း၊ ဦးဝင်းထိန်မှ ၄င်းထောင်ကျ
နေစဉ်အတွင်း ငါးမင်းဆွေ ရေးသားသော ဆောင်းပါးများတွင်နအဖကောင်း
ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကောင်း
ကြောင်းများ လုပ်ကြံရေးသားထားသည်ကို ဖတ်ရကြောင်း ပြောဆိုခဲ့ပါသည်။
ုူုပြီးခဲ့သည့် တစ်ပတ်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်ဂျာနယ်များ အပိတ်ခံရအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ။ သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေသည်ကို တွေ့ရပါသည်။


အကြောင်းအရင်းကို စုံစမ်းကြည့်ရာ သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) မှ ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့မှ ရဲထောက်လှမ်းရေးများအား ဒေါ်အောင်ဆန်းစုကြည် သတင်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း လုပ်ရမည် သို့ သော် အနှောင့်အယှက်မပေးရဟု ညွှန်ကြားပြောဆိုထားသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းသို့ ၀င်ရောက်သတင်းယူ၍ မရသောကြောင့် မြတ်ခိုင်နှင့် သူ့သား ဇေယျာမြတ်ခိုင်တို့အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ ငွေကြေးနှင့် အခွင့်အရေးများပေး၍ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းသတင်းများ ယူခိုင်းထားကြောင်းသိရပါသည်။

မြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေသော မော်နီတာဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ကြီးမားစွာ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သော်လည်း ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသော ဂျာနယ် ၉ စောင်တွင် မပါဝင်ခဲ့ပေ။ သို့သော် လူအများပြောဆိုစရာဖြစ်မည်ဆိုသဖြင့် ၄င်း၏ ဂျာနယ်တစ်စောင်ဖြစ်သော လျှပ်တပြက်ဂျာနယ်ကို ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသည်ဟု သတင်းလွှင့်ခဲ့ပါသည်။


ဟံသာဝတီ ဦးဝင်းတင် ရေးသားသော (ဘာလဲဟဲ့ လူ့ငရဲ) စာအုပ်ပါ ထောင်တွင်းအကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ရေးသားထားသည်ကို တန်ပြန်သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မြတ်ခိုင်အား ၄င်း၏ဂျာနယ်တွင် မြန်မာပြည်မှ ထောင်များမှာ လွန်စွာကောင်းကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာရှိမှုကြောင့် ထောင်ကျအကျဉ်းသားများမှာ ကောင်းမွန်စွာနေရကြောင်း ရေးသားခိုင်းမှုကို အလွန်အကျွံ ကူညီရေးသားပေးခဲ့သော
ဂျာနယ်လစ်ဆိုးတစ်ယောက် ဖြစ်ပါသောကြောင့်မြတ်ခိုင်နှင့်သူ၏အဖွဲ့သားများ၊ငါးမင်းဆွေတို့ကဲ့သို့
သော သူများအား သတိကြီးမားစွာနှင့် ရှောင်ရှားကြပါလို့ အသိ ပေးတင်ပြလိုက်ပါတယ်။
(မြန်မာပြည်သားတစ်ဦး)။

ကိုနစ်နေမန်း စာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။


Saturday, November 20, 2010

ဒေါ်အောင်ဆန်းစုကြည်၏ဂျပန်ရောက်မြန်မာဒုက္ခသည်များအားမှာကြားချက်ပါသည့်ANN Newsအင်တာဗျူး။

スー・チーさん「軍事政権との対話望む」(10/11/19)





http://www.youtube.com/watch?v=BY8eFdUUy_s
မှကူးယူတင်ပြသည်။

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခြင်း။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏ထုတ်ပြန်ကြေညာချက်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏
ထုတ်ပြန်ကြေညာချက်
၁၄-၁၁-၂ဝ၁ဝ

၁၊ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရာမှ ၁၃-၁၁-၂ဝ၁ဝ (စနေနေ့) တွင် ပြန်လည် လွတ်မြောက်လာသောမြန်မာလူထု

ုခေါင်းဆောင်၊ ငြိမ်းချမ်း ရေး နိုဘဲလ်ဆုရှင်၊ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်
၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလျက် မြန်မာ့ဒီမိုကရေစီအရေး
အတွက် ဆက်လက် ပူးပေါင်း ပံ့ပိုး လှုပ်ရှားသွားမည် ဖြစ်သည်။

၂၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း
မြန်မာ့ဒီမိုကရေစီအရေးအတွက် အတူတကွတိုက်ပွဲဝင်ရင်း မတရား

ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်သော ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊
ကိုကိုကြီး အပါအဝင်နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ
အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း နအဖ အာဏာပိုင်တို့အားဂျပန်
နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက လေးနက်စွာ
တောင်းဆို လိုက်သည်။

မြန်မာ့ဒီမိုကရေစီ အင်အားစုများ
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

Sunday, November 14, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီ။


18 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်း ပြန်ဝင်
နှုတ်ဆက်စကား ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အတွင်း သို့ ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်သည်။
ဦးတင်ဦးနှင့် ဇနီးနှင့် ဦးအုန်းကြိုင်တို့လည်း နေအိမ်တွင်းသို့
လိုက်ပါ ဝင်ရောက်သွားသည်။



မနက်ဖြန် မွန်းတည့် ၁၂ နာရီတွင် ရွှေဂုံတိုင် ရုံးချုပ်သို့ လာရောက်
တွေ့ဆုံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လူအုပ်စုကြီးကို ထဲ့
သွင်း ပြောကြားသွားသည်။

17 နာရီ 40 မိနစ် - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည် လွတ်ပါပြီ
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စု ကြီးကို နှုတ်ဆက်စကား ပြောကြားနေပြီ ဖြစ်သည်။
ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။
အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုကို ပရိတ်သတ်ထဲမှ
ပေးလာ၍ ပန်ဆင်ထားသည်။
------------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ တွင် လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
နေအိမ်ရှေ့တွင်ပင် လူထုကို စကားပြောရန် ဒေါ်အောင်ဆန်းစုကြည်
က စီစဉ်လျှက် ရှိသည်ဟု ဦးဝင်းတင်က ပြောသည်။ အနည်းဆုံး ၄ ထောင် ခန့်ရှိသော စောင့်မျှော်နေသော လူအုပ်ကြီးက
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ခြံဝသို့တိုးကာ စောင့်ဆိုင်း
နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်စုကြီးက မတွေ့ရသေးသော်လည်း ဒေါက်တာ တင်မျိုးဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က လူအုပ်စုကြီးကို ထိန်းထား
ရသည်။ ရွှေဂုံတိုင်ရုံးချုပ်ရှေ့တွင်တော့ လူ ၁ သောင်းကျော်က
စောင့်ဆိုင်းနေရာ ဒေါ်စုနေအိမ်ဘက်သို့ စတင်ထွက်ခွာကြပြီဖြစ်သည်။


16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်

အတားအဆီးများကို စတင် ဖယ်ရှား
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အနီးရှိ လုံခြုံရေး အတားအဆီးများကို စတင် ဖယ် ရှားနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီး ကို နှုတ်ဆက်စကား ပြောကြားနေပုံ။





http://www.mizzimaburmese.com/ မှကူးယူတင်ပြသည်။

Saturday, November 13, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်မည။်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံးဝ
လွတ်မြောက်မည် ဟု အပြည့်အဝ ယုံကြည်
ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်
ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆို။
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း
စုကြည်နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည့် လာမည့် စနေ
နေ့မှာ လုံးဝလွတ်မြောက်မည် ဟု အပြည့်အဝ ယုံကြည်ကြောင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီး
ဦးဥာဏ်ဝင်း
က ပြောဆိုပါတယ်..။
မေး။...။ အန်ကယ် အန်တီစု ပြန်လွတ်မယ့် အပေါ် အန်ကယ့်
အမြင်လေး ပြောပြပေးပါ...။
ရှေ့နေကြီးဦးဥာဏ်ဝင်း..။...။ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မယ်
လို့ အန်ကယ်ပြောလိုပါတယ်..။
မေး။..။ ဘယ်နေ့ ဘယ်အချိန်လောက်ပါလဲ အန်ကယ်..။
ရှေ့နေကြီးဦးဥာဏ်ဝင်း..။....။ ၁၃ရက်နေ့ပေါ့ သူတို့ဥပဒေအတိုင်း
ဆို ဒေါ်အောင်ဆန်းစုကြည်ကို စပြီး Move လုပ်သွားတဲ့ အချိန်က
ည(၇)နာရီပေါ့... အဲ့တော့ သူတို့ တိတိကျကျ လုပ်ရင်တော့
ည(၇)နာရီပေါ့။ ဒါပေမယ့် နေ့ခင်း လွှတ်ရင်လည်း ရပါတယ်ဗျာ...
သူတို့ အဲ့လို တိတိကျကျ လုပ်တတ်တဲ့ အကျင့်ရှိတယ် ။
ဒေါ်စုလွတ်ဖို့ အပြည့်အဝ ယုံကြည်ပါတယ်..။ ဟုပြောဆိုသွားပါတယ်..


