Saturday, March 19, 2011

ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ တို့ကို ရေအမြောက်အမြားပက်ဖျန်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် ရေဒီယို ဓာတ်သတ္တိကြွမှုပမာဏကိုတိုင်းတာ။

ဒီကနေ့ မတ်လ ၁၈ ရက်မှာ ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့တွေက ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ တို့ကို ရေအမြောက်အမြားပက်ဖျန်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် ရေဒီယို ဓာတ်သတ္တိကြွမှုပမာဏကိုတိုင်းတာကြည့်တဲ့အခါ သိသိသာသာကျဆင်းသွားတာမျိုးမရှိခဲ့ပေမဲ့ အနည်းငယ် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ အရင်ရက်တွေက ဓာတ်ပေါင်းဖိုအနီးပတ်ဝန်းကျင်ကို အနားတောင် မကပ်နိုင်တဲ့အခြေအနေကနေ အင်အား ကောင်းတဲ့မီးသတ်ပိုက်တွေလက်လှမ်းမီတဲ့နေရာအထိသွားပြီး ရေပက်ဖျန်းနိုင်ခဲ့တယ်ဆိုတာက ဓာတ်သတ္တိ ကြွမှုလျော့နည်းသွားလို့လား ဒါမှမဟုတ် ဓာတ်ရောင်ခြည် အသင့်ခံရနိုင်တာတောင် စွန့်စားပြီးသွားရောက် တာလားဆိုပြီး ၂ မျိုးတွေးလို့ရပါတယ်။

ဂျပန်အစိုးရကတော့ လူရဲ့ကျန်းမာရေးကို ချက်ချင်းလက်ငင်းထိခိုက်ရလောက်တဲ့အခြေအနေမျိုးမဟုတ်ဘူး လို့ ပြောပါတယ်။ ဂျပန်ဆရာဝန်တဦးကတော့ အနုမြူဓာတ်ရောင်ခြည်သင့်တယ်ဆိုတာ ရောဂါဝေဒနာကို ချက်ချင်းဖြစ်စေတာမဟုတ် နှစ်နဲ့ချီကြာမှကင်ဆာလိုရောဂါမျိုးတွေနဲ့ဖြစ်တတ်တာလို့ မှတ်ချက်ပေးတာ ရှိပါတယ်။

ဒီအတောအတွင်း ဂျပန်အစိုးရ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို စားကုန်သောက်ကုန်အားလုံးကို ဓာတ် ရောင်ခြည်သင့်မသင့်ဆိုတာကို စစ်ဆေးမှုလုပ်ကြရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီလိုမျိုးအမိန့်ထုတ် တယ်ဆိုတာဟာ ပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ဒီလိုပဲ ဖူကူရှီးမားခရိုင်မှာ လူ တသောင်းလောက်ကို ရောင်ခြည်သင့်မသင့်ဆိုတာ စစ်ဆေးမှုတွေကို စတင်လုပ်နေပြီလို့ သိရပါတယ်။

ဒီကနေ့မှာ ဓာတ်ပေါင်းဖိုတွေကို မီးသတ်ကားတွေသုံးပြီးရေပက်ဖျန်းနိုင်ခဲ့တဲ့အတွက် ရေဒီယိုဓာတ်သတ္တိ ကြွမှုနဲ့ပတ်သက်ပြီး လူအများစိတ်ထဲမှာ အနည်းငယ်သက်သာရတဲ့ပုံရှိပါတယ်။ ဒါပေမဲ့လည်း တချို့သော ကွန်ဗီးနီးယင့်စ်စတိုးတွေမှာ စားစရာတွေထားတဲ့ စင်တွေ ပြောင်သလင်းခါဖြစ်နေတာတွေက တချို့လူတွေ ရဲ့စိတ်ထဲမှာ လာမယ့်ရက်တွေမှာ ဘာတွေဖြစ်မလဲဆိုတာ မှန်းဆလို့မရနိုင်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေ တယ်ဆိုတာကိုလည်း တွက်ဆလို့ရပါတယ်။

