Tuesday, March 15, 2011

ဂျပန်နိုင်ငံတွင် လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် ဂျပန်ရောက် မြန်မာများ တတ်အားသ၍ ကူညီရန်ပြင်ဆင်

၂၀၁၁ ခုနှစ် မတ်လ(၁၃)ရက်။

မြန်မာ့ဒီမိုကရေစီ ကွန်ယက် NDB-Japan (ဂျပန်)မှ ဂျပန်နိုင်ငံတွင် လှုပ်ခတ်သွားသည့် ငလျင်ကြီးနဲ့ ပတ်သက်ပြီတော့ ၀မ်းနည်းကြောင်း သ၀န်လွှာ ထုတ်ပြန်ကြေငြာပြီး ဂျပန်ရောက် မြန်မာများ တတ်အားသ၍ ကူညီသွားကြရန် ညှိနှိုင်းစည်းဝေး ကို ယနေ့ နံနက် ၁၀ နာရီမှာ Takadanobaba Recycle Center, 4F မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ငလျင်နဲ့ ပတ်သက်ပြီးတော့ လိုအပ်နေတဲ့ အကူအညီများ နဲ့ လုပ်အားပေးများကို ကူညီပေးရန် တာဝန်ရှိ သူများထံသို့ ဆက်သွယ်၍ အကြောင်းကြားသော်လည်း လက်ရှိအနေအထားအရ လတ်တလော အခြေအနေမှာ သွားလာရေး လုံခြုံစိတ်ချမှု မရှိသေးအပြင် တခြားသော အခက်အခဲ့တွေကြောင့် “အသက်ကယ် ကျွမ်းကျင် ကယ်ဆယ်ရေး သမား”များကိုသာ အဓိကထားပြီး ခွင့်ပြု ထားကြောင်းနှင့် လတ်တလော အခြေအနမှာတော့ လုပ်အားပေးမည့် လူမှုရေး အကူအညီများ မလိုအပ်သေးကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ငလျင်ဒဏ်ခံ ဒေသတွင်း ရှင်းလင်းရေးနဲ့ ပြန်လည် တည်ဆောက်ရေးတွင် လုပ်အားပေး လူမှုအကုအညီNGO တို့ရဲ့ ဆောင်ရွက်မှု အကူအညီနဲ့ လုပ်အားပေး များစွာလိုအပ်ကြောင်းနဲ့ ပြန်လည် အကြောင်းကြား ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဂျပန် ငလျင်နဲ့ ပတ်သက်ပြီး ငွေ လုပ်အားပေး နှင့် လူမှုရေးဆိုင်ရာ အကူညီအတွက် အောက်ပါ ဖုန်းနံပါတ်များ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

ကိုသန်းဆွေ ၀၉၀ ၄၉၆၄ ၉၇၁၈ ၊ မိုင်ကျော်ဦး ၀၉၀ ၉၈၃၁ ၇၁၉၂ ၊ ကိုဘုန်းလှိုင် ၀၉၀ ၅၃၁၈ ၅၀၅၄ ၊ ကိုကျော်ကျော်စိုး ၀၉၀ ၆၀၃၁ ၄၃၉၄ ၊ ကိုမောင်မောင်ဦး ၀၉၀ ၆၇၉၈ ၀၁၃၇ ၊ ကိုမြင့်ဆွေ ၀၈၀ ၄၁၅၅ ၆၀၉၉ ၊ ကိုဖုန်းမြင့်ထွန်း ၀၉၀ ၄၂၂၁ ၁၉၈၈ ၊ ကိုရဲငြိမ်း ၀၈၀ ၅၀၇၀ ၀၀၈၀ ။