Saturday, October 29, 2011

်မြန်မာနိုင်ငံမှာသိသာထင်ရှားတဲ့ ပြောင်လဲမှုတွေ မရှိသေးကြောင်း ဂျပန်လွှတ်တော်အမတ်သမဂ ကို
့မြန်မာအရေးလှုပ်ရှားနေသူတွေက သွားရောက်တောင်းဆိုတင့် ပြောခဲ့ ပါတယ်


http://www.youtube.com/user/DVBBurmese#p/u/3/mc0ntXL4J38
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

Tuesday, October 25, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ် တို့အား တရားစွဲဆိုပြီ..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးအောင်ဆန်းဦး၊မော်နီတာဂျာနယ်ထုတ်ဝေသူ ပန်းချီလှမြင့်ဆွေ(ခ)ဗိုလ်ကြီးလှမြင့်ဆွေ(စည်ပင်)နှင့် မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မြတ်ခိုင်တို့အား တရားစွဲဆိုပြီ..



တရားစွဲဆိုရခြင်း၏ အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစ်ကို ဦးအောင်ဆန်းဦးတို့ ရင်ဆိုင်လျှက်ရှိသော တရားမအမှုကို မော်နီတာဂျာနယ်တွင် မမှန်မကန် ရေးသား ဖော်ပြခဲ့သောကြောင့်ဟု သိရှိရပြီး၊ (၆၄)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် မြန်မာပြည်သို့ ရောက်ရှိနေသော လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဦးအောင်ဆန်းဦးအား မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မြတ်ခိုင်မှ အင်တာဗျူးမေးမြန်းရာတွင် လက်ရှိ ရင်ဆိုင်လျှက်ရှိသော တရားမအမှုမှာ ဦးအောင်ဆန်းဦးဘက်မှ အနိုင်ရဖွယ်ရှိသည်ဟု အဓိပ္ပါယ်ရသော အဖြေကို ဦးအောင်ဆန်းဦးမှ ဖြေကြားခဲ့ပြီး၊မော်နီတာဂျာနယ်တာဝန်ခံ အယ်ဒီတာဖြစ်သော မြတ်ခိုင်မှဂျာနယ်တွင် ထည့်သွင်းရေးသား ဖော်ပြခဲ့ပါသည်...။
သို့ရာတွင် တာဝန်ခံအယ်ဒီတာ ဖြစ်သောမြတ်ခိုင်မှ ယင်းကိစ္စမှာ မိမိနှင့်လုံးဝ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပြီး ၊ဒေါ်အောင်ဆန်းစုကြည်အား သူမ၏နေအိမ်တွင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရှိရပါသည်။ တရားရုံး၏ အဆုံးအဖြတ် အမိန့်ချမှတ်ခြင်း မရှိသေးသော အမှုကို ကြိုတင်ခန့်မှန်း ရေးသားပြောဆိုခဲ့ကြသော ဦးအောင်ဆန်းဦး၊ မော်နီတာဂျာနယ် ထုတ်ဝေသူ ပန်းချီလှမြင့်ဆွေ(ခ) ဗိုလ်ကြီးလှမြင့်ဆွေ(စည်ပင်)နှင့် မော်နီတာဂျာနယ် ၊လျှပ်တပြက်ဂျာနယ် အယ်ဒီတာမြတ်ခိုင်တို့အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ကြောင်း သိရှိရပါသည်။ ယင်းအမှုကို ၂၀၁၁ခု ၊ အောက်တိုဘာလ(၂၇)ရက်နေ့၊ နံနက်(၁၀)နာရီတွင် လက်ခံရန်သင့်၊ မသင့်ကြားနာမည်ဟု သိရှိရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည်ဟု သိရှိရပါသည်။










http://www.demowaiyan.co.cc/2011/10/blog-post_867.html
မှကူးယူတင်ပြသည်


Posted by MAUNG NE WIN



Sunday, October 23, 2011

ကလေးမြို့ ကြေညာစာတမ်း ဆက်လက် ရပ်ခံသွားမည်

သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၄ မိနစ်
တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံ တခု ထပ်မံ ခေါ်ယူလိုသည့် တနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းပါ မူများအတိုင်း ဆက်လက် ရပ်ခံသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
“၂၁ ရာစု ပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင်စု စိတ်ဓါတ် ညီလာခံကတော့ မဖြစ်ဖြစ်အောင် လုပ်ရမယ့်ကိစ္စပဲ။ အခုဖြစ်နေတာတွေလည်း tension လျော့အောင် ဝိုင်းဝန်းပြောကြဆိုကြ၊ လှုပ်ရှားညှိနှိုင်းကြရမှာပဲလေ” ဟု မဇ္ဈိမကို ပြောသည်။
ဦးတင်ဦးနှင့်ဦးဝင်းတင်အပါအဝင်လွှတ်တော်ပြင်ပတိုင်းရင်းသားပါတီများ၊ဝါရင့်နိုင်ငံရေးသမားကြီးများ ၁၁ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာစာတမ်းတွင် “မြန်မာနိုင်ငံကို တပြည်ထောင် စနစ်လည်း မဟုတ်၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူ ကျင်းပသွားကြရမည်။” ဟု ဖော်ပြပါရှိသည်။
၂ဝ၁ဝ အောက်တိုဘာ ၂၄ ရက်နေ့တွင် ကျရောက်သည့် ဇိုမီး အမျိုးသားကွန်ဂရက် ZNC တည်ထောင်ခြင်း ၂၂ နှစ် ပြည့်တွင် ‘ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း’အား ထုတ်ပြန်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည်တွင် ‘၂၁ ရာစု

ပင်လုံညီလာခံ’ ဟု ခေါ်တွင်လှုပ်ရှားလာခဲ့ကြသည်။
NLD ရုံးချုပ်တွင် ဟောပြောပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ပြုလုပ်ခဲ့ကြသော်လည်း လက်တလော ဖြစ်ပေါ်နေသည့် အရေးကိစ္စများနှင့် အလုပ်များနေကြောင်း သိရသည်။
ယခုနှစ်ZNCနှစ်ပါတ်လည်အခမ်းအနားကိုလည်းကလေးမြို့တွင်ကျင်းပရန် စီစဉ်ထားကာ NLD (CEC)နှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့အား ဖိတ်ကြားထားပြီး NLD လူလတ်ပိုင်းခေါင်းဆောင်များ တက်ရောက်နိုင်လိမ့်မည်ဟု သိရသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လက်ရှိအခြေအနေအပေါ် “အရေးအကြီးဆုံး နံပါတ်တစ် ကတော့ဗျာ ဒီလို ပစ်ခတ်တိုက်ခိုက်နေရင်တော့လည်း ဘယ်လိုလုပ်ပြီး ယုံကြည်မှုရမလဲ။ ဒါကြောင့် အပစ်ရပ်ကြပါ။ မူလနေရာ status quo ပြန်နေပြီးတော့ ဆွေးနွေးနိုင်မယ်ဆိုရင်တော့ အဖြေကောင်း ရနိုင်တယ်လို့ ပြောဆိုလှုပ်ရှားနေတာတွေ ရှိပါတယ်”ဟုဦးတင်ဦးကပြောသည်။ လွှတ်တော်တွင်းပါတီတခုဖြစ်သည့်ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီRNDPနှင့်ပုဂ္ဂိုလ်ချင်းဆက်ဆံရေးတခုရရှထားပြီးစစ်ဘက်အပါအဝင်အခြားပါတီအဖွဲ့အစည်းများနှင့်ပါ common groundများတည်ဆောက်သွားခြင်းအားဖြင့်တတိုင်းပြည်လုံး စည်းလုံးညီညွတ်ရေး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောသွားသည်။




မှကူးယူတင်ပြသည


်Posted by MAUNG NE WIN

ကတိတည်ကြရန် တရုတ်က မြန်မာကို သတိပေး

တရုတ်-မြန်မာ ပူးတွဲ စီမံချက်များအား အကောင်အထည် ဖော်ရန်အတွက် နှစ်နိုင်ငံ ကတိကဝတ်များ တည်ကြရန် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောဆို လိုက်သည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအား ကြာသပတေးနေ့က လက်ခံတွေ့ဆုံပြီး ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ဖော်ပြ ပါရှိသည်။ မြန်မာသမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဖျားရှိ မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းကြောင်း ရုတ်တရက် ကြေညာလိုက်သည့် နောက်ဆက်တွဲ အနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

“နှစ်နိုင်ငံခေါင်းဆောင်များ ကျေလည် သဘောတူထားသည့် စီမံချက်များ အကောင်အထည် ဖော်ရန် အတွက် ကတိတည်ကြရန်နှင့် ကျန်းမာစွာ ဖွံ့ဖြိုးနေတဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ခိုင်မာစေရန် နှစ်နိုင်ငံလုံး အလေးထား လုပ်ဆောင်ကြဖို့ လိုပါတယ်” ဟု ဝမ်ကျားပေါင်က ပြောသည်။

မကြာမီက ရပ်နားထားရသည့် မြစ်ဆုံ စီမံကိန်းဟု ထည့်သွင်း မပြောဆိုသော်လည်း ဤကိစ္စ ဆွေးနွေးဖွယ်ရှိ
ကြောင်း မြန်မာအရာရှိများက တင်ကြိုခန့်မှန်းထားကြသည်။

တရုတ်ပြည်တောင်ပိုင်း နန်ကင်းမြို့ရှိ တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသော ဦးတင်အောင်မြင့်ဦးက “ပြဿနာများ ဖြေရှင်းနိုင်ရန် နည်းလမ်းများအား ကြိုတင် ရှာကြံသွားမည် ဖြစ်ကြောင်း”
ပြောဆိုခဲ့သည်ဟု သတင်းစာတွင် ဖော်ပြပါရှိသည်။

ဒေါ်လာ သန်း ၃.၆ ထောင်တန် မြစ်ဆုံ စီမံကိန်းအား ချောင်ထိုးထားရသည်မှာ မြန်မာပြည်ရှိ များပြားလှသော တရုတ် အကျိုးစီးပွားများအား မကြုံစဖူး စိန်ခေါ်ချက် တခုဖြစ်ကြောင်း ပီကင်းမှ လာသည့် Reuters သတင်း တပုဒ်တွင် ရေး သားထားသည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့် အပေါ် ဥပဒေအရ ရင်ဆိုင် ဖြေရှင်းသွားမည်ဟု တာဝန်ယူ အကောင်အထည်
ဖော်နေသည့် တရုတ်ကုမ္ပဏီ CPI က အတိအလင်းပြောဆိုခဲ့ပြီး ဖြစ်သည်။ အလားတူ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ၎င်းတို့ ကုမ္ပဏီများ၏ အကျိုးစီးပွား အတွက် ထည့်သွင်း စဉ်းစားပေးရန် ထုတ်ပြန်ခဲ့သေး သည်။

CPI နှင့် မြန်မာအမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့ ဒီဇင်ဘာ ၂၀၀၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီး မတ်လ ၂ဝဝ၉ ခုနှစ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး သဘောတူညီချက်များပါ နှစ်နိုင်ငံအကြား ရေးထိုး ခဲ့ကြသည်။

ဖိအားအမျိုးမျိုးကြောင့် သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သည့် စက်တင်္ဘာ ကုန်ပိုင်းမှစကာ စီမံကိန်းအား ရပ်ဆိုင်း ထားစေခဲ့ရသည်။

စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရပါက မူလရင်းနှီးမြှုပ်နှံမှု တန်ဖိုးထက် အကုန်အကျ ပိုလာ မည်ဖြစ်ပြီး မြန်မာအစိုးရက စီမံကိန်းမှ ရရှိမည့်ငွေဖြင့် ပြန်ဆပ်ရန် ရည်ရွယ်ထားသော ၂ဝ၁၁ ခု နှစ်ဆန်းပိုင်း တရုတ်နိုင်ငံထံမှ ချေးငွေ သဘောတူညီချက်ကို ထိခိုက်မည်ဟု CPI ဥက္ကဋ္ဌက အောက်တိုဘ ၃ ရက်နေ့တွင် ထည့်သွင်း ပြော ဆိုထားသည်။

http://www.mizzimaburmese.com/news/regional/8521-2011-10-21-08-09-48.html
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

Thursday, October 20, 2011

ကိုမင်းကိုနိုင်ရဲ့(၄၉)နှစ်မြောက်မွေးနေ့ပွဲ(ရုပ်/သံ)များ



http://www.youtube.com/user/thanhtut#p/a/u/0/tlzloFILoRQ
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

မစုစုနွေးပြောပြတဲ့ ထောင်တွင်းအတွေ့အကြုံ(ရုပ်/သံ)

su su nway (17-10-2011).flv


http://www.youtube.com/user/thanhtut#p/u/6/rYpA74nkmuA
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

Tuesday, October 18, 2011

သီတင်းကျွတ်ရန်ပုံငွေဈေးရောင်းပွဲအစီအစဉ်။

မြန်မာနိုင်ငံသားများဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)

သီတင်းကျွတ်ရန်ပုံငွေဈေးရောင်းပွဲအစီအစဉ်။

ကြက်အတောင်ပံအစာသွတ်ကျော်နှင့်အာလူးကျေုာ်
(သို့မဟုတ်)
စမူဆာနှင့်လဘက်ရည်တပွဲလျှင်


ယမ်း ၅၀၀ဖြင့်ဝယ်ယူအားပေးနိုင်ပါသည်။

ဈေးရောင်းပွဲ
ကျင်းပမည့်နေရာ။ ။KIBA KOEN 木場公園

ကျင်းပမည့်အချိန်။ ။နံနက်၁၁း၀၀နာရီမှညနေ၁၇း၀၀ နာရီ

ကျင်းပမည့်ရက် ။ ။၂၀၁၁.၁၀.၂၃ ရက်နေ့(တနင်္ဂနွေ နေ့)

သတင်းနှင့်ပြန်ကြားရေးဌာန
Posted by MAUNG NE WIN


Monday, October 17, 2011

မြစ်ဆုံဆည် စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ရှိနေဆဲ

သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၇ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားသည်ဟု သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ပြောကြားခဲ့သော်လည်း စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ဆက်လက်ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG က သောကြာနေ့က ထုတ်ပြန်လိုက်သည်။“အခုထိ သွားလာရေး၊ မြစ်ဆုံတဝိုက်မှာဆိုရင် စစ်တပ်လည်း မရုပ်သေးဘူး။ အလုပ်သမားတွေလည်း ရှိသေးတယ်။ တချို့အလုပ်သမားတွေက မိုးရာသီဖြစ်လို့ သမ္မတ မပြန်ခင် ကတည်းကနေ ပြန်သွားတာ။ ဒါပေမဲ့ သွားရေးလာရေး လုံခြုံရေးကအစ တင်းကြပ်မှုတွေရှိတယ်”ဟု KDNG ၏ ပြောခွင့်ရသူ မအနန်က ပြောသည်။ဦးသိန်းစိန်က မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူ့သဘောထားအတိုင်း မိမိအစိုးရလက်ထက်တွင် ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝ ရက်နေ့က လွှတ်တော်နှစ်ရပ်လုံးသို့ အကြောင်းကြားခဲ့သည်


“လတ်တလော ကျမတို့သိရသလောက်ဆိုရင် တံတားဆောက်တာတော့ ရပ်ထားတယ်။ တရုတ်ကုမ္မဏီက မြေယာ လာတိုင်းထွာတဲ့ လူတွေရှိတယ်။ နောက်လမ်းဆောက်နေတာတွေ ရှိသေးတယ်။ နောက်တခုက သူတို့ ပစ္စည်းတွေကို စောင့်ဖို့ ဆိုပြီး ရှိနေတဲ့ အလုပ်သမားတွေလည်း ရှိသေးတယ်”ဟု မအနန်က ပြောသည်။ KDNG အဖွဲ့သည် ၂ဝဝ၄ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းဆောက်လုပ်မှုကို အစဉ်စောင့်ကြည့်နေသော အဖွဲ့ဖြစ်သည်။


တရုတ်နိုင်ငံသား အလုပ်သမား ဝန်ထမ်းအချို့က ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြစ်ဆုံစီမံကိန်းနေရာ ဂွေဒူကျေးရွာမှ ဝိုင်းမော်မြို့နယ် ဝါးရှောင် ကျေးရွာ၏ မြောက်ဘက်မှ ကံပိုင်တီအထိ လမ်းဖောက်လုပ်မှု ဆက်လက် ရှိနေကြောင်းကို ညွှန်းဆိုလိုက်ခြင်းဖြစ်သည်။အဆိုပါ လမ်းသည် တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေး ပစ္စည်းများကို သယ်ယူရန် အရေးကြီးသည့် ကားလမ်း ဖြစ်သည်ဟု KDNG က မအားနန်က ပြောသည်။


