Monday, April 11, 2011

“လိုအပ်လျှင် အာဏာပြန်သိမ်း မည်” ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက် ပြော


April 10, 2011

ဟိန်းခိုင်ထွန်း၊ ၊ကာကွယ် ရေး ဦးစီးချုပ် အသစ် အဖြစ် ခန့် ထားခြင်း ခံရသည့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဧပြီလ ၈ ရက်နေ့ က ကျင်းပသည့် ဗထူး တပ်မြို့ရှိ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၁၁၄ ဆင်းပွဲတွင် သင်တန်း ဆင်း ဗိုလ်လောင်း များ ကို မိန့် ခွန်း ပြောကြားရာ၌ တပ်မတော်သည် လိုအပ်လျှင် အာဏာ ပြန်သိမ်းမည်ဟု အရိပ်အမြွက် ပြောကြားခဲ့ကြောင်း FNG မှ သတင်း ရရှိသည်။

ခောတ်သစ် မြန်မာနိုင်ငံရေး သမိုင်းတွင် အာဏာအရှိဆုံး ရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရရှိခဲ့သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အဆိုပါရာထူးကို ပြီးခဲ့သည့်လက လက်ခံခဲ့ပြီး နောက် ပထမ ဦးဆုံး အကြိမ်အဖြစ် စစ်တပ်၏ အရေးပါသည့် ဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် မိန့် ခွန်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“တပ်မတော် အနေဖြင့် အမြဲသတိရှိနေရန် သူက ပြောကြားပြီး တိုင်းပြည်အတွက် အန္တရာယ်ပေါင်းစုံ နှင့် ရင်ဆိုင်ရပြီး အကျပ်အတည်း ဆိုက်နေပါက လိုအပ်လျှင် ၀င်ရောက် ထိန်းသိမ်းရမည်” ဖြစ်ကြောင်း သူက ပြောကြား ခဲ့ဖြင်း ဖြစ်သည်။

ယခင်က ဗထူး တပ်မြို့  ဗိုလ်လောင်း သင်တန်းဆင်းပွဲကို ဒု ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်အေး တက်ရောက်ပြီး ၊ မေမြို့  ဗိုလ်သင်တန်း ဆင်းပွဲကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တက်ရောက်သည်။

နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းမှ အမည်မဖော်လိုသည့် အရာရှိကြီး တစ်ဦးက FNG သို့ပြော ကြားရတွင် ပြည်ထောင်စု အစိုးရမှ ဒုသမ္မတ ဦးသီဟသူရတင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့မှာ ကျောင်းတော်က ရန်စ ရှိခဲ့သူများဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရတို့  အာဏာပြိုင် ဆိုင်မှုများ နောက်ပိုင်းတွင် ပြင်းထန် လာနိုင်သည်ဟု တပ်မတော် အရာရှိဟောင်းများက သုံးသပ်ကြသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မတော်ထဲ၌ ၎င်းထက် ပို၍အတွေ့ အကြုံ ရင့်သူများကို ကျော်ဖြတ်ပြီး နေရာ ရခဲ့ခြင်းကြောင့် အချို့က မကျေနပ်ကြဟု သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်သည် ၎င်း၏ လက်အောက်တွင် ကာကွယ်ရေးဝန်ကြီး မထမ်းဆောင်လို၍ ရာထူးမှ နှုတ်ထွက် ခဲ့သည်။

၎င်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လူယုံတစ်ဦးဖြစ်ပြီး မည်မျှထိ ယုံရမည် ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ကြောင်း စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေးတပ်မှ အရာရှိ တစ်ဦးက Freedom News Group
သို့ ပြောသည်။

မြန်မာ့ တပ်မတော်၏ အကြီးအကဲ ၊ ကာကွယ်ရေးဝန်ကြီး (သို့ မဟုတ်) ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာန် ထမ်းဆောင် ခဲ့သူများ (List of Commander in Chief in Burma)