အဖွဲ့ချုပ်အဖွဲ့ဝင်များ ကြိုဆိုရေးအတွက် ကြိုတင်ပြင်ဆင်နေကြပုံ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား
မစ္စတာဂျွန်ယက်တော နေအိမ်သို့ ဝင်ရောက်မှုနှင့် ပတ်သတ်ပြီး
ထောင်ဒဏ် ၃နှစ်ကျခံရန် အမိန်ချမှတ်ခံရပြီးမှ နအဖဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန်ဖြင့် နေအိမ်အကျယ်ချုပ် ၁နှစ်ခွဲ
ကျခံခဲ့ရပြီး.. လာမယ့် ၁၃ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ရက် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်..။ လာမည့် ၁၃ရက်နေ့ဟာ ရုံးပိတ်ရက် စနေနေ့ ဖြစ်တဲ့အတွက် ၁၂ရက်နေ့ သောကြာနေ့မှာ လွတ်မြောက်လာနိုင်တယ် လို့လည်း ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှ အထူး မျှော်လင့်နေကြပါတယ်...။
အဖွဲ့ချုပ်ရုံးမှာ လူထုခေါင်းဆောင်အတွက် ကြိုတင်ပြင်ဆင်နေကြပုံ..
ယနေ့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည် လွတ်မြောက်လာလျှင် ကြိုဆိုဖို့အတွက် ကြိုဆိုရေးလုပ်ငန်းများ
ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး အဖွဲ့ချုပ် အဖွဲ့ဝင်များ အထူးများပြားကြောင်း အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့် မည့် စနေနေ့မှာ ရုံးပိတ်ရက် ဖြစ်သည့်အတွက် သောကြာနေ့မှာ လွတ်မြောက် လာဖို့ အထူး

မျှော်လင့်နေကြပါတယ်..။ သောကြာနေ့ မနက်ပိုင်းမှာလည်း အဖွဲ့
ချုပ်လူငယ်များ ရန်ကုန်မြို့ရှိ ဆေးရုံများမှာ သွေးလှူဒါန်းကြမှာ ဖြစ်ပါတယ်...။ ပြန်လည် လွတ်မြောက်လာမည့် လူထုခေါင်းဆောင်၏ လုံခြုံရေးအတွက် အဖွဲ့ ချုပ်လူငယ် အယောက်(၁၀၀)ကျော် ကြိုတင်ပြင်ဆင် ထားကြကြောင်း သိရှိရပါတယ်..။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၉၈၈)မှ (၂၀၁၀)ခုနှစ်အထိ (၂၂)နှစ်တာ ကာလအတွင်း စုစုပေါင်း ၁၅နှစ်ကျော် (၃)

ကြိမ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချထားခြင်းကို ခံခဲ့ရပါတယ်..။




ဒီမိုဝေယံမှကူးယူတင်ပြသည်။

Thursday, November 11, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး - အခွန်ရုံး (သံရုံး) ရှေ့ ကန့်ကွက်ဆန္ဒပြပွဲ။

လာမည့် စနေနေ့ (၁၃-၁၁-၂ဝ၁ဝ) တွင် ကျနော်တို့အားလုံး၏
အမျိုးသားခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး
ထိန်းသိမ်းခံနေရာမှ ပြန်လည် လွတ်မြောက်ရတော့မည်
ဖြစ်ပါသည်။သို့ဖြစ်ပါ၍ အတက်ကြွဆုံး နိုင်ငံရေး လှုပ်ရှား
ရန်အတွက် အောက်ပါ အစီအစဉ်ဖြင့် တခဲနက် လာရောက်
စုရုံးကြပါရန် ဂျပန်ရောက် မြန်မာနိုင်ငံသားတိုင်းအား
လေးစားစွာ နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။

(စနေနေ့)
အချိန်နေ့ရက်
၁၃-၁၁-၂ဝ၁ဝ
မွန်းလွဲ ၂ နာရီမှ ၄ နာရီထိ
နေရာ
မြန်မာသံရုံးရှေ့၊ ရှိနဂါဝ၊ တိုကျို၊ ဂျပန်

ဤ ကန့်ကွက်ဆန္ဒပြပွဲနှိုးဆော်ချက်ကို လက်ဆင့်ကမ်း ဖြန့်ချီ
အကြောင်းကြားပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ မှကူးယူတင်ပြသည်။


Monday, November 8, 2010

၂၀၁၀-ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့ ရှိစစ်အာဏာရှင်များ၏အခွန်ရုံး ရှေ့တွင်ပြုလုပ်သောမှတ်တမ်းပုံများ။

၂၀၁၀နိုဝင်ဘာလ၇ရက်နေ့၁၀နာရီမှညနေ၄နာရီ

ခန့်အတွင်းဂျပန်နိုင်ငံတိုကျိုမြို့မြန်မာသံ၇ုံးေ၇ှ့တွင်မြန်မာ့ဒီမိုကရေစီ
အင်အားစုများ၊မြန်မာ့အေ၇းကိုစိတ်ဝင်စားကြသောဂျပန်အဖွဲ့
အစည်း
များစုဝေးကာဆန္ဒပြခဲ့ကြပါသည်။့မြန်မာနိုင်ငံတွင်နအဖစစ်အစိုးရက

ရွေးကောက်ပွဲပြုလုပ်ခြင်းကိုဆန့်ကျင်ကန့်ကွက်ရန်ရည်ရွယ်ဆန္ဒပြကြ
ခြင်း
ဖြစ်ကြောင်းသိရှိရပါသည်။၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်
မီတီ(ဂျပန်)မှ
တာဝန်ယူကျင်းပခဲ့ပြီးစုစုပေါင်းအင်အား၈၀၀ကျော်ပါဝင်
ဆန္ဒပြခဲ့ကြပါသည်။
ဂျပန်နိုင်ငံရုပ်မြင်သံကြားဌာနများ၊သတင်းစာများ
မှလည်းလာရောက်၍သတင်း
ရိုက်ကူးထုတ်လွှင့်ခဲ့ကြပါသည်။နံနက်မှ
ညနေတိုင်အောင်တစ်နာရီ
တစ်ကြိမ်ရွေးကောက်ပွဲဆန့်ကျင်ရေးကြွေး
ကျော်သံများသံပြိုင်ရွတ်ဆို
ခဲ့ကြသလိုညနေပိုင်းတွင်မြန်မာစစ်အစီုးရ
က တဖက်သတ်သတ်မှတ်
ပြင်ဆင်ခဲ့သောအလံနှင့်၂၀၀၈ဖွဲ့စည်းပုံအခြေ
ခံဥပဒေစာအုပ်တို့ကို
ဂျပန်ရဲများတားဆီးနေသည့်ကြားမှပင်မြန်မာသံရုံး
ဝင်းတံခါးရှေ့တွင်မီးရှို့
ဖျက်ဆီးခဲ့ကြပါသည်။မြန်မာပြည်တွင်းမဲရုံများသို့
လူအသွားအလာနဲပါးခြင်း
စသည့်ပြည်တွင်းသတင်းများကိုလည်း
တာဝန်ရှိကိုယ်စားလှယ်များ-မှအသိ
ပေးကြေငြာခဲ့ပါသည်။
ညနေ၄နာရီတွင်ဆန္ဒပြပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။



Sunday, November 7, 2010

တိုကျိုမြို့ရှိမြန်မာနိုင်ငံအခွန်ရုံးရှေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကန့်ကွက် ဆန္ဒပြပွဲ။

၂၀၁၀.၁၁.၀၆ ရက်နေ့(စနေနေ့)
တိုကျိုမြို့ရှိမြန်မာနိုင်ငံအခွန်ရုံးရှေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကန့်ကွက် ဆန္ဒပြပွဲ။


ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ
ဦးစီး ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီင်္း မြန်မာ ပြည်သူများ၏ အနာဂတ်
ကံကြမ္မကို အဆိုးဝါးဆုံး ဖန်တီးခံရတော့မည့် ၂၀၁၀ ရွေးကောက်ပွဲ၊
စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် ပြုလုပ်မည့် ရွေးကောက်ပွဲ
ဖြစ်သည့်အတွက် ဆန့်ကျင်ကြောင်း နှင့်လက်မခံ နိုင်ကြောင်းကို
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) အဖွဲ့တာဝန်ခံ
အသီးသီးတို့မှ ကန့်ကွက် ပြောကြားခဲ့ကြပါသည်။
ဆန္ဒပြပွဲကိုမြန်မာနိုင်ငံသား ၃၀၀ခန့်မြန်မာနိုင်ငံအရေးကို အားပေး ကူ
ညီသော ဂျပန်အဖွဲ့အစည်း များတို့လည်း ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါသည်။





Friday, October 29, 2010

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲ။


တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်
ကြောင်းနှင့်မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့်အကြောင်း
ကို ဂျပန်အစိုးရတာဝန်ရှိသူများတို့မှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍
တိုကျိုမြို့Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံမှ ဂျပန်
အစိုးရရုံးများ တည်ရှိရာ Kasumigaseki မြို့နယ်ဧရိယာကို ဖြတ်
လျှောက်၍ Hibiya ပန်းခြံတွင်အဆုံးသတ်သည့် ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရကြောင်းသိရှိရပါသည်။

Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံကနေ ၂း၃၀ တွင်
စတင်ချီတက်ခဲ့ကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း
နအဖ စစ်အုပ်စု၏တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀
ရွေးကောက်ပွဲ လက်မခံဆန်ကျင် ကန့်ကွက်ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးတို့
ကို ချက်ခြင်း လွတ်ပေးရန်း ၊ဂျပန်အစိုးရမှ မြန်မာ့ဒီမိုကရေစီ အရေးမှာ
ထိရောက်သည့်အကူညီများ ကူညီပေးရန် တောင်းဆို ချီတက်လာခဲ့ကြပြီး
Hibiya ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။


ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းနှင့် ပတ်သက်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင် ရေး ကော်မတီ (ဂျပန်) ၏ ထုတ်ပြန်ကြေညာချက်။

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းနှင့် ပတ်သက်၍၂ဝ၁ဝ
ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်) ၏ထုတ်ပြန်
ကြေညာချက်။


၂၅-၁ဝ-၂ဝ၁ဝ
၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် မြန်မာ တိုင်းရင်းသား
ခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစု ခေါင်းဆောင်များ၊ ဒီမိုကရေစီ
ရရှိရေး လှုပ်ရှားသူများ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည်
ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းပါ -

* ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်
ရေး တို့အတွက်ရည်မှန်းချက်၊
* ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား၊
* ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်
ကြိုးပမ်းမှုများသည် ငြိမ်းချမ်းသော မြန်မာနိုင်ငံ ပေါ်ထွန်းရေး
အတွက် ကောင်းမွန်မှန်ကန်သော ဆုံးဖြတ်ချက်များ ဖြစ်သော
ကြောင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက အပြည့်အဝ
ထောက်ခံကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

ပါဝင်သည့် အဖွဲ့အစည်းများ

1-- National League for Democracy (Liberated Area – Japan Branch)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ

