Saturday, November 19, 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ၂၀၁၁ .၁၁.၁၈ ရက်နေ့က ကျင်းပတဲ့ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့့်ခွန်း

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ်) ရုံးတွင် ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်နေ့က ကျင်းပတဲ့ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့့်ခွန်း ဖြစ်ပါတယ်။
ကျွန်မ ဒီနေ့ ရောက်လာတဲ့ စီစီအဖွဲ့ ဝင်အားလုံးကိုကြိုဆိုပါတယ်။

အခုဒီနေ့ ဆိုလို့ ရှိရင်ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက်အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကိုချရမှာပါ။ ဒီလိုဆုံးဖြတ်ချက်မျိုးဟာအရင် နှစ်ခေါက်ချပြီးပါပြီ
၁၉၉၀ရွေးကောက်ပွဲဝင်ရေးမဝင်ရေးနဲ့ ပတ်သက်တုန်းကတစ်ခါ ၂၀၁၀ မှာမှတ်ပုံတင်
ရေး ရွေးကောက်ပွဲဝင်ရေးမဝင်ရေးနဲ့ ပတ်သက်တုန်းကတစ်ခါ အဲ့ဒီ နှစ်ကြိမ်စလုံး ထဲ
ကျွန်မ မပါခဲ့ပါဘူး ဒါပထမဦးဆုံး ၃ ကြိမ်(မြောက်)မှာ ကျွန်မပါဝင်ခဲ့တာပါ ။
ဘယ်လိုဘဲဖြစ်ဖြစ် ၁၉၉၀ ရွေးကောက်ပွဲနဲပတ်သက်လို့ဘဲဖြစ်ဖြစ်၂၀၁၀ ရွေးကောက်ပွဲနဲ့  ပတ်သက်လို့ ဘဲဖြစ်ဖြစ်အများရဲ့ဆုံးဖြတ်ချက်ကိုလက်ခံခဲ့ပါတယ်။ကျွန်မသဘောတူတာမ
တူတာဟာအဓိကမဟုတ်ပါဘူး ကျွန်မရဲ့ဆန္ဒတွေလဲရှိပါတယ် ကျွန်မရဲ့အမြင်တွေလဲရှိပါတယ်။
ဒါပေမဲ့ဒီမိုကရေစီနည်းအရ အများရဲ့ဆုံးဖြတ်ချက်ကိုလက်ခံရမှာဖြစ်ပါတယ်။ အဲ့ဒီတော့
ကျွန်မကအများရဲ့ဆုံးဖြတ်ချက်ကိုလက်ခံတယ်ဆိုတာဟာမည်ကာမတ်တပ်လက်ခံတာ
ကိုပြောတာမဟုတ်ပါဘူး။တကယ်ဘဲလက်ခံတယ်ဆိုရင်စိတ်ရောကိုယ်ပါလုပ်ရပါလိမ့် မယ်။
ဆုံးဖြတ်ချက်မချခင်မှာကိုယ့်ရဲ့အမြင်ကိုတင်ပြချင်သလိုတင်ပြလို့ ရတယ်။ ကိုယ်သဘောတူ
တာမတူတာကိုပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ ရတယ်။ ဒါပေမဲ့ဆုံးဖြတ်ချက်ချပြီးပြီဆိုလို့ ရှိရင်
အဲ့ဒီ ချမှတ်တဲ့အတိုင်းစိတ်ရောကိုယ်ပါလိုက်ပြီးလုပ်ပေးရမှာဟာ ဒါဒီမိုကရေစီတာဝန်တစ်ခုဖြစ်
