Tuesday, October 11, 2011

ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ ကြေငြာ

ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ နေ့ခင်း ၁ နာရီတွင် ကြေညာသွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားမည်မျှ ပါဝင်သည်ကိုမူ မသိရှိရသေးပါ။

ယနေ့ နေ့ခင်း ၁ နာရီ ကြေညာချက်အရ “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံနေရသော အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသည့် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့် အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက် နေ့မှ ပြစ်ဒဏ်မှ အသီးသီး လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ။ အဓိပ္ပါယ်မှာ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှ စလွှတ်ပေးမည့် သဘောဖြစ်သည်။

Posted by MAUNG NE WIN