2-- League for Democracy in Burma (LDB)
မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ်

3-- Burma Democratic Action (BDA)

4--Democratic Federation of Burma (DFB)

5-- All Burma Federation of Student Unions (Foreign Affairs Committee) (ABFSU-FAC)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ)

6-- Democratic Party for a New Society (DPNS-JPB)
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (ဂျပန်ဌာနခွဲ)

7-- Burma’s Refugees Serving Association (Japan)
မြန်မာနိုင်ငံသား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အသင်း

8-- Save Burma

9-- Peaceful Burma

10-- Federation of Workers’ Union of the Burmese Citizen (in Japan) (FWUBC)
မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ အဖွဲ့ချူပ် (ဂျပန်ပြည်)

11-- Self-funding Committee International (SCI)

12--အလင်းအိမ် မဂ္ဂဇင်း

13-- National Democratic Front (Burma) (NDF) Representative for Japan

14-- Palaun National Society (PNS)

15-- Arakan League for Democracy (Exile-Japan)

16--Chin National Community-Japan (CNC- Japan)

17-- Hotel and Restaurant Worker’s Union of Burma (HRWUB)
မြန်မာနိုင်ငံ ဟော်တယ်နှင့် စားသောက်ဆိုင် အလုပ်သမားများ သမဂ္ဂ၊ ဂျပန်

18-- Seafarers’ Union of Burma (SUB)
မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ၊ ဂျပန်

19-- အဟာရ စာစောင်

20-- Human Resource Development Program (HRDP)

21-- Burma Campaign Japan (BCJP)

22-- Karen National Union – Japan (KNU-Japan)

23-- Kachin National Organization, Japan (KNO-Japan)

24-- Karen National Community (KNC-Japan)

25-- Karen National League (KNL-JP)

26-- Punnyagari Mon National Society (PMNS)

27-- Shan Nationalities for Democracy – Japan (SND-JP)

28-- Kachin State National Congress for Democracy (Liberated
Area-Japan) (KNCD)

29-- FTUB Japan Representative

30-- Shan State Nationalities for Democracy – Japan (SSND-JP)

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း (မြန်မာဘာသာနှင့် ဂျပန် ဘာသာပြန်)










၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ(ဂျပန်)မှကူးယူတင်ပြသည်။

၆လပတ်စုံညီအစည်းအဝေးနှင့်စစ်အစိုးရ၏ အတုအယောင်၂၀၁၀ရွေးကောက်ပွဲအားကန့်ကွက် ဆန့်ကျင်ရှုတ်ချပွဲအခန်းအနားအောင်မြင်စွာ ကျင်းပခြင်း။

၂၀၁၀ခုနှစ်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်း(ဂျပန်)၆လပတ်စုံညီအစည်းအဝေးနှင့်စစ်အစိုးရ၏အတု
အယောင်၂၀၁၀ရွေးကောက်ပွဲအားကန့်ကွတ်ဆန့်ကျင်ရှုတ်ချပွဲ
အခန်းအနားအား၂၀၁၀.၁၀.၂၄(တနင်္ဂနွေနေ့)
TOKYO TOSHIMA KUMINAMI OTSUKA HALL
တွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။


Monday, October 25, 2010

နအဖ စစ်အုပ်စုရဲ့ အတုအယောင် ၂ဝ၁ဝ ရွေးကောက်ပွဲ ပြည်တွင်းပြည်ပ နေရာအနှံ့၊ ကမ္ဘာအနှံ့ သပိတ်မှောက်ကြ၊ ဆန့်ကျင်ကြ၊ တိုက်ဖျက်ကြ။

တိုကျိုမြို့ရှိမြန်မာနိုင်ငံအခွန်ရုံးရှေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကန့်ကွက် ဆန္ဒပြပွဲ။
နေ့ရက် --------၂၀၁၀.၁၁.၀၆ ရက်နေ့(စနေနေ့)
နေ့ရက် --------၂၀၁၀.၁၁.၀၇ရက်နေ့(တနင်္ဂနွေနေ့)

အချိန် --------နေ့လည် ၁၄း၀၀မှ၁၆း၀၀ နာရီ။(စနေနေ့)
အချိန် --------နံနက်၁၀း၀၀မှ၁၆း၀၀ ။(တနင်္ဂနွေနေ့)

အချိန်ကိုနေ့ရက်အလိုက်သတိပြုရန်။။

Sunday, October 24, 2010

အမေစုပြောတဲ့`ဒီမိုကရေစီ`

လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးဆိုင်ရာတိုးတက်မှု (Economic Growth) ဖြစ်ရုံနဲ့တင် မပြည့်စုံနိုင်ပါ။ ၎င်း၏ ဗဟိုချက်မှာ အခွင့်အာဏာပေးအပ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ အလိုပြည့်ဝမှု (Inner Fulfillment) တို့ဖြစ်သည်။ အမြင်ကျဉ်းမြောင်းသော အီလစ်များ၊ တရားလက် လွတ်ဆန်ဆန်ပြုမှု ကျင့်ကြံနေကြသော နိုင်ငံရေးဦဆောင်မှုတွေရှိတဲ့ ကမ္ဘာ့တစ်ခု ရှိနေသည်။ ယင်းကမ္ဘာတစ်ခုတွင် လူသားနှင့် ယဉ်ကျေးမှုတန်ဖိုးများ အလွန်အရေးပါစေရန် အခွင့်အာဏာပေးအပ်ခြင်း နှင့် စိတ်ပိုင်း ဆိုင်ရာ အလိုပြည့်ဝမှု အချက်များကိုသာလျှင် ဖော်ဆောင် ပေးသည်။ နိုင်ငံရေး နှင့် လူမှုရေး အသွင်ကူးပြောင်းရေးတွင် ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့ခေတ်ကာလ၏ အဓိကကျ သော ကိစ္စတစ်ရပ်ဖြစ်သည်။ ထိုမှသာ လွတ်မြောက်ခြင်း (Liberation) သည် ထိန်းချုပ်ခြင်းအထက်ကရှိသော၊ လူသားတန်ဖိုး (Human Worth) သည် အာဏာပါဝါအထက်ကရှိနေသော လူ့အဖွဲ့အစည်းများတည်ဆောင်နိုင် မည်ဖြစ်သည်။ ဒီပုံစံအရဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှု (Development) သည် စစ်မှန်သော လူ့အခွင့်အရေးများရှိသော ဒီမိုကရေစီ ကိုသာ လိုအပ်နေသည်။
ဒီမိုကရေစီရလျှင် ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် သူ့အလိုလို တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားပြီး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး လိုက်သည်။ ယင်းပတ်ဝန်းကျင်တွင် လူသားအားလုံးသည် တန်ဖိုးရှိကြပြီး လူတစ်ဦး တစ်ယောက်ချင်းစီ၏ တန်ဖိုးကိုလည်း နားလည်သွားစေသည်။ ဆင်းရဲမှုတိုက်ဖျက်ခြင်းသည်လည်း ဖြစ်စဉ်တစ်ခုအဖြစ်ပါဝင်လာသည်။ ယင်းဖြစ်စဉ်သည် ဆင်းရဲသူများနှင့် သူတို့ကမ္ဘာ၏လမ်းစဉ်ကို ပြောင်းလဲ စေသည်။ သူတို့ကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရုံနဲ့ မလုံလောက်ပါ။ သူတို့၏ အနာဂါတ်ကို သူတို့ဘာသာ ပုံဖော်နိုင်တဲ့ အသိစိတ်ဓါတ် ရှိသွားစေရမည်။

တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးနေတဲ့အစိုးရများ (Totalitarian) အများစုကတော့ ပြောင်းလဲမှုကို ကြောက်ရွံ့နေမှာဘဲဖြစ်သည်။ တစ်ပါတီ အာဏာရှင်များအနေနှင့် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးကို တုန့်ဆိုင်းနေသည်နှင့်အမျှ သူတို့၏ အပြုသဘော ဆောင်ရွက်ချက်များ သည်ပင်လျှင် အလာဟသ ပျက်ယွင်းသွားနိုင်သည်။ နိုင်ငံ့ပေါ်လစီအောင်မြင်ခြင်းသည် ပြည်သူတို့၏ ပါဝင်ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒ အပေါ်တွင်သာ မူတည်သည်။ ဒီမိုကရေစီတန်ဖိုးနှင့် လူ့အခွင့်အရေးများသည် အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်နေသည်ဟု ပြောဆို နေသည်များ လည်းရှိသည်။ လူများကလည်း အစိုးရအတွက် “ မသင့်တော်ပေဘူး ” ဟု ထင်မြင် လာအောင် လုပ်နေသည်များလည်းရှိသည်။ အမှန်တရားနှင့်အလွန်ဝေးကွာနေသော အရာမရှိပါ။

ယခု ကျမတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ကမ္ဘာပေါ်ရှိ မတူကွဲပြားနေကြတဲ့ နိုင်ငံများ၊ ပြည်သူများက လူ့တန်ဖိုး၏ အခြေခံကျသော အချက်တစ်ခုအပေါ် သဘောတူညီရေးဘဲဖြစ်ပါတယ်။ ယင်းအချက်သည်သာ ကမ္ဘာလုံး ဆိုင်ရာလူ့အသိုင်းအ၀ိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတစ်ရပ် (A Force) အဖြစ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။


စစ်မှန်သော စီးပွားရေး အသွင်ကူးပြောင်းရေးဆိုသည်မှာလည်း နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုဖြစ်စဉ်များ မှသာဖြစ်လာနိုင်သည်။ လျှင်မြန်သော ဒီမိုကရေစီဖော်ဆောင်ရေးနှင့် လူမှုအဖွဲ့အစည်းများ အားကောင်းအောင် ဆောင်ရွက်ခြင်းသည်သာ ဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ်အရာ (sine qua non) ဖြစ်သည်။ သို့မှသာလျှင် လူသားတွေကို တန်ဖိုးထားသော အနာဂါတ်တစ်ခုကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂ (United Nations) နှင့် ၎င်း၏အဖွဲ့အစည်းများသည် ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးဖို့ဆန္ဒရှိတယ်ဆိုရင် ပြည်သူကို အခွင့်အာဏာ အပ်နှင်းနိုင်သော လှုပ်ရှားမှုများကို အားပေးထောက်ပံ့သွားရမည်ဖြစ်သည်။ ယင်းလှုပ်ရှားမှု များသာလျှင် ဒီမိုကရေစီကို တည်ထောင်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ယဉ်ကျေးမှုတစ်ခုကို တနေ့သောအခါတွင် မလွဲမသွေဖော်ဆောင်နိုင်မည်ဖြစ်သည်။



အမေစု၏ "လွတ်လပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် လူသားတန်ဖိုး" (Freedom, Development, and Human Worth) စာတမ်းမှ ကောက်နုတ်ချက်….