ရုပ်မြင်သံကြားအစီအစဉ်တွေဟာလည်း တခြားသတင်းတွေနဲ့ အစီအစဉ်တွေကို အနည်းငယ် ပိုပြီး ထုတ်လွှင့်လာတာကိုတွေ့ရသလို၊ လမ်းသွားလမ်းလာတွေလည်း အရင်နေ့တွေကထက်စာရင်ပိုများပြား လာတာကို သတိထားမိပါတယ်။

ဂျပန်လူမျိုးတွေရဲ့အသည်းစွဲ ဘေ့စ်ဘော ကစားပွဲတွေ မတ်လ ၂၅ ရက်မှာ ပြန်စဖို့အစီအစဉ်ကို လွန်ခဲ့တဲ့ ရက်တွေက ရွှေ့ဆိုင်းမယ်ဆိုပြီးပြောဆိုဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့ညနေမှာ မူလအစီအစဉ်အတိုင်းပြန်စမယ် လို့ ပြောပါတယ်။ ကစားသမားတချို့ကတော့ ကန့်ကွက်မှုတွေရှိနေပါတယ်။

လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် တိုကျိုဆင်ခြေဖုံးနဲ့ ကန်တို ဧရိယာလူနေရပ်ကွက်တွေမှာ လျှပ်စစ်မီးအလှည့်ကျဖြတ်တောက်တာတွေရှိပေမဲ့ တချို့နေရာတွေ မပြတ်ပဲရှိတာ၊ ရထားပြေးဆွဲမှုတွေ တိုးတက်ကောင်းမွန်လာတာတွေက အခြေအနေတွေ နည်းနည်းချင်းအကောင်းဘက်ကို ပြလာတဲ့သဘော ဖြစ်ပါတယ်။

မတ်လ ၁၉ ရက် စနေနေ့ မနက် ၀ နာရီ ၃၀ မိနစ် (၁၈ရက်ညသန်းခေါင်ကျော်)အဲန်အိပ်ခ်ျကေ သတင်းမှာ တိုကျိုမီးသတ်တပ်ဖွဲ့ဟာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ၀ နာရီ ၃၀ မိနစ်မှာ ရေပက်ဖျန်းတာတွေကိုလုပ်မယ်လို့ ကြေညာသွားပါတယ်။

Wednesday, March 16, 2011

ရေဒီယိုသတ္တိကြွတဲ့ဓာတ်ငွေ့တွေစိမ့်ထွက်နေပြီဖြစ်ခြင်း။လုပ်သင့်လုပ်ထိုက်တဲ့ညွှန်ကြားချက်များ။

ရေဒီယိုသတ္တိကြွတဲ့ဓာတ်ငွေ့တွေစိမ့်ထွက်နေပြီဖြစ်တာကြောင့် လုပ်သင့်လုပ်ထိုက်တဲ့ညွှန်ကြားချက်တွေ ကို ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာကို ကြားသိရသမျှ လက်ဆင့်ကမ်းလိုက်ပါတယ်။

အပြင်ထွက်တဲ့အခါ ခန္ဓာကိုယ်ရဲ့အရေပြားကို ပြင်ပလေနဲ့တတ်နိုင်သမျှ တိုက်ရိုက်ထိတွေ့မှု နည်းနိုင် သမျှ နည်းအောင်လုပ်ပြီှးမှ အပြင်ထွက်ပါ။

ဦးထုပ်ဆောင်း၊ မျက်မှန်တပ်၊ မျက်နှာဖုံးအကာစွပ်၊ လက်အိပ်၊ အင်္ကျီလက်ရှည်၊ ဂျာကင်၊ မိုးကာအင်္ကျီလိုမျိုး ပါးပါးထထပ်ကိုထပ်ဝတ်ပါ။

လက်ကိုင်ပုဝါ လက်သုပ်ပုဝါကိုဆောင်ထားပါ။ ရေဆွတ်ထားပြီး နှာခေါင်းပါးစပ်တို့ကို ကာလို့လည်း ရပါတယ်။ လိုအပ်တာတွေရှိရင် ထပ်ဖြည့်နိုင်တဲ့သူတွေဖြည့်ပေးပါ။