ထို့ပြင် စီမံကိန်းရပ်ဆိုင်းထားသော်လည်း အမှတ် (၂) သတ္တုဝန်ကြီးဌာနနှင့် ဟာခါဘို သတ္တုတူးဖော်ရေး ကုမ္ပဏီ လီမိတက်တို့က သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးစေသော ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်မှုများ ဆက်လက် ပြုလုပ်ဆောင်နေသဖြင့် ရပ်ဆိုင်းရန် အစိုးရထံ တောင်းဆိုလိုက်သည်။“ဒေသခံတွေကိုတော့ ခွင့်မပေးဘဲ ဒီကုမ္ပဏီတွေဘဲ မေခ မလိခကြား တြိဂံနယ်မြေထဲမှာ မြစ်အထက်ပိုင်းမှ သစ် ထုတ်လုပ်နေတာတွေ လုပ်နေတာတွေ ရပ်ဖို့ ပြောချင်တယ်။ ညဘက်ပိုင်း တရုတ်တွေ ကားနဲ့ တရုတ်နိုင်ငံဘက် သယ်ဆောင်သွားတယ် ဆိုတာကို ဒေသခံတွေ ပြောပြချက်အရ သိတာပါ။ ကျမတို့ လူတွေက မျက်မြင် သက်သေ ဖြစ်နေတယ်”ဟု မအနန်က ပြောသည်။


သို့သော် မြန်မာကုမ္ပဏီ တခုဖြစ်သည့်Asia World ကုမဏီမှ လုပ်သားများကတော့ စီမံကိန်းကို ရပ်ဆိုင်းပြီးပြန်သွားကြပြီဟု ဒေသခံတဦးက ပြောသည်။မြစ်ဆုံဆည်စီမံကိန်းနှင့် ကီလိုမီတာ ၅ဝ ခန့်ကွာသောဒေသတွင် ဗဟိုအစိုးရကို လက်နက်ကိုင် တော်လှန်နေသော ကချင်လွတ်မြောက်ရေးအဖွဲ့၏ တပ်မဟာ ၁ တပ်ရင်း ၃ ၏ လဖိုင်ဂိတ် တပ်စခန်းတခုရှိသည်။ စီမံကိန်းမှ ကီလိုမီတာ ၄ဝ ခန့် ဝးကွာသော မြစ်ကြီးနားမြို့ရပ်ကွက်အချို့တွင် စစ်တပ်အသုံးပြုရန် ပေါ်တင်ဆင့်ခေါ်မှုများ လုပ်နေသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငြင်းဆန်ထားသည်။စီတာပူ၊ တပ်ကုန်း၊ ဒူကထောင် ရပ်ကွက်များမှ တရပ်ကွက်လျှင် လူ ၅ဝ စီ ပေးပို့ရမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်က တောင်းဆိုထားရာ " ဒါပေမဲ့ ကျနော်တို့က တာဝန်မယူနိုင်ဘူး။" ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။


မြစ်ဆုံရေကာတာ စီမံကိန်းအနီးတဝိုက်မှ ကျေးရွာသား ဒေသခံများကို မူလ မိမိအိမ် နေအိမ်များသို့ ပြန်လည်နေထိုင်ခွင့်ပေးရန်နှင့် မေခ-မလိခမြစ်အထက်ပိုင်းရှိ ရေကာတာစီမံကိန်းများကိုလည်း ရပ်ဆိုင်းရန် KDNG တောင်းဆို လိုက်သည်။မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့်အပေါ် ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု CPI က အတိအလင်းပြောဆိုခဲ့ပြီး ဖြစ်သည်။ အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၎င်းတို့ ကုမ္ပဏီများ၏ အကျိုးစီးပွားအတွက် ထည့်သွင်းစဉ်းစားပေးရန် ထုတ်ပြန်ခဲ့သေးသည်။


http://www.mizzimaburmese.com/special/research/2011-09-22-05-33-28/8489-2011-10-14-15-10-43.html


မှကူးယူတင်ပြသည်


Posted by MAUNG NE WIN

Sunday, October 16, 2011

မြစ်ဆုံ အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ဟု ကချင်ကွန်ယက်အဖွဲ့ ပြော

အောက်တိုဘာလ ၁၄ရက်။ စောခါးစူး (ကေအိုင်စီ)
မြစ်ဆုံစီမံကိန်း၏ လုပ်ငန်းခွင်တွင် အခြေခံဆက်သွယ်ရေးလုပ်ငန်းများ ဆက်လက် ရှိနေခြင်းသည် အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(KDNG)က ယနေ့ ပြောကြားလိုက်သည်။
မြန်မာအစိုးရက မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားသည်ဟု ပြောသော်လည်း လတ်တလော ဆည်တည်ဆောက်ရေး အမှတ်(၇) နေရာ တောင်ဘက်ပိုင်းတွင် မြေလေ့လာ တိုင်းထွာခြင်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု KDNG ၏ ပြောခွင့်ရ အားနန် က ပြောသည်။
၎င်းက “လုပ်ငန်းခွင်မှာ လုပ်ဆောင်မှု ဆက်ရှိနေတာကိုကြည့်ရင် ဆိုင်းငံ့တယ်ဆိုတာ မယုံဘူး။ တကယ်တမ်း မြစ်ဆုံရေကာ တာ တည်ဆောက်ရေးကို ဆိုင်းငံ့ထားတယ်ဆိုရင် တရုတ်ကုမ္ပဏီဘက်ကလည်း တရားဝင် ကြေညာချက် ထုတ်ပြန်မှသာ ကျမတို့ ယုံမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြစ်ဆုံစီမံကိန်းအတွက် အထောက်အကူပြုစေသည့် ဘူဒိုဇာ(မြေတူးကား)၊ ကုန်တင်ကား၊ ဘိလပ်မြေကြိတ်စက်နှင့် တရုတ်အလုပ်သမားအချို့တို့ ဆက်လက် တည်ရှိပြီး လုံခြုံရေးတင်းကြပ်မှုများလည်း ယခင် အနေအထားအတိုင်း ဖြစ်သည်ဟု KDNG က ပြောသည်။
တဆက်တည်း၌ပင် မြစ်ဆုံဆည် ဆောက်လုပ်ရေးနေရာတွင် ရွှေတူးဖော်ရေး လုပ်ငန်းကိုလည်း တရုတ်ကုမ္ပဏီဘက်က ဆက် လက် လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။ ၎င်းအပြင် စီမံကိန်းရပ်တန့်မည့် အရိပ်အယောင် မတွေ့ရသဖြင့် မြစ်ဆုံဒေသရှိ ကချင်ရွာသူရွာသားများ၏ အနာဂတ်အတွက် မသေချာ မရေရာမှုနှင့် စိုးရိမ်ကြောက်လန့်မှုများမှာ ရှိနေဆဲဖြစ်သည်ဟုလည်း KDNG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“မြစ်ဆုံဆည် ဆိုင်းငံ့တာနဲ့ ပတ်သက်ပြီး သမ္မတပြောခဲ့တဲ့အပေါ် ကျနော်တို့ ယုံကြည်မှုမရှိဘူး။ ဆောက်လုပ်ရေးနယ်မြေမှာ အလုပ်သမားတွေ၊ ဆည်ဆောက်လုပ်မယ့် စက်ကိရိယာတွေကို ကျနော်တို့ အခုထိ တွေ့နေရတုန်းပဲ။”ဟု ဒေသခံ ကချင်ရွာ သားတဦးက ကြေညာချက်တွင် ပြောဆိုထားသည်။
အားနန်က မြစ်ဆုံရေကာတာ စီမံကိန်းဆည် ၇ခုလုံးသည် မြစ်ကြောင်းကို အမှီပြုနေကြသည့် ပြည်သူသန်းပေါင်းများကို ထိ ခိုက်စေသည့်အတွက် တရားဝင် ရပ်တန့်မှုရှိသည်အထိ ဆက်လက် ကြိုးပမ်းသွားမည်ဟု ဖြည့်စွက်ပြောဆိုသည်။
ထို့အပြင် မိုးရာသီကုန်လျှင် စီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံ မှု ကော်ပိုရေးရှင်း(CPI) ၀န်ထမ်းတဦးကို ကိုးကား၍ KDNG ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
မြစ်ဆုံရေကာ တည်ဆောက်ရေးစီမံကိန်းကို ၂၀၀၅ခုနှစ်တွင် မြန်မာနှင့် တရုတ်အစိုးရတို့က သဘောတူညီမှုရရှိပြီး လျှပ်စစ်စွမ်း အား စုစုပေါင်း ၁၃,၃၆၀မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။ မြစ်ဆုံရေကာတာ စီမံကိန်းအတွက် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာဘီလျံ ၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ရင်းနှီးမှု အကြီးမားဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်သည်။
http://www.kicnews.org/?p=7726
souce စောခါးစူး (ကေအိုင်စီ)
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

မြန်မာပြည်တွင် အသင်းအဖွဲ့ဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့် တရားဝင်ရရှိ

စနေနေ့၊ အောက်တိုဘာလ ၁၅၊ ၂၀၁၁








မြန်မာပြည်ရှိ လုပ်သားပြည်သူတို့မှာ ဦးသိန်းစိန် လက်မှတ်ရေးထိုးထားသော ဥပဒေသစ်အရ ယခုအပတ်မှစတင်၍ အသင်းသမဂ္ဂဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့် တရားဝင်ရရှိပြီဖြစ်ကြောင်း သောကြောနေ့က အစိုးရအရှိတို့အဆိုအရ သိရှိရသည်။ ထိုသို့ပြောင်းလဲလာခြင်းအပေါ် ကုလသမဂ္ဂအရာရှိများကလည်း ကြိုဆိုကြောင်းသိရသည်။



အစိုးရသတင်းများအရ အဆိုပါဥပဒေကို အင်္ဂါနေ့က ဦးသိန်းစိန်လက်မှတ်ရေးထိုးအတည်ပြုခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ် အလုပ်သမားအက်ဥပဒေကို အစားထိုးမည်ဖြစ်ကြောင်း သိရသည်။"အလုပ်သမားများအတွက် သမဂ္ဂဖွဲ့စည်းခွင့်နဲ့ ဆန္ဒပြခွင့်ကို တရားဝင်ခွင့်ပြုလိုက်တာပါ"ဟု အမည်မဖေါ်လိုသူ အစိုးရအရာရှိတစ်ဦးက AFP ကိုပြောကြားခဲ့သည်။ ထိုဥပဒေအရ စစ်သားနှင့်ရဲသားတို့ကိုခြွင်းချက်ထား၍ လုပ်သားပြည်သူတို့အနေဖြင့် အနည်းဆုံး အယောက် ၃၀ ပါသော သမဂ္ဂဖွဲ့စည်းခွင့်နှင့် အသင်းအဖွဲ့ကိုယ်ပိုင်အမည်နှင့် အမှတ်တံဆိပ်များအသုံးပြုခွင့်ပါ ရရှိမည်ဖြစ်ကြောင်း သိရသည်။အကယ်၍ ဆန္ဒပြရန်အလိုရှိပါက အလုပ်ရှင်တို့ဖက်မှ အလုပ်ရုံဆိုင်ရာအရေးယူမှုများမပြုမီ ၁၄ ရက်ကြိုတင် အသိပေးကြရမည်ဖြစ်ပြီး သမဂ္ဂများအနေဖြင့်လည်း ဆန္ဒပြမှုတွင် လူမည်ရွေ့မည်မျှ ပါဝင်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြရမည်ဟု ဥပဒေတွင်ပါရှိကြောင်း သိရသည်။



သို့သော် ဆေးရုံ၊ မီးသတ်၊ ဆက်သွယ်ရေးနှင့် ရေမီးဝန်ဆောင်မှု အစရှိသည့် အရေးကြီးသောဝန်ဆောင်မှုတို့မှ အလုပ်သမားများမှာမူ ဆန္ဒပြခွင့်မရှိကြောင်း သိရသည်။ အလုပ်ရှင်ဖက်မှ ဥပဒေချိုးဖေါက်ကြောင်းထင်ရှားလျှင် ဒဏ်ငွေတစ်သိန်း (သို့) ထောင်ဒဏ်တစ်နှစ် ချမည်ဖြစ်ပြီး အလုပ်သမားဖက်မှ ဥပဒေချိုးဖေါက်ကြောင်းထင်ရှားလျှင် ဒဏ်ငွေ သုံးသောင်း ရိုက်မည် ဖြစ်ကြောင်း သိရသည်။"အလုပ်သမားဥပဒေက ကောင်းလှတယ်မဆိုသာပေမယ့် ဒါကိုတော့ကြိုဆိုရမှာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက AFP ကိုပြောကြားခဲ့သည်။



အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ကလည်း ဥပေဒသစ်ကိုကြိုဆိုကြောင်း၊ သို့သော် ကုလအရာရှိSteve Marshall က ဥပဒေကို အပြည့်အစုံ မဖတ်ရသေးသဖြင့် သတိရှိစေလိုကြောင်းပြောသည်ဟု သိရသည်။"ဒါပေမယ့် အခြေခံသဘောတရားအရ ဒါဟာ မြန်မာအစိုးရရဲ့ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဆိုတာ မေးခွန်းထုတ်ဖို့မလိုပါဘူး"ဟု သူက AFP ကိုပြောကြားခဲ့သည်။ "ဒါဟာ နိုင်ငံတစ်ခုအတွက် စီးပွားရေးနဲ့လူမှုရေး ဖွဲ့ဖြိုးတိုးတက်စေမယ့် အကြောင်းရင်းခံတရားပါပဲ"။ သို့သော် မြန်မာပြည်တွင် ဆန္ဒပြအလုပ်သမားများကို ယခင်က မကြာခဏ ဖမ်းဆီးထောင်ချခဲ့ဖူးသည်ဖြစ်ရာ အလုပ်သမားတို့အနေဖြင့် ဆန္ဒပြဖို့အားမွေးရန် အချိန်အနည်းငယ်လိုဦးမည်ဖြစ်ကြောင်း သူကဆိုသည်။



ဆန္ဒပြလို့ အဖမ်းခံခဲ့ရသူတွေ အခုထက်ထိထောင်ထဲမှာ ရှိနေတုန်းပဲလေ။ဩစတြေးလျနိုင်ငံ Macquaire တက္ကသိုလ်မှ မြန်မာ့အရေးကျွမ်းကျင်သူ Sean Turnell က ယုံကြည်မှုကင်းမဲ့ နေသော ပြည်သူလူထုကို အစိုးရက အသင်းအဖွဲ့များအပေါ် ငြိမ်းချမ်းစွာ တုန့်ပြန်မည့်အကြောင်း သံသယ ကင်းအောင် လုပ်ဖို့လိုသည်ဟုဆိုသည်။"ပြည်သူတွေကို တစ်ကယ်ရောဆန္ဒပြခွင့်ပြုပါ့မလား။ ခြေလှမ်းက အရမ်းကျဲလွန်းသလိုပဲလို့ ထင်တယ်။ ပြည်သူတွေဖက်က ဒီဥပဒေကို တစ်ကယ်လက်ခံယုံကြည်လာဖို့ဆိုရင် နည်းနည်းတော့အချိန်ပေးရဦးမယ် ထင်ပါတယ်"။
source: AFP



http://www.france24.com/en/20111014-burmese-granted-right-strike-unionise-thein-sein-workers-labour-rights-ilo-un


မှကူးယူတင်ပြသည်


Posted by MAUNG NE WIN

Saturday, October 15, 2011

ဦးသိန်းစိန် အစိုးရ အပြောနဲ့အလုပ် မညီကြောင်း မစုစုနွေး ဝေဖန်

2011-10-13

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား အမြောက်အများ ထောင်ထဲမှာ ကျန်ရှိနေသေးတာကြောင့် ဦးသိန်းစိန် အစိုးရဟာ အပြောနဲ့အလုပ် မညီဘူးလို့ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်က မနေ့က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသူ မစုစုနွေးက ဝေဖန် ပြောဆိုလိုက် ပါတယ်။