တယ်ဆိုတာကို ကျွန်မ အားလုံးကိုနားလည်စေချင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင်၁၉၉၀ ရွေးကောက်ပွဲ ဝင်ရေးကိစ္စကို ကျွန်မကိုယ်တိုင်လဲသဘောတူခဲ့တာမဟုတ်ပါဘူး ဆုံးဖြတ်ချက် ချတဲ့အထဲမှာလဲပါဝင်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့အဖွဲ့ ချုပ်ကဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အဖွဲ့  ချုပ်ရဲ့လမ်းစဉ်အတိုင်းကျွန်မလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲဝင်ရေးအတွက်ကို လက်မှတ်ထိုး ပြီးလျှောက်ပါဆိုလို့ လျှောက်ခဲ့တယ်။ ဒါပေမဲ့ကျွန်မကိုဝင်ခွင့်မပေးခဲ့ဘူးပေါ့  နောက်ပြီးတဲ့ အခါကြာတော့ဝင်ခွင့်မပေးခဲ့ပေမဲ့ လဲဒီရွေးကောက်ပွဲမှာမဲထည့်ပါလို့ အဖွဲ့ ချုပ်က ပြည်သူတွေ ကိုဆော်သြခဲ့တဲ့အတွက် ကျွန်မအကျဉ်းကျခံနေ တုန်းကမဲထည့်ခဲ့ပါတယ်။ ဘယ်လိုမဆို ဒီမိုကရေစီကို လေးစားတဲ့လူတိုင်းဟာ တကယ်ဘဲ ဒီမိုကရေစီစိတ်ဓါတ်ရှိတယ်ဆိုရင် အများရဲ့
ဆန္ဒကိုလေးစားလိုက်နာရမယ်ဆိုတာအပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့  နောက်ဆုံးတော့ စိတ်တွင်း ကပါလေးစားလိုက်နာရမှာပါ ကိုယ့်စိတ်ကိုပါပြင်ယူရမှာဖြစ်ပါတယ်။ ဒီလိုလုပ်မှ သာလျှင် ကျွန်မတို့ ဟာတကယ့်စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်နေတယ်လို့  ပြောလို့ ရမှာပါ။ ကိုယ်သဘောတူတဲ့ ကိစ္စ ဆုံးဖြတ်လို့  ကိုယ်ကလိုက်လျောတယ်ဆိုတာ ဒါဘာမှမထူးဆန်းပါဘူး။ အမှန်ပြောမယ်ဆိုရင် ဒီမိုကရေစီကို မနှစ်မြို့ တဲ့သူတွေ ဒီမိုကရေစီ ကိုမလိုလားတဲ့သူတွေတောင်မ သူတို့ လုပ်ချင်တာကို လိုက်လုပ်တယ်ဆိုတာ ဝန်လေးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ခဲယဉ်းတဲ့တာဝန်တစ်ခုဟာဒါပါဘဲ။ ကိုယ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ်လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ အများကဆုံးဖြတ်ပြီ ဆိုလို့ ရှိရင် ကောင်းကောင်းမွန်မွန် လိုက်နာရမှာလေးစားရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆိုလို့ ရှိရင် ဒီမိုကရေစီနိုင်ငံတွေမှာရွေးကောက်ပွဲကနေပြီး ရွေးထုတ်လိုက်တဲ့သူတွေကို အစိုးရ အဖြစ်လက်ခံကြရတာဘဲ။ သမတရွေးတယ်ဆိုပါတော့ သမတရွေးတဲ့နိုင်ငံတွေမှာဆိုလို့ ရှိရင် ရွေးကောက်ပွဲက ရွေးထုတ်ပေးလိုက်တဲ့သမတကို တက်လာတဲ့အခါကြရင် ဒီသမတကိုမဲမပေး ခဲ့တဲ့သူတွေကလည်း ဒါနိုင်ငံတော်သမတလို့ လက်ခံရမှာဘဲ ဒါဒီမိုကရေစီနည်းအရလုပ်ခဲ့လို့  ရှိရင် အဲ့ဒီတော့ ဒီလို ဒီမိုကရေစီနည်းအရလုပ်ခဲ့လို့ ရှိရင် ကိုယ့်ဘက်မှာရှူံးတဲ့အခါလည်းရှိမယ်
