၂၀၁၀နိုဝင်ဘာလ၇ရက်နေ့၁၀နာရီမှညနေ၄နာရီ
ခန့်အတွင်းဂျပန်နိုင်ငံတိုကျိုမြို့မြန်မာသံ၇ုံးေ၇ှ့တွင်မြန်မာ့ဒီမိုကရေစီ
အင်အားစုများ၊မြန်မာ့အေ၇းကိုစိတ်ဝင်စားကြသောဂျပန်အဖွဲ့အစည်း
များစုဝေးကာဆန္ဒပြခဲ့ကြပါသည်။့မြန်မာနိုင်ငံတွင်နအဖစစ်အစိုးရက
ရွေးကောက်ပွဲပြုလုပ်ခြင်းကိုဆန့်ကျင်ကန့်ကွက်ရန်ရည်ရွယ်ဆန္ဒပြကြ
ခြင်းဖြစ်ကြောင်းသိရှိရပါသည်။၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်
မီတီ(ဂျပန်)မှတာဝန်ယူကျင်းပခဲ့ပြီးစုစုပေါင်းအင်အား၈၀၀ကျော်ပါဝင်
ဆန္ဒပြခဲ့ကြပါသည်။ဂျပန်နိုင်ငံရုပ်မြင်သံကြားဌာနများ၊သတင်းစာများ
မှလည်းလာရောက်၍သတင်းရိုက်ကူးထုတ်လွှင့်ခဲ့ကြပါသည်။နံနက်မှ
ညနေတိုင်အောင်တစ်နာရီတစ်ကြိမ်ရွေးကောက်ပွဲဆန့်ကျင်ရေးကြွေး
ကျော်သံများသံပြိုင်ရွတ်ဆိုခဲ့ကြသလိုညနေပိုင်းတွင်မြန်မာစစ်အစီုးရ
က တဖက်သတ်သတ်မှတ်ပြင်ဆင်ခဲ့သောအလံနှင့်၂၀၀၈ဖွဲ့စည်းပုံအခြေ
ခံဥပဒေစာအုပ်တို့ကိုဂျပန်ရဲများတားဆီးနေသည့်ကြားမှပင်မြန်မာသံရုံး
ဝင်းတံခါးရှေ့တွင်မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။မြန်မာပြည်တွင်းမဲရုံများသို့
လူအသွားအလာနဲပါးခြင်းစသည့်ပြည်တွင်းသတင်းများကိုလည်း
တာဝန်ရှိကိုယ်စားလှယ်များ-မှအသိပေးကြေငြာခဲ့ပါသည်။
ညနေ၄နာရီတွင်ဆန္ဒပြပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။