Tuesday, February 1, 2011

ယတြာကိုမလေးမစား လုပ်မှုနဲ့ ပုဒ်မအသစ်ထွင်ပြီးထောင်ချမယ် (နံနက် ၈ နာရီ ၅၅ မိနစ် နော်)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးသော လွှတ်တော်
ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာများကို ဇန်န ၀ါရီလ ၂၈ ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ ထုတ်ပေးမှုကိုသက်ဆိုင် ရာ လွှတ်တော်ရုံးများက ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးသောလွှတ်တော် ကိုယ်စားလှယ်
အဖြစ် အသိအမှတ်ပြုလွှာအပြင် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေး
ကတ်ပြား၊ လွှတ်တော်ကိုယ်စားလှယ် ကိုယ်ရေးမှတ်တမ်းအကျဉ်းချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ စာအုပ်များကိုလည်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမနှင့် အမျိုးသား
လွှတ်တော် အစည်းအဝေးခန်းမတို့၌ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက် (တနင်္လာနေ့) နံနက် ၈ နာရီ ၅၅ မိနစ်တွင် စတင်ကျင်းပရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူထားပြီး ဖြစ်သည်။
ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေးများ ကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ ၂၀၁၁ ခုနှစ် ဇန်န ၀ါရီလ ၃၁ ရက် (တနင်္လာနေ့) နံနက် ၈ နာရီ ၅၅ မိနစ်
တွင်စတင် ကျင်းပမည်ဖြစ်ကြောင်း အလဲဘန်းMedia Groupတွင်
ဖော်ပြထားပါတယ်။


http://openeyeproxy.appspot.com/nldlajb.blogspot.com/မှကူးယူတင်ပြသည်


MAUNG NE WIN




အမေရိကန် (DV LOTTERY)နှင့် ပတ်သက်၍ မြန်မာလူမျိုးများ အလိမ်မခံရစေရန်အတွက် ရန်ကုန် အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေငြာချက်...

MAUNG NE WIN


အသင်းဝင်အဖြစ်မှရပ်ဆိုင်းကြောင်းကြေညာခြင်း။

မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)၏ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေပါအပုဒ်ခွဲ၉/၃အရအသင်းဝင်တစ်ဦး၏
လုပ်ဆောင်မှုအပြုအမူသည်အသင်း၏ဆိုလိုရင်းရည်ရွယ်ချက်အားလွန်လွန်ကျူးကျူးဆန့်ကျင်နေသည်ဟုဗဟိုအလုပ်အမှုဆောင်ကော်မတီမှအသိအမှတ်ပြုလျှင်ထိုအသင်းဝင်အားအသင်းဝင်အဖြစ်မှရပ်ဆဲနိုင်သည်ဟုပြဌါန်းထားချက်အရအောက်ဖေါ်ပြပါအသင်းဝင်လေးဦးအား၂၀၁၁.၁.၂၃နေ့
တွင်ကျင်းပပြုလုပ်သောဗဟိုအလုပ်အမှုဆောင်ကော်မတီ ဆုံးဖြတ်ချက်
အရ အသင်းဝင်အဖြစ်မှရပ်ဆိုင်းလိုက်သည်။

အသင်းဝင်နံပါတ် ---၆၀

အသင်းဝင်နံပါတ်---၁၃၈
အသင်းဝင်နံပါတ် ---၂၆၄
အသင်းဝင်နံပါတ် ---၄၇၀

ဗဟိုအလုပ်အမှုဆောင်ကော်မတီဆုံးဖြတ်ချက်အရ။

မိုးကျော်စိုးအတွင်းရေးမှူး(၁)

Monday, January 31, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာဖွင့်လှစ် ယင်း(ဟုန်းပေ့)ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘဦးတင်ဦး၏ နူတ်ခွန်းဆက် သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာဖွင့်လှစ် ယင်း(ဟုန်းပေ့)ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘဦးတင်ဦး၏ နူတ်ခွန်းဆက် သဝဏ်လွှာ