နိုင်ငံရေး အကျဉ်းသူ မစုစုနွေးဟ မှတ်တမ်းဓါတ်ပုံ တပုံ ဖြစ်ပါသည်။


အကျဉ်းထောင်က လွတ်မြောက်ပြီးနောက် ခန္တီးမြို့မှာ ရန်ကုန်ကို ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်ကို စောင့်ဆိုင်းနေတဲ့ မစုစုနွေးကို RFA က ဒီကနေ့ ဆက်သွယ်ရာမှာ အခုလို ပြောဆိုလိုက်တာပါ။
"တကမ္ဘာလုံးက ကျမတို့အားလုံးက တောင်းဆိုထားတဲ့ အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးရင် အပြောနဲ့ အလုပ် ညီတယ်လို့ ကျမ ပြောချင်ပါတယ်။" မစုစုနွေးဟာ လာမယ့် တနင်္ဂနွေနေ့မှာ လေကြောင်းခရီးနဲ့ ရန်ကုန်မြို့ကို ရောက်ရှိမယ်လို့ သိရပါတယ်။
ရန်ကုန်ကို ပြန်လည် ရောက်ရှိတဲ့အခါ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်တဲ့ အထိ လှုပ်ရှား ဆောင်ရွက်သွားမယ်လို့လည်း မစုစုနွေးက ပြောပါတယ်။
"ကျန်နေခဲ့တဲ့ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ အကျဉ်းကျခံနေရတဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက်ကို ကျမတို့ ကျန်နေတဲ့သူတွေကတော့ အမြန်ဆုံး လွှတ်ပေးအောင်လို့ ဆက်လက်ပြီးတော့ ကြိုးစားသွားမှာပါ။" ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအ ထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး တည်းခိုနေတဲ့ ရန်ကုန်မြို့က ဟိုတယ်တခု အနီးမှာ ဆိုင်းဘုတ်ကိုင် ဆန္ဒပြခဲ့မှုကြောင့် အာဏာပိုင်တွေက ဖမ်းဆီးပြီး၊ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။
နောက်ပိုင်း အယူခံ တင်သွင်းမှုကြောင့် ပြစ်ဒဏ်ကို ၈ နှစ်အထိ သက်ဆိုင်ရာက လျှော့ချပေးခဲ့ပြီး၊ အခု ထောင်သက် ၄ နှစ်နီးပါး အကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။


http://www.rfa.org/burmese/news/su-su-nway-10132011092006.html


မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဘန်ကီးမွန်း တိုက်တွန်း

2011-10-12

နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုထားတဲ့ အတိုင်း သမ္မတဦးသိန်းစိန်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြောပါတယ်။




အစည်းအဝေးတခုတွင် စာရွက်စာတမ်းများ သိမ်းဆည်းနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဖြစ်ပါသည်။ (Photo: AFP)


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ပြောခွင့်ရ အမျိုးသမီး Soung-ah Choi က -


မြန်မာနိုင်ငံမှာ အစိုးရက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးနေတာကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က အနီးကပ် စောင့်ကြည့်နေပါတယ်။ အခု လွှတ်ထဲအထဲမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါတယ် ဆိုပေမယ့် အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ဘန်ကီမွန်းက မျှော်လင့်နေပါတယ်။ ဒါမှလည်း သမ္မတ ဦးသိန်းစိန် အနေနဲ့ လူ့အခွင့်အရေး အခြေခံမူတွေကို လေးစားလိုက်နာတယ်ဆိုတာ နိုင်ငံတကာကို လက်တွေ့ပြသနိုင်မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
နောက်ဆုံးရရှိတဲ့ စာရင်းတွေ အရ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်းတစ်ရာ့ ငါးဆယ်နီးပါး ရှိတယ်လို့ သိရပါတယ်။


http://www.rfa.org/burmese/news/ban-ki-moon-10122011221212.html


မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဇာဂနာဝေဖန်


ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာကို မြစ်ကြီးနား အကျဉ်းထောင်ဘူးဝတွင် တွေ့မြင်ရစဉ်။ zaganar family album

2011-10-12
ဒီကနေ့မနက် အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ဝေဖန်လိုက် ပါတယ်။
“မနေ့တုန်းကထိတော့ ပြောင်းလဲတယ်လို့ ကျနော့်စိတ်ထဲမှာ ယေဘုယျ နည်းနည်းလေး စိတ်ထဲ ထင်မိတယ်ပေါ့နော် ။ ဒီကနေ့ မနက်ကျတော့ ဟုတ်ရော ဟုတ်ရဲ့လားလို့ သံသယ ပြန်ဝင်သွားတယ်။ ပြောင်းလဲတာမှ ဟုတ်ရဲ့လား မပြောင်းလဲသေးဘူး ထင်မိတာက ကျနော်တို့ သူငယ်ချင်းတွေ လွတ်မလာဘဲ ကျနော်တို့ လူနည်းနည်းလေး မစို့မပို့ပေါ့ဗျာ ဒါလေးပဲ လွတ်လာတဲ့ အခါကျတော့ တကယ် ပြေလည်ချင်တဲ့ ဆန္ဒရှိရဲ့လား အမျိုးသား သင့်မြတ်ရေး ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆိုတာကိုရော တကယ်ဖြစ်ဖို့အတွက် ဦးတည်တာမှ ဟုတ်ရဲ့လားလို့ ကျနော် သံသယ ဝင်သွားတယ်။ ဒီသမ္မတကိုလဲ တိုက်ရိုက်မေးချင်တယ် ဘာလို့ တွန့်တို နေရတာလဲလို့ သူ့အိတ်ထဲက စိုက်ရတာမှ မဟုတ်ဘဲနဲ့”
အခုလို လွတ်မြောက်လာပြီ ဖြစ်တာကြောင့် သူ့အနေနဲ့ ရှေ့ဆက် ဘာတွေ လုပ်ဆောင်သွားမယ် ဆိုတာကိုလဲ ကိုဇာဂနာက ရှင်းပြပါတယ်။
“ကျနော်ရည်စူး ထားတာကတော့ ကျနော်တို့ ၈၈ တုန်းကတည်းက လမ်းပေါ်ထွက်ခဲ့တယ် ဆိုတာ လမ်းပေါ်နိုင်ငံရေးလို့ပဲ ပြောပြော Activist လို့ပဲပြောပြော အပျင်းပြေ ထွက်ခဲ့ကြတာမှ မဟုတ်ဘဲ၊ ပါတီစုံ ဒီမိုကရေစီ ရရှိရေးဆိုပြီး တောင်းဆိုခဲ့ကြတာကိုး။ အဲဒီတော့ ကျနော်တို့ အဲဒီနေရာကို ရောက်ခါနီးစဲစဲပဲ ရှိသေးတယ် မရောက်သေးဘူးလို့ ယုံကြည်တယ်။ အဲဒီအတွက် ကျနော် နောက်ထပ် လုပ်ရမှာတွေ အများကြီး ကျန်သေးတယ်”
ဟာသ သရုပ်ဆောင် ကိုဇာဂနာဟာ ၂၀၀၈ နာဂစ်မုန်တိုင်းသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ခဲ့ပြီးနောက် အဖမ်းဆီးခံရကာ ထောင်ဒဏ် (၃၅)နှစ် အချခံထားရသူပါ။ ၃နှစ်ခွဲနီးပါး အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။
http://www.rfa.org/burmese/news/zaganar-released-10122011125259.html
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

ဇာဂနာလွတ်ပြီ

2011-10-12

၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၃ နှစ်နဲ့ ၅ လ အကြာမှာ လွတ်လာခဲ့ပါပြီ။ ကိုဇာဂနာ ကျန်းမာရေး အတော်ကောင်းမွန်နေသလို ပြင်ပမှာ ရှိနေစဉ်အတိုင်း အာအက်ဖ်အေရဲ့ မေးခွန်းတွေကို တက်ကြွတဲ့အသံနဲ့ ဟာသနှောပြီး ဖြေခဲ့ပါတယ်။


ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်ခဲ့ပြီးနောက် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ရောက်ရှိလာချိန်တွင် ကြိုဆို နှုတ်ဆက်သူတွေနဲ့အတူ တွေ့မြင်ရစဉ် မြင်ကွင်း ဖြစ်ပါတယ်။ AFP PHOTO/Soe Than WIN


ပထမဆုံး ထောင်ကထွက်ရတဲ့ ခံစားမှုကို သူက အခုလို ပြောပါတယ်။
“သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု ၃ နှစ် ၅ လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့။ တကယ်ဆို ထောင်ကလွတ်တာ ပျော်စရာပေါ့။ ဒါပေမယ့် ကျနော် မပျော်နိုင်ဘူး၊ သူငယ်ချင်းတွေ အများကြီး ထောင်ထဲမှာ ကျန်ရစ်ကြတယ်။ ဘာလို့ အစိုးရ တွန့်တိုတာလည်း နားမလည်ဘူး ဖြစ်ရတယ်။ လွတ်မယ့်သာ လွတ်လာတယ် လွတ်ရကျိုး မနပ်ဘူးပေါ့”
ကိုဇာဂနာ နဲ့အတူ မြစ်ကြီးနားထောင်မှာ ၁၄ နှစ်နီးပါး နေခဲ့ရတဲ့ ဦးမျိုးအောင်သန့်နဲ့ ၂ဝဝ၇ သံဃာ့လှုပ်ရှားမှုမှာ ဖမ်းခံရတဲ့ သာကေတ မြို့နယ်က ကိုယဉ်မင်းထွန်းဆိုသူ ကျောင်းသားတို့ ၃ ဦးသာ လွတ်ပြီး သံဃာတော်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ယောက် လောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။
“ဘုန်းကြီး ၄ ပါး ကျန်ခဲ့တယ်၊ ဆရာတော် ဦးဥာဏရယ် မန္တလေးက ဆရာတော်ချည်းပဲ ၄ ပါး၊ ဆရာတော် ဦးဝေဒသူ ရယ်၊ ဦးဓမ္မသာမိ ရယ်၊ နောက် ဆရာတော် ဦးကဏ္ဍသာရရယ်။ နိုင်ငံရေးသမားတွေ ကတော့ သီဟသက်တင်၊ ဇေယျာအောင်၊ မျိုးမင်းသန်း၊ ကိုကြည်တိုး၊ နိုင်ငံတော်အစိုးရ လက်မခံတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့ သူတို့ ကျန်ခဲ့တယ်”
နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင် စုစုပေါင်း ၄ ကြိမ် ကျခဲ့ဖူးတဲ့ ကိုဇာဂနာဟာ အရင်ကာလတွေက ထောင်မှာ နေခဲ့တာထက် ဒီတခါ မြစ်ကြီးနားထောင်တွင်း အခြေအနေတွေ ကောင်းမွန်လာတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင် ခံစားနေရတဲ့ သွေးတိုးရောဂါလည်း မြစ်ကြီးနားက ဆရာဝန်ရဲ့ စောင့်ရှောက်မှုကြောင့် ကောင်းလာတဲ့ အကြောင်း ပြောပါတယ်။
ကိုဇာဂနာ မလွတ်မြောက်ခင် အချိန်အထိ တနှစ်နဲ့ ၅လလောက် ထောင်ဝင်စာ ပိတ်ခံရတာနဲ့ ပတ်သက်လို့လည်း သူက အကျဉ်းသား အခွင့်အရေး ချိုးဖောက်ခံရတာမို့ အတော်လေး ခံပြင်းခဲ့ရတယ်လို့ ပြောပါတယ်။
“ဒါဟာ ဆိုးရွားတဲ့လုပ်ရပ်ပါ၊ အကျဉ်းသားတယောက်ဟာ အကျဉ်းထောင် ဥပဒေ ချိုးဖောက်ရင် လုပ်ပေါ့၊ ကျနော့်မှာ ဘာမှ မချိုးဖောက်ဘူး။ ခယ်မက ထောင်ဝင်စာ လာတွေ့ တယ်။ ထောင် ဝန်ထမ်းတွေနဲ့ အဆင်မပြေ ဖြစ်တယ်။ သူတို့ချင်း ဖြစ်တာ ကျနော့်ကို အရေးယူတယ်ဆိုပြီး ကျနော့်ကို ထောင်ဝင်စာ ပိတ်တာ။ နောက်နောင် ဒါမျိုးမဖြစ်အောင် ထောင်ပိုင်ကို တရားဝင် ပြောခဲ့ပါတယ်”
ကိုဇာဂနာရဲ့ မိခင်နဲ့ ဖခင် ၂ ဦးလုံးဟာ ထင်ရှားတဲ့ စာရေးဆရာကြီး တွေ ဖြစ်သလို လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်နဲ့ ၂ဝ၁ဝ ခုနှစ်ကပဲ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ခဲ့ကြတာပါ။ မိဘ၂ ပါးထံက အနုပညာအမွေ ဆက်ခံနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝ ကတည်းက အငြိမ့် လူပြက်အဖြစ် နာမည်ရခဲ့ပြီး မဆလခေတ် တလျှောက်လုံး တပါတီ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ အမြီးအမောက် မတည့်တာ တွေကို သိမ်မွေ့တဲ့ နိုင်ငံရေး သရော်ချက်တွေ၊ ပျက်လုံးတွေ ထုတ်ခဲ့လို့ မြန်မာပြည်သူတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။
အခုရော ထောင်ထဲမှာ ပြက်လုံးတွေ ဖန်တီးဖြစ်သလား၊ မကြာသေးခင်က ၂ ပိုင်းကွဲပြီး ပြည်တော်ပြန်သွားတဲ့ သီးလေးသီး အဖွဲ့ကို ဘယ်လို သဘောထားရှိလဲလို့ တဆက်တည်း မေးကြည့်ပါတယ်။
“ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။ ကျနော် အခု ပြန်ထွက်လာပြီ ဆိုတော့ ပြောစရာ ၂ ခုပဲ ရှိတယ်။ သီးလေးသီး ကမယ့်ဟာ သဘောမတူနိုင်ဘူး။ ဘာလို့လဲဆို သီးလေးသီး ဆေးရောင်စုံ ဆိုတာ ကျနော့်နာမည် ဖြစ်တာမို့ သီး ၂ သီး ထဲ ပွဲကတာ လက်မခံနိုင်ဘူး၊ အသီး ၄ သီး စုံမှသာ လက်ခံနိုင်မယ်။ နောက်တချက်က မြပုဏ္ဏမာရင်သွေး ဆိုပြီး အသုံးပြုခွင့် မရှိဘူး၊ မြပုဏ္ဏမာ ဆိုတာ ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ညောင်ညောင်၊ ဂေါ်ဇီလာရယ် မင်းသမီးဝင့်သိင်္ဂီ စုံမှသာ ကခွင့်ပြုမယ်”
“အစိုးရအသစ် ဆီးကြိုတဲ့ လူတွေရဲ့ သဘောနဲ့ သော်လည်းကောင်း၊ ဂေါ်ဇီလာ သဘောနဲ့ သော်လည်းကောင်း အဲဒီနာမည်နဲ့ ခွင့်မပြုနိုင်ဘူး။ အခု လေယာဉ်ပျံ ကွင်းဆင်းနေပြီ၊ လေယာဉ်ပေါ်က ဆင်းတာနဲ့ တပြိုင်နက် အဲဒီပွဲကို အဓိက သွားတားမယ်”
ကိုဇာဂနာဟာ လောလောဆယ် ဘာဆက်လုပ်မယ်ဆိုတာ ယတိပြတ် မပြောနိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်ရောက်တာနဲ့ တွေ့ဖို့ ရှိတဲ့အကြောင်း၊ အဲဒီအခါ သူ ဘာလုပ်ရမယ်ဆိုတာ အဖြေပေါ် လာမယ်လို့လည်း ပြောပါတယ်။
ဒီကနေ့ ကိုဇာဂနာအပေါ် ချစ်ခင်လေးစားတဲ့ ပြည်သူတွေ နိုင်ငံရေး သမားတွေကို ဘာပြောချင်လဲလို့ မေးကြည့်ပါတယ်။
“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့ ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk Only’ စကားတွေချည်းပဲ ပြောပြီး ဘာအလုပ်မှ မလုပ်တဲ့ ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။ တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်”


မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်လွတ်မြောက်လာ




2011-10-12


သမ္မတဦးသိန်းစိန်ရဲ့ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်အရ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ လွှတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ပါဝင်တယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) က သတင်းထုတ်ပြန်ပါတယ်။





လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများကို ရန်ကုန် အင်းစိန် အကျဉ်းထောင်ရှေ့တွင် ကြိုဆိုကြနေသူများ မြင်ကွင်းဖြစ်ပါသည်။



