Monday, September 13, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးချီတက်ဆန္ဒပြပွဲဖိတ်ကြားလွှာ

ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ

လေးစားရပါသောဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့်
မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသည့် တက်ကြွ
လှုပ်ရှားသူများခင်ဗျား။

လာမည့်(၇-၁၁-၂၀၁၀)နေ့ ရက်တွင် နအဖစစ်အာဏာရှင်တို့ က
စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းမည့်အတုအယောင်
ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မည်ဖြစ်ပါသည်။
သို့ ဖြစ်ပါ၍ ထိုအတုအယောက်ရွေးကောက်ပွဲံကိုဆန့် ကျင်ဆန္ဒပြ
သည့်အနေအဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံသူနိုင်ငံသားများအား
အဆိုပါ မြန်မာနိုင်ငံ၌ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲအကြောင်းကို
ပိုမိုသိရှိလာစေရန်လည်းကောင်းရည်ရွယ်၍ Global Action Campaign
ချီတက်ဆန္ဒပြပွဲကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်
ပါသောကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတက်တက်ကြွကြွ
ပူးပေါင်းပါဝင်ချီတက်ဆန္ဒပြကြပါရန်၊မြန်မာနိုင်ငံသားဒုက္ခသည်
များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)BRSAမှလေးစားစွာ
တိုက်တွန်းနှိုးဆော်အပ်ပါသည်။

နေ့ ရက်-၁၈-၉-၂ဝ၁ဝ (စနေနေ့ )

စုရပ် (Ebitsu park)

လူစုချိန် (1:30 PM)

အခမ်းအနား စတင်ချိန် (2:00 PM)

စတင်ချီတက်ထွက်ခွာချိန် (3:00 PM)