ဒေါ်အောင်ဆန်းစုကြည်၏နှုတ်ခွန်းဆက်သ၀ဏ်လွှာ

မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရာမှာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်၊ ကျယ်ပြန့် ခြင်းက အဓိကဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  မူဝါဒတွေ၊ လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း သိရှိနိုင်စေမဲ့ အင်တာနက်စာမျက်နှာ တခုပေါ်ပေါက်လာတာကို သိပ်ကိုကျေနပ်မိပါတယ်။ ဒီစာမျက်နှာမှ တဆင့် မြန်မာနိုင်ငံဒီမိုကရေစီရေးကို အားသန်စွာ ထောက်ခံနေသူများ၊ ဒီမိုကေရစီရေးနဲ့ အဖွဲ့ချုပ်အကြောင်းကို ပိုမိုသိရှိလိုသူများနဲ့ ကျွန်မတို့ဆက်သွယ်ခြင်းအားဖြင့် ကျွန်မတို့အားလုံး မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကေရစီပြည်ထောင်စုကြီး ပိုပြီးမြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်။ဒီအင်တာနက်စာမျက်နှာဖြစ်ပေါ်လာရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်ကြတဲ့ သူတွေအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။









ဦးတင်ဦး၏နှုတ်ခွန်းဆက်သ၀ဏ်လွှာ




အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်သည် လွတ်လပ်စွာ ပြောဆို၊ ရေးသားဖြန့်ချီ ပိုင်ခွင့်များကို ဒီမိုကရေစီ၏ အခြေခံလိုအပ်ချက်များဟု ခံယူပါသည်။
ထို့ကြောင့် ခေတ်မှီနည်းပညာများနှင့် လိုက်ဖက်ညီစွာ ပြည်တွင်းတွင်လည်းကောင်း ပြည်ပအရပ်ရပ်တွင်လည်းကောင်း အဖွဲ့ချုပ်နှင့် ပါတ်သက်သော သတင်းအချက်အလက်များ ဖြန့်ချီရေးကို လွန်စွာတန်ဖိုးထားပါသည်။
အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်၏ အကျိုးကိုရှေ့ရှု၍ ယခုကဲ့သို့ အင်တာနက်စာမျက်နှာတခုထူထောင်လိုက်ခြင်းကို ကျေးဇူးတင်စွာဖြင့် ကြိုဆိုလိုက်ပါသည်။









http://openeyeproxy.appspot.com/nldlajb.blogspot.com/
မှကူးယူတင်ပြသည်။

Wednesday, January 26, 2011

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသုတေသနနှင့်လေ့လာရေးဌာနဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁/၂၀၁၁)

ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်စားလှယ်များ
(၂၀၁၁ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်)
ဇန်နဝါရီလ ၂၁ရက်နေ့သတင်းစာတွင်သိန်းစိုးရွေးကောက်
ပွဲကော်မ
ရှင်က ကြေညာချက် (၃)ခု ထုတ်ပြန်ပြီး “စစ်ဗိုလ် အမတ်” (၃၃၈)ဦး စာရင်းကို ထုတ်ပြန်ခဲ့သ ည်။ ထိုစစ်ဗိုလ် အမတ်များသည် ကာကွယ်
ရေးဦးစီးချုပ်၏ ကိုယ်စားလှယ်များသာဖြစ်သည်။
ထို့အပြင် (၁၁၀)နှင့် (၅၆)ပေါင်းပြီး “ဒုသမ္မတတစ်ဦး”အဆိုတင်နိုင်သည့် ပါဝါ သူတို့တွင်ရှိသည်။ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်

စာရင်းပေးပို့လာသည့် တပ်မတော်သားများကို ကော်မရှင်ကစိစစ်
ပြီးဖြစ်၍ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
ဖြစ်ကြောင်း” ကြေညာလိုက်သည်ဟု ဖေါ်ပြထားသည်။
မည်သည့်နေ့ရက်က ပေးပို့ခဲ့သည်၊ ကော်မရှင်က မည်သို့စိစစ်ခ့သဲ ည်ဟု တစ်လုံးတစ်ပါဒမျှ ဖေါ်ပြထားခြင်းမရှိပါ။ ဖေါ်ပြရန်လည်းမလို၊ ကာကွယ်

ရေးဦးစီးချုပ်က အမည်စာရင်းပေးလာသည့် တပ်မတော်သားတိုင်းကို “တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း” သိန်းစိုးကော်မရှင်က ကြေညာပေးရမည်သာဖြစ်သည်။
ဤသည်မှာ သိန်းစိုးကော်မရှင်၏ လွှဲဖယ်၍မရသော တာဝန်ဖြစ်သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကိုဖွဲ့စည်းပုံအခြေ