၁.ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၅ မှ ၁၉.၀၇.၁၉၄၇ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင်နှင့် မြန်မာ့ တပ်မတော် တည်ထောင်သူ)
၂.ဗိုလ်မှုးချုပ် လင်္ကျာ ၁၉၄၇ မှ ၁၉၄၈ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင် နှင့် မြန်မာ့တပ်မတော် တည်ထောင်သူ များတွင် ပါဝင်)
(လင်္ကျာ – ဖရီးမင်း စာချုပ် ကို ချုပ်ဆို နိုင်ခဲ့သူ)
၃.ဗိုလ်ချုပ်ကြီး နေ၀င်း ၀၁.၀၂.၁၉၄၉ မှ – ၂၀.၀၄.၁၉၇၂ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင် မြန်မာစစ်တပ် ကို အင်အား ပိုမို ကောင်းလာရန် လုပ်ဆောင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း စက်ရုံများ နိုင်ငံတွင်း စတင်တည် ထောင်ကာ ပြည်နိုင်ငံများမှ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှု ကို စတင်ခဲ့
၎.ဗိုလ်ချုပ်ကြီး စန်းယု ၂၀.၀၄.၁၉၇၂ မှ- ၀၁.၀၃.၁၉၇၄ (နောက်ပိုင်းတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဥက္ကဌ နှင့် သမ္မတ ဖြစ်လာသည်

၅.ဗိုလ်ချုပ်ကြီး သူရ တင်ဦး ၀၁.၀၃.၁၉၇၄ မှ ၀၆.၀၃.၁၉၇၆ (နောက်ပိုင်းတွင် အတိုက်အခံ ပါတီတစ်ခု ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဖြစ်လာခဲ့သည်)

၆.ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် ၀၆.၀၃.၁၉၇၆ မှ ၀၃.၁၁.၁၉၈၅ ( ဗမာ့ကာကွယ်ရေး တပ်မတော်ကို ၁၉၄၃ ခုနှစ် တွင် တပ်သားအဖြစ်မှ စတင်ဝင်ရောက်ခဲ့သည့် တစ်ဦးတည်းသော ကာကွယ်ရေး ဦးစီးချုပ် ဖြစ်) ၎င်းသည် ကာကွယ်ရေး ၀န်ကြီးတာဝန်ကိုလည်း သူ၏ ကာကွယ်ရေးဦးစီးချုပ် သက်တမ်းတွင် ပူးတွဲ ယူခဲ့ပြီး ဗိုလ်ချုပ်ကြီး သူရ အေးကို လည်း ၎င်း ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူစဉ် ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ယူခဲ့သည်။
၎င်း လက်ထက်တွင် ကာကွယ်ရေး ၀န်ကြီးဌာနကို ပိုမို အဆင့်မြှင့်ခဲ့ပြီး စစ်တိုင်းအချို့ကို တိုးချဲဖွဲ့ည်းခဲ့ကာ တပ်မတော်ဖွဲ့စည်းပုံ အချို့ကို ပြောင်းလဲခဲ့သည်

၇.ဗိုလ်ချုပ်မှုးကြီး စောမောင် ၀၃.၁၁.၁၉၈၅ မှ ၂၂.၀၄.၁၉၉၂ ( ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်း ခေါင်းဆောင် ဖြစ်သည်)

၈.ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၂၂.၀၄.၁၉၉၂ မှ ၀၁.၀၄.၂၀၁၁ ( စစ်တိုင်းများ ဆက်လက် တိုးချဲ့ခဲ့ပြီး ပြည်ပ မှ စစ်လက်နက်များ ၀ယ်ယူခဲ့သည်။ လွှတ်တော်တွင် စစ်သားအများစု နေရာယူထားနိုင်အောင် စီစဉ်ခဲ့ပြီး ၊ စစ်ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းခဲ့သည်)

၉.ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၀၁.၀၄.၂၀၁၁ (တာဝန်ထမ်းဆောာင် ဆဲ)


freedomnewsgroup.com မှကူးယူတင်ပြသည်။