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၉၁ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်း ဆောင်တစ်ဦးလည်းဖြစ်သည်။ ၁၉၈၉ ဇူလိုင်လ မှစ၍ မြန်မာစစ်အာဏာရှင်များ၏ နေအိမ်အကျယ်ချုပ်ချထား ခြင်းကို ခံနေရပြီး ဒီဟောပြောချက်မိန့်ခွန်းကို ၁၉၉၄ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သော ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ကော်မတီရှင် (The World Commission on Culture and Development) အစည်းအဝေးအတွက် “ Empowerment for a Culture of Peace and Democracy ” ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ စာရေးသူ၏ မေတ္တာရပ်ခံချက်အရ သူမကိုယ်စား ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန် အကွီနို (Corazon Aquino) က ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဘလော့ခ်ဂါ အလင်းဆက်

အကြံပြုသူများ…ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ ခမိခဆဲ

ဒီမိုဝေယံမှကူးယူတင်ပြသည်။

နအဖ စစ်အုပ်စုရဲ့ အတုအယောင် ၂ဝ၁ဝ ရွေးကောက်ပွဲ ပြည်တွင်းပြည်ပ နေရာအနှံ့၊ ကမ္ဘာအနှံ့ သပိတ်မှောက်ကြ၊ ဆန့်ကျင်ကြ၊ တိုက်ဖျက်ကြ။

စီတန်းလှည့်လည် ဆန္ဒပြပွဲ။

နေ့ရက် --------၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၇ ရက် (ဗုဒ္ဓဟူးနေ့)

အချိန် --------နေ့လည် ၁ နာရီခွဲ စုရပ်အရောက်၊ နေ့လည် ၂ နာရီ အခမ်းအနား စတင်မည်။

နေရာ ----------Roppongi ဘူတာအနီး၊ Mi
kawadai ပန်းခြံ

လမ်းညွှန် -------Hibiya လိုင်း၊ Oedo လိုင်း၊ Roppongi ဘူတာထွက်ပေါက် အမှတ် ၃-၄-၅-၆

ဘူတာထွက်ပေါက် (၆) မှ တည့်တည့် လမ်းလျှောက် ၄ မိနစ်ခန့်
ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများ

· ဂျပန်နိုင်ငံရောက် မြန်မာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ထားသည့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ
· မြန်မာ့ရေးရာရုံး (ဂျပန်)
· ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (RENGO)
· မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့ (PFB)
· အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ဂျပန်)
· Human Rights Watch
· Human Rights Now
မှတ်ချက် - လမ်းညွှန်မြေပုံကို ပူးတွဲပါ
တွင် ဖွင့်ကြည့်ပါ။



ပြန်ကြားရေး

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ
။။


Wednesday, October 20, 2010

စစ်အစိုးရ၏၂၀၁၀အတုအယောင်ရွေးကောက်ပွဲအားဂျပန်နိုင်ငံ ၌ကန့်ကွက်ဆန္ဒပြပွဲအခန်းအနား။

၀၁၀.၁၁.၇ ရက်နေ့တွင်ကျင်းပပြုလုပ်မည့်စစ်အစိုးရ၏၂၀၁၀အတု
အယောင်ရွေးကောက်ပွဲအတွက်ကြိုတင်ဆန္ဒမဲကောက်ခံခြင်းအား
ယနေ့တွင်ကျင်းပပြုလုပ်သည့်အတွက်ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီ
အင်အားစုမှမြန်မာစစ်အခွန်ရုံးရှေ့တွင်စုရုံး၍ကန့်ကွက်ဆန္ဒပြပါသည်။


Thursday, October 14, 2010

ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုများ တွေ့ဆုံ(သတင်းမှတ်တမ်း)။

၀၁၀ ခုနှစ် အောက်တိုဘာလ (၁၃)ရက်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစု တာဝန်ရှိသူများမှ
တိုကျိုမြို့ Kasumikaseki ရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့
သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး
YAMAHANA Ikuoနှင့် ယနေ့ နံနက် ၁၀း၃၀ နာရီ မှ ၁၁း၀၀ နာရီ
အထိ တွေဆုံပြီး မြန်မာ့ရေးရာ ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ယခု လက်ခံတွေ့ဆုံမှုသည် ဂျပန်ရောက် အတိုက်အခံ ဒီမိုကရေစီ
အင်အားစုအပေါ် ပထမဆုံးအကြိမ် လိုက်လျော တွေ့ဆုံမှုဖြစ်ပြီး ယခင်
အခါများက ညွန်ချုပ် အဆင့်ဖြင့်သာ တွေ့ဆုံခွင့် ရခဲ့ပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ၂၀၁၀
ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဂျပန်အစိုးရမှလည်း
ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုရန်နှင့် မြန်မာစစ်အုပ်စု၏
လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့် ရာဇ၀တ်မှု စုံစမ်း စစ်ဆေးရေး
ကော်မရှင် ဖွဲ့နိုင်ရေးအတွက် ဂျပန်အစိုးရမှ ထောက်ခံ သဘောတူရန်
တိုက်တွန်းသည့်စာရွက်စာတမ်းများကို NCUB ကိုယ်စားလှယ်
လည်းဖြစ် မြန်မာ့ရေးရာရုံး၏ တာဝန်ခံလည်းဖြစ်သော Dr. မင်းညှိမှ
ပေးအပ်ခဲ့ပါသည်။

ဂျပန်ရောက် တိုင်းရင်းသားများကိုယ်စား ဦးဇော်မင်းခိုင်မှ ၁၉၉၀ ပြည့်
အနိုင်ရ တိုင်းရင်းသား ပါတီများကလည်း ရွေးကောက်ပွဲကို
သပိတ်မှောက်ထားသည့်အတွက်ဂျပန်အစိုးရမှလည်း ရွေးကောက်ပွဲ
ရလဒ်ကို အသိအမှတ်မပြုရန် တင်ပြသွားခဲ့သလို၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု(မဒတ)၏ သဘောထားကိုလည်း NDF ဂျပန် ကိုယ်စားလှယ်
မိုင်ကျော်ဦးမှ ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆို သွားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၏ သဘောထားများကိုလည်း
NLD-LA(JB) အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ ကိုယ်စား
ပြု၍ တင်ပြသွားခဲ့ပြီး ဂျပန်ရောက်ဒီမိုကရေစီ အင်အားစုများ၏
၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီကိုယ်စား ကိုမြတ်သူမှ
တင်ပြဆွေးနွေး သွားခဲ့ပါသည်။ LDB အတွင်းရေးမှူးဦးမြင့်မောင် ၊
FTUB ဂျပန် ကိုယ်စားလှယ် ဒေါ်ခင်ဆွေအေး၊ ဂျပန် အလုပ်
သမား သမဂ္ဂအဖွဲ့ချုပ်များ (RENGO) ရဲ့ နိုင်ငံခြားရေးဌာန ညွန်ကြား
ရေးမှူးMasayuki SHIOTA ၊ PFB အတွင်းရေးမှူး
Ms.Miyazawa တို့မှလည်း ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းစေဖို့အတွက် ထိရောက်သည့် အကူအညီတွေကို
ကူညီပေးဖို့ တိုက်တွန်း တောင်းဆိုသွားခဲ့ကြပါသည်။

ယနေ့ တွေ့ဆုံနိုင်ရန် စီစဉ်သူမှာ မြန်မာ့ဒီမိုကရေစီ အရေးကို
အားပေးထောက်ခံသည့် အမတ်သမဂ္ဂ အတွင်းရေးမှူး
လွတ်တော်အမတ်AZUMA KONO ဖြစ်ပြီး လည်းကောင်းမှလည်း
လိုအပ်သည်များကိုဖြည့်စွပ်ဆွေးနွေး သွားပါသည်။ ဒုဝန်ကြီးမှ
ပြန်လည်ဖြေကြားရာမှာNLD နဲ့ ဒေါ်အောင်ဆန်းစုကြည်
ပါဝင်ခွင့် မရသည့်အပေါ် ရွေးကောက်ပွဲတရားသည် မတရားသည်ကို ဆုံးဖြတ်သည်နေရာအတွက် အချက်အလက်တခုဖြစ်လာမည့်
အကြောင်းနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်ပြီးမှသာလျင် တုန့်ပြန်
သွားမည်ဖြစ်ကြောင်း၊ မြန်မာစစ်အုပ်စု၏ လူသားမျိုးနွယ် အပေါ်
ကျုးလွန်တဲ ရာဇ၀တ်မှု စုံစမ်း စစ်ဆေးရေးကော်မရှင်
ဖွဲ့နိုင်ရေးအတွက် ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း ပြန်လည်
ဆွေးနွေးခဲ့ပါသည်။



Thursday, October 7, 2010

အသင်းဝင်အဖြစ်မှရပ်ဆိုင်းကြောင်းကြေညာခြင်း။

မန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်း(ဂျပန်)၏ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေပါအပုဒ်ခွဲ
၉/၃အရအသင်းဝင်တစ်ဦး၏လုပ်ဆောင်မှုအပြုအမူ
သည်အသင်း၏ဆိုလိုရင်းရည်ရွယ်ချက်အားလွန်လွန်
ကျူးကျူးဆန့်ကျင်နေသည်ဟုဗဟိုအလုပ်အမှုဆောင်
ကော်မတီမှအသိအမှတ်ပြုလျှင်ထိုအသင်းဝင်အား
အသင်းဝင်အဖြစ်မှရပ်ဆဲနိုင်သည်ဟုပြဌါန်းထားချက်
အရအောက်ဖေါ်ပြပါအသင်းဝင်နှစ်ဦးအား၂၀၁၀.၁၀.၃
နေ့တွင်ကျင်းပပြုလုပ်သောဗဟိုအလုပ်အမှုဆောင်
ကော်မတီဆုံးဖြတ်ချက်အရအသင်းဝင်အဖြစ်မှရပ်ဆိုင်း
လိုက်သည်။