အပြင်ကနေပြန်ရောက်လာရင် အပေါ်ဆုံးက၀တ်ထားတဲ့အ၀တ်အစားကို အိမ်အပြင်မှာချွတ်ပြီးအမှိုက်အိပ် လိုမျိုး ပလပ်စတစ်အိပ်ထဲထည့် လုံအောင်ပိတ်ပြီးမှ အိမ်ခန်းတွင်းသွင်းပါ။ အ၀တ်လျှော်စက်ထဲမှာ လျှော် ပစ်ပါ။

Tuesday, March 15, 2011

ဒုတိယအကြိမ် Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း

ဂျပန်နိုင်ငံ Fukushima နယူကလီးယား ဓါတ်ပေါင်းဖို အမှတ်(၃)စက်ရုံမှာ ဆုနာမိ ဒီလှိုင်းဒဏ်ကြောင့် အအေးပေး စနစ်တွေ ပျက်စီးသွားတဲ့အတွက် ယနေ့ နေခင်းလောက်မှာ ထပ်မှန်ပြီး နောက်ထပ် ပေါက်ကွဲမှု တခု ဖြစ်ပွါးခဲ့ကြောင်းကို သတင်းဌာနမျာမှ ပြသသွားပါသည်။

နျူကလီးယား ဓာတ်အားပေးစက်ရုံကို ဆူနာမိ ဒီလှိုင်း ရိုက်ခတ်မှု ဒဏ်တွေကြောင့် ဓါတ်ပေါင်းဖို အအေးပေးစနစ်တွေ ပျက်စီးပြီး နျူကလီယား ဓါတ်ပေါင်းဖို အတွင်းရှိ လောင်စာချောင်းတွေ အပူလွန်ကဲရာက ဓါတ်ပေါင်းဖို အပြင်ရှိ အဆောက်အဦးကြီး အမှတ် (၁)နဲ့ အမှတ်(၃)တွေ ပေါက်ကွဲရခြင်း ဖြစ်ကြောင်း သိရပါသည်။ အမှတ် (၂)ဓါတ်ပေါင်းဖိုကိုတော့ ဒီကနေ့ အပူရှိန် တက်လာတဲ့ အချိန်မှာ ပင်လယ်ရေအေးတွေသွင်းတာ မ၀င်တော့တဲ့အတွက် ဓာတ်ပေါင်းဖိုတွင်းရှိတဲ့ရေပမာဏ ကျဆင်းလာပြီး ညူကလီယား လောင်စာတောင့်များရဲ့အောက်ဆုံးအခြေအထိ ရေပမာဏ ကျဆင်းလာနိုင်ပြီး အပူချိန်လွန် ကာ ပေါက်ကွဲနိုင်ကြောင်း ကြေခြာခဲ့သော်လည်း ဓာတ်ပေါင်းဖိုကို ဖိအားတွေ ကျလာစေဖို့ ပင်လယ်ရေသွင်းပြီး အချိန်မှီ ထိမ်းချုပ်နိုင်ကြောင်း ထပ်မှန်ကြေငြာသွားသည်ကိုလည်း တွေ့ရပါသည်။







ဂျပန်နိုင်ငံတွင် လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် ဂျပန်ရောက် မြန်မာများ တတ်အားသ၍ ကူညီရန်ပြင်ဆင်