ကိုယ့်ဘက်မှာနိုင်တဲ့အခါလဲရှိမယ်ဆိုတာ တစ်ခါထဲလက်ခံထားရမှာဖြစ်ပါတယ်။ အမြဲဘဲနိုင်ချင်နေတယ်ဆိုတာတော့ ဒါ ဒီမိုကရေစီစိတ်ဓါတ်မဟုတ်ဘူးဆိုတာတော့ အားလုံးဆင်ခြင်သင့်ပါတယ်။ ဒီမိုကရေစီစိတ်ဓါတ်ဆိုတာ လူတိုင်းလူတိုင်းဟာ ကိုယ့်အတွေး အခေါ်နဲ့ ကိုယ်လွတ်လွတ်လပ်လပ်တွေးခေါ်ပိုင်ခွင့်ရှိတယ်။ အဲ့ဒီတော့လူတွေများတဲ့အခါကြ တော့ အတွေးအခေါ်ကလဲအမျိုးမျိုးရှိတယ်။ သို့ သော်လဲဒီဟာတွေကိုဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာရမယ်။ ဆွေးနွေးညှိနှိုင်းပြီးတော့အဖြေရှာတဲ့နေရာမှာအများရဲ့ဆုံးဖြတ်ချက်ကို လိုက်နာရမယ် ဒါဟာဒီမိုကရေစီရဲ့အနှစ်သာရလို့  ရိုးရိုးလေးပြောလိုက်လို့ ရှိရင် ဒါဘာဘဲ။
အဲ့ဒီတော့ ကျွန်မတို့ ဒီမိုကရေစီ ဒီမိုကရေစီ ဆိုတာပြောမယ်ဆိုရင် ကမ္ဘာကြီးမှာ ဒီမိုကရေစီ နဲ့ ပတ်သက်လို့ ရေးထားတဲ့စာအုပ်တွေဟာသောင်းမက သိန်းမကရှိမယ်လို့ ထင်ပါတယ်။ အားလုံးက တမျိုးစီတမျိုးစီ ပြောကြမှာဘဲ အခြေခံကတော့ဒါဘာဘဲ။ လူတွေဟာတယောက်နဲ့  တယောက်မတူဘူးဆိုတာလက်ခံတယ် အတွေးခြင်းမတူဘူးဆိုတာလက်ခံတယ် ကိုယ့်အတွေး နဲ ကိုယ် လွတ်လွတ်လပ်လပ်ရှိစေရမယ်ဆိုတာလဲလက်ခံတယ် ဒါပေမဲ့ဒီမိုကရေစီ နည်းအရ အများရဲ့ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာရမယ်ဆိုတာကိုလဲ လက်ခံရမှာဖြစ်ပါတယ်။ အထူး သဖြင့် ဒီမိုကရေစီအတွက်ဆိုပြီးထူထောင်ထားတဲ့ပါတီတစ်ခုမှာ ဒီတာဝန်ရှိပါတယ်။ ကျွန်မတို့ 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ်လှူပ်ရှားခဲ့ ရတဲ့အချိန်ဟာ အင်မတန်နည်းပါတယ်။ ဒီ အနှစ်နှစ်ဆယ်ကျော်ရှိပြီ အဖွဲ့ ကိုထူထောင်ခဲ့ တာ ဒါပေမဲ့လဲ လွတ်လွတ်လပ်လပ် ဒီမိုကရေစီပါတီတစ်ခုအနေနဲ့  ဒီမိုကရေစီနိုင်ငံရေးပါတီတစ်ခု အနေနဲ့ လုပ်ဆောင်နိုင်ခွင့်တွေအင်မတန်မှနဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုနဲခဲ့တဲ့အထဲက ကျွန်မတို့  ရုန်းပြီးတော့ရှင်သန်ခဲ့တယ်။ အဲ့ဒီအတွက်လဲ ကျေူးဇူးတင်တယ်လို့ ကျွန်မတို့ ပြောချင်ပါတယ်။
ကျွန်မခဏခဏ အောင်နိုင်ခြင်းတရားလေးပါးအကြောင်းပြောပါတယ်။
ဆန္ဒ ဝီရိယ စိတ်ဓါတ် ပညာ။
ဆန္ဒ ကတော့ ရှိပြီးသားဆိုတာ ကျွန်မလက်ခံပါတယ်။ ကျွန်မတို့ ရဲ့အဖွဲ့ ချုပ်ကို့ဝင်တဲ့ လူတိုင်း ဟာ ဒီမိုကရေစီကို ရချင်တဲ့ဆန္ဒရှိလို့ ဝင်ကြတာဘဲ။
ဝီရိယရှိသလားဆိုတော့ ဝီရိယရှိလို့ လဲအခုအနှစ် ၂၀ ကျော်ဆက်ပြီးရှိနေတယ်ဆိုတာ ကျွန်မတို့ လက်ခံပါတယ်။