အသင်းဝင်နံပါတ် ---၈၄
အသင်းဝင်နံပါတ်---၃၄၁
ဗဟိုအလုပ်အမှုဆောင်ကော်မတီဆုံးဖြတ်ချက်အရ။။
မိုးကျော်စိုးအတွင်းရေးမှူး(၁)

(၂၀၁၀-၂၀၁၁)၆လပတ်စုံညီအစည်းအဝေးဖိတ်ကြားခြင်း။

၂၀၁၀ခုနှစ်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီ
စောင့်ရှောက်ရေးအသင်း(ဂျပန်)၆လပတ်စုံညီ
အစည်းအဝေးနှင့်စစ်အစိုးရ၏အတုအယောင်
၂၀၁၀ရွေးကောက်ပွဲအားကန့်ကွတ်ဆန့်ကျင်
ရှုတ်ချပွဲအခန်းအနားအားအောက်ပါအစီအစဉ်
အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်အသင်းဝင်
များအားလုံးမပျက်မကွက်(မပျက်မကွက်)
တက်ရောက်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်။
၂၀၁၀.၁၀.၂၄(တနင်္ဂနွေနေ့)


ကျင်းပမည့်အချိန်။
နေ့လည်၁၃း၀၀မှ၁၇း၀၀နာရီထိ


ကျင်းပမည့်နေရာ။ ။TOKYO TOSHIMA KU
MINAMI OTSUKA HALL

မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်
ရေး
အသင်း(ဂျပန်)
မိုးကျော်စိုးအတွင်းရေးမှူး(၁)

Sunday, October 3, 2010

ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့၏ ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) မှထုတ်ပြန်ကြေညာချက်။


နေ့စွဲ - ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ (၂၅) ရက်

(၁) နအဖ စစ်အုပ်စု၏ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပြင်
၎င်းတို့စိတ်ကြိုက် ဖွဲ့စည်းထားသော ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့နှင့် ယင်းကော်မရှင်မှ ထုတ်ပြန်သော ဥပဒေ
ပြဌာန်းချက်များသည် မြန်မာ နိုင်ငံသား တိုင်းရင်းသား
ပြည်သူများ၏ မျှော်လင့် ရည်မှန်းရာ ဒီမိုကရေစီ ဖယ်ဒရယ်
ပြည်ထောင်စုနိုင်ငံ အဖြစ် တည်ဆောက်ပေးနိုင်မည့်
ရွေးကောက်ပွဲအတွက် တရားမျှတမှုနှင့် ဒီမိုကရေစီစံနှုန်းများ
မရှိ သဖြင့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဆိုပါ ၂ဝ၁ဝ ရွေးကောက်
ပွဲအား သပိတ်မှောက်လိုက်ကြောင်း ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ
(၇) ရက်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နည်းတူ ပြည်သူ့လွှတ်တော်
ကိုယ်စားပြုကော်မတီ အပါအဝင် အခြား နိုင်ငံရေးပါတီ
အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားပြု ဒီမိုကရေစီ
ပါတီအဖွဲ့အစည်းများကလည်း နအဖ စစ်အုပ်စု၏
၂ဝ၁ဝ ရွေးကောက်ပွဲအား သပိတ်မှောက်ကြောင်း
ဆုံးဖြတ်ခဲ့ကြသည်။
(၃) ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏
ဒီမိုကရေစီ အင်အားစုများကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲ
ဆန့်ကျင်ရေးကော်မတီ(ဂျပန်)ကို ၂ဝ၁ဝ ခုနှစ် သြဂုတ်လ
၂၉ ရက်၌ တညီတညွတ်တည်း ဖွဲ့စည်းကာ နအဖ စစ်အုပ်စု၏
၂ဝ၁ဝ ရွေးကောက်ပွဲအား စစ်အာဏာရှင်စနစ် သက်ဆိုးရှည်
စေမည့် အတုအယောင် ရွေးကောက်ပွဲအဖြစ် သတ်မှတ်လျက်
ယင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
(၄) ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)
တွင် ပါဝင်သော အဖွဲ့အစည်းများ အားလုံးသည် မိမိအဖွဲ့
အစည်းများ၏ သီးခြားလွတ်လပ်သော ဆုံးဖြတ်ချက်များဖြင့်
လက်မှတ်ရေးထိုးကာ ကော်မတီ၌ ပါဝင်ပူးပေါင်း လုပ်ဆောင်
ကြခြင်းဖြစ်ပြီး ထိုသို့ဖြစ်စေရန် အခြားတဦး-တဖွဲ့၏
တိုက်တွန်းခြင်းနှင့် သြဇာ လွှမ်းမိုးခြင်းများ အလျဉ်းမရှိပါ။
(၅) ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့မှာ နအဖ
စစ်အုပ်စု၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံ အားပေးသူများ
ဖြစ်သဖြင့် သူတို့သည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်
မတီ (ဂျပန်)နှင့် ရွေးကောက်ပွဲ ရပ်တည်ချက် သဘောထားချင်း
လုံးဝ ဆန့်ကျင် ကွဲပြားလျက်ရှိနေသည်။
(၆)၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ
တိုင်းရင်းသား ကိုယ်စားလှယ်အချို့သည် ဦးဟန်ညောင်ဝေနှင့်
Victor Biak Lian တို့၏ ၁-၉-၂ဝ၁ဝ လျှို့ဝှက် ဂျပန်ခရီးစဉ်
အတွင်း အတူတကွ လိုက်ပါသွားခဲ့ကြသော်လည်း နအဖ
စစ်အုပ်စု၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံ အားပေးသည့်
ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့၏ ရပ်တည်ချက်
သဘောထားကို သဘောတူခြင်း အလျဉ်း မရှိပဲ ၂ဝ၁ဝ ရွေး
ကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)၏ ရပ်တည်ချက်
အတိုင်းသာ ပြတ်သားစွာ ရပ်တည်ပါကြောင်း ၁၉-၉- ၂ဝ၁ဝ နေ့က
ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ
(ဂျပန်)၏ အစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။
(၇) သို့ဖြစ်ရာ ဦးဟန်ညောင်ဝေနှင့် Victor Biak Lian ၏
၁-၉-၂ဝ၁ဝ လျှို့ဝှက် ဂျပန်ခရီးစဉ်အတွင်း ၂ဝ၁ဝ ရွေးကောက်ပွဲ
ဆန့်ကျင်ရေးကော်မတီ (ဂျပန်) မှ အဖွဲ့ဝင်တချို့ဖြစ်သော
တိုင်းရင်းသား ကိုယ်စားလှယ် အချို့အား အတူလိုက်ပါစေလျက်
ဂျပန်အစိုးရ အသိုင်းအဝိုင်းသို့ ချဉ်းကပ်လုပ်ဆောင်သည့်
လုပ်ရပ် များအား ကျွန်ုပ်တို့ ၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်
ရေးကော်မတီ (ဂျပန်)မှ လုံးဝ ရှုတ်ချ ကန့်ကွက် လိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ (ဂျပန်)


(၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ (ဂျပန်) တွင်ပါဝင်သော
အဖွဲ့အစည်းများ၏ စာရင်းကို ပူးတွဲ ဖြန့်ဝေပါသည်။)


1
National League for Democracy (Liberated Area – Japan Branch)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ
2
League of Democracy for Burma (LDB)
မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ်
3
Burma Democratic Action (BDA)
4
Democratic Federation of Burma (DFB)
5
All Burma Federation of Student Unions (Foreign Affairs Committee) (ABFSU-FAC)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ)
6
Democratic Party for a New Society (DPNS-JPB)
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (ဂျပန်ဌာနခွဲ)
7
Burma’s Refugees Serving Association (Japan)
မြန်မာနိုင်ငံသား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အသင်း
8
Save Burma
9
Peaceful Burma
10
Federation of Workers’ Union of the Burmese Citizen (in Japan) (FWUBC)
မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ အဖွဲ့ချူပ် (ဂျပန်ပြည်)
11
Self-funding Committee International (SCI)
12
အလင်းအိမ် မဂ္ဂဇင်း
13
National Democratic Front (Burma) (NDF) Representative for Japan
14
Palaun National Society (PNS)
15
Arakan League for Democracy (Exile-Japan)
16
Chin National Community-Japan (CNC- Japan)
17
Hotel and Restaurant Worker’s Union of Burma (HRWUB)
မြန်မာနိုင်ငံ ဟော်တယ်နှင့် စားသောက်ဆိုင် အလုပ်သမားများ သမဂ္ဂ၊ ဂျပန်
18
Seasfarers’ Union of Burma (SUB)
မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ၊ ဂျပန်
19
အဟာရ စာစောင်
20
Human Resource Development Program (HRDP)
21
Burma Campaign Japan (BCJP)
22
Karen National Union – Japan (KNU-Japan)
23
Kachin National Organization, Japan (KNO-Japan)
24
Karen National Community (KNC-Japan)
25
Karen National League (KNL-JP)
26
Punnyagari Mon National Society (PMNS)
27
Shan Nationalities for Democracy – Japan (SND-JP)
28
Kachin State National Congress for Democracy (Liberated Area-Japan) (KNCD)

