Monday, January 24, 2011

လွှတ်တော် အစည်းအဝေးကျင်းပပြုလုပ်မည် ဖြစ်ခြင်း

ကြပ်ပြေးနေပြည်တော် လွှတ်တော်ခန်းမအတွင်းမှ ဆွမ်းအုပ်ကြီး..

ကြည့်ရတာလွှတ်တော်အမတ်တွေ ပါလာတဲ့ ပစ္စည်းတွေ ဒီအထဲထည့်ထားရမယ်.. ထင်တယ်..။ ကိုယ်ပြောချင်တဲ့ စကားတွေကိုလည်း ဆွမ်းအုပ်အဖုံးဖွင့်ပြီး အော်ရမယ်ထင်ပါတယ်..။


လွှတ်တော်အစည်းအဝေး လာမည့်(၃၁)ရက်နေ့ ၈နာရီ ၅၅မိနစ် မှာ ကျင်းပမည့် ၉နဝင်းကိုက် ပထမဦးဆုံး လွှတ်တော် အစည်းအဝေး
အတွင်းသို့လည်း ဘောပင်၊ ကင်မရာ၊ အသံဖမ်းစက်၊ စာရွက်မယူရဟု အမိန့်ထုတ်ပြန်ထားပြီး နောက်လွှတ်တော်အမတ်များမှ မေးချင်ရာများကို မေးမြန်းခြင်း မပြုရပါဟု အမိန့် ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

ဒီသတင်းတွေ ဖတ်မိရင်း မြန်မာပြည်က ဘတ်စ်ကားတွေမှာ ရေးထားတဲ့ လက်မထုတ်ရ၊ ခေါင်းမပြူရ၊ ဆေးလိပ်မသောက်ရ.. ဆိုတဲ့စာသားလေးကို ပြန်လည် သတိရမိပါတယ်..။

နောက်ဆုံးရရှိတဲ့ သတင်းအရ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးကို ရန်ကုန်မြို့ အလုံလမ်း၊ သမ္မတအိမ်တော်ဝင်း အတွင်းမှာရှိတဲ့ ယခင် ပြည်သူ့လွှတ်တော်ခန်းမထဲမှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။


http://www.demowaiyan.co.cc/2011/01/blog-post_9820.htmlဒီမိုဝေယံမှကူးယူတင်ပြသည်။