Sunday, March 20, 2011

နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုကို တိုကျိုမီးသတ်က ၇ နာရီကြာ လုပ်ခဲ့

နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုကို တိုကျိုမီးသတ်က ၇ နာရီကြာ လုပ်ခဲ့တယ်လို့သိရပါတယ်။ အခက်အခဲမရှိလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖူကူရှီးမားအမှတ် ၁ ဓာတ်အားပေးစက်ရုံကနေ ကီလိုမီတာ ၂၀ ကနေ ၃၀ အတွင်းနေထိုင်ကြသူတွေ ရေဒီယိုဓာတ်သတ္တိကြွမှုကြောင့် ရောင်ခြည်သင့်ခံရမှုကနေ ရှောင်လွှဲနိုင်စေဖို့ ဆောင်ရန်နည်းလမ်းတွေကို ညူကလီယားနဲ့ စက်မှုလုပ်ငန်းဘေးအန္တရာယ်ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

- အပြင်သွားတဲ့အခါ လမ်းလျှောက်သွားမျိုးထက် မော်တော်ကားနဲ့သွားတာမျိုးကိုလုပ်ပါ။

- အပြင်ထွက်လျှင် မျက်နှာဖုံးစွပ်ပြီးသွားပါ။

- ခန္ဓာကိုယ်ရဲ့အသားအရေကို ထိတွေ့ခြင်းမရှိစေရန် အင်္ကျီလက်ရှည်ဝတ်ပါ။

- မိုးရေမစိုပါစေနဲ့လို့

NHK ၁၅း၀၀ နာရီသတင်းမှာ ကြေညာသွားပါတယ်။