ဒီတော့ဘာကျန်လဲဆိုတော့ စိတ်ဓါတ်နဲ့  ပညာ
ကျွန်မတို့  ဒီမိုကရေစီအတွက် ဆက်ပြီးကြိုးပမ်းသွားတဲ့အခါမှာ မှန်ကန်တဲ့စိတ်ဓါတ်ရှိဖို့ လိုပါ တယ်။
ပညာလဲရှိဖို့ လိုပါတယ်။ အခုခေတ်ကြီးဟာ ပညာ ဗဟုသုတခေတ်ကြီးပါ။
အဲ့ဒီတော့ ဘယ်လိုဆုံးဖြတ်ချက်ဘဲချချ စိတ်ဓါတ်ကမှန်ရမယ် အာဃာတ ကင်းလွတ်ရမယ်။
အဂတိတရားတွေကနေပြီးတော့ကင်းလွတ်ရမယ်။ အဲ့ဒီတော့ ကျွန်မတို့ ဟာ အဂတိတရား လေးပါးကနေကင်းလွတ်ပြီးတော့ ဆုံဖြတ်ချက်ကိုချရမယ်။
နောက်ပြီးတော့ ပညာ
ပညာနဲ့ သုံးသပ်ရမယ်
ကျွန်မတို့ အခုလုပ်နေတာ ဟာ နိုင်ငံ့ရဲ့အနာဂတ်အတွက်လုပ်နေတာပါ
ဒီတော့နိုင်ငံ့ရဲ့အနာဂတ်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာကို လုပ်နည်းလုပ်ထုံးနည်းတွေ အမျိုးမျိုး ရှိတဲ့အထဲမှာ လက်တွေ့ှှကျကျ ဘယ်လိုနည်းတွေနဲ့ အခုအချိန်အခါမှာ
အကောင်းဆုံးလုပ်နိုင် မယ်ဆိုတာကို အဲ့ဒါကို စဉ်းစားပြီးဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။
ကျွန်မရဲ့အမြင်သဘောထားတွေကို ကျွန်မနောက်ဆုံးမှာပြောပါမယ်။ ဒီလိုဘာဖြစ်လို့ ကျွန်မက ပြောတာလဲဆိုတော့ ကျွန်မရဲ့သြဇာကြောင့်မို့ လို့  အားလုံးကဝိုင်းပြီးတော့ ဒီဘက်ကိုဖြစ်ဖြစ် ဟိုဘက်ကိုဖြစ်ဖြစ် လိုက်ရပါတယ်ဆိုတာကို ကျွန်မအပြောမခံချင်ပါဘူး။
ဒါကြောင့်မို့ လို့  ကျွန်မအနေနဲ့  ဘယ်လိုသဘောထားရှိတယ်ဆိုတာကို အားလုံး စီစီ တွေက ဆွေးနွေးပြီးတဲ့အခါမှာ ကျွန်မ ပြောပါမယ်။ ဒါပေမဲ့ဆုံးဖြတ်တဲ့နေရာမှာ ကျွန်မခုနကပြောသွား သလိုဘဲ ကျွန်မတို့ တတွေဟာ ဒီမိုကရေစီရရှိရေးအတွက်ဆန္ဒရှိတယ်ဆိုတာကိုယုံကြည်တယ်
ဝီရိယရှိတယ်ဆိုတာလဲ ယုံကြည်တယ်။ မှန်ကန်တဲ့စိတ်ဓါတ်နဲ့  ပညာရှိပီပီချင့်ချင့်ချိန်ချိန် သေသေချာချာ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ အဂတိတရား ၄ ပါး ကင်းဝေး စွာနဲ့ ဆုံးဖြတ်ချပါလို့ ကျွန်မအဲ့ဒီလိုဘဲမေတ္တာရပ်ခံချင်ပါတယ်။

ဒါဟာ---
ကျွန်မတို့ ရဲ့ ပါတီရဲ့အနာဂတ်အတွက်ကျွန်မတို့ လုပ်နေတဲ့ကိစ္စမဟုတ်ပါဘူး

ဒီမိုကရေစီလှုပ်ရှားမှုတစ်ခုထဲရဲ့ အနာဂတ်အတွက်ကျွန်မတို့ လုပ်နေတာမဟုတ်ပါဘူး

ကျွန်မတို့ နိုင်ငံရဲ့အနာဂတ်အတွက် ကျွန်မတို့ လုပ်နေတယ်ဆိုတာကိုတော့ အဲ့ဒါကိုတော့
စွဲစွဲမြဲမြဲ ခေါင်းထဲမှာထားစေချင်ပါတယ်။
တာဝန်သိသိနဲ့ ဆုံးဖြတ်ချက်ကိုချပါ။ ကိုယ့်တာဝန်ဟာ ကိုယ်မှန်တယ်ထင်တဲ့လမ်းကို ရဲရဲ ဝံ့ ဝံ့ လျှောက်ဖို့ ဘဲ ဒါက နံပါတ် တစ် တာဝန်