RFA က သီးခြား စုံစမ်းချက်အရ အင်းစိန်အကျဉ်းထောင်က အမျိုးသား ၅၆၄ ဦး၊ အမျိုးသမီး ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက် ခွဲပြီး လွှတ်ပေးမယ်လို့ ကနဦး သတင်းများ ရရှိခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ပါဝင်တယ် လို့သိရပါတယ်။
စစ်ကိုင်းတိုင်း ခန္တီးထောင်ကနေ လယ်သမားအခွင့်ရေး ဆောင်ရွက်သူ မစုစုနွေး လွတ်မြောက် လာတယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူတွေထဲက ကိုသန်းထွန်းဇင်၊ ကိုကိုကြီး (စမ်းချောင်း) နှင့် အခြား တစ်ဦး စုစုပေါင်း သုံးဦး ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင်က ဆိုပါတယ်။
ရှမ်းပြည်နယ် ကျိုင်းတုံထောင်က လွတ်မြောက်သူတွေထဲမှာ ဂျာနယ်မန်နေဂျာ ဦးစိန်ဝင်းမောင်၊ ဦးသုတဉာဏ (ဦးသန်းဇော် - ရွှေပြည်သာ)၊ ဦးအိန္ဒြယ (ငွေကြာရံစာသင်တိုက် - ဦးအောင်သူငြိမ်း)၊ ဦးစိုးမင်းဦးတို့ ဖြစ်ကြပါတယ်။
တောင်ကြီးထောင်က လွတ်မြောက်လာတဲ့ အကျဉ်းသား ၂၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသား တဦးသာ လွတ်မြောက်ကြောင်း သိရပါတယ်။ လွတ်မြောက်လာသူကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်ခင်ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၊ ဗကသ အဖွဲ့ဝင် ကိုကျော်ကိုကိုတို့ ပါဝင်ခြင်း မရှိဘူးလို့ သွားရောက်စုံစမ်းခဲ့တဲ့ ကိုကျော်ကိုကို၏ ဖခင်က ပြောပါတယ်။
လားရှိုးအကျဉ်းထောင်က အကျဉ်းသား ၉၂ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီး၊ လက်ရှိ အချိန်အထိ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ၄ ဦးသာ လွတ်မြောက်မည့် စာရင်းထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။ စာရင်းထဲပါဝင်လာသူတွေကတော့ ဦးစိန္တိမာ၊ ဦးအောင်ဇော်ဦး (NLD)၊ ဦးအုန်းကျော် (NLD)၊ တင်တင်ချို (NLD) ဖြစ်တယ်လို့ သိရပါတယ်။
တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသား ၅ ဦးနှင့် စစ်ထောက်လှမ်းရေးတချို့ လွတ်မြောက်မည်လို့ သတင်းရရှိပါတယ်။ ၁၉၈၉ ခုနှစ် သန်လျင် ရေနံချက်စက်ရုံ ဖောက်ခွဲမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရတဲ့ ကိုညီညီဦး၊ ပုဒ်မ ၅ နဲ့ ထောင် ဒဏ် ၂၄ နှစ်ကျခံနေရတဲ့ စောမြင့်နိုင်နဲ့ ဦးအေးရွှေ၊ ထောင်ဒဏ် ၁၇ နှစ်ကျခံနေရတဲ့ ကိုဇော်ရဲဝင်း၊ ကိုအောင်သန့်ဇင်ဦး၊ ကိုအောင်ဇေဖြိုး တို့ ပါဝင်ကြောင်းနဲ့ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးကျော်ကျော်ထွန်းလည်း လွတ်မြောက်တယ် သိရပါတယ်။
သာယာဝတီ အကျဉ်းထောင်က အကျဉ်းသား ၆၅ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီး ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ ၂၉ ဦး ပါဝင်ပါတယ်။ အဲဒီအထဲမှာ အရှင် နန္ဒဝံသ၊ အရှင် တေဇိန္ဒ၊ ကိုကြည်လွင်၊ ကိုစိုးမြင့်၊ ကိုစိုးလှိုင်၊ မဇန်ဇန်၊ ကိုကျော်မျိုးဝင်း၊ ဦးညွန့်မောင်၊ ကိုလှဝင်း၊ မငယ်၊ ကိုမောင်ဇော်တို့ ပါဝင်တယ်လို့ သိရပါတယ်။
မန္တလေးထောင်ကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား (၄၀၈) ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား (၄၅)နဲ့ တပ်မတော် ထောက်လှမ်းရေး အကျဉ်းသား (၁)ဦး ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။ မစိုးရိမ် ကျောင်းတိုက်မှ သံဃာ ၈ ပါးနှင့် ဦးလှစိုး၊ ဦးကျော်ညွန့်တို့ပါဝင်ပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုလှမျိုးနောင် ပါဝင်ခြင်းမရှိ သေးဘူးလို့ သိရပါတယ်။
သရက်ထောင်ကနေ အကျဉ်းသား ၉၃ ဦးလွှတ်ပေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား ၁၆ ဦး ပါဝင် တယ်လို့ သိရပါတယ်။ ဒီအထဲမှာ ILO အမှုနဲ့ ထောင်ကျခဲ့တဲ့ ကိုဇော်ဌေးပါတယ်လို့ သိရပါတယ်။
ကလေးထောင်က နိုင်ငံရေးအကျဉ်းသား ၈ ဦးလွတ်လာတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးသန်းလွင် (သံလက်သီးနဲ့ အထိုးခံရလို့ မျက်လုံတစ်ဘက်ကွယ်) ကယားပြည်နယ် လွိုင်ကော်ထောင်ကနေ ဒီကနေ့ လွတ်လာပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူထောင်က အောင်ကိုကိုလွင် (ဦးဂန္ဘီရ ညီ)၊ ပြည်ထောင်က ဖြိုးကျော်ကျော် လွတ်လာတယ်လို့ သိရပါတယ်။
မြောင်းမြထောင်က ၄ ဦးလွတ်လာရာမှာ ဦးဇော်ထူး (မောင်မောင်ထူး)၊ ဦးအောင်သန်းထွန်း၊ ဦးအဂ္ဂဓမ္မ နဲ့ ကိုရဲမင်းနိုင် (တောင်ငူ)တို့ ဖြစ်ပါတယ်။
မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ၅ ဦးလွတ်လာရာမှာ GW အဖွဲ့က ကိုသီဟဝင်းတင်၊ ဗိုလ်မှူးဟောင်းမြင့်ဦး၊ ကိုနန်းဝေ၊ ကိုအောင်ကျော်မိုး ခေါ် ကိုမိုးထက်နေ၊ ကိုအောင်သိုက်စိုးခေါ် ကိုမင်းသိုက်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ပူတာအိုထောင်က ကိုဘိုဘိုဝင်းလှိုင်၊ မထက်ထက်ဦးဝေ၊ မမြမြသိမ့်တို့ လွတ်လာ တယ်လို့ သိရပါတယ်။


http://www.rfa.org/burmese/news/prisoners-lists-10122011120019.html


မှကူးယူတင်ပြသည်


Posted by MAUNG NE WIN

Tuesday, October 11, 2011

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၂၉ရက်နေ့မှ လွတ်မည်။ကိုဇာဂနာ မနက်ဖြန်လွတ်မည်။

Tuesday, October 11, 2011
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၂၉ရက်နေ့မှ လွတ်မည်။ကိုဇာဂနာ မနက်ဖြန်လွတ်မည်။

မနက်ဖြန်တွင် လွတ်လာမည်ဖြစ်သော နိုင်ငံရေးအကျဥ်းသားများတွင် ကျောင်းသားခေါဘင်းဆောင် မင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက် ထိပ်ပိုင်း ခေါင်းဆောင်များ ပါဝင်ဦးမည် မဟုတ်သေးပဲ နောက်တစ်သုတ်လွှတ်မည့်နေ့ဖြစ်သောယခုလ ၂၉ရက်နေ့ကျမှသာ ပါဝင်လိမ့်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးက ပြောကြားလိုက်သည်။
ယနေ့ နံနက်ပိုင်းကတည်းက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလိမ့်မည်ဟုသော သတင်းကြောင့် အင်းစိန်အကျဉ်းထောင်သို့ မီဒီယာသမားများနှင့် အကျဉ်းစံတို့၏ မိသားစုများအပါအ၀င် လူအများစုဝေးရောက်ရှိလာကြပြီး စောင့်ဆိုင်းနေကြရာ အတန်ကြာသည်အထိ လွှတ်ပေးသည်ကို မတွေ့ရှိကြ၍ စာနယ်ဇင်းသမားအချို့က အကျဉ်းဦးစီးဌာနသို့ သွားရောက်စုံစမ်းကြစဉ် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
၎င်းက ဆက်လက်ပြောကြားရတွင် ယခုတစ်ခေါက် လွှတ်ပေးခြင်းမှာ ဟန်ပြသဘောမဟုတ်ပဲ တကယ့်အစစ်အမှန် ဒီမိုကရေစီလမ်းစဉ်ဖြစ်ကြောင်း နာမည်ကျော်နိုင်ငံရေးအကျဉ်းသားအားလုံး ပါဝင်မည်ဖြစ်ပြီး ကျန်းမာရေးမကောင်းသူများနှင့် သက်ကြီးရွယ်အိုများကို အရင်ဆုံး ဦးစားပေးလွှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇာဂနာ မနက်ဖြန်လွတ်မည်။

ကောလဟလများစွာဖြင့် အကြိမ်ကြိမ် လွတ်မြောက်ရန်သတင်းပြေးနေခဲ့သော ကိုသူရဟု ရင်းနှီးသူများ ခေါ်ကြသည့် ဟာသပညာရှင် ဇာဂနာမှာ မနက်ဖြန် အောက်တိုဘာ ၁၂တွင် ပြန်လွတ်လာမည်ဖြစ်ကြောင်းသိရသည်။

ဇာဂနာမှာ ပြီးခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ဘုန်းတော်ကြီးများအား ဆွမ်းကပ်လှူမှု နာဂစ်မုန်တိုင်းဒါဏ်ခံပြည်သူများအတွက် လူမှုရေးလုပ်ငန်းများအား စွမ်းစွမ်းတမံ ဆောင်ရွက်မှုတို့ကြောင့် ထိုစဉ်က စစ်အစိုးရ အာဏာပိုင်များ၏ မျက်မုန်းကျိုးခြင်းကို ခံရပြီး စစ်တပ်ပေးသောလူမှုရေးထူးချွန်ဆုအဖြစ် ထောင်ဆုကို အပ်နှင်းခြင်းခံရရှာသူဖြစ်သည်။

သို့သော် နိုင်ငံရေးအကျဉ်းသားမရှိဟု ကြွေးကျော်လေ့ရှိခဲ့သော စစ်အစိုးရအစဉ်အလာအတိုင်း ဇာဂနာ့ကိုလည်း လက်တွင် ဒေါ်လာ (တစ်ရွက်) တွေ့ရှိမှု၊ ရန်ကုန်မြို့လည်လမ်းမမျေားပေါ်တင် မည်သူမဆို ပေါများစွာ ၀ယ်ယူရရှိနိုင်သော နာဂစ်မှတ်တမ်းတင် ဗီဒီယိုခွေနှင့် သန်းရွှေသမီး ၀တုတ်မကြီး၏ စိန်မင်္ဂလာဆောင်မှတ်တမ်းတင်ခွေများ တွေ့ရှိမှု တို့ဖြင့် အမှုဆင် ထောင်ချခြင်းခံထားရရှာသူ ဖြစ်လေသည်။
ဇာဂနာ မလွတ်ခင်ကတည်းက မြန်မာပြည်စာနယ်ဇင်းများတွင် ၄င်းအား အကြောင်းပြုကာ ပြဿနာများဖြစ်ပွားနေ။

ဟာသပညာရှင်ဇာဂနာ လွတ်မြောက်လာပါက ၄င်းတို့၏ စာနယ်ဇင်းများတွင် ဇာဂနာနှင့် အင်တာဗျူးကို အရင်ဦးအောင် အပြိုင်ထည့်သွင်းလိုသဖြင့် မြန်မာပြည်စာနယ်ဇင်းလောကအတွင်းတွင် ပြဿနာများ ဖြစ်ပွားနေကြကြောင်းသိရသည်။
ဇာဂနာသည် ဦးနေ၀င်းအစိုးရခေတ်ကတည်းက ပြည်သူအား ဟာသပညာဖြင့် အလင်းရောင်ပေးကာ ပြောရဲဆိုရဲ သတ္တိခဲမို့ အာဏာပိုင်များ၏ အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရရှာသူဖြစ်သည်။
ချုပ်ကိုင်မှုများစွာဖြင့် မလွတ်လပ်သော မြန်မာပြည်တွင်း စာနယ်ဇင်းလောကမှာ ပြည်သူလည်းစိတ်ဝင်စား ဆငဆာကလည်း လွှတ်ပေးလောက်သော အကြောင်းအရာအား ခဲယဉ်းပင်ပန်းစွာ ရှာဖွေနေရခြင်းဖြစ်ရာ ယခု ဇာဂနာ့ အင်တာဗျူး ဦးစွာ ထည်သွင်းနိုင်ရေးကိုလည်း လုနေရခြင်းဖြစ်ကြောင်း သိရသည်။

Posted by MAUNG NE WIN

ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ ကြေငြာ

ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ နေ့ခင်း ၁ နာရီတွင် ကြေညာသွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားမည်မျှ ပါဝင်သည်ကိုမူ မသိရှိရသေးပါ။

ယနေ့ နေ့ခင်း ၁ နာရီ ကြေညာချက်အရ “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံနေရသော အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသည့် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့် အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက် နေ့မှ ပြစ်ဒဏ်မှ အသီးသီး လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ။ အဓိပ္ပါယ်မှာ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှ စလွှတ်ပေးမည့် သဘောဖြစ်သည်။

Posted by MAUNG NE WIN

ဦးရွှေမန်းမှ နော်ဝေး၀န်ကြီးအား နိုင်ငံရေး အကျဉ်းသားများမကြာမှီလွှတ်ပေးမည်ဟုပြော(ရုပ်/သံ)

တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၉၊ ၂၀၁၁

နိုင်ငံရေး အကျဉ်းသား( ၂၀၀ဂ)နှစ်ထောင် မကြာမီလွှတ် ပေးမည်။ ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့  ဘက်မှ ၀မ်းမြောက် ၀မ်းသာ နိုင်ငံရေးအရ ကြို ဆိုပါမည်ဟု ဦးရွှေမန်း ပြောဆို














Promise to release 2,000 political prisoners



President i Burmas Nasjonalforsamling, U Shwe Mann, lover at landets politiske fanger skal slippes fri «om noen dager». Se reportasje fra Dagsrevyen.နော်ဝေးလ်ဘာသာ

President of Burma's National Assembly, U Shwe Mann, promises that the country's political prisoners to be released "in a few days." See report from the evening news.

နော်ဝေနိုင်ငံမှ အစိုးရအဖွဲ့ဝင် ၀န်ကြီး (Espen Barth Eide) အက်စ်ဘတ်အီဒဲသည် ၇-၁၀-၂၀၁၁ နေ့က မြန် မာအစိုးရ၏ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ယင်း သို့တွေ့ဆုံစဉ် ဦးရွှေမန်းမှ မြန်မာနိုင်ငံတွင် များမကြာမီ ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား ၂,၀၀ဂ (နှစ် ထောင်) လွှတ်ပေးမည်ဟု ထုတ်ဖော်ပြောဆိုသည်ကို နော်ဝေ ရုပ်မြင်သံကြားဌာနတခုဖြစ်သည့် nrk မှ ပြသ သွားသည်။ ဦးရွှေမန်းမှ မြန်မာလို အကျဉ်းသားများ လွှတ်ပေးမည်ကို နော်ေ၀၀န်ကြီးမှ နားမလည်သဖြင့် ပြန် လည်မေးမြန်းရာ မကြာမီ ရက်ပိုင်းအတွင်းပေါ့။ အကောင်အထည်ဖော်မှာပါဟု ပြန်လည်ဖြေကြားရာ အင်္ဂလိပ် စကားပြန်မှ within a few days ဟု ပြန်ပြောပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ကြိုဆိုပါ မည်လားဟု ထပ်မံမေးမြန်းရာတွင် ရှိနိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာနိုင်ပါတယ်၊ အဲလို ပေါ်လာမယ်ဆိုရင် လည်း မိမိတို့ဘက်မှ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါသည်။်

မူရင်း နော်ဝေ သတင်း

Posted by MAUNG NE WIN

Thursday, October 6, 2011

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့်အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း CPI ဥက္ကဋ္ဌ ခြိမ်းခြောက်

တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှို
(ဓါတ်ပုံ - Bloomberg News)
မစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုသော သတင်းနှင့်ပတ်သက်ပြီး ထိုင်းအစိုးရသတင်းဌာန ဆင်ဟွာ က တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှိုကို မေးမြန်းခဲ့ရာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဆိုခြင်းမှာ တည်ဆောက် မှုများ ရပ်ဆိုင်းသည်ဟုဆိုလိုပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။

ရပ်ဆိုင်းမည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဆက်သွယ်အကြောင်းကြားခဲ့ခြင်း မရှိကြောင်း၊ အထူးပင်အံ့အားသင့်မိကြောင်း လူကျိရှိုက ပြောကြားသွားခဲ့သည်။