၂၀၁၁ ခုနှစ် မတ်လ(၁၃)ရက်။

မြန်မာ့ဒီမိုကရေစီ ကွန်ယက် NDB-Japan (ဂျပန်)မှ ဂျပန်နိုင်ငံတွင် လှုပ်ခတ်သွားသည့် ငလျင်ကြီးနဲ့ ပတ်သက်ပြီတော့ ၀မ်းနည်းကြောင်း သ၀န်လွှာ ထုတ်ပြန်ကြေငြာပြီး ဂျပန်ရောက် မြန်မာများ တတ်အားသ၍ ကူညီသွားကြရန် ညှိနှိုင်းစည်းဝေး ကို ယနေ့ နံနက် ၁၀ နာရီမှာ Takadanobaba Recycle Center, 4F မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ငလျင်နဲ့ ပတ်သက်ပြီးတော့ လိုအပ်နေတဲ့ အကူအညီများ နဲ့ လုပ်အားပေးများကို ကူညီပေးရန် တာဝန်ရှိ သူများထံသို့ ဆက်သွယ်၍ အကြောင်းကြားသော်လည်း လက်ရှိအနေအထားအရ လတ်တလော အခြေအနေမှာ သွားလာရေး လုံခြုံစိတ်ချမှု မရှိသေးအပြင် တခြားသော အခက်အခဲ့တွေကြောင့် “အသက်ကယ် ကျွမ်းကျင် ကယ်ဆယ်ရေး သမား”များကိုသာ အဓိကထားပြီး ခွင့်ပြု ထားကြောင်းနှင့် လတ်တလော အခြေအနမှာတော့ လုပ်အားပေးမည့် လူမှုရေး အကူအညီများ မလိုအပ်သေးကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ငလျင်ဒဏ်ခံ ဒေသတွင်း ရှင်းလင်းရေးနဲ့ ပြန်လည် တည်ဆောက်ရေးတွင် လုပ်အားပေး လူမှုအကုအညီNGO တို့ရဲ့ ဆောင်ရွက်မှု အကူအညီနဲ့ လုပ်အားပေး များစွာလိုအပ်ကြောင်းနဲ့ ပြန်လည် အကြောင်းကြား ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဂျပန် ငလျင်နဲ့ ပတ်သက်ပြီး ငွေ လုပ်အားပေး နှင့် လူမှုရေးဆိုင်ရာ အကူညီအတွက် အောက်ပါ ဖုန်းနံပါတ်များ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

ကိုသန်းဆွေ ၀၉၀ ၄၉၆၄ ၉၇၁၈ ၊ မိုင်ကျော်ဦး ၀၉၀ ၉၈၃၁ ၇၁၉၂ ၊ ကိုဘုန်းလှိုင် ၀၉၀ ၅၃၁၈ ၅၀၅၄ ၊ ကိုကျော်ကျော်စိုး ၀၉၀ ၆၀၃၁ ၄၃၉၄ ၊ ကိုမောင်မောင်ဦး ၀၉၀ ၆၇၉၈ ၀၁၃၇ ၊ ကိုမြင့်ဆွေ ၀၈၀ ၄၁၅၅ ၆၀၉၉ ၊ ကိုဖုန်းမြင့်ထွန်း ၀၉၀ ၄၂၂၁ ၁၉၈၈ ၊ ကိုရဲငြိမ်း ၀၈၀ ၅၀၇၀ ၀၀၈၀ ။

Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း


Saturday, March 12, 2011

ဒီကနေ့ ညနေ ၃း ၄၆ နာရီ မှာ Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ရီအက်တာ အမှတ်(၁)စက်ရုံမှာ ပေါက်ကွဲမှု တခုဖြစ်ပေါ်ခဲ့ပြီး စက်ရုံက မျက်နှာကြက် အမိုး အကာလည်း အောက်ကို ပြုတ်ကျခဲ့ပြီး အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပါတယ် နျူကလီးယား ဓါတ်ပေါင်းဖိုမှ ထွက်လာသည့် ဓါတ်ရောင်ချီမှာ ၁ နာရီမှာ တနစ်စာ သုံးစွဲသည့် ဓါတ်ရောင်ချီ နဲ့ ညီမျှပြီး အနီးအနားမှာ ပြန့်နှံနေကြောင်း ရေဒီယိုသတ္တိကြွနှုန်းဟာလည်း တနာရီကို ၁၀၁၅ မိုက်ခရိုစီလီဘယ်လ်ရှိတယ်လို့ ဆိုပါတယ်။ ၂၀ ကီလိုမီတာ အတွင်းရှိ ပြည်သူများကို ထွက်ပြေး တိမ်ရှောင်ဖို့ ထပ်မှန် သတိပေးထားကြောင်း သိရပါတယ်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ EDANO မှ သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်သွားပါတယ်၊ ပေါက်ကွဲရခြင်း အကြောင်းရင်းကို အသေးစိတ် မသိသေးဘ ပေမဲ့ ၀န်ထမ်း၎ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပြောဆိုပါတယ်။ ဓာတ်ပေါင်းဖိုကြီးလဲ ပျက်စီးသွားနိုင်ဘွယ်ရှိကြောင်း သတင်းသမား အများစုက သုံးသပ်ကြပါတယ်။ တခုလုံးပေါက်ကွဲ ပျက်စီးမှုဖြစ်ပါက ဂျပန်တနိုင်ငံလုံး ပျက်ဆီးဆုံးရူံးမည့် အန္တရာယ်က လက်ရှိ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရပါတယ်။


