Monday, July 26, 2010

``မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး အသင်း(ဂျပန်) BRSA၏နဂိုယာဒေသဌာနခွဲ ဖွင့်ပွဲအခမ်းအနား။``

၀၁၀ခုနှစ်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်း(ဂျပန်)BRSA၏နဂိုယာဒေသဌာနခွဲဖွင့်ပွဲအခမ်းအနား
(၂၀၁၀.၇.၁၈)တနင်္ဂနွေနေ့တွင်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားမှူးအဖြစ်ဦးမိုးကျော်စိုးမှဆောင်ရွက်ခဲ့သည်။

အခမ်းအနားကိုပထမဦးစွာနိုင်ငံတော်အလံအားအလေးပြုခြင်း၊
(၂၀၁၀.၇.၁၉)ရက်ကျရောက်သော(၆၃)နှစ်မြောက်အာဇာနည်နေ့
အထိမ်းအမှတ်အဖြစ်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီး
သောအာဇာနည်ခေါင်းဆောင်အားအလေးပြုခြင်း၊ခေတ်အဆက်ဆက်
ဒီမိုကရေစီတိုက်ပွဲများအတွင်းအသက်ပေးလှူသွားခဲ့
ကျသော၇ဟန်းရှင်လူကျောင်းသားပြည်သူများအတွက်တက်
ရောက်လာသူများမှကိုးကွယ်ရာဘာသာအလိုက်ဝတ်ပြုဆုတောင်းခြင်း
များပြုလုပ်ကာအခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်
ရေးအသင်း(ဂျပန်)BRSA၏ဒု-ဥက္ကဌဦးအောင်စိုးမိုးကအဖွင့်
အမှာစကားပြောကြားခြင်း၊လူမှုရေးဌာနကြီးမှူးဒေါ်စန္ဒာသောင်းမှ
အသင်း၏ဆောင်ရွက်နေသောလုပ်ငန်းစဉ်အခြေအနေများအား
ရှင်းလင်းတင်ပြခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
ထိုနောက်NLD(LA)JBနဂိုယာစည်းရုံးရေးဒေသဒုတာဝန်ခံဦးဇော်ထွေး
မှကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခြင်း၊နဂိုယာဒေသရှိ
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေသော
ဦးအောင်ကျော်မြင့်မှကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခြင်း
များဖြင့်ချီးမြင့်ပေးခဲ့ပါသည်။

မြန်မာနိုငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း
(ဂျပန်)BRSA၏ဒေသဆိုင်ရာဌာနခွဲများနှင့်ပူးပေါင်းဆောင်ရွက်ရေး
ဌာနခွဲဌာနမှူးအောင်နိုင်ဝင်းမှအသင်း၏ဌာနခွဲအားဝိုင်းဝန်းကူညီ
ပေးကြပါရန်နှင့်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်းBRSAအသင်း၏နဂိုယာဒေသဌာနဌာနဒေါ်မြင့်မြင့်သန်းမှပံ့ပိုး
ကူညီကြသူများအားလုံးအားကျေးဇူးတင်စကားပြောကြားခြင်း၊
စီမံရေးရာဌာနကြီးမှူးဦးမြင့်ဦးမှနိဂုံးချုပ်စကားပြောကြားကာ
အခမ်းအနားကိုအောင်မြင်စွာပြီးဆုံးကြောင်းကြေညာခဲ့ပါသည်။