Wednesday, September 22, 2010

ဘဘ သခင်အုန်းမြင့် ဈာပနအခမ်းအနားဓါတ်ပုံမှတ်တမ်းများ

စက်တင်ဘာ ၁၇၊ ၂၀၁၀
ဂတိမတည်တဲ့၊ သစ္စာမရှိတဲ့၊ သီလမရှိတဲ့၊ ရက်စက် ကြမ်းကြုတ်ပြီး၊ ကောက်ကျစ်တဲ့ စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အလိုတော်ရိတွေ၊ လက်ကိုင်တုတ်တွေ၊ နောက်လိုက်ငယ်သားတွေကို အမြဲတမ်း ကန့်ကွက် ရှုတ်ချ ဆန့်ကျင် တိုက်ခိုက်နေရသူတွေအတွက် အဘဦးအုန်းမြင့်ဟာ အားဆေးတခွက် ဖြစ်ပါတယ်။ အဘကို မြင်လိုက်ရရင် ကျနော်တို့တတွေ အားရှိသွားတယ်။ အဘကို တွေးလိုက်ရင် ကျနော်တို့တတွေ ခွန်အားတွေ ဖြစ်လာတယ်။ ပိန်ပိန်သေးသေးနဲ့ ရန်ကုန်လမ်းမများပေါ် တတောက်တောက်နဲ့ လျှောက်သွားနေတဲ့ အဖိုးအိုတဦးဟာ အလွန်ကြီးကျယ် မြင့်မြတ်ရဲရင့်တဲ့ အမျိုးသားနိုင်ငံရေးသမားတဦး ဖြစ်နေလို့ပါပဲ။

ဆရာဦးဝင်းတင်နဲ့ သူတို့ ၂ ဦး လွန်ခဲ့တဲ့ လအနည်းငယ်က လက်တွဲလို့ စကားလက်ဆုံ ပြောမကုန် ဖြစ်နေကြတာကို တွေ့ခဲ့ရတယ်။ အလွန်ကြည်နူးဖွယ်ရာ မြင်ကွင်းပဲ။ သူတို့လျှောက်နေတဲ့ လမ်းတွေနောက်က ကျနော်တို့ ဆက်လျှောက်ကြဖို့ပဲ လိုပါတယ်။ သူတို့လည်း လမ်းမပျောက်ခဲ့ဘူး။ ကျနော်တို့လည်း သူတို့နောက်က ရဲရဲကြီး ရှေ့တိုးကြ … လမ်းပျောက်စရာ မရှိပါဘူး။

ကျနော်တို့ရှေ့က အမှန်တရားနဲ့ တရား မျှတမှုအတွက် စွန့်လွှတ် စွန့်စား ရုန်းကန် ရင်ဆိုင်သွားကြသူ အဖိုး၊ အဖွား၊ မိခင်၊ ဘခင်၊ ညီအကို မောင်နှမ များစွာဟာ ဥာဏ်အလင်းပွင့်ဖို့ သစ္စာရှာကြသူတွေ ချည်းပဲလို့ ယုံကြည်ပါတယ်။ အခု ရခဲလှတဲ့ လူ့ဘ၀မှာ သစ္စာတရားကို ရှာဖွေဖို့ ပေးဆပ်မှုတွေ၊ စွန့်လွှတ်မှုတွေ၊ အရင်းအနှီးတွေ မြောက်များစွာနဲ့ ပါရမီတွေ ဖြည့်သွားကြတယ်၊ ဖြည့်နေကြတယ် လို့ မြင်မိပါတယ်။

မိမိဘ၀နဲ့ ရင်းပြီး ပေးဆပ်တယ်။ ကိုယ် စိတ် နှလုံး ဖောက်ပြန်မှု မရှိဘူး။ သူတပါးအပေါ်မှာလည်း အကောက်မကြံဘူး။ ပညာဥာဏ်မဲ့တဲ့ မိုက်မဲမှုတွေ မလုပ်ဘူး။ ခိုင်မာမြဲမြံတဲ့ သန္နိဌာန်နဲ့ မဆုပ်မနစ် ချီတက်တယ်။ သည်းခံမှု၊ ရိုးသားမှုတွေ မေတ္တာထားမှုတွေနဲ့ ပြည့်ဝအောင် ကြိုးစားတယ်။ တလောကလုံးက တိုက်ခိုက်စော်ကားနေပါစေ သူတို့တတွေဟာ ယိမ်းယိုင် တွေဝေခြင်း စိတ်ပျက် အားလျော့ခြင်း မရှိဘဲ ရင်ဆိုင်ကြသူတွေ ဖြစ်ပါတယ်။

သစ္စာကို ရှာဖွေနေတဲ့ ပါရမီရှင်ကြီးတွေကို ကျနော်တို့တတွေ ပတ်ဝန်းကျင်မှာ တွေ့ကြုံ ဆုံခွင့်ရတာ၊ တလေးတစား အသိအမှတ်ပြုခွင့်ရတာကိုက ကျနော်တို့အတွက် ဒုလ္လဘကြီး တခုလို့ သဘောထားပါတယ်။ အဲသည်လို သူရဲကောင်းတွေ၊ ခေါင်းဆောင်တွေ၊ ကြီးကျယ် မြင့်မြတ်သူတွေကို အမှန်အတိုင်း ပကတိအတိုင်း မြင်သိဖို့အတွက် ကျနော်တို့မှာ မောဟအမှောင်တွေ ပိတ်ဖုံး မနေမိတာကို ၀မ်းသာမိပါတယ်။

အခုတော့ ကျနော်တို့ ကို ခွဲခွာလို့ ခရီးဆက် ထွက်ခွာသွားသူကို နှုတ်ဆက်ကြဖို့သာ ရှိတယ်။ သံသရာသာ ရှိခဲ့ရင် နောင်ဘ၀ အဆက်ဆက် ကျနော်တို့ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင်မှာ သူလိုလူမျိုးတွေနဲ့ပဲ အကြိမ်ကြိမ် ကြုံခွင့်ရလိုပါတယ်။ သူလိုလူတွေ တည်ရှိနေတဲ့အတွက် ကျနော်တို့တတွေ ဘာမှ ဆုံးရှုံးနစ်နာစရာ မရှိပါ။ သုူတို့မရှိတော့တဲ့ လောကကြီးမှာသာ အကျည်းတန်လို့ ကျန်ရစ်ပါတယ်။ အဘသခင်အုန်းမြင့် ကောင်းရာသုဂတိလားပါစေ။ ။


ဝမ်းနည်းခြင်းမှတ်တမ်း။

မြန်မာသမိုင်းတွင်တန်ဖိုးဖြတ်၍မရသောသမိုင်းဝင်
ကြယ်တပွင့်ဖြစ်သည့်ဘဘ သခင်အုန်းမြင့်
ကွယ်လွန်သွားသည်အတွက် ကျန်ရစ်သူ
မိသားစု၊မြန်မာနိုင်ငံရေးမြန်မာ့ဒီမိုကရေစီ
အရေးလှုပ်ရှားနေသောပုဂ္ဂိုလ်များနှင့်ထပ်တူ
ကျနော်တို့မြန်မာနိုင်ငံသားဒုက္ခသည်များကူညီ
စောင့်ရှောက်ရေးအသင်း(ဂျပန်)BRSAမှထပ်တူ
ထပ်မျှကြေကွဲဝမ်းနည်းရပါသည်။

ဒီမိုဝေယံweb site မှကူးယူတင်ပြပါသည်။

Tuesday, September 21, 2010

၂၀၁၀ ရွေးကောက်ပွဲအားဆန့်ကျင်ဆန္ဒပြပွဲ။

၂၀၁၀ ရွေးကောက်ပွဲအားဆန့်ကျင်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ ဒီမိုကရေစီအင်အားစုများ၏ချီတက်ဆ န္ဒပြပွဲပုံများ။

Monday, September 13, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးချီတက်ဆန္ဒပြပွဲဖိတ်ကြားလွှာ

ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ

လေးစားရပါသောဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့်
မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသည့် တက်ကြွ
လှုပ်ရှားသူများခင်ဗျား။

လာမည့်(၇-၁၁-၂၀၁၀)နေ့ ရက်တွင် နအဖစစ်အာဏာရှင်တို့ က
စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းမည့်အတုအယောင်
ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မည်ဖြစ်ပါသည်။
သို့ ဖြစ်ပါ၍ ထိုအတုအယောက်ရွေးကောက်ပွဲံကိုဆန့် ကျင်ဆန္ဒပြ
သည့်အနေအဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံသူနိုင်ငံသားများအား
အဆိုပါ မြန်မာနိုင်ငံ၌ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲအကြောင်းကို
ပိုမိုသိရှိလာစေရန်လည်းကောင်းရည်ရွယ်၍ Global Action Campaign
ချီတက်ဆန္ဒပြပွဲကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်
ပါသောကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတက်တက်ကြွကြွ
ပူးပေါင်းပါဝင်ချီတက်ဆန္ဒပြကြပါရန်၊မြန်မာနိုင်ငံသားဒုက္ခသည်
များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)BRSAမှလေးစားစွာ
တိုက်တွန်းနှိုးဆော်အပ်ပါသည်။

နေ့ ရက်-၁၈-၉-၂ဝ၁ဝ (စနေနေ့ )

စုရပ် (Ebitsu park)

လူစုချိန် (1:30 PM)

အခမ်းအနား စတင်ချိန် (2:00 PM)

စတင်ချီတက်ထွက်ခွာချိန် (3:00 PM)


Wednesday, September 8, 2010

STOP CHINA SUPORT TO BURMA


၂၀၁၀.၉.၇(အင်္ဂါနေ့)
ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှတရုတ်
သံရုံးရှေ့သို့သွားရောက်၍ မြန်မာ့အစိုးရအားထောက်ပံ့ကူညီ
အကာအကွယ်ပေးနေမှုများအားရပ်စိုင်းရန်တောင်းဆိုသည့်ဆန္ဒပြ
ပွဲ။

Monday, September 6, 2010

STOP CHINA SUPORT TO BURMA

စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏တရုတ်ပြည်ခရီးစဉ်နှင့်
ပတ်သက်၍ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှတရုတ်
သံရုံးရှေ့သို့သွားရောက်၍ မြန်မာ့အစိုးရအားထောက်ပံ့ကူညီ
အကာအကွယ်ပေးနေမှုများအားရပ်စိုင်းရန်တောင်းဆိုသည့်ဆန္ဒပြ
ပွဲကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်သည့်အ
တွက်ကြောင်ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများအား
လုံးပူးပေါင်းပါဝင်ကြပါရန် နှိုးဆော်တိုက်တွန်းလိုက်ပါသည်။

