Thursday, October 14, 2010

ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုများ တွေ့ဆုံ(သတင်းမှတ်တမ်း)။

၀၁၀ ခုနှစ် အောက်တိုဘာလ (၁၃)ရက်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစု တာဝန်ရှိသူများမှ
တိုကျိုမြို့ Kasumikaseki ရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့
သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး
YAMAHANA Ikuoနှင့် ယနေ့ နံနက် ၁၀း၃၀ နာရီ မှ ၁၁း၀၀ နာရီ
အထိ တွေဆုံပြီး မြန်မာ့ရေးရာ ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ယခု လက်ခံတွေ့ဆုံမှုသည် ဂျပန်ရောက် အတိုက်အခံ ဒီမိုကရေစီ
အင်အားစုအပေါ် ပထမဆုံးအကြိမ် လိုက်လျော တွေ့ဆုံမှုဖြစ်ပြီး ယခင်
အခါများက ညွန်ချုပ် အဆင့်ဖြင့်သာ တွေ့ဆုံခွင့် ရခဲ့ပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ၂၀၁၀
ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဂျပန်အစိုးရမှလည်း
ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုရန်နှင့် မြန်မာစစ်အုပ်စု၏
လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့် ရာဇ၀တ်မှု စုံစမ်း စစ်ဆေးရေး
ကော်မရှင် ဖွဲ့နိုင်ရေးအတွက် ဂျပန်အစိုးရမှ ထောက်ခံ သဘောတူရန်
တိုက်တွန်းသည့်စာရွက်စာတမ်းများကို NCUB ကိုယ်စားလှယ်
လည်းဖြစ် မြန်မာ့ရေးရာရုံး၏ တာဝန်ခံလည်းဖြစ်သော Dr. မင်းညှိမှ
ပေးအပ်ခဲ့ပါသည်။

ဂျပန်ရောက် တိုင်းရင်းသားများကိုယ်စား ဦးဇော်မင်းခိုင်မှ ၁၉၉၀ ပြည့်
အနိုင်ရ တိုင်းရင်းသား ပါတီများကလည်း ရွေးကောက်ပွဲကို
သပိတ်မှောက်ထားသည့်အတွက်ဂျပန်အစိုးရမှလည်း ရွေးကောက်ပွဲ
ရလဒ်ကို အသိအမှတ်မပြုရန် တင်ပြသွားခဲ့သလို၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု(မဒတ)၏ သဘောထားကိုလည်း NDF ဂျပန် ကိုယ်စားလှယ်
မိုင်ကျော်ဦးမှ ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆို သွားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၏ သဘောထားများကိုလည်း
NLD-LA(JB) အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ ကိုယ်စား
ပြု၍ တင်ပြသွားခဲ့ပြီး ဂျပန်ရောက်ဒီမိုကရေစီ အင်အားစုများ၏
၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီကိုယ်စား ကိုမြတ်သူမှ
တင်ပြဆွေးနွေး သွားခဲ့ပါသည်။ LDB အတွင်းရေးမှူးဦးမြင့်မောင် ၊
FTUB ဂျပန် ကိုယ်စားလှယ် ဒေါ်ခင်ဆွေအေး၊ ဂျပန် အလုပ်
သမား သမဂ္ဂအဖွဲ့ချုပ်များ (RENGO) ရဲ့ နိုင်ငံခြားရေးဌာန ညွန်ကြား
ရေးမှူးMasayuki SHIOTA ၊ PFB အတွင်းရေးမှူး
Ms.Miyazawa တို့မှလည်း ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းစေဖို့အတွက် ထိရောက်သည့် အကူအညီတွေကို
ကူညီပေးဖို့ တိုက်တွန်း တောင်းဆိုသွားခဲ့ကြပါသည်။

ယနေ့ တွေ့ဆုံနိုင်ရန် စီစဉ်သူမှာ မြန်မာ့ဒီမိုကရေစီ အရေးကို
အားပေးထောက်ခံသည့် အမတ်သမဂ္ဂ အတွင်းရေးမှူး
လွတ်တော်အမတ်AZUMA KONO ဖြစ်ပြီး လည်းကောင်းမှလည်း
လိုအပ်သည်များကိုဖြည့်စွပ်ဆွေးနွေး သွားပါသည်။ ဒုဝန်ကြီးမှ
ပြန်လည်ဖြေကြားရာမှာNLD နဲ့ ဒေါ်အောင်ဆန်းစုကြည်
ပါဝင်ခွင့် မရသည့်အပေါ် ရွေးကောက်ပွဲတရားသည် မတရားသည်ကို ဆုံးဖြတ်သည်နေရာအတွက် အချက်အလက်တခုဖြစ်လာမည့်
အကြောင်းနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်ပြီးမှသာလျင် တုန့်ပြန်
သွားမည်ဖြစ်ကြောင်း၊ မြန်မာစစ်အုပ်စု၏ လူသားမျိုးနွယ် အပေါ်
ကျုးလွန်တဲ ရာဇ၀တ်မှု စုံစမ်း စစ်ဆေးရေးကော်မရှင်
ဖွဲ့နိုင်ရေးအတွက် ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း ပြန်လည်
ဆွေးနွေးခဲ့ပါသည်။