Thursday, July 22, 2010

ဒေါ်အောင်ဆန်းစုကြည်၏နှလုံးခုန်သံ

ဒေါ်အောင်ဆန်းစုကြည်၏နှလုံးခုန်သံသည်
လူထု၏အသက်ရှူသံဖြစ်၏။
သူမ၏စကားသံသည်
လူထု၏ဟစ်ကြွေးသံဖြစ်၏။
သူမ၏ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏။
သူမ၏အားသည်
လူထု၏ဓားဖြစ်၏။
သူမကိုချုပ်နှောင်ခြင်းသည်
လူထုကိုတုပ်နှောင်ခြင်းဖြစ်၏။
သူမကိုလုပ်ကြံခြင်းသည်
လူထုကိုအပြုတ်နှံ့ခြင်းဖြစ်၏။
ပြည်သူလူထုအရေးအတွက်
သူမ၏ဘဝကိုပေးဆပ်ခဲ့သည်။
သူမအရေးအတွက်
ကျွန်ုပ်တို့ဘာပြန်ပေးသင့်ပါသလဲ ?