Monday, January 31, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာဖွင့်လှစ် ယင်း(ဟုန်းပေ့)ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘဦးတင်ဦး၏ နူတ်ခွန်းဆက် သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာဖွင့်လှစ် ယင်း(ဟုန်းပေ့)ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘဦးတင်ဦး၏ နူတ်ခွန်းဆက် သဝဏ်လွှာ




ဒေါ်အောင်ဆန်းစုကြည်၏နှုတ်ခွန်းဆက်သ၀ဏ်လွှာ

မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရာမှာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်၊ ကျယ်ပြန့် ခြင်းက အဓိကဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  မူဝါဒတွေ၊ လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း သိရှိနိုင်စေမဲ့ အင်တာနက်စာမျက်နှာ တခုပေါ်ပေါက်လာတာကို သိပ်ကိုကျေနပ်မိပါတယ်။ ဒီစာမျက်နှာမှ တဆင့် မြန်မာနိုင်ငံဒီမိုကရေစီရေးကို အားသန်စွာ ထောက်ခံနေသူများ၊ ဒီမိုကေရစီရေးနဲ့ အဖွဲ့ချုပ်အကြောင်းကို ပိုမိုသိရှိလိုသူများနဲ့ ကျွန်မတို့ဆက်သွယ်ခြင်းအားဖြင့် ကျွန်မတို့အားလုံး မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကေရစီပြည်ထောင်စုကြီး ပိုပြီးမြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်။ဒီအင်တာနက်စာမျက်နှာဖြစ်ပေါ်လာရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်ကြတဲ့ သူတွေအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။









ဦးတင်ဦး၏နှုတ်ခွန်းဆက်သ၀ဏ်လွှာ




အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်သည် လွတ်လပ်စွာ ပြောဆို၊ ရေးသားဖြန့်ချီ ပိုင်ခွင့်များကို ဒီမိုကရေစီ၏ အခြေခံလိုအပ်ချက်များဟု ခံယူပါသည်။
ထို့ကြောင့် ခေတ်မှီနည်းပညာများနှင့် လိုက်ဖက်ညီစွာ ပြည်တွင်းတွင်လည်းကောင်း ပြည်ပအရပ်ရပ်တွင်လည်းကောင်း အဖွဲ့ချုပ်နှင့် ပါတ်သက်သော သတင်းအချက်အလက်များ ဖြန့်ချီရေးကို လွန်စွာတန်ဖိုးထားပါသည်။
အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်၏ အကျိုးကိုရှေ့ရှု၍ ယခုကဲ့သို့ အင်တာနက်စာမျက်နှာတခုထူထောင်လိုက်ခြင်းကို ကျေးဇူးတင်စွာဖြင့် ကြိုဆိုလိုက်ပါသည်။









http://openeyeproxy.appspot.com/nldlajb.blogspot.com/
မှကူးယူတင်ပြသည်။