ငလျင်ကြေင့် နျူကလီယား ဓါတ်ပေါင်းဖို နောက်ဆက်တွဲ သတင်း။





စီးပွါးရေးနဲ့ ကုန်သွယ် ထုတ်လုပ်ရေး ၀န်ကြီးဌာန လက်အောက်က NISA နျူကလီယားနဲ့ စက်မှုလုံခြုံရေး ဌာနက ယနေ့ ၃ နာရီလောက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အမှတ်(၁) ဖူကူရှီးမား ဓါတ်ပေါင်းဖိုမှ MELT DOWN နျူကလီယား ဓါတ်ပေါင်းဖိုအတွက် အဆိုးဆုံး ဖြစ်နေပြီလို့ ထုတ်ပြန်ကြေငြာသွားပါတယ်။ ၁၂ ရက်နေ့ ညကနေစပြီး မီးပျက်သွားနိုင်ဘွယ်ရှိတယ်လို့လည်း ကြေငြာသွားပါတယ်။


ငလျင်ကြေင့် နျူကလီယား ဓါတ်ပေါင်းဖို အပူချိန် အရမ်းမြင့်တက်လာပြီးဓါတ်ပေါင်းဖို ကို ရပ်ဆိုင်း ထားပြီးတော့ ဓါတ်ပေါင်းဖို ထိန်းသိမ်းဖို့အတွက် အပူချိန်အေးအောင် ထိမ်းသိမ်းဖို့ ရေသွင်းဖို့အတွက်လည်း လျှပ်စစ်မရတဲ့အတွက် ရေသွင်းဖို့ အခက်အခဲ့ဖြစ်နေပါတယ်။

ဒီအတိုင်းဆိုရင် ဆက်လက်ပြီး နျူကလီယား လောင်စာ အပူချိနက အရမ်းတက်လာပြီး လောင်စာ ထည့်ထားတဲ့ လှောင်ကန် ပေါက်ကွဲနိုင်သည့် အန္တာရယ်ရှိပြီး ဓါတ်ပေါင်းဖိုမှ ရောင်ချီက သဘာဝပြင်ပကို ယိုထွက် လာနိုင်ကြောင်း ဂျပန် သတင်းဌာန၊ TV သတင်းဌာနများမှ သတင်းအရ သိရပါတယ်။ ဓါတ်ပေါင်းဖို အခြေနေကတော့ အဆိုးဆုံး အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။

နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်နိုင်။

၂၀၁၁ ခုနှစ် မတ်လ (၁၃)ရက်။

(၃)ရက် အတွင်း နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်သွားနိုင်ကြောင်းကို ဂျပန်အစိုးရ၏ မိုးလေ၀သ ဌာန ငလျင် ပညာရှင်များမှ ထုတ်ပြန် ကြေငြာသွားပါတယ်။ ငလျင်ဖြစ်ပေါ်ရန် ၇၀% ဟု တရားဝင် ထုတ်ဖေါ် ပြောကြားသွားပြီး လက်ရှိ ခန့်မှန်း ထားကတော့ ယခင် ငလျင်လှုပ်ခတ်သွားသော ဧရိယာ အတွင်းမှာ ဗဟိုပြုပြီး ဖြစ်ပေါ်လာမယ် အနည်းဆုံး အင်အား M 7.0 ကျော် ဖြစ်နိုင်ကြောင်း ပြောကြားသွားပါတယ်။