အောက်တိုဘာလ ၃ ရက်နေ့တွင်ဆင်ဟွာက စီမံကိန်းရပ်လိုက်ပါက မည်သို့ဖြစ်လာနိုင်သည်ဆိုခြင်းကို မေးမြန်းရာတွင် လူကျိရှို က မြန်မာနှင့်တရုတ်သည် ယခုနှစ် အစောပိုင်းတွင် သဘောတူညီမှုတစ်ခုရခဲ့ပြီး နှစ်ဖက်ဘဏ်များက တရုတ် ယွမ်ငွေဖြင့် ချေးငွေသဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးခဲ့ကြောင်း၊ ချေးငွေပြန်ဆပ်မည်ကို အာမခံသည့်အနေဖြင့် မြန်မာအစိုးရဘက်က မြစ်ဆုံရေအားလျှပ်စစ်စက်ရုံအတွက် ရရှိသောရှယ်ယာများဖြင့် အာမခံခဲ့ကြောင်း၊ယင်းမှရရှိရန် မျှော်လင့်ထားသည်များကို ချေးငွေပြန်ဆပ်ရန် အဓိကရင်းမြစ်အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊ မြစ်ဆုံစီမံကိန်းရပ်လိုက်ပါက ချေးငွေသဘောတူညီချက် ချမှတ်မှုအပေါ် ဆိုးဆိုးရွားရွားသက်ရောက်နိုင်ကြောင်း သတိပေးခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် မြစ်ဆုံစီမံကိန်းကိုစတင်ခဲ့ပြီး ဆည်ဧရိယာတွင် နေရာရွှေ့ပြောင်းမှုများ မှာ ပြီးစီးပြီဖြစ်သည်ဟု လျူက ဆိုသည်။ပြင်ဆင်မှုများဖြစ်သော လမ်းတည်ဆောက်မှု၊ သောက်သုံးရေ ထောက်ပံ့မှု၊ လျှပ်စစ်ထောက်ပံ့မှု၊ ဆက်သွယ်ရေးနှင့်မြေနေရာညှိခြင်းများ အပြည့်အ၀စတင်တင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။လမ်း၊ ရေသန့်စက်ရုံ၊ ဆီသိုလှောင်ရုံတို့မှာ ပုံကြမ်းပေါ်နေပြီဖြစ်ပြီး ပင်မရေလွှဲပြွန် နှင့်လမ်းလွှဲစနစ်များအတွက် တူးဖော်မှုများ စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံအတွက်သာ အကျိုးရှိမည်ဟုသတင်းများထွက် ပေါ်နေသည့်အပေါ် ဆင်ဟွာကမေး မြန်းခဲ့ရာတွင်လည်းဆည်ကြီးမှာ နှစ် ၁၀၀ကျော်ခံမည်ဖြစ်သောကြောင့် မိမိ တို့ နှစ် ၅၀ သုံးပြီးမြန်မာကို လုံး ၀လွှဲပေးသောအခါ မြန်မာအစိုး ရသည် အမေရိကန်ဒေါ်လာ ဘီလျံ ဆယ်ချီပြီးပုံမှန်ဝင်ငွေရတော့မည် ဖြစ် ပြီး တိုက်ရိုက်စီးပွားရေးအရ အကျိုးအမြတ်ရှိမည်မှာလည်း ဒေါ်လာဘီလျံရာချီနေမည်ဖြစ်ကြောင်း လူကျိရှိုက နောင်အနှစ် ၅၀ ကျော် တွင်မှ အကျိုးအမြတ်ရမည့်အ ကြောင်းကို ပြောသွားခဲ့သည်။

တည်ဆောက်ရေးအမြင့်ဆုံး ရောက်သည့်အချိန်တွင် လုပ်သား လေးသောင်းမျလိုမည်ဖြစ်ပြီး လက်ရှိ တွင်မြန်မာလုပ်သား နှစ်ထောင်အထိ ပင် အလုပ်အကိုင်အခွင့်အလမ်းဖန် တီးပေးထားနိုင်ပြီဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

ဆည်တည်ဆောက်မှုကြောင့် ရေကြီးမှုနှင့် ငလျင်ကဲ့သို့သော အန္တရာယ်များဖြစ်ပေါ်လာနိုင်သည်ဟု စိုးရိမ်မှုအပေါ်အာမခံနိုင်ခြင်းရှိမရှိ မေးမြန်းခဲ့ရာတွင် အနှစ် ၁၀၀ ကျော် ဆည်တည်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးသည့်ကာလအတွင်း ဆည်တည်ဆောက်မှုကြောင့် ရေလွှမ်းခြင်း၊ငလျင်လှုပ်ခြင်း မရှိခဲ့ဟု လူကျိရှိုက ဆိုသည်။ သို့ရာတွင် ဆည်ကျိုးသောကြောင့် ရေလွှမ်းနိုင်ခြင်းနှင့် ငလျင်လှုပ်ချိန် ဆည်ကျိုးပါက ဖြစ်လာနိုင်ချေကိုမူ ထည့်သွင်းပြောကြားသွားခြင်းမရှိပေ။

မြစ်ဆုံဆည်၏ ရေလွှမ်းမှုကာကွယ်နိုင်သည့် စံနှုန်းမှာ အနှစ် ၁၀၀၀ လျှင်တစ်ကြိမ်နှုန်းဖြစ်ပြီး ပိုမိုသေချာစေရန် အနှစ်တစ်သောင်း တစ်ကြိမ်အဖြစ် သေချာစွာ ဒီဇိုင်းဆွဲခဲ့ကြောင်းဖြေကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင် ပြဿနာနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်လည်း ''လူလုပ်တာမှန်သမျှက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအချို့တော့ ရှိတာပဲလေ''ဟု ပြောကြားခဲ့ပြီး ဆည်တည်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးလာခြင်းနှင့်အတူ သဘာဝပတ်ဝန်းကျင် ကာကွယ်မှုများ အဆင့်မြင့်လာခဲ့ကြောင်း ချေပခဲ့သည်။

အမေရိကန်မှ နှစ် ၈၀ ရှိပြီဖြစ် သော ဟိုးဗားဆည်ကြီးကို ရည်ညွှန်း ပြောသွားခဲ့သော်လည်း ယင်းဆည်ကြီးကြောင့် ကော်လိုရာဒိုမြစ်ဝှမ်းတွင် ဒုက္ခရောက်မှု၊အပင်နှင့်သက်ရှိ မျိုးစိတ်များ မျိုးသုဉ်းကုန်မှုအပါအ၀င် ကြုံတွေ့ခဲ့ရသောပြဿနာများကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ ဘရာဇီး-ပါရာဂွေး ပူးပေါင်းတည်ဆောက်ခဲ့သော အီတေပူဆည်ကြီး၏ အကျိုးရလဒ်များကို ပြောကြားခဲ့သည်။ သို့ရာတွင် ဘရားဇီးက ThreeGorges ဆည်နှင့် အီတေပူ ဆည်ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံးဖြစ်လာမည့် ဆည်သစ်ကြီးတစ်ခုကို တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

Three Gorges Dam ကို ဒီဇိုင်းရေးပေးခဲ့သော Changjiang Institute of Survey,Planning, Design and Research အင်စတီကျု က ဧရာဝတီမြစ်ဝှမ်းအပေါ်ပိုင်း နှင့် မြစ်ဆုံဆည်တည်ဆောက်ရေးဒီဇိုင်း အတွက်တာဝန်ယူပေးခဲ့ခြင်းကြောင့် စိတ်ချရသည်ဟု လူကျိရှိုကပြော ကြားခဲ့သည်။သို့ရာတွင် တရုတ်အစိုးရသည် Three Gorges ဆည်တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာခဲ့သော မျှော်မှန်းမထားနိုင်သည့် ပြဿနာများအတွက် ၀န်ခံခဲ့ပြီး နိုင်ငံတွင်း ဧရာမဆည်ကြီးများ တည်ဆောက်ရေးကို ပြန်လည်သုံးသပ်ခဲ့ပြီးဖြစ်သည်။

ရွှေ့ပြောင်းပေးခဲ့ရသော ဒေသခံများကို တစ်အိမ်ထောင် ငွေတစ်သိန်း၊ရောင်စုံတီဗွီတစ်လုံးနှင့် နှစ်ထပ်သစ်၊အုတ်နှစ်မျိုးသုံးအိမ်တို့ ပေးအပ်ကူညီခဲ့ကြောင်း၊ ကျောင်းများ၊ဆေးရုံများကိုလည်း ကွန်ကရစ်သက်သက်ဖြင့်သာ ဆောက်ထားပြီး ကျောင်းသားများကို ဖတ်စာအုပ်များ၊ယူနီဖောင်းများ၊ စာရေးကိရိယားများ ပေးအပ်ခဲ့ကြောင်းပါ ထည့်ပြောသွားခဲ့သည်။

နောက်ဆုံးအနေဖြင့် တရုတ် စကားပုံနှစ်ခုဖြစ်သည့် ''မျက်မြင်တွေ့ရခြင်းသာ ယုံကြည်ခြင်းဖြစ်သည်'' ဆိုသော စကားပုံနှင့် ''ထင်မြင်ချက်အားလုံးကို တံခါးဖွင့်ထားသူသာ ပညာရှိဖြစ်ပြီး အရူးကမူ သူလိုချင်သည်ကိုသာ သူယုံကြည်သည်'' ဆိုသော စကားပုံနှစ်ခုကို သုံးနှုန်းသွားခဲ့သည်။

Ref;Xinhua,CPI: Mutually Beneficial and Double Winning China-Myanmar Myitsone Hydropower
သတင်း ..Eleven Media Group
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

Tuesday, October 4, 2011

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မယ့် အစီအစဉ် EU ကြိုဆို

တနင်္လာ, 03 အောက်တိုဘာ 2011
မစ်ဆုံရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ မြန်မာအစိုးရက ဆုံးဖြတ်လိုက်တာကို ဥရောပသမဂ္ဂ EU က ၀မ်းသာအားရ ကြိုဆိုလိုက်ပါတယ်။ ဒီစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အပေါ် တရုတ်အစိုးရဘက်ကရော ဘယ်လို တုံ့ပြန်လိုက်ပါသလဲ။ ဥရောပသမဂ္ဂကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပေါ်လစီကို ပြန်သုံးသပ်ရာမှာ ဒီ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဟာ အရေးပါမှာဖြစ်ပေမဲ့ တခြား အချက်တွေကိုလည်း ထည့်သွင်း စဉ်းစားသွားရလိမ့်မယ်လို့ ဆိုပါတယ်။ အပြည့်စုံကို ကိုဝင်းမင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံသား အများအပြားက ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တဲ့ မြစ်ဆုံရေကာတာကိစ္စကို သမ္မတသစ် ဦးသိန်းစိန်က သူ့ရဲ့ သမ္မတ ၆ လတာ ကာလအတွင်း အခုလို လိုက်လျောဆုံးဖြတ်လိုက်တဲ့အပေါ် ပြည်တွင်းပြည်ပက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြရာမှာ ဥရောပသမဂ္ဂလည်း ပါလာပါပြီ။ သောကြာနေ့က ကြေညာချက်ထုတ်ပြန် ကြိုဆိုခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton ရဲ့ ရုံးက ပြောရေးဆိုခွင့်ရှိသူ Maja Kocijancic က -

“ဒီစီမံကိန်းကြီးကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ စိုးရိမ်မှုတွေအပေါ် မြန်မာအစိုးရဘက်က ဖြေရှင်းပေးဖို့ အဆင်သင့်ဖြစ်လာတဲ့အပေါ် ကျမတို့ ကြိုဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာဆောင်ကာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ ဆွေးနွေးပွဲကြီးတခုကိုလည်း အားလုံးက တလေးတစားဖြစ်အောင်လုပ်ပြီး မတူတဲ့အမြင်တွေကို နားထောင်ချင်တဲ့ဆန္ဒတွေ ရှိတာကိုလည်း ကြိုဆိုပါတယ်။”

တရုတ်နဲ့စာချုပ်ကို ပယ်ဖျက်ပြီး မြန်မာပြည်သူလူထု အများစုရဲ့ အကျိုးစီးပွားအပေါ် ဦးစားပေး ဆုံးဖြတ်လိုက်တဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ဥရောသမဂ္ဂရဲ့ မြန်မာပြည်အပေါ် ပေါ်လစီကို စဉ်းစားရာမှာ အကျိုးသက်မှု ဘယ်လိုရှိနိုင်လဲ လို့ မေးရာမှာ ပြောခွင့်ရအမျိုးသမီးကပဲ -

“ဥရောပသမဂ္ဂ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပေါ်လစီကို ပြန်လည်သုံးသပ်တာမှာ ဒီအချက်ကလည်း အရေးပါလာမှာပါ။ ဒါပေမဲ့ တခြား အချက်တွေအပေါ်မှာလည်း ထည့်သွင်း စဉ်းစားသွားရဦးမှာပါ။”

ဒီ အခြားအချက်တွေထဲမှာ ဘာတွေ ပါနိုင်သလဲ ဆိုတဲ့အမေးကိုတော့ ပြောခွင့်ရသူ Kocijancic က ပြည်သူအများစုရဲ့ စီးပွားရေုးလုပ်ငန်းတွေ ကောင်းလာအောင် ကြိုးပမ်းလုပ်ဆောင်ပေးတာတွေ အပြင် သူတို့အနေနဲ့ ဆက်တိုက် အရေးတကြီး တောင်းဆိုခဲ့ပြီးသား အချက်တွေပဲ ပါတာပါလို့ ပြောပါတယ်။

“ကျမတို့အနေနဲ့ အတိုက်အခံတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတခု ဖြစ်လာဖို့ကို တောင်းဆိုလာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တွေထဲမှာလည်း နိုင်ငံရေးပြစ်မှုနဲ့ ထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ဆက်တိုက် တောင်းဆိုထားပါတယ်။”

အခုလို ဥရောပသမဂ္ဂက ကြိုဆိုလိုက်ချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ ကတော့ မြန်မာအစိုးရအနေနဲ့ မြစ်ဆုံဆောက်လုပ်ရေး စာချုပ် ချုပ်ထားတဲ့ တရုတ်ကုမ္ပဏီရဲ့ အခွင့်အရေးကို အကာအကွယ်ပေးရမယ်လို့ စနေနေ့က သတိပေးလိုက်ပါတယ်။ အခုလို အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင်ကျော်ဖိုး စာချုပ် ချုပ်ခဲ့တဲ့ CPI လို့ အတိုခေါက်ခေါ်တဲ့ တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီကို အကာအကွယ်ပေးရေးဆိုတာ ဘာကိုဆိုလိုပါသလဲ ဆိုတာ သိရဖို့ တရုတ်နိုင်ငံ ပေါ်လစီ သုံးသပ်သူ ဒေါက်တာလှကျော်ဇောကို မေးမြန်းကြည့်ခဲ့ပါတယ်။ ဒေါက်တာလှကျော်ဇော က -

“သူတို့က ဒီလိုစီမံကိန်းကြီးတွေ လုပ်တဲ့အခါမှာ သူတို့ နားလည်မှု စာချွန်လွှာတွေ၊ စာချုပ်တွေကို နိုင်ငံတကာအဆင့်နဲ့အမှီ သူတို့ ချုပ်ဆိုထားတာဖြစ်တယ်။ ဥပမာအားဖြင့် ကတိက၀တ် ပျက်တဲ့သူက ဘယ်လို လျော်ရမယ်တို့ ဆိုတာမျိုးပေါ့။ အဲဒါတွေကို အပြန်အလှန် ထိန်းညှိဖို့ ပြောဆိုတာဖြစ်မယ်ထင်တယ်။”

အခုလိုဖြစ်တာက တရုတ်အနေနဲ့ တခြားနိုင်ငံတွေမှာ အတွေ့အကြုံ ရှိထားပြီးသားဖြစ်တယ်လို့လည်း ဒေါက်တာ လှကျော်ဇော ကပဲ ပြောပါတယ်။

“ဒါ သူတို့ကတော့ ပြောရိုးပြောစဉ်ပေါ့။ ဥပမာ လစ်ဗျားကိစ္စမှာလည်း ဒီလိုပဲ သူ ပြောနေတာပဲ။ နောက်တက်လာတဲ့ အစိုးရအနေနဲ့ ပထမအစိုးရနဲ့ သဘောတူထားတဲ့ စာချုပ်တွေကို အသိအမှတ်ပြုပါ။ သူတို့ရဲ့ နစ်နာကြေးတွေကို လျော်ကြေးပေးပါ ဆိုပြီး ဒီလိုပဲ ပြောနေတာပဲ။”

တရုတ်နိုင်ငံက သူ့နိုင်ငံထဲမှာ အခုလို ပြဿနာမျိုးဖြစ်လာရင် ဖြေရှင်းတတ်ပုံကို ဒေါက်တာလှကျော်ဇော က အခုလို ဆက်ပြောပါတယ်။

“သူ့ နိုင်ငံမှာလုပ်လေ့လုပ်ထရှိတာကတော့ အဲလိုပြဿနာပေါ်လာရင် သူက လျှော်ကြေးပေးတာသော် လည်းကောင်း လူတွေ စိတ်ခံစားမှုပြင်းထန်နေရင် နောက်ရွေ့လိုက်ပြီးတော့ လူထုကျေနပ်လာအောင် ရှင်းပြတာတို့ပေါ့ဗျာ။ ပြီးတော့ နစ်နာတဲ့သူတွေကိုလည်း နစ်နာကြေး လုံလုံလောက်လောက်ပေးတာတို့ ကျေနပ်အောင်လုပ်ပေးတာတို့၊ တိုင်းပြည် အကျိုးစီးပွား အမျိုးသား အကျိုးစီးပွားဘက်က ဆွေးနွေးပြီးတော့ တင်ပြတာတို့ ဘာတို့လုပ်ပြီး ပြေလည်အောင်လုပ်သွားတာပဲ။”

ဒေါက်တာလှကျော်ဇော်ကပဲ မြန်မာနိုင်ငံမှာတော့ ဦးသိန်းစိန်က အခုလိုဆုံးဖြတ်လိုက်တာဟာ သူ မဖြေရှင်းပေးနိုင်တဲ့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးကိစ္စလို ကိစ္စမျိုး အများကြီးရှိနေတာမို့ အခုလို သူ့အပေါ် အကျိုးသက်ရောက်မှုနည်းမယ့် မြစ်ဆုံကိစ္စမျိုးကို လိုက်လျော ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

http://www.voanews.com/burmese/news/Myint-sone-EU-10-03-11-130973638.html
မှကူးယူတင်ပြသည်။
Posted by MAUNG NE WIN

ဟောင်ကောင် သတင်းဌာန၇ဲ့ မြစ်ဆုံဆည်အကြောင်းရုပ်/သံ- မြန်မာဘာသာပြန်

အင်္ဂါနေ့၊ အောက်တိုဘာလ ၄၊ ၂၀၁၁
ဟောင်ကောင် သတင်းဌာန၇ဲ့ မြစ်ဆုံဆည်အကြောင်းရုပ်/သံ- မြန်မာဘာသာပြန်

hongkong TV Announcement Myitsone Dam Project


မှတ်ချက်...ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် သတင်းဌာနကဖြစ်ပါတယ်.. ဒေါသတကြီးထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ.. သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်..

သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည် တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ် အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြား ပါတယ်.. ဆည်ကိစ္စမှာ သမ္မတဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့ အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာ စဉ်းစားသင့်တဲ့အကြောင်း အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထားကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်မတ်ခ်ျလမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊

အဲဒီတုန်းက ဦးသိန်းစိန် သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး အနောက်နိုင်ငံတွေ က ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက ပြည်သူတွေရဲ့ ထောက်ခံမှု ကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလိုပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလားချက်ကို ရယူချင်တယ်.. ဒါဟာ သူ့ကိစ္စပါ။

ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့ တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊ မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း ၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်...

မြန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့ အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊ တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့... မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန်အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း... ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်..

သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်.
ဟောင်ကောင် Phoenix Tv(凤凰卫视) Phoenix Satellite Television Holdings Limited (ifeng) သတင်းဌာန websiteမစ်ဆုံဆည်အကြောင်းရုပ်/သံ- မြန်မာဘာသာပြန်
ဘာသာပြန်-နိုင်းနိုင်းစနေ
http://www.phoenixtv.com/


Posted by MAUNG NE WIN

ကမ္ဘာ့လူရမ်းကားကြီး တရုတ်ရဲ့ ၂၁ ရာစု ကျုးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမ ပစ်မှတ်က မြန်မာပြည်

ပကတိဖြစ်ပျက်နေတာတွေအပေါ် အခြေခံထားတဲ့ အနာဂတ် ခန့်မှန်းချက်တခုကို လေ့လာ မှတ်သားမိသလောက် ဖော်ပြလိုက်ပါတယ်။ ဒီအကြောင်းကို အနောက်အုပ်စုနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကလည်း ကြိုတင် တွက်ဆ ထားပြီးဖြစ်သလို မြန်မာ အတော်များများကလည်း သိထားပြီး ဖြစ်ပါလိမ့်မယ်။

၂ဝ၁၃ မှာ မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်ဘက်ကို ပို့လွှတ်မယ့် ရေနံနဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းက ပြီးပါမယ်။ ပိုက်လိုင်းတလျှောက် အမြန်မီးရထားလမ်း ဖောက်လုပ်ဖို့ကလည်း ပိုက်လိုင်းစီမံကိန်းထဲမှာ ကုန်သွယ်ရေးကိစ္စလို့ နာမည်ပေးထားတာ ရှိပါတယ်။ အာဖရိကတိုက် တတိုက်လုံးနဲ့ အရှေ့အလယ်ပိုင်းကလာတဲ့ ရေနံတွေအပြင် မြန်မာနိုင်ငံက ဂက်စ်တွေဟာ အဲဒီ ပိုက်လိုင်းတွေကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို သယ်ယူမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အနည်းဆုံး ၈ဝ % ဖြစ်နေတော့ အင်မတန် တန်ဖိုးကြီးမားတာကြောင့် တရုတ်က ဒီကိစ္စမှာ နည်းနည်းလေးမှ အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ လောင်စာ စွမ်းအင် စပြတ်တာနဲ့ တရုတ်စီးပွားရေး ပျက်စီးရာက အစပြုပြီး လူထုအုံကြွမှုတွေ ဆင့်ကဲဆင့်ကဲ ကြီးထွား ပေါက်ကွဲလာတဲ့အခါ တရုတ်တပြည်လုံး ပြိုကွဲသွားနိုင်လို့ ဖြစ်ပါတယ်။

၂ဝ၁၉ မှာ ပြီးမယ်ဆိုတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာကို တရုတ်က သူတို့ကိုယ်တိုင်တည်ဆောက်၊ သူတို့ကိုယ်တိုင် ကိုင်တွယ်မောင်းနှင်ပြီး နှစ် ၃ဝ ပြည့်ပြီးရင် မြန်မာနိုင်ငံကို လွှဲပြောင်းဖို့ (BOT agreement – Build, Operate, Transfer) စာချုပ်မှာ ရှိပါတယ်။ ရေနံနဲ့ ဂက်စ်ပိုက်လိုင်းကို ထိန်းသိမ်းနိုင်ဖို့က သိပ်အဓိကကျတာကြောင့် မြစ်ဆုံဆည် စီမံကိန်းမပြီးခင် တည်ဆောက်ဆဲကာလမှာ ဆည်တည်ဆောက်တာကို ကာကွယ်ဖို့ဆိုပြီး တရုတ် စစ်တပ်က နည်းလမ်းအမျိုးမျိုးနဲ့ ကျူးကျော် ဝင်ရောက်လာနိုင်ပါတယ်။ လိမ်လည်လှည့်ဖျားမှုတွေနဲ့ ဟန်ဆောင်လို့ မရရင်တော့ ဗြောင်ကျကျ ဝင်ရောက် မလာဘူးလို့လည်း မပြောနိုင်ပါ။ တရုတ်ကျူးကျော်ဖို့ မြန်ဆန်သွားအောင် နေပြည်တော်ဘက်မှာဆို လေယာဉ် ဆင်းတက်လို့ရတဲ့ ကားလမ်းကျယ်ကြီးတွေကလည်း အဆင်သင့် ရှိနေသလို ဖြစ်သွားပါတယ်။

အိန္ဒိယသမုဒ္ဒရာဘက်က တရုတ်ကုန်တင်သင်္ဘောတွေကို စောင့်ရှောက်နိုင်ဖို့ အကြောင်းပြုပြီး တရုတ်ရေတပ် အခြေခံစခန်းတွေ တည်ဆောက်နိုင်အောင် ခြေကုပ်စခန်းတွေကို တရုတ်က လိုက်ရှာပါတယ်။ အနည်းဆုံး ပစ်မှတ် ၂ ခုဟာ မြန်မာနဲ့ ပါကစ္စတန်တို့ ဖြစ်ပြီး သီရိလင်္ကာနိုင်ငံလည်း တချိန်ချိန်မှာ ဖြစ်လာနိုင်ဖို့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်က ခြေကုပ်ရပြီးသွားရင် တနိုင်ငံလုံးဟာ တရုတ်လက်အောက်ခံအဖြစ် သိမ်းသွင်းခံရဖို့ပဲ ရှိပါတော့တယ်။ ဒုတိယတိဗက်လို ဖြစ်လာပါမယ်။ နိုင်ငံတနိုင်ငံက အခြားတနိုင်ငံကို စစ်တပ်နဲ့ ကျူးကျော် ဝင်ရောက်လာပြီးရင် ဘယ်လိုပဲ ရွှန်းရွှန်းဝေအောင်ပြောလည်း ဒါဟာ ကျူးကျော်သိမ်းပိုက်တာဖြစ်ပြီး ပြန်လည်ခုခံ တိုက်ခိုက်မောင်းထုတ်တာ မလုပ်နိုင်သရွေ့ ပြန်ထွက်သွားမှာ မဟုတ်ပါဘူး။ ချက်ကိုစလိုဇက်ကီးယားနိုင်ငံကို ဆိုဗီယက်ရုရှားက ၂၁ နှစ်ကြာအောင် ဝင်သိမ်းထားတဲ့ နမူနာ ရှိခဲ့ပါတယ်။ တရုတ်ကလည်း တိဗက်နဲ့ ဝီဂါ (ဝါ) အွီဂါ (Uyghur) ကို ကနေ့ထိ ကျူးကျော်သိမ်းပိုက်ထားပါတယ်။

၂၁ ရာစုနှစ် တရုတ်ကျူးကျော်မှုက မြန်မာနိုင်ငံမှာတင် ရပ်သွားမှာ မဟုတ်ဘဲ ကျန်တဲ့ အာဆီယံနိုင်ငံ အားလုံးကို ခြိမ်းခြောက်လွှမ်းမိုးပြီး နောက်ထပ် ကျူးကျော်ဖို့ ရှိလာနိုင်ပါတယ်။ ဒါဟာ ထိုင်ဝမ်နဲ့ Spratly ကျွန်းစုကို သိမ်းပိုက် နိုင်ဖို့အတွက် ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ထဲက ကျွန်းငယ်ပေါင်း ၄၅ ကျွန်းလောက်ရှိတဲ့ Spratly ကျွန်းစုဟာ ရေနံနဲ့ ဂက်စ်တွေ အမြောက်အမြား ထွက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ထိုင်ဝမ်နဲ့ တရုတ်တို့က ဒီကျွန်းစုကို ပိုင်ဆိုင်ဖို့ ပြင်းပြင်းထန်ထန် အငြင်းပွားနေပါတယ်။ ဒါကို အင်အားသုံး ဖြေရှင်းမှ ရနိုင်မယ်လို့ တရုတ်က တွက်ဆထားပါတယ်။

ဒါဟာ တရုတ်ရဲ့ အရှေ့နဲ့ အရှေ့တောင်အာရှ မဟာဗျူဟာ အကြမ်းထည်ပါ။ အိန္ဒိယနိုင်ငံကို ကြားညှပ်မယ့် တောင်အာရှ မဟာဗျူဟာနဲ့ တောင်-မြောက် ကိုးရီးယားကျွန်းဆွယ်တခုလုံးကို သိမ်းပိုက်မယ့် အရှေ့မြောက် မဟာဗျူဟာတို့ကလည်း အသီးသီး ရှိပြီးသား ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ အစိုးရဟာ နှစ် ၅ဝ ကနေ နှစ် ၁ဝဝ နှစ်ရှည် စီမံကိန်းတွေအတွက် မဟာဗျူဟာ ထားရှိ လုပ်ဆောင်လေ့ရှိပါတယ်။ လက်ရှိတရုတ်ဟာ အခုဆိုရင် မှန်းထားတာထက် ပိုမိုမြန်ဆန်ပြီး ချမ်းသာလာလို့ အရှိန် ပိုကောင်းလာနေပါတယ်။
တရုတ်ဟာ ၂၁ ရာစု မဟာအင်အားကြီးနိုင်ငံဖြစ်ဖို့ ရည်မှန်းချက်အတွက် နယ်မြေချဲ့ထွင်သိမ်းပိုက်နိုင်ရေးမှာ ဆယ်စုနှစ် ၂ ခု ကြာအောင် သူတို့ အကုန်အကျခံ လက်သပ်မွေးထားတဲ့ မြန်မာပြည်ကနေ စတင်ခြေလှမ်းတော့မှာ ဖြစ်ပါတယ်။ သိပ်လိုအပ်လာရင် ဒီထက်မက မြန်မြန်ဆန်ဆန်လုပ်ဖို့ ရှိလာနိုင်ပါတယ်။ လုပ်ပြီဆိုရင်လည်း တရုတ် ကွန်မြူနစ်ပါတီဟာ ဘာမှဂရုစိုက်မှာ မဟုတ်ပါ။
တရုတ်ကွန်မြူနစ်ပါတီအစိုးရမှာ အပြောတမျိုး အလုပ်တမျိုး လုပ်တဲ့အကျင့်၊ ဗြောင်လိမ်တဲ့အကျင့်၊ အနိုင်ကျင့်လိုတဲ့အကျင့်၊ ခိုးကြောင်ခိုးဝှက်လုပ်တဲ့အကျင့်၊ ကျေးဇူးကန်းတဲ့ အကျင့်၊ ဂုဏ်သိက္ခာမဲ့တာကို မရှက်မကြောက်တဲ့အကျင့်၊ ဝန်မခံဘဲ ဆင်ခြေဆင်လက် အလွန်များတဲ့အကျင့်၊ လူမိုက်မွေးတဲ့အကျင့် စတဲ့ မကောင်းတဲ့ အကျင့်ပေါင်းစုံ ရှိနေတာ တကမ္ဘာလုံး သိနေကြပါတယ်။ ဒီလိုရမ်းကား လာနေတာကို တကမ္ဘာလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းတိုက်ရမယ့်အဖြစ်ပါ။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာ စိုပြေအောင် တကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းနေချိန် အခြားတဘက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ သူ့လိုဘကို ဖြည့်ဆည်းဖို့ ကမ္ဘာကြီးကို ဖျက်ဆီးနေပါတယ်။

တနေ့က Facebook မှာ မိတ်ဆွေတဦးက အိုင်းစတိုင်းရဲ့ ကိုးကားချက်တခုကို ဖော်ပြလာပါတယ်။

The world will not be destroyed by those who do evil, but by those who watch them without doing anything.
Elbert Einstein

လူဆိုးလူရမ်းကားတွေကြောင့် ကမ္ဘာကြီးက ပျက်ဆီးမှာ မဟုတ်ပါဘူး။
သူတို့ရမ်းကားနေတာကို ဘာမှဝင်မတား၊ မနှိပ်ကွပ်ဘဲ ကြည့်နေသူတွေကြောင့်သာ ကမ္ဘာကြီး ပျက်စီးရပါလိမ့်မယ်။
ကျနော်တို့ဟာ ကမ္ဘာကြီးပျက်သွားမှ လိုက်ပြင်ရမယ့်အစား လူရမ်းကားတွေ ကမ္ဘာကို မဖျက်ဆီးခင် သူတို့ကို တားမြစ်နှိပ်ကွပ်တာက ပိုပြီး လွယ်ကူသက်သာပါလိမ့်မယ်။ ကဲ.. ကျနော်တို့ ဒီလူရမ်းကားတွေကို ဘယ်လို တားဆီးနိုင်ကြမလဲ။

လွင်အောင်စိုး
၎-၁ဝ-၂ဝ၁၁

Posted by MAUNG NE WIN

၂၀၁၁ခုနှစ်မြန်မာနိုင်ငံသားများ ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)အမှုဆောင်အစည်းအဝေးပွဲဖိတ်ကြားခြင်း

အမှုဆောင်အစည်းအဝေးပွဲအား အမှုဆောင်များနှင့်အဖွဲ့ဝင်များအားဖိတ်ကြားခြင်း


ကျင်းပမည့်နေရာ ။ ။ KOMAGOME ဘူတာ CHIIKI BUNKA SOZOKAN အပေါ်ထွက်ပေါက်အနီး
ကျင်းပမည့်အချိန် ။ ။ ၉း၀၀ မှ ၁၂း၃၀
ကျင်းပမည့်နေ့ ။ ။ ၂၀၁၁. ၁၀. ၁၆(တနင်္ဂနွေနေ့) တွင်ကျင်းပမည်ဖြစ်ပါသဖြင့်အမှုဆောင်နှင့်အဖွဲ့ဝင်များအားမပျက်မကွက်
တက်ရောက် ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

မြစ်ဆုံစီမံကိန်းဆိုင်းငံ့မယ့်အစီအစဉ်အတွက် တရုတ်နိုင်ငံအစိုးရဖက်မှတုန့်ပြန်သတင်းထုတ်ပြန်ချက်

အင်္ဂါနေ့၊ အောက်တိုဘာလ ၄၊ ၂၀၁၁
မြစ်ဆုံစီမံကိန်းဆိုင်းငံ့မယ့်အစီအစဉ်အတွက် တရုတ်နိုင်ငံအစိုးရဖက်မှတုန့်ပြန်သတင်းထုတ်ပြန်ချက်(အင်္ဂလိပ်စာတန်းထိုး)ရုပ်/သံ

china angry for myitsone


မြန်မာနိုင်ငံမှာတော့ ဦးသိန်းစိန်က အခုလိုဆုံးဖြတ်လိုက်တာဟာ သူ မဖြေရှင်းပေးနိုင်တဲ့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးကိစ္စလို ကိစ္စမျိုး အများကြီးရှိနေတာမို့ အခုလို သူ့အပေါ် အကျိုးသက်ရောက်မှုနည်းမယ့် မြစ်ဆုံကိစ္စမျိုးကို လိုက်လျော ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ် (တရုတ်နိုင်ငံ ပေါ်လစီ သုံးသပ်သူ -ဒေါက်တာလှကျော်ဇော)


President U THEIN SEIN Myanmar has announced in Parliament to respect the wishes of the people of Myanmar, a joint venture with the Chinese side suspended the secret Pine Dam hydroelectric power station construction program. Chinese Foreign Ministry on Oct. 1 to respond the first time, hope and Myanmar through consultations.