ခံဥပဒေ(၂၀၀၈) တည်မြဲနေသမျှ မည်သူကမျှ၊ မည်သည့်လွှတ်တော်
ကမျှ၊ မည်သည့်အခါမျှ မေးခွန်းထုတ်ခွင့်/ စွက်ဖက်ခွင့်ရလိမ့်မည်မဟုတ်
ပါ။ ကာကွယ်ရေး ဦးစီးချုပ်က ပေးပို့လာသည့် စာရင်းအတိုင်း လက်ခံရ
မည်သာဖြစ်သည်။ ကော်မရှင်က ထုတ်ပြန်ခဲ့သ ည့်စာရင်းကိုစိစစ်
ကြည့်ရာ အောက်ပါအတိုင်းတွေ့ရသည်။
စဉ် လွှတ်တော်အမည် ဗမခ ဗမက ဗမ ဗမ/ဗက ဗက စုစုပေါင်း
၁။ ပြည်သူ့လွှတ်တော် - ၃ ၆၅ ၃၉ ၃ ၁၁၀
၂။ အမျိုးသားလွှတ်တော် - ၂ ၃၅ ၁၉ - ၅၆
၃။ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော် ၁ ၁၄ ၉၄ ၃၇ ၇၆ ၂၂၂
စုစုပေါင်း ၁ ၁၉ ၁၉၄ ၉၅ ၇၉ ၃၈၈
ဗိုလ်မှူးချုပ် (၁) ဦး၊ ဗိုလ်မှူးကြီး (၁၉) ဦး၊ ဗိုလ်မှူး (၁၉၄) ဦး၊ ဗိုလ်မှူးဗိုလ်ကြီး (၉၅) ဦး၊ ဗိုလ်ကြီး (၇၉) ဦး စုစုပေါင်း (၃၈၈) ဦးဖြစ်သည်။
အရေအတွက် စုစုပေါင်းသည် တပ်ရင်းတစ်ရင်းစာမျှပင် မရှိပါ။ သူတို့အားလုံး ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ကို အကြွင်းမဲ့ နာခံကြလိမ့်မည်ဆိုသည်မှာ မေးစရာ
မလိုအောင်ပင် ရှင်းလှသည်။ သက်ဆိုင်ရာ “လွှတ်တော်များ”
တွင် တာဝန်ထမ်းဆောင်ကြရမည့် စစ်ဗိုလ်အမတ်များ (ဗမ/ ဗမဗက/နှင့် ဗက) (၃၆၈)ကို (ဗမခ/ဗမက) ဗိုလ်မှူးချုပ်/ ဗိုလ်မှူးကြီးများက အနီးကပ် ကွပ်ကဲကြမည့်ပုံစံဖြစ်သည်။ ဗိုလ်မှူးချုပ်/ ဗိုလ်မှူးကြီး(၁+၁၉)များကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ကိုင်တွယ်လိမ့်မည်။
မီးသေနိုင်မည့်အဆင့်ကို အသေအချာ ရွေးချယ်တာဝန်ပေးထားခြင်းဖြစ်သည်
ဆိုသည့် အချက်မှာလည်း ရှင်းပြစရာမလို အောင်ပင်ရှင်းနေသည်။
ထိုသို့သောအဆင့်နေရာ (ဗမ/ဗက)များသည် စစ်တပ်ထဲတွင် အလွယ်တကူ ဖယ်ရှားနိုင်ပြီး အလွယ်တကူ ပင် အစားထိုးနိုင်သည့် အဆင့်နေရာများ
ဖြစ်သည်။ သို့ပါ၍ “လွှတ်တော်”ဆိုသည်မှာ အရပ်ဝတ်စစ်သား (ကြံ့ဖွံပါတီဝင်များ)နှင့် ယူနီဖောင်းဝတ်စစ်သား (ကာကွယ်ရေး ဦးစီးချုပ်၏ ကိုယ်စားလှယ်များ)တို့၏ စကားပြောစင်မြင့်သာ ဖြစ်မြဲဖြစ်နေလိမ့်မည်။
“လွှတ်တော်”သို့ တင်သွင်းမည့် မည်သည့်အဆို/ မည်သည်ဥ့ ပဒေ