လျှပ်စစ်စွမ်းအား ထုတ်လုပ်ပေးတဲ့ နျူကလီယား ဓါတ်ပေါင်းဖို ရပ်ဆိုင်းသွားတဲ့အတွက် မီးဖြန့်ဖြူးရေးမှာ မလုံလောက် ဖြစ်သွားပြီး TEPCO တိုကျို လျှပ်စစ်စွမ်းအင် ကုမ္မဏီမှ မီးဖြန့်ဖြူးရေး လျော့ချ တော့မည့် အစီအစဉ်ကို ၀န်ကြီးချုပ် နာအိုးတိုးခမ် (Naoto Kan) က လက်ခံ လိုက်ပြီး မနက်ဖြန် ၆း၂၀ နာရီကနေစပြီး အလှည့်ကျ တနေ့ ပျမ်းမျှ ၃ နာရီလောက် မီးပျက် သွားနိုင်ကြောင်းကို ၀န်ကြီးချုပ်က ပြောကြား သွာပါတယ်။ TEPCO တိုကျို လျှပ်စစ်စွမ်းအင် ကုမ္မဏီမှလည်း ခန်တို ဧရိယာအတွင်း သတ်မှတ်ထားသည့် ဒေသ ၅ ခုရှိ ပြည်သူတွေ ကို မနက်ဖြန် ၆း၂၀ နာရီကနေစပြီး ည ၁၀း၀၀ နာရီကြားမှာ မီးကို အလှည့်ကျ တနေ့ ပျမ်းမျှ ၃ နာရီလောက် အလှည်ကျ မီးဖြတ်တောက် သွားမည်ဖြစ်ကြောင်း ကြေငြာသွားပြီး မီးလျောချသွားမည့် အစီအစဉ်ကို ၄ လပိုင်း လကုန်ပိုင်းအထိ အထိဖြစ်နိုင် ကြောင်း ပြောကြားသွားပါတယ်။

မတ်လ ၁၁ ရက်နေ့ လှုပ်ခတ်သွားသော ငလျင်အားကို ပညာရှင်များ၏ ငလျင်တိုင်းထွာချက် မှတ်တမ်းအရ M 9.0 အဖြစ်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာသွားပါတယ်။ 9.0M သည် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်သော ငလျင်များထဲတွင် ၁၉၀၀ ခုနှစ် နောက်ပိုင်း ပဉ္စမမြောက် အကြီးဆုံး ငလျင်ကြီး ဖြစ်ပြီး ဂျပန် သမိုင်းမှာတော့ နှစ်ပေါင်း ၁၄၀ ကျော်အတွင်း အကြီးဆုံး ငလျင်ဖြစ်ကြောင်း သိရပါတယ်။ M 9 ပြင်းအားရှိ ငလျင်နှင့် အမြင့် ၁ဝ မီတာခန့်ရှိ ဆူနာမီ ရေလှိုင်းကြီးများကြောင့် ဂျပန်နိုင်ငံအတွင်း အသေအပျောက် ၃၀၀၀ ကျော် ရှိပြီး အမြောက်အများ ပျောက်ဆုံးကြောင်း ငလျင်ဗဟိုပြုခဲ့
Boldသည့် မီယဂိ ဒေသ တခုထဲမှာ လူဦးရေ အသေအပျောက် ၁၀၀၀၀ ကျော်ရှိနိုင်ကြောင်း သတင်းများမှ ခန့်မှန်း ပြောကြားသွားပါတယ်။

ဂျပန် မိုးလေ၀သ ဌာနမှ ငလျင်မှတ်တမ်းကို သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://www.jma.go.jp/jma/indexe.html