ကျင်းပပြုလုပ်မည့်နေရာ။ ။တရုတ်သံရုံးရှေ့။

ကျင်းပပြုလုပ်မည့်နေ့ရက်။ ။၂၀၁၀.၉.၇(အင်္ဂါနေ့)
၂၀၁၀.၉.၈(ဗုဒ္ဓဟူးနေ့)

ကျင်းပပြုလုပ်မည့်အချိန်။ ။၁၅း၀၀နာရီမှ၁၆း၀၀နာရီ

HIROOဘူတာထွက်ပေါက်EXIT 3
ROPONGIဘူတာ

တရုတ်သံရုံးရှေ့ဆန္ဒပြပွဲနှင့်ပတ်သက်၍အသေးစိတ်
အချက်အလက်များသိရှိလိုပါက

ကိုမိုင်ကျော်ဦး phs: 090-9831-7192အားဆက်သွယ်မေး
မြန်းနိုင်ကြောင်းသိရှိရသည်။


Tuesday, August 31, 2010

ဂျပန်နိုင်ငံ၌ နအဖစစ်အစိုးရ၏၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေး ကော်မတီအားဖွဲ့စည်းလိုက်ကြောင်း။

၀၁၀.၈.၂၉တနင်္ဂနွေနေ့တွင်တကဒါနိုးဘာဘာRecycle Centre၌
ကျင်းပပြုလုပ်သောဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအရေး
လှုပ်ရှားဆောင်ရွက်နေကြသောအဖွဲ့အစည်းပေါင်းစုံ
အစည်းအဝေးမှ

၂၀၁၀ရွေးကောက့်ပွဲဆန့်ကျင်ရေး
ကော်မတီ(ဂျပန်)

အားဖွဲ့စည်းလိုက်ပါသည်။
ထိုအဖွဲ့အစည်းမှ၂၀၁၀နှစ်ရွေးကောက်ပွဲအားဆန့်ကျင်ရေးနှင့်
သက်ဆိုင်သောလှုပ်ရှားမှုပေါင်းစုံအားပူးပေါင်းဆောင်ရွက်သွား
မည်ဟုသတင်းရရှိပါသည်။ထိုကော်မတီ၌ပူးပေါင်းဆောင်ရွက်လို
သူများအနေဖြင့်

ဦးသန်းဆွေ(ဥက္ကဌ)B.D.A

ဦးလွင်အောင်စိုး(SAVE BURMA)

တို့ထံဆက်သွယ်၍အသေးစိတ်မေးမြန်းနိုင်ကြောင်း
သတင်းရရှိပါသည်။


Saturday, August 28, 2010

Globa Action Campaign to BOYCOTT SPDC's Nov 7 Sham Elections

နအဖစစ်အုပ်စုရဲ့၂၀၁၀နှစ်ရွေးကောက်ပွဲသည်တရားမျှတမှုမရှိသော၊
စစ်အာဏာရှင်စနစ်အားရာသက်ပန်တည်မြဲစေမည့်၊၂၀၀၈ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်၌အမှီပြု၍ကျင်းပသောရွေးကောက်ပွဲ
တခုသာဖြစ်သည့်အတွက်ကြောင့်ထိုရွေးကောက်ပွဲအားတကမ္ဘာလုံး
အတိုင်းအတာဖြင့်ဆန့်ကျင်ကြပါရန်နိုးဆော်တိုက်တွန်းလိုက်ပါသည်။
ဂျပန်နိုင်ငံအတွင်း၌နအဖစစ်အုပ်စု၏ရွေးကောက်ပွဲအား
ဆန့်ကျင်ဆန္ဒပြမည့်အစီအစဉ်ကိုအောက်ပါအတိုင်းကျင်းပပြုလုပ်မည်
ဟုသတင်းရရှိပါသည်။


လျာထားသတ်မှတ်ရက်----- ၂ဝ၁ဝ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ စနေနေ့။
(နအဖ အာဏာသိမ်းနှစ်ပါတ်လည်နေ့)

ခေါင်းစီး--------Boycott to Burma spdc's sham elections,

လှုပ်ရှားမှုအသွင်သဏ္ဍန် ----------စီတန်းလှည့်လည်ဆန္ဒပြပွဲ၊
သရုပ်ပြပွဲ၊ ဆွေးနွေးပွဲ




(မိမိတို့သက်ဆိုင်ရာနိုင်ငံအလိုက် အဆင်ပြေနိုင်သည့် လှုပ်ရှားမှုမျိုးကို ပြုလုပ်ရန်ဖြစ်ပါသည်၊ ဥပမာ--
ဂျပန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဆောက်အဦးရှေ့နှင့် လူစည်ကားရာအရပ်များကို ဖြတ်သန်း၍ စီတန်းလှည့်လည်ခြင်း၊ ဂျပန်ပြည်သူလူထုမှ
ဂျပန်အစိုးရအား နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်လှုံ့ဆော်တောင်းဆိုသည် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဂျပန်နိုင်
ငံရောက်မြန်မာနိုင်ငံသားများမှ မိမိတို့၏ အမည်၊ ဓာတ်ပုံ၊ နေရပ်လိပ်စာ တို့ကို ဖော်ပြလက်မှတ်ထိုးထားသော နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲကို
အသိမပြုရန်တောင်းဆိုသည့်စာများကို ဂျပန်အစိုးရနှင့် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ တရုပ်၊ရုရှား၊ အိန္ဒိယ၊
တောင်အာဖရိက သို့ ပေးပို့ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။)

Friday, August 20, 2010

စစ်အစိုးရ၏တရားမျှတမှုမရှိသော၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ကြ။


၂၀၁၀ခုနှစ်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်း(ဂျပန်)BRSAမှစာစောင်ထုတ်ဝေမည်ဖြစ်ပါသဖြင့်နိုင်ငံရေး၊
လူမှုရေး၊ဒုက္ခသည်ရေးရာဆိုင်ရာကိစ္စရပ်များ၊မိမိတို့၏ခံစားချက်
ရေးရာစာမှုများအားမည်သူမဆိုလွတ်လပ်စွာပေးပို့နိုင်ပါသည်။

စာမှုများပေးပို့ရမည့်လိပ်စာ။
TOSHIMA-KU
KITA OTSUKA
2-33-23 (203)
OSHIMASO

စာစောင်ထုတ်ဝေမည့်နေ့။
၂၀၁၀.၉.၃၀ ရက်ပထမအကြိမ်ထုတ်ဝေမည်ဖြစ်ပါသည်။

စာမှုများပေးပို့ရမည့်နောက်ဆုံးနေ့။

၂၀၁၀.၉.၁၅ ရက်

မှတ်ချက်။ ။ရက်လွန်ပြီးမှရောက်ရှိလာသောစာမှုများအား
ဒုတိယအကြိမ်ထုတ်ဝေသောအခါတွင်အသုံးပြုမည်ဖြစ်ပါသည်။

Monday, August 9, 2010

2010.August.8 22th Anniversary of Burma`s 8888 Democratic Movement

၂၀၁၀.၈.၈ ရက်တိုကျိုရှီနာဂါဝါတွင်ရှစ်လေးလုံးအရေးတော်ပုံ
ချီတက်ဆန္ဒပြပွဲကိုမြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်း
ဆောင်ရွက်နေကြသောမြန်မာနိုင်ငံသားဒီမိုကရေစီအင်အား
စုများတက်တက်ကြွကြွလမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွင်ပါဝင် ချီတက်
ကြသည်။မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်းဝင်များလည်းပါဝင်ချီတက်ခဲ့ပါသည်။



Thursday, July 29, 2010

မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး အသင်းသားများ၂၂နှစ်မြောက်ရှစ်လေးလုံးအထိမ်းအမှတ် လမ်းလျှောက်ချီတက်ဆန္ဒပြပွဲပါဝင်လှုပ်ရှားကြပါရန် နှိုးဆော်။

မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်ဆောင်ရွက်နေကြသော
မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်းဝင်များအနေဖြင့်ရှစ်လေးလုံးအထိမ်းအမှတ်
ဆန္ဒပြပွဲကို အောက်ပါအစီအစဉ်အတိုင်း တက်တက်
ကြွကြွ ပူးပေါင်းလှုပ်ရှားကြပါရန် နှိုးဆော်အပ်ပါသည်။

နေ့ရက်။ ။၂၀၁၀.၈.၈ ရက်(တနင်္ဂနွေနေ့)

အချိန်။ နေ့လည်၁း၀၀နာရီမှာလူစု
နေ့လည်၂း၀၀နာရီအခမ်းအနားစတင်။

နေရာ။ ။JR YAMANOTE LINE GOTANDAဘူတာအနီးပန်းခြံ။

တိုကျိုတွင်ရှစ်လေးလုံးအရေးတော်ပုံချီတက်ဆန္ဒပြပွဲ

(Live Broadcast)ဖြင့်နိုင်ငံတကာသို့ထုတ်လွင့်ပြသ
ပါမည်။ internetမှတဆင့်

http://www.burmacampaign.net

http://www.burmacampaign.net/indexBurmese.html

website၌ကြည့်ရှုနိုင်ပါသည်။မြန်မာနိုင်ငံသားဒုက္ခသည်များ
ကူညီစောင့်ရှောက်ရေးအသင်းသားများမိမိတို့လက်
လှမ်းမီရာအသိုင်းအဝိုင်းများထံထပ်ဆင့်အကြောင်းကြား
ပေးပါရန်မေတ္တာရပ်ခံပါသည်။