Wu Dengsheng statement read out in Parliament, said Myitsone hydropower project in violation of the wishes of the people of Myanmar, in his term of office will suspend the project.

He said: "The Myanmar government is democratically elected government, so we must pay attention to the people's will, we have an obligation to focus on solving people's fears and concerns."

Chinese Foreign Ministry initially said to verify the message, and the lapse of 24 hours for the first time responses, dense pine plant is a joint venture between China and Myanmar, the project implementation process in the matter should be handled through consultations.

Myitsone is Myanmar's largest hydropower dam project cost $ 3.6 billion. Tengchong County, Yunnan Power distance of about 200 kilometers, is located in the mountains in northern Myanmar's Kachin, Irrawaddy River is the river level on the first power plant to be developed, with a total installed capacity of 600 million kilowatts.

Myitsone dam is also the largest overseas Chinese business and transfer of hydropower construction projects, equivalent to China's Three Gorges Power Station. China and Myanmar signed a contract in 2006, the Central China Power Investment Group-owned enterprises unilaterally fund the construction of electricity after the completion of 90% will be exported to mainland China.

Myitsone the end of 2009 the dam began. Construction of more than a year ago, Myanmar's environmentalists, academics, Kachin and other ethnic leaders and politicians, are trying to protest against this project, including the famous Burmese pro-democracy leader Aung San Suu Kyi. They protest, the project has led to living along the Yangtze River in the Irrawaddy, Kachin ethnic minority residents forced thousands to migrate, will seriously damage the ecological environment of the Irrawaddy.

Yi Nuowa Myanmar Irrawaddy's mother, gave birth to Myanmar culture and history. Myanmar, a commentator said: "Every Burmese people and have emotional ties to this river, which is why so many people oppose the dam project."

Harvey BBC correspondent in Southeast Asia Affairs, said that although China Electric Power Group Corporation invite experts to Myanmar to assess the project, but the assessment is not made public.

In addition, BBC also said there is news that Chinese partners in the dam started only after the impact assessment of research. Critics say this is "cart before the horse."

"China and India intersection: the intersection of Burma and the new Asia," Wu Tan Min author of the book said that if the opaque Chinese investment projects, the impact will not be considered local, it would be counterproductive.

Some observers believe that Wu Dengsheng's decision shows the change in the attitude of the new government of Myanmar. They are increasingly willing to listen to the voice of the people, to try to get international recognition.

However, according to "Voice of America" ​​report, Myanmar's river network organization reminded by the China Power Investment Group, responsible for power plant projects Myitsone not yet stopped. Environmental groups called on the Chinese engineers and equipment to withdraw from power plant construction area, and so were forced to move the Kachin people to return home, cease to protect the power station.

Currently living in Germany, King of Verona to water experts, "Deutsche Welle" said Myanmar should stop Myitsone dam will have some impact on China. China's hydropower development are some of the crazy momentum, Wang Vero think this is the Chinese authorities to "develop more than anything else" as the basis for making the wrong decision.

Verona King said: "China's understanding of ecological and environmental protection are a lot different when talking about the construction of the Three Gorges Dam on the ecological hazards, the Government stressed the dam project is to improve the quality of human life, meet people needs, Beijing is always regarded as the master of nature. "

Posted by MAUNG NE WIN

Sunday, October 2, 2011

AAPP (Burma) – မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီ ထုတ်ပြန်




AAPP (Burma) – မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီ ထုတ်ပြန်
မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီ ထုတ်ပြန်
မိုးမခ၊ မှတ်စုမှတ်တမ်းအညွှန်း၊ အောက်တိုဘာ ၁၊ ၂၀၁၁
အေအေပီပီဟု ခေါ်သည့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က လက်ရှိကြံ့ဖွှံ့အစိုးရ အငြင်းပွားနေသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှင်းလင်းထုတ်ပြန်မှု ပြုလိုက်သည်။ ၎င်းတို့က – ” အေအေပီပီ အနေဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်ဆောင်ရွက်မှုကြောင့် ထောင်သွင်းအကျဉ်းချခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ပါသည်။” ဟု ဆိုလိုက်သည်။ သတင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။


သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)





(အေအေပီပီ) မှ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ (သို့) အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီး၊ ရဲဘက် စခန်းများနှင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ပါသည်။
အေအေပီပီမှ ပြုစုထားသောစာရင်းတွင် ထည့်သွင်းဖော်ပြထားသော ဖမ်းဆီးခံရသူ တစ်ဦးချင်းသည် နိုင်ငံရေးနှင့်သက်ဆိုင်ပြီး အကျဉ်းချခံထားရသူများဖြစ်ကြပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိသည်ဆိုခြင်းကို ငြင်းဆန်ခဲ့ကြပါသည်။ ထိုသို့ပင် လက်ရှိ ဦးသိန်းစိန်၏ အစိုးရသစ်သည်လည်း ငြင်းဆန်နေဆဲဖြစ်ပါသည်။ ထို့အတွက် မတရားသည့် အုပ်ချုပ်မှုအား ဆန့်ကျင်သူများသည် ရာဇ၀တ်ပုဒ်မများနှင့် မတရားစွဲဆိုကာ ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်ခံနေရပါသည်။
ဥပမာအားဖြင့် အာဏာပိုင်များသည် ၄င်းတို့အား ဆန့်ကျင်သော နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းထောက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများနှင့် အလွှာအသီးသီးမှ ပြည်သူလူထုအား အခြေအမြစ်မရှိသော ရာဇဝတ်မှုများဖြင့် မတရားသက်သက် သိက္ခာချကာ တရားစွဲဆို ထောင်သွင်းအကျဉ်းချခဲ့ပါသည်။ ထို့အတွက် အေအေပီပီ မှ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ရာတွင် ၄င်းတို့အားစွဲဆိုထားသော အမှုများထက် တစ်ဦးချင်းစီ၏ နိုင်ငံရေးလှုပ်ရှားများအပေါ် ခွဲခြားဆုံးဖြတ်ပါသည်။ ခြုံငုံပြောရမည်ဆိုလျှင် ၄င်းတို့မည်သည့်အတွက်ကြောင့် အဖမ်းခံရသည် အကျဉ်းချခံရသည်ဆိုသည့် နိုင်ငံရေးလှုပ်ရှားမှု နောက်ခံအား ဦးစားပေးဆုံးဖြတ်ပါသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်မှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် မကြာခင် သင့်တော်သည့် အချိန်တွင် အကျဉ်းသားများအား လွှတ်ပေးရန်ရှိပါသည်ဟု ပြောကြားပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများလွတ်လာမည်ဟူသော သတင်းများ ပြန့်နှံ့လာပါသည်။ နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးအကျဉ်းသား စကားလုံးအား ထည့်သွင်းပြောဆိုသွားခြင်းမရှိသော်လည်း လက်ရှိဦးသိန်းစိန်အစိုးရမှ အုပ်ချုပ်သူများအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်မည်ဆိုလျှင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပြီး ၄င်းတို့အပေါ်မတရားချမှတ်ထားသည့် ရာဇဝတ်မှု မှတ်တမ်းများကိုလည်း ပယ်ဖျက်ပေးရမည်ဖြစ်သည်။
အေအေပီပီ အနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားကိုမဆို လွှတ်ပေးခြင်းအား ကြိုဆိုသော်လည်း လက်ရှိအစိုးရသည်လည်း ပြည်သူလူထု၏အခြေခံလူ့အခွင့်အရေးများနှင့် နိုင်ငံသားအခွင့်အရေးများအား အသိအမှတ်မပြုရုံမျှမက ထိုအခွင့်အရေးများအတွက် လုပ်ဆောင်သူများ၊ တောင်းဆိုသူများအား ဖမ်းဆီးကာ ရာဇဝတ်မှုများနှင့်စွဲဆို အကျဉ်းချနေဆဲဖြစ်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သာမန် ပြည်သူလူထုသည် ဖမ်းဆီးခံရမည့်အရေး၊ အကျဉ်းချခံရမည့်အရေးများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။
ဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်လက်ခံမှုကို ရယူလိုလျှင် အမှန်တကယ်စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုများအား ဖော်ဆောင်ကာ မကြာတော့မည့် အနာဂတ် ကာလတွင် စိတ်ရင်းစေတနာမှန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အား ထုတ်ပြန်ရပါမည်။
မှတ်ချက် ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတို့အား အထောက်အကူဖြစ်စေရေးအတွက် အေအေပီပီအနေဖြင့် လက်နက်ကိုင် တော်လှန် ရေးတွင်ပါဝင်သူများနှင့် ရာဇ၀တ်ပုဒ်မများနှင့် တမင်သိက္ခာချ စွဲချက်တင်ခံရသူ နိုင်ငံရေး လှုပ်ရှားသူများ အားပေးကူညီများအား နိုင်ငံရေးအကျဉ်းသားများမဟုတ်ဟု ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။ အေအေပီပီ အနေဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်ဆောင်ရွက်မှုကြောင့် ထောင်သွင်းအကျဉ်းချခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများအား သိက္ခာချရာတွင် (သို့) နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် အသုံးများသည့် ဥပဒေများ – မှတ်ချက်။ ။ လက်လှမ်းမီသလောက်ပြုစုထားခြင်းဖြစ်ပါသည်။
ယခုဇယားထဲတွင်မပါသည့် ပုဒ်မျများနှင့် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများလည်းရှိနိုင်ပါသည်။





ဥပဒေ ပုဒ်မ စွဲဆိုချက်များ အမြင့်ဆုံးထောင်ဒဏ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၂၁၊ ၁၂၂(၁)၊ ၁၂၂(၂)
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ခြင်း၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု
ပြစ်ဒဏ်။ သေဒဏ် (သို့) တစ်သက် တစ်ကျွန်း ထောင်ဒဏ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၂၄၊ ၁၂၄(က)၊ ၁၂၄(ခ)





နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးနှင့် ပတ်သက်၍ ထိန်ချန်ထားခြင်း၊ အကြည်ညိုပျက်အောင် ပြုခြင်း၊ ပြည်ထောင်စု နိုင်ငံ၏ လုပ်ငန်းအဖွဲ့ကိုဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်း အဖွဲ့ကိုဖြစ်စေ အနိုင်အထက်ဖြိုဖျက်စေရန် နှိုးဆော်ခြင်း။
ထောင်ဒဏ် ၇ နှစ်၊ တစ်သက်တစ်ကျွန်း၊ ၃ နှစ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၄၃-၁၄၆
ဥပဒေနှင့်ဆန့်ကျင်သော စုဝေးခြင်းဆိုင်ရာ ပုဒ်မများ
ထောင်ဒဏ် ၂ နှစ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၂၉၅၊ ၂၉၅(က)





လူတစုကိုးကွယ်သည့် ဘာသာ၊ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ်ဝတ်ပြုသည့်နေရာကို ဖျက်ဆီးခြင်း သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း။
ထောင်ဒဏ် ၂ နှစ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၅၀၅(ခ)
အများပြည်သူ၏ အကျိုးပျက်စီးစေမှုကို ဖြစ်ပေါ်သော ဖေါ်ပြချက်။
ထောင်ဒဏ် ၂ နှစ်
၁၉၀၈ မတရားအသင်းအက်ဥပဒေ ၁၇(၁)၊ ၁၇(၂)





မည်သည်မဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်း မဟုတ် ယင်းအသင်း၏ အစည်းအဝေး၌ပါဝင်ဆောင်ရွက်လျှင် သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်၊ ရယူ၊ တောင်းခံလျှင် သို့တည်းမဟုတ် တနည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင်။
ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်





၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ၁၀(က)၊ ၁၀(ခ)
နိုင်ငံတော်အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုထိပါးစေသူ မည်သူမဆိုကို တရားရုံးအမိန့်ချမှတ်ခြင်းမရှိပဲ နေအိမ် အကျယ်ချုပ် အဖြစ်ထိန်းသိမ်းထားခြင်း။
၅ နှစ်၊ နောက်ပိုင်းထပ်တိုးနိုင်
၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ၅(ဃ)၊ ၅(ခ)၊ ၅(ည)





အများပြည်သူတို့အား (သို့) ပြည်သူတစ်စုအား အထိတ်တလန့် ဖြစ်စေရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင်
(သို့) ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျှင်- မမှန်ဟုသိလျှက်နှင့် (သို့) မမှန်ဟု ယုံကြည်လောက်အောင် အကြောင်းရှိလျှက်နှင့် မမှန် သတင်း လွှင့်ရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင်
(သို့) ယင်းသို့ဖြစ်ရန် အကြောင်းရှိသောအမှုကိုပြုလျှင် ပြည်ထောင်စု၏ လုံခြုံရေးကို သော်လည်းကောင်း ငြိမ်ဝပ်ပိပြားမှုပြည်လည်ထူထောင်ရေးကို သော်လည်းကောင်း ထိခိုက်စေရန်အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ (သို့) ပြည်သူတစ်စု၏ ကိုယ်ကျင့် တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖေါက်လဲဖေါက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခု လုပ်လျှင်
(သို့) ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျှင်-
ထောင်ဒဏ် ၇ နှစ်





၂၀၀၄ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)၊ ၃၃(ခ)၊ ၃၈
အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာများကို အသုံးပြု၍ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသော အမှုပြုခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်သော သတင်းအချက်အလက် များ ပေးပို့ခြင်း၊ လက္ခံရယူခြင်း (သို့) ကြိုးပမ်းခြင်း၊
ထောင်ဒဏ် ၁၅ နှစ်


၁၉၈၈ အသင်းအပင်း ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ၆/၈၈ ၅၊ ၆၊ ၇ ၁၉၈၈
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တရားဝင် မှတ်ပုံတင်ခြင်းမရှိသော အဖွဲ့အစည်းဖွဲ့စည်းခြင်း၊ မတည်မငြိမ် ဖြစ်စေခြင်း၊ အဖွဲ့အစည်းဝင်ဖြစ်ခြင်းတို့မှ တားမြစ်သောဥပဒေ။
ထောင်ဒဏ် ၅ နှစ်





၁၉၉၆ ခုနှစ် အမျိုးသားညီလာခံ အား နှောက်ယှက် ဖျက်ဆီးခြင်းမှ ကာကွယ်ဟန့်တားသည့် ဥပဒေ ၅/၉၆ ၃၊ ၄၊ ၅၊ ၆
အမျိုးသားညီလာခံကို နှောက်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ် ဟန့်တားသည့် ဥပဒေ။
ထောင်ဒဏ် ၂၀ နှစ်





၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ၁၇/၂၀
ပုံနှိပ်စာအုပ်စာတမ်းအားလုံး မဖြန့်ဝေခင် စာပေစီစစ်ရေးအဖွဲ့ကို တင်ပြရမည်။
ထောင်ဒဏ် ၇ နှစ်
၁၉၂၃ လျှို့ဝှက်လုပ်ငန်း ဥပဒေ ၃





ရန်သူကို အကျိုးဖြစ်စေသော သတင်းအချက်အလက်များကို ဖြန့်ဝေသူ မည်သူမဆို
ထောင်ဒဏ် ၁၄ နှစ်
၁၉၉၆ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ၃၂(ခ)
စီစစ်ရေးမှ ခွင့်ပြုချက်မရဘဲ မိတ္တူကူးပွါးခြင်း၊ ဖြန့်ဖြူးခြင်း၊ ငှားရမ်းခြင်း နှင့် ပြသခြင်း စသည်တို့ကို ပြုလုပ်ခြင်း။
ထောင်ဒဏ် ၃ နှစ်





