Thursday, November 10, 2011

ရန်ကုန်မြို့ ဗြိတိသျှသံရုံးရှေ့၌ ရခိုင်တိုင်းရင်းသား လူငယ်(၂၀)ကျော်မှ ဘီဘီစီ ဆောင်းပါးပါအချက်အား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်...

















ဘီဘီစီ အင်္ဂလိပ် ဆောင်းပါးပါ အချက်များကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် ရခိုင်လူငယ်များ(၂၀ကျော်) စုပေါင်းကာ ရန်ကုန်မြို့ ဗြိတိသျှသံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို တက်ရောက်ခဲ့သည့် ကိုစစ်ငြိမ်းအေးမှ "ဘီဘီစီကနေပြီးတော့ မြန်မာနိုင်ငံ မြေပုံကို တင်တဲ့ အချိန်မှာ ကျွန်တော်တို့ ရခိုင်နေရာတို့ ဒီရှမ်းနေရာ၊ ဧရာဝတီတိုင်း နေရာတို့မှာ မှားယွင်းဖော်ပြ ထားတာတွေ့ရတယ်။ မှားနေတဲ့ နေရာမှာ အဓိက အရေးကြီးတာက ကျွန်တော်တို့ ရခိုင်နေရာမှာ ရိုဟင်ဂျာ ဘင်္ဂါလီတွေ ဗလီတက် နေတဲ့ပုံကို ထည့်ထားတယ်။
















ဒါကျွန်တော်တို့ ရခိုင်တိုင်းရင်းသား တစ်ခုလုံးကို ဖုံးကွယ်တာပဲ။" ဟုရခိုင်လူငယ် တစ်ဦး ဖြစ်သည့် ကိုစစ်ငြိမ်းအေးက ဆိုသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဘီဘီစီ အင်္ဂလိပ်ပိုင်းတွင်ပါသည့် မြေပုံ၌ ရခိုင်ပြည်နယ် ဋ္ဌာနေ ရခိုင်တိုင်းရင်းသားများ နေရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းခြင်းကြောင့် လူမျိုးဖျောက်သည့် အမြင် သက်ရောက်စေသည့် အတွက် အဆိုပါ လုပ်ရပ်အမှားအား တောင်းပန်ရန်နှင့် ၎င်းသတင်းအား ရေးသားသည့် သတင်းထောက် အင်တာဂျုန်းအား အလုပ်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။


မှကူးယူတင်ပြသည်

Posted by MAUNG NE WIN