မူကြမ်းမှန်သမျှ၏ ကံကြမ္မာကို အဆိုပါ အရပ်ဝတ် စစ်သား(ကြံ့ဖွံပါတီဝင်များ)
နှင့် ယူနီဖောင်းဝတ်စစ်သား (ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်စားလှယ်များ)ကသာ အဆုံးအဖြတ် ပေးနေလိမ့်မည်။
“လွှတ်တော်တွင်းဝင်တိုက်မယ်” ဆိုသူများသည် ထိုအချက်ကို နက်နက်နဲနဲ သဘောပေါက်ကြရလိမ့်မည်။ လွှတ်တော်တွင်း “ဖွ့စဲ ည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေး” လုပ်မည်ဟု ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သ ည့် နိုင်ငံရေး ပါတီအချို့က ပြောနေသည်မှာ စိတ်ကူးယဉ်မှု သက်သက်မျှ
သာဖြစ်ကြောင်း ထင်ရှားနေပါသည်။

Monday, January 24, 2011

လွှတ်တော် အစည်းအဝေးကျင်းပပြုလုပ်မည် ဖြစ်ခြင်း

ကြပ်ပြေးနေပြည်တော် လွှတ်တော်ခန်းမအတွင်းမှ ဆွမ်းအုပ်ကြီး..

ကြည့်ရတာလွှတ်တော်အမတ်တွေ ပါလာတဲ့ ပစ္စည်းတွေ ဒီအထဲထည့်ထားရမယ်.. ထင်တယ်..။ ကိုယ်ပြောချင်တဲ့ စကားတွေကိုလည်း ဆွမ်းအုပ်အဖုံးဖွင့်ပြီး အော်ရမယ်ထင်ပါတယ်..။


လွှတ်တော်အစည်းအဝေး လာမည့်(၃၁)ရက်နေ့ ၈နာရီ ၅၅မိနစ် မှာ ကျင်းပမည့် ၉နဝင်းကိုက် ပထမဦးဆုံး လွှတ်တော် အစည်းအဝေး
အတွင်းသို့လည်း ဘောပင်၊ ကင်မရာ၊ အသံဖမ်းစက်၊ စာရွက်မယူရဟု အမိန့်ထုတ်ပြန်ထားပြီး နောက်လွှတ်တော်အမတ်များမှ မေးချင်ရာများကို မေးမြန်းခြင်း မပြုရပါဟု အမိန့် ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

ဒီသတင်းတွေ ဖတ်မိရင်း မြန်မာပြည်က ဘတ်စ်ကားတွေမှာ ရေးထားတဲ့ လက်မထုတ်ရ၊ ခေါင်းမပြူရ၊ ဆေးလိပ်မသောက်ရ.. ဆိုတဲ့စာသားလေးကို ပြန်လည် သတိရမိပါတယ်..။

နောက်ဆုံးရရှိတဲ့ သတင်းအရ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးကို ရန်ကုန်မြို့ အလုံလမ်း၊ သမ္မတအိမ်တော်ဝင်း အတွင်းမှာရှိတဲ့ ယခင် ပြည်သူ့လွှတ်တော်ခန်းမထဲမှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။


http://www.demowaiyan.co.cc/2011/01/blog-post_9820.htmlဒီမိုဝေယံမှကူးယူတင်ပြသည်။

Oregon ပြည်နယ် Portland မြို့မှ မြန်မာပြည်ရှိ HIV- AIDS ဝေဒနာရှင်များအား ကူညီရေး ရံပုံငွေဈေးရောင်းပွဲအတွက် ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း.

Sunday, January 23, 2011


အောက်ကပုံတွေကတော့ အမေစု ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ(၁၇)နေ့က အမေစု တောင်ဒဂုံမှာရှိတဲ့ HIV/AIDS ဝေဒနာရှင်တွေကို သွားရောက်တွေ့ဆုံ အားပေးတုန်းက ပုံတွေ ဖြစ်ပါတယ်...။





http://www.demowaiyan.co.cc/2011/01/blog-post_9820.html
ဒီမိုဝေယံမှကူးယူတင်ပြသည်။