Tuesday, April 5, 2011

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရာထူးက နှုတ်ထွက်ပြီ


April 4, 2011

၁၉၉၂ ခုနှစ် တွင် နိုင်ငံတော် အာဏာကို ရယူခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် မြန်မာစစ်တပ်၏ အကြီးအကဲ အဖြစ် နှင့် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်မှ ယနေ့ နှုတ်ထွက်သွားပြီဟု Freedom News Group မှ သတင်း ရရှိသည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် လက်ရှိ ရာထူးကို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် မှ တစ်ဆင့် ဆက်ခံ ထားဖြင်းဖြစ်သည်။ ၎င်း နှစ်ရှည်လများ ယူထားသည့် ရာထူးကို ၁၉၈၈ ခုနှစ်က ဒု ဗိုလ် ရာထူး အဆင့်သာ ရှိသည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကို မတ် လ ၃၁ ရက်နေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့သည်။ အသက် ၇၈ နှစ် အရွယ်ရှိ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ မှာ နိုင်ငံ၏ အာဏာကို နောက်ကွယ်မှ နေ၍ ဆက်လက် ချုပ်ကိုင် ထားမည်ဟု နေပြည်တော်ရှိ အစိုးရ အရာရှိ အသိုင်းအ၀ိုင်းက ယုံကြည့် ကြသည်ဟု Freedom News Group မှ သတင်း ရရှိသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် သူ၏ စစ်တပ်ရာထူးအဆင့် ဖြစ်သည့် ဗိုလ်ချုပ်မှုးကြီး ရာထူးကိုလည်း စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။ စစ်မှုထမ်းသက် ၅၄ နှစ် ရှိပြီဖြစ်သည့် စစ်သား အိုကြီးသည် နိုင်ငံရေး လှုပ်ရှားသူ နှစ်ထောင်ကျော်ကို ဖမ်းဆီး အကျဉ်းချထားပြီး ၎င်း၏ လုပ်ဖော် ကိုင်ဖက် ၃၀၀ ကျော်ကို သူ၏ အာဏာ တည်မြဲရေးအတွက် ဖယ်ရှားကာ ၊ ရှစ်ရာ ကျော်ကို ထောင်သွင်း အကျဉ်း ချထားသည်။

သူသညစစ်ခေါင်းဆောင်အဖြစ် တာဝန် ယူချိန် တိုင်းရင်းသား ကျေးရွာများကို ဖယ်ရှာရာ၌ မုဒိမ်းမှုကို လက်နက်သဖွယ် ကျင့်သုံးသည်ဟု အတိုက်အခံ အဖွဲ့နှင့် လူ့အခွင့်အရေး အဖွဲ့များက စွပ်ဆွဲကြသည်။ မြန်မာ ၀ီကီ လိခ် တွင် လည်း ဖတ်ရှု နိုင်သည်။


freedomnewsgroup.comံမှကူးယူတင်ပြသည်။