၁၉၄၇ခုနှစ် ပြည်သူလူထု ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်း သည့်အက်ဥပဒေ
ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းခြင်းဆိုင်ရာများ
ထောင်ဒဏ် ၅ နှစ်
၁၈၇၈ လက်နက် အက်ဥပဒေ
လိုင်စင်မဲ့လက်နက်များ ထုတ်လုပ်ခြင်း၊ လက်ဝယ်ကိုင်ဆောင်၊ ရောင်းဝယ်၊ အသုံးပြုခြင်းဆိုင်ရာ ဥပဒေ
ထောင်ဒဏ် ၇ နှစ်
၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်မှု အက်ဥပဒေ
မြန်မာနိုင်ငံပြင်ပအပါအ၀င် ပြည်သူပိုင်ပစ္စည်းများအား ခွင့်ပြုချက် မရှိပဲ ရယူအသုံးပြုခြင်းနှင့်ဆိုင်ရာများ
ထောင်ဒဏ် ၇ နှစ်





၁၉၃၁ ခုနှစ် ပုံနှိပ်လုပ်ငန်း၊ စာနယ်ဇင်းနှင့် ရေဒီယို ရုပ်မြင် သံကြား၊ သတင်းဌာန အက် ဥပဒေ(အရေးပေါ်အာဏာများ) ပုဒ်မ-၁၇
တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် သတင်းစာ၊ သတင်းလွှာများ တရားမ၀င်ပုံနှိပ်စက်အသုံးပြုကာ ထုတ်လုပ်ဖြန့်ဖြူးခြင်း ဆိုင်ရာများ
ထောင်ဒဏ် ၆ လ
သွင်းကုန်ထုတ်ကုန်လုပ်ငန်း အက်ဥပဒေ ပုဒ်မ-၅(၁)
ထုတ်ကုန်သွင်းကုန် အက်ဥပဒေမှ ကန့်သတ်ထားသည်များအား ရယူ၊ ကိုင်ဆောင် အသုံးပြုခြင်းဆိုင်ရာများ
ထောင်ဒဏ် ၇ နှစ်





နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး)
+၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး)
+၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃





http://moemaka.com/ မှကူးယူတင်ပြသည်


Posted by MAUNG NE WIN

Saturday, October 1, 2011

ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ ခရီးထွက်ခွာမည်



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် မန္တလေးမြို့သို့ ထွက်ခွာရန် ရွေးချယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့အား မိုးအကုန် ပွင့်လင်းရာသီအစတွင် ထွက်ခွာရန် ရှိကြောင်း ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။


"အခုကတော့ ခရီးထွက်ဖို့ လုံခြုံရေး အစီအစဉ်တွေပြင်ဆင် နေတုန်းပဲရှိပါသေးတယ်"ယင်းက ဆိုသည်။
နိုင်ငံရေးခရီးစဉ်အဖြစ် ထွက်ခွာရန်အတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များကို အာဏာပိုင်များနှင့်လည်း ညှိနှိုင်းတိုင်ပင်နေရကြောင်း သိရသည်။
မန္တလေးမြို့သည် သမိုင်းအစဉ်အလာကြီးမားသည့်အပြင် မြို့ခံလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အစဉ်အဆက် အားပေးခဲ့သည့်မြို့ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မန္တလေးမြို့သို့သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လကလည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်အပြီး ပထမဆုံး နိုင်ငံရေးခရီးစဉ် အဖြစ်ပဲခူးမြို့နှင့် သနပ်ပင်မြို့သို့ သွားရောက်ခဲ့ပြီး ပြည်သူလူထုသည် NLD ပါတီနှင့်အဆက်အသွယ် မပျက်ကြစေရန်နှင့်အစဉ်အဆက် ထောက်ခံကြပါရန် မိန့်ခွန်းပြောကြား ခဲ့သည်။
NLD ပါတီ ပြန်လည်မှတ်ပုံတင်မည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခွာခြင်းသည် အစိုးရနှင့် သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ထားခြင်း၏ အကျိုးဆက်ဟု ခန့်မှန်းနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။

( yangonchronicle 2011 သတင်းလွှာ “ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ခရီးထွက်ခွာမည်” မှ ကူးယူဖော်ပြပါတယ် )
Posted by MAUNG NE WIN

၂၀၁၁ခုနှစ်မြန်မာနိုင်ငံသားများ ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)အမှုဆောင်အစည်းအဝေးပွဲဖိတ်ကြားခြင်း


အမှုဆောင်အစည်းအဝေးပွဲအား အမှုဆောင်များနှင့်အဖွဲ့ဝင်များအားဖိတ်ကြားခြင်း


ကျင်းပမည့်နေရာ ။ ။ KOMAGOME ဘူတာ CHIIKI BUNKA SOZOKAN အပေါ်ထွက်ပေါက်အနီး
ကျင်းပမည့်အချိန် ။ ။ ၉း၀၀ မှ ၁၂း၃၀
ကျင်းပမည့်နေ့ ။ ။ ၂၀၁၁. ၁၀. ၁၆(တနင်္ဂနွေနေ့) တွင်ကျင်းပမည်ဖြစ်ပါသဖြင့်အမှုဆောင်နှင့်အဖွဲ့ဝင်များအားမပျက်မကွက်
တက်ရောက် ကပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ နိုင်ငံတော်သမ္မတ၏ အချက် (၁၀) ချက်ပါ သ၀ဏ်လွှာအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။

၁။ ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ တစ်ချိန်တည်း၌ပင် မိမိတို့ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက်ရှိပါသည်။

၃။ တိုင်းရင်းသားပြည်သူအပေါင်းတို့၏ တူညီသော မျော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''၀'' အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘောတူညီချက်များရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါသည်။ အချို့အဖွဲ့များသည်လည်း ပြည်နယ်အစိုးရများထံ ငြိမ်းချမ်းရေးရယူရန် ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေပါသည်။

၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားတိုင်းရင်းသားများအားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တစ်ချို့ပြန်လာနေကြပြီဖြစ်ပါသည်။ အကျဉ်းသားများလွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အမျိုးသားအကျိုးစီးပွားအတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။

၅။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက်တိုးတက်အောင် ဆောင်ရွက်ရင်း၊ စက်မှုနိုင်ငံထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် စက်မှုနိုင်ငံထူထောင်နိုင်ရန် လျပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျပ်စစ်စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းများအနက် အနျူမြူစွမ်းအင်ထုတ်လုပ်သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ အန္တရာယ်ကြီးမားလှသည့်အပြင် ငွေကြေးမပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကျောက်မီးသွေးသယံဇာတမှာလည်း တစ်နိုင်ငံလုံးအတွက် လုံလောက်မှုမရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင်ဖြစ်ပါသည်။

၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ထွက်ရှိသော်လည်း ပြည်ပအရင်းအနှီးများဖြင့် ထုတ်လုပ်သည့်ကိစ္စဖြစ်၍ မိမိတို့လိုအပ်သလောက်မရနိုင်ဘဲ အချို့အ၀က်သာ ခွဲဝေရရှိပါသည်။ ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန်အတွက်ပင် လုံလောက်မှုမရှိသေးပါ။

၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် သဘာဝကပေးထားသော မြစ်ချောင်းများရှိနေသဖြင့် အဆိုပါမြစ် ချောင်းများမှ ပြည်တွင်း၊ ပြည်ပအရင်းအနှီးများရယူ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၂)ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ(၇)ရုံသာရှိခဲ့ပြီး စုစုပေါင်းစက်တပ် ဆင်အား (၅၂၉)မဂ္ဂါဝပ်ရှိခဲ့ရာမှ နောက်ထပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၃)ရုံ၊ စက်တပ်ဆင်အား (၂၈၃၁)မဂ္ဂါဝပ် တိုးတက်ဆောင်ရွက်ခဲ့ပါသည်။

၈။ နှစ် (၃၀) လျှပ်စစ်မဟာဗျူဟာစီမံကိန်းအရ နောက်ထပ်ရေအားလျှပ်စစ်စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ(၃)ခုအပါ အ၀င် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ်(၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများရှိပါသည်။ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။

၉။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါစိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည် -
(က) ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသည့် (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း။
(ခ) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း။
(ဂ) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ထုတ်ထားသည့် ရော်ဘာစိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း။
(ဃ) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များအရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေပျက်စီးမှုရှိနိုင်ခြင်း။
(င) ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ သိရှိနေရပါသည်။

၁၀။ မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက်လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။

သတင်း ..Eleven Media Group
မှကူးယူတင်ပြသည်။
Posted by MAUNG NE WIN

အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တအကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြောင်းသိရ


အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ လွတ်ငြိမ်းချမ်းသာခွင့်အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြောင်းသိရ


Thursday, 29 September 2011 22:49
အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃၀ရက်နေ့ မွန်းလွဲပိုင်းက တွ့ဆုံခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြကြောင်း သ တင်းရရှိပါသည်။
တွေ့ဆုံဆွေးနွေးမှုကို စက်တင် ဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၂နာရီ ၁၇မိနစ်အချိန်အထိ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုအပြီးတွင် သတင်းထုတ်ပြန်ချက်ကို ဦးအောင်ကြည်မှ ကြေညာခဲ့ကာ သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။
ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့ရာ၌ ''ယနေ့ပြုလုပ်သည့် ဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားဆောင်ရွက်နေသည့် ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်းထိန်းသိမ်းရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း လာရောက် ငြိမ်းချမ်းရေး တည်ဆောက်ကြရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့်ကိစ္စများနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေး ခဲ့ကြပါသည်။ တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်''ဟူ၍ ပါရှိခဲ့ပါသည်။




ထို့နောက် သတင်းထောက် များက မေးခွန်းမေးမြန်းခဲ့ရာ ရိုက် တာ သတင်းဌာနမှ ဦးအောင်လှ ထွန်းက ''လွန်ခဲ့တဲ့တစ်ပတ်က ဦး ခင်အောင်မြင့်က ကမ္ဘောဒီးယား မှာ ပြောသွားပါတယ်။ အစ်မသာ ပါလီ မန်ထဲကို ၀င်လာခဲ့မယ်ရင် လက် ကမ်းကြိုဆိုမယ်လို့ ပြောသွားပါ တယ်။အစ်မ၀င်လာဖို့ကျတော့ကျွန် တော်တို့သိတာက technically က နည်းနည်း အဆင်မပြေဖြစ် နေတာ တွေ့ရပါတယ်။ အစိုးရဖက်က အဲ တာကို ၀င်ဖို့အဆင်ပြေအောင် လုပ် ပေးနိုင်မယ့်အနေအထားရှိပါသလား။ ဒါကတော့ ၀န်ကြီးကို မေးတဲ့ မေး ခွန်းပါ။ နောက်တစ်ပိုင်းကတော့ အစ်မကိုမေးတဲ့မေးခွန်းပါ။ တကယ် လို့ အစိုးရဖက်ကသာ နည်းနည်း ပါးပါး ပြုပြင်ပေးမယ်ဆိုရင် NLD ကို registration လုပ်ပြီးတော့လာ မယ့် Byelection မှာဝင်ဖို့ရှိပါသလား။အစ်မကိုယ်တိုင် ၀င်ဖို့ရောမှန်း ထားတာရှိပါသလား''ဟု မေးမြန်းခဲ့ ပါသည်။
ထိုမေးမြန်းချက်ကို ဦးအောင် ကြည်က'' ကျွန်တော့်အနေနဲ့ ဦးစွာဖြေရမယ်ဆိုရင် ဥပဒေနဲ့အညီ ကျွန်တော်တို့ မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့ NLD နဲ့အတူ လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့အတွက် အမြဲတန်းကြိုဆိုလျက်ရှိပါ တယ်ဆိုတဲ့အကြောင်း ဖြေကြားလို ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ '' NLD က တော့၊ ကျွန်မက NLD အတွက်၊ အားလုံးအတွက် ပြောပေး လို့မရဘူးလေ။ CEC ကို ပထမတင် ပြရဦးမှာ။ CEC ကိုတင်ပြပြီးမှ ကျွန်မတို့ ဘယ်လိုဖြေမလဲဆိုတာ ပြောချင်ပါတယ်။ ကျွန်မတို့ကရွေး ကောက်ပွဲကိုမူအရ ကျွန်မတို့ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့ လက်ခံပြီးသားပါ။ဒီလို ရွေးကောက်ပွဲ ၀င်ပုံဝင်နည်း အခြေအနေ အခင်းအကျင်းအရ ဒါကိုပဲကျွန်မတို့ကြည့်မှာ ဖြစ်ပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။ထို့နောက် ဆန်ကေးရှင်ဘွန်း သတင်းစာမှ ဒေါက်တာဇော်သန်းက ဧရာဝတီမြစ်ဆုံစီမံကိန်းကို သမ္မတကြီး ဦးသိန်းစိန်က ခေတ္တရပ်နားလိုက်ကြောင်း ပြောကြားခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ နားလည် သလောက်က ဒီမနက်ကနေပြီးတော့ လွှတ်တော်ကို သမ္မတကြီးဆီက သ၀ဏ်လွှာပို့တယ်လို့ ပြောပါတယ်။ ဒီသ၀ဏ်လွှာမှာဆိုရင် သမ္မတကြီးက ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေကို ထောက်ထားပြီးတော့ ဒီမြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလိုမှာကြား လိုက်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာတော့ ပြည်သူရဲ့အသံကိုနားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာဟာအစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲတာကြောင့် ကျွန်မဒါကို ကြိုဆိုပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
ပြည်တွင်းသတင်းဂျာနယ်များ ကိုယ်စား မေးခွန်းကို Open News ဂျာနယ်မှ ဦးသီဟစောက မေးမြန်းခဲ့ရာ ''လောလောဆယ် ပြည်သူတွေကနေပြီးတော့ သိချင်နေကြ၊ မျော်လင့်ကြတာရှိတယ်။ အခုပြောင်း နေတဲ့ Political Process ထဲမှာ အန်တီစုတို့နဲ့ NLD က ဘယ်လောက် အထိ Inclusive ဖြစ်ပြီလဲ။ ဘယ်လောက်အထိ တရားဝင်ရပြီလဲ။နောက်တစ်ခုကတော့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေလွတ်ဖို့ အလားအလာ ဘယ်လောက်ရှိပြီလဲ။ နောက်တစ်ခုကတော့ Ethnic Issue တွေမှာ တိုင်းရင်းသားကိစ္စတွေမှာ ဘယ်လောက်အထိ ငြိမ်းချမ်းရေးနဲ့ ပြေလဲမှု ရပြီလဲ။ အဲဒီကိစ္စတွေမှာ အန်တီစုနဲ့ NLD က ဘယ်လောက်အထိ ပါဝင်ခွင့် ရနေပြီလဲ။ အချိန်တန်ရင် ပြောမယ်ဆိုတာ အဲဒီအချိန်အတွက် အချိန်အကန့်အသတ်တစ်ခု အန်တီစုပြောလို့ရပြီလား''ဟု မေးမြန်းခဲ့ပါ သည်။
ထိုမေးမြန်းချက်ကို ဒေါ်အောင် ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခဲ့ရာ၌ ''ခုနတုန်းက ၀န်ကြီးဦးအောင်ကြည်ဖတ်သွားတဲ့ အထဲမှာလည်း ပါပြီးပါပြီ။ ဒီကိစ္စတွေကို ကျွန်မတို့ ဆွေးနွေးပြီး ဖြစ်ပါတယ်။ ကျွန်မတို့က ဘယ်လောက်အတိုင်းအတာ အထိပါဝင်နေသလဲဆိုတာ၊ ကျွန်မ တို့က ဒီဟာတွေမှာပြည်သူတွေအတွက် အကျိုးဖြစ်နိုင်တဲ့ အတိုင်းအတာအထိ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ။ တတ်နိုင်သလောက် ကြိုးစားပြီးတော့မှ တိုင်းပြည်အတွက် အကျိုးဖြစ်မယ်။ ပြည်သူတွေအတွက် အကျိုးဖြစ်မယ့်ကိစ္စတွေမှာ ဆိုလို့ရှိရင် ကျွန်မတို့က အင်တိုက်အားတိုက် ပါဝင်ပြီး လုပ်မှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။
အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၁၂ကြိမ်မြောက် တွေ့ဆုံထားခဲ့ပြီး အစိုးရသစ်လက်ထက် တတိယအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။



သတင်း ..Eleven Media Group
မှကူးယူတင်ပြသည်


Posted by MAUNG NE WIN