Monday, July 26, 2010

နဂိုယာဒေသဌာနခွဲ၏အလုပ်အမှုဆောင်ကော်မတီဖွဲ့စည်းတာဝန်ပေးအပ် ခြင်း။

၀၁၀ခုနှစ်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်း(ဂျပန်)BRSA၏၂၀၁၀.၇.၁၈တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်
သောနဂိုယာဒေသဌာနခွဲဖွင့်ပွဲအခမ်းအနားအပြီး၌အသင်း၏ဗဟို
ကော်မတီဝင်များနှင့်နဂိုယာဒေသရှိအသင်းဝင်များကျင်းပပြုလုပ်
သောအစည်းအဝေးမှအောက်ဖေါ်ပြပါအလုပ်အမှုဆောင်ကော်မတီအား
ဖွဲ့စည်းတာဝန်ပေးလိုက်ပါသည်။

ဌာနမှူး - ဒေါ်မြင့်မြင့်သန်း

ဒု-ဌာနမှူး - ဇော်ဇော်အောင်

စည်းရုံးရေးတာဝန်ခ-ံ ဦးသက်အောင်

ဘဏ္ဍာရေးတာဝန်ခံ- နော်မြစပယ်

သတင်းနှင့်ပြန်ကြားရေးတာဝန်ခ-ံ ထက်အောင်

အလုပ်အမှုဆောင်ကော်မတီဝင်- နှင်းထက်ထက်ဇင်

အလုပ်အမှုဆောင်ကော်မတီဝင်- အောင်ခိုင်သန်း


``မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး အသင်း(ဂျပန်) BRSA၏နဂိုယာဒေသဌာနခွဲ ဖွင့်ပွဲအခမ်းအနား။``

၀၁၀ခုနှစ်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်း(ဂျပန်)BRSA၏နဂိုယာဒေသဌာနခွဲဖွင့်ပွဲအခမ်းအနား
(၂၀၁၀.၇.၁၈)တနင်္ဂနွေနေ့တွင်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားမှူးအဖြစ်ဦးမိုးကျော်စိုးမှဆောင်ရွက်ခဲ့သည်။

အခမ်းအနားကိုပထမဦးစွာနိုင်ငံတော်အလံအားအလေးပြုခြင်း၊
(၂၀၁၀.၇.၁၉)ရက်ကျရောက်သော(၆၃)နှစ်မြောက်အာဇာနည်နေ့
အထိမ်းအမှတ်အဖြစ်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီး
သောအာဇာနည်ခေါင်းဆောင်အားအလေးပြုခြင်း၊ခေတ်အဆက်ဆက်
ဒီမိုကရေစီတိုက်ပွဲများအတွင်းအသက်ပေးလှူသွားခဲ့
ကျသော၇ဟန်းရှင်လူကျောင်းသားပြည်သူများအတွက်တက်
ရောက်လာသူများမှကိုးကွယ်ရာဘာသာအလိုက်ဝတ်ပြုဆုတောင်းခြင်း
များပြုလုပ်ကာအခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်
ရေးအသင်း(ဂျပန်)BRSA၏ဒု-ဥက္ကဌဦးအောင်စိုးမိုးကအဖွင့်
အမှာစကားပြောကြားခြင်း၊လူမှုရေးဌာနကြီးမှူးဒေါ်စန္ဒာသောင်းမှ
အသင်း၏ဆောင်ရွက်နေသောလုပ်ငန်းစဉ်အခြေအနေများအား
ရှင်းလင်းတင်ပြခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
ထိုနောက်NLD(LA)JBနဂိုယာစည်းရုံးရေးဒေသဒုတာဝန်ခံဦးဇော်ထွေး
မှကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခြင်း၊နဂိုယာဒေသရှိ
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေသော
ဦးအောင်ကျော်မြင့်မှကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခြင်း
များဖြင့်ချီးမြင့်ပေးခဲ့ပါသည်။

မြန်မာနိုငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း
(ဂျပန်)BRSA၏ဒေသဆိုင်ရာဌာနခွဲများနှင့်ပူးပေါင်းဆောင်ရွက်ရေး
ဌာနခွဲဌာနမှူးအောင်နိုင်ဝင်းမှအသင်း၏ဌာနခွဲအားဝိုင်းဝန်းကူညီ
ပေးကြပါရန်နှင့်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်းBRSAအသင်း၏နဂိုယာဒေသဌာနဌာနဒေါ်မြင့်မြင့်သန်းမှပံ့ပိုး
ကူညီကြသူများအားလုံးအားကျေးဇူးတင်စကားပြောကြားခြင်း၊
စီမံရေးရာဌာနကြီးမှူးဦးမြင့်ဦးမှနိဂုံးချုပ်စကားပြောကြားကာ
အခမ်းအနားကိုအောင်မြင်စွာပြီးဆုံးကြောင်းကြေညာခဲ့ပါသည်။

Thursday, July 22, 2010

ဒေါ်အောင်ဆန်းစုကြည်၏နှလုံးခုန်သံ

ဒေါ်အောင်ဆန်းစုကြည်၏နှလုံးခုန်သံသည်
လူထု၏အသက်ရှူသံဖြစ်၏။
သူမ၏စကားသံသည်
လူထု၏ဟစ်ကြွေးသံဖြစ်၏။
သူမ၏ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏။
သူမ၏အားသည်
လူထု၏ဓားဖြစ်၏။
သူမကိုချုပ်နှောင်ခြင်းသည်
လူထုကိုတုပ်နှောင်ခြင်းဖြစ်၏။
သူမကိုလုပ်ကြံခြင်းသည်
လူထုကိုအပြုတ်နှံ့ခြင်းဖြစ်၏။
ပြည်သူလူထုအရေးအတွက်
သူမ၏ဘဝကိုပေးဆပ်ခဲ့သည်။
သူမအရေးအတွက်
ကျွန်ုပ်တို့ဘာပြန်ပေးသင့်ပါသလဲ ?




Friday, July 9, 2010

48th.Anniversary 7 th July (In front of Myanmar Embassy Tokyo)

၄၈နှစ်မြောက် ၇-ရက်ဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားကို တိုကျို-ဂျပန် မြန်မာသံရုံးရှေ့တွင်ကျင်းပပြုလုပ်သောဆန္ဒပြပွဲ။


Tuesday, June 22, 2010

မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူများအချိန်ပြောင်းလဲခြင်းသတိပြုရန်။

မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူများ သို့
ဂျေအေစီ- ၏ ပုံမှန်အပတ်စဉ်ဆန္ဒပြပွဲများကို အောက်ပါအစီအစဉ်အတိုင်း တက်တက်ကြွကြွ ပူးပေါင်းလှုပ်ရှားကြပါရန် နှိုးဆော်အပ်ပါသည်။

နေ့ ရက်
ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ဖြစ်သော(အင်္ဂါနေ့ တိုင်း)
နေရာ
ရှိဘုယယူအန်ရုံးရှေ့
အချိန်ညနေ (၃)နာရိမှ (၄)နာရီအထိ


Wednesday, June 16, 2010

65th.Anniversary DawAungSanSuKyi'Birthday2010.June.19

၆၅-နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းပွဲအခမ်းအနားကို ဂျပန်နိုင်ငံ၊တိုကျိုမြို့ ရှိ UN ရုံးရှေ့ တွင်ကျင်းပပြုလုပ်သောမှတ်တမ်းဓါတ်ပုံများ။


Tuesday, June 15, 2010

၂၀၁၀ရွေးကောက်ပွဲနှင့် ပတ်သက်၍်ဂျပန်ရောက်မြန်မာနိုင်ငံသား၏ဆန္ဒဖေါ်ထုတ်ပွဲ

၂၀၁၀နှစ်နအဖစစ်အုပ်စုမှကျင်းပမည့်ရွေးကောက်ပွဲသည်မြန်မာနိုင်ငံအားစစ်မှန်သည့်ဒီမိုကရေစီစနစ်
နိုင်ငံထူထောင်မဟုတ်၊စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေမည်၊၊၂၀၁၀ရွေးကောက်ပွဲနှင့် ပတ်သက်၍်ဂျပန်ရောက်မြန်မာနိုင်ငံသား၏ဆန္ဒဖေါ်ထုတ်ပွဲကို(၁၃.၆.၂၀၁၀)နေ့ နေ့လည်(၁)နာရီမှညနေ(၅)နာရီထိIKEBUKURU KENKO PLAZA (7F)တွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။အဆိုပါဆန္ဒဖေါ်ထုတ်ပွဲကို
BRSAအသင်းမှလည်းပါဝင်ပူးပေါင်းဆန္ဒပြခဲ့ပါသည်။



Thursday, May 27, 2010

တရုတ်နိုင်ငံဝန်ကြီးချုပ်ဝမ်ကျားပေါင် ဂျပန်သို့လာမည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်ဝမ်ကျားပေါင်(၁0)ရက်နေ့တွင်ဂျပန်နိုင်ငံသို့ရောက်ရှိလာမည်ဖြစ်သည်။ဂျပန်ဝန်ကြီးချုပ်နှင့် 
မြန်မာ့အရေးကိုလဲဆွေးနွေးကြမည်ဟုကြားသိရပါသည်။အပြန်ခရီးတွင်မြန်မာနိုင်ငံသို့ဝင်ရောက်မည်ဖြစ်သဖြင့်တရုတ်ဝန်ကြီးချုပ်က နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လက်တွဲပြီးမြန်မာ့ဒီမိုကရေစီရေးကို ထိရောက်စွာကူညီဆောင်ရွက်ပေးရန် တောင်းဆိုပွဲကို ပြုလုပ်ပါမည်။
ဂျပန်နိုင်ငံရောက် ဒီမိုကရေစီရေးလှုပ်ရှားနေသုများ ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ ဖိတ်ကြားလိုက်ပါသည်။
နေ့ရက်။ ။၂၈-၅-၂၀၁၀ (၃း၀၀ - ၄း၀၀)
၃၀-၅-၂၀၁၀ (၁း၀၀-၂း၀၀)
နေရာ ။ ။တရုတ်သံရုံးရှေ့(့HIBIYAလိုင်း HIROOဘူတာမှလမ်းလျှောက် ဿှမိနစ်ခန့်)
ဆက်သွယ်ရန်။ ။ကိုအောင်ထွန်းလင်း 080 3891 7975
ကိုမျိုးဆန်းဦး 080 5436 9282