ဒါပေမဲ့  မှန်တဲ့လမ်းကိုလျှောက်မယ်ဆိုတဲ့အထဲမှာ ဒီမိုကရေစီပါတီနဲ့ အတူတူ လက်တွဲမယ် ဆိုတာ ပါပြီးသားဆိုတာကို မမေ့ ပါနဲ့ ။ ဒီတော့ ကိုယ့်ရဲ့ဆန္ဒနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက်ဖြစ် စေကာမူ အများရဲ့ဆုံးဖြတ်ချက်ဆိုလို့ ရှိရင်စိတ်ရောကိုယ်ပါ တကယ့်ကို ထက်ထက် သန်သန် နဲ့  ဒီဆုံးဖြတ်ချက်ကို ထောက်ခံပြီးတော့အကောင်အထည်ဖော်ဖို့ လုပ်ပေးသွားစေချင်ပါတယ်။
အဲ့ဒီလိုလုပ်မှဘဲ ကျွန်မတို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကဲ့ လုပ်ငန်းတွေဟာ အောင်မြင်မှာ ဖြစ်ပါတယ်။ တယောက်တပေါက် လုပ်နေလို့ ကတော့ အောင်မြင်မှာမဟုတ်ပါဘူး။
ကျွန်မတို့ ကတော့ မှန်ကန်တယ်ထင်တယ်ဆိုလို့ ရှိရင်စွန့်် စားပြီး လုပ်ရမှာဘဲ။ သို့ သော်ငြား လဲ ကျွန်မတို့ အားလုံးဟာ ပုထုဇဉ် လူသားတွေ ဖြစ်လို့  အမှားမရှိဘူးလို့ ပြောလို့ မရပါဘူး။
ဆုံးဖြတ်ချက်တွေဟာ မှန်လဲမှန်နိုင်တယ် မှားလဲမှားနိုင်တယ်။ ဒါပေမဲ့အမှားဆိုတာလဲ ပြင်လို့  မရတာမဟုတ်ပါဘူး။ အမှန်ဆိုတာလဲ ငါမှန်ပြီဟေ့ဆိုပြီ ထိုင်ပြီးတော့ လုပ်နေလို့  ဆက်ပြီးမှန် သွားမှာမဟုတ်ပါဘူး။ တချိန်လုံးအခြေအနေကို တနေ့ နဲ့ တနေ့  သုံးသပ်သွားပြီးတော့ လုပ် သင့်တာကို ဆက်လုပ်သွားရမှာပါ။ ငါမှန်ပြီ ငါတို့ မှန်ပြီ ဆိုပြီးတော့ ဆက်ပြီးတော့ ဒီ မှန်ကန်တဲ့အပေါ်မှာ တိုးတက်မှုရအောင်မလုပ်နိုင်လို့ ရှိရင်လဲ ဒါဟာ ကုသိုလ်ထဲက အကုသိုလ် ဖြစ်တယ်လို့ ဘဲပြောရမှာပေါ့  မှားတယ်ဆိုလို့ ရှိရင်လဲ ဒီအမှားအပေါ်မှာ အခြေခံ ပြီးတော့ သင်ခန်းစာယူပြီးတော့ ဆက်လုပ်ပြီးတော့ ပြုပြင်သွားမယ်ဆိုလို့ ရှိရင် ဒါ အကုသိုလ် ထဲက ကုသိုလ်လာတဲ့အမှားမျိုးဖြစ်သွားမှာဘဲ ဒါကြောင့် အားလုံးဟာရဲရဲဝံ့ဝံ့ နဲ့  မှန်ကန်တဲ့ လမ်းလို့ မြင်တဲ့ လမ်းကိုလျှောက်ဖို့ ပြင်ဆင်ကြပါ ကျွန်မတို့  ဒီမှာပြောတဲ့အခါမှာ ကိုယ်တစ်ဦး တယောက်အတွက် မဟုတ် ကိုယ့်ရဲ့အုပ်စုလေးအတွက်မဟုတ် ကိုယ့်ရဲ့မြို့ နယ်အတွက် မဟုတ် ကိုယ့်တိုင်းအတွက် ကိုယ့်ပြည်နယ်အတွက် မဟုတ်ဘဲနဲ့  ကျွန်မတို့ တစ်နိုင်ငံလုံး အတွက်စဉ်းစားပြီးတော့ စဉ်းစားပြီးတော့ ဆုံးဖြတ်ချကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ။ ။ ။ ။ ။

အသံဖိုင်ကိုပြန်လည်ကူးယူဖော်ပြလိုက်ပါသည်။
Posted by MAUNG NE WIN