Sunday, October 16, 2011

မြန်မာပြည်တွင် အသင်းအဖွဲ့ဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့် တရားဝင်ရရှိ

စနေနေ့၊ အောက်တိုဘာလ ၁၅၊ ၂၀၁၁








မြန်မာပြည်ရှိ လုပ်သားပြည်သူတို့မှာ ဦးသိန်းစိန် လက်မှတ်ရေးထိုးထားသော ဥပဒေသစ်အရ ယခုအပတ်မှစတင်၍ အသင်းသမဂ္ဂဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့် တရားဝင်ရရှိပြီဖြစ်ကြောင်း သောကြောနေ့က အစိုးရအရှိတို့အဆိုအရ သိရှိရသည်။ ထိုသို့ပြောင်းလဲလာခြင်းအပေါ် ကုလသမဂ္ဂအရာရှိများကလည်း ကြိုဆိုကြောင်းသိရသည်။



အစိုးရသတင်းများအရ အဆိုပါဥပဒေကို အင်္ဂါနေ့က ဦးသိန်းစိန်လက်မှတ်ရေးထိုးအတည်ပြုခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ် အလုပ်သမားအက်ဥပဒေကို အစားထိုးမည်ဖြစ်ကြောင်း သိရသည်။"အလုပ်သမားများအတွက် သမဂ္ဂဖွဲ့စည်းခွင့်နဲ့ ဆန္ဒပြခွင့်ကို တရားဝင်ခွင့်ပြုလိုက်တာပါ"ဟု အမည်မဖေါ်လိုသူ အစိုးရအရာရှိတစ်ဦးက AFP ကိုပြောကြားခဲ့သည်။ ထိုဥပဒေအရ စစ်သားနှင့်ရဲသားတို့ကိုခြွင်းချက်ထား၍ လုပ်သားပြည်သူတို့အနေဖြင့် အနည်းဆုံး အယောက် ၃၀ ပါသော သမဂ္ဂဖွဲ့စည်းခွင့်နှင့် အသင်းအဖွဲ့ကိုယ်ပိုင်အမည်နှင့် အမှတ်တံဆိပ်များအသုံးပြုခွင့်ပါ ရရှိမည်ဖြစ်ကြောင်း သိရသည်။အကယ်၍ ဆန္ဒပြရန်အလိုရှိပါက အလုပ်ရှင်တို့ဖက်မှ အလုပ်ရုံဆိုင်ရာအရေးယူမှုများမပြုမီ ၁၄ ရက်ကြိုတင် အသိပေးကြရမည်ဖြစ်ပြီး သမဂ္ဂများအနေဖြင့်လည်း ဆန္ဒပြမှုတွင် လူမည်ရွေ့မည်မျှ ပါဝင်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြရမည်ဟု ဥပဒေတွင်ပါရှိကြောင်း သိရသည်။



သို့သော် ဆေးရုံ၊ မီးသတ်၊ ဆက်သွယ်ရေးနှင့် ရေမီးဝန်ဆောင်မှု အစရှိသည့် အရေးကြီးသောဝန်ဆောင်မှုတို့မှ အလုပ်သမားများမှာမူ ဆန္ဒပြခွင့်မရှိကြောင်း သိရသည်။ အလုပ်ရှင်ဖက်မှ ဥပဒေချိုးဖေါက်ကြောင်းထင်ရှားလျှင် ဒဏ်ငွေတစ်သိန်း (သို့) ထောင်ဒဏ်တစ်နှစ် ချမည်ဖြစ်ပြီး အလုပ်သမားဖက်မှ ဥပဒေချိုးဖေါက်ကြောင်းထင်ရှားလျှင် ဒဏ်ငွေ သုံးသောင်း ရိုက်မည် ဖြစ်ကြောင်း သိရသည်။"အလုပ်သမားဥပဒေက ကောင်းလှတယ်မဆိုသာပေမယ့် ဒါကိုတော့ကြိုဆိုရမှာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက AFP ကိုပြောကြားခဲ့သည်။



အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ကလည်း ဥပေဒသစ်ကိုကြိုဆိုကြောင်း၊ သို့သော် ကုလအရာရှိSteve Marshall က ဥပဒေကို အပြည့်အစုံ မဖတ်ရသေးသဖြင့် သတိရှိစေလိုကြောင်းပြောသည်ဟု သိရသည်။"ဒါပေမယ့် အခြေခံသဘောတရားအရ ဒါဟာ မြန်မာအစိုးရရဲ့ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဆိုတာ မေးခွန်းထုတ်ဖို့မလိုပါဘူး"ဟု သူက AFP ကိုပြောကြားခဲ့သည်။ "ဒါဟာ နိုင်ငံတစ်ခုအတွက် စီးပွားရေးနဲ့လူမှုရေး ဖွဲ့ဖြိုးတိုးတက်စေမယ့် အကြောင်းရင်းခံတရားပါပဲ"။ သို့သော် မြန်မာပြည်တွင် ဆန္ဒပြအလုပ်သမားများကို ယခင်က မကြာခဏ ဖမ်းဆီးထောင်ချခဲ့ဖူးသည်ဖြစ်ရာ အလုပ်သမားတို့အနေဖြင့် ဆန္ဒပြဖို့အားမွေးရန် အချိန်အနည်းငယ်လိုဦးမည်ဖြစ်ကြောင်း သူကဆိုသည်။



ဆန္ဒပြလို့ အဖမ်းခံခဲ့ရသူတွေ အခုထက်ထိထောင်ထဲမှာ ရှိနေတုန်းပဲလေ။ဩစတြေးလျနိုင်ငံ Macquaire တက္ကသိုလ်မှ မြန်မာ့အရေးကျွမ်းကျင်သူ Sean Turnell က ယုံကြည်မှုကင်းမဲ့ နေသော ပြည်သူလူထုကို အစိုးရက အသင်းအဖွဲ့များအပေါ် ငြိမ်းချမ်းစွာ တုန့်ပြန်မည့်အကြောင်း သံသယ ကင်းအောင် လုပ်ဖို့လိုသည်ဟုဆိုသည်။"ပြည်သူတွေကို တစ်ကယ်ရောဆန္ဒပြခွင့်ပြုပါ့မလား။ ခြေလှမ်းက အရမ်းကျဲလွန်းသလိုပဲလို့ ထင်တယ်။ ပြည်သူတွေဖက်က ဒီဥပဒေကို တစ်ကယ်လက်ခံယုံကြည်လာဖို့ဆိုရင် နည်းနည်းတော့အချိန်ပေးရဦးမယ် ထင်ပါတယ်"။
source: AFP



http://www.france24.com/en/20111014-burmese-granted-right-strike-unionise-thein-sein-workers-labour-rights-ilo-un


မှကူးယူတင်ပြသည်


Posted by MAUNG NE WIN