BRSAအသင်း၏၇လပိုင်း၂၆ရက်နေ့အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကိုSUGAMO၌ကျင်းပပြုလုပ်ခဲ့ပါသည်။
Monday, July 27, 2009
BRSAအသင်း၏(၇)လပိုင်း(၂၈)ရက်နေ့အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး
Friday, July 24, 2009
ရာစုနှစ်၏အရှည်ဆုံးနေကြတ်ခြင်း
(၂၀၀၉ခုနှစ်ဇူလိုင်လ၂၂ရက်)နေ့တွင်အာရှ၊အရှေ့တောင်အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများတွင်ဤရာစုနှစ်၏အရှည်ဆုံးနေကြတ်ခြင်း
.jpg)

ဖြစ်ပွားခဲ့ပါသည်။
ထိုနေ့နံနက်ပိုင်းတွင်အိန္ဒိယနိုင်ငံ(kanbai)အကွေ့မှဟိမဝန္တာ၊တရုတ်ပြည်နေရာအနှံ့အပြားနှင့်အရှေ့တောင်အာရှ၏နေရာအတော်များများတွင်
လည်းနေကြတ်ခြင်းဖြစ်ပွားခဲ့ပါသည်။
ဂျပန်နိုင်ငံတိုကျိုမြို့၌ထိုနေ့နံနက်(၁၀)နာရီ(၅၉)မိနစ်တွင်လည်းကောင်း၊ဂျပန်နိုင်ငံတောင်ဘက်ပိုင်း
ကျွန်းစုများတွင်နံနက်ပိုင်းအချိန်များ၌လည်းကောင်းနေကြတ်ခြင်းဖြစ်ပွားခဲ့သည်ဟုလေ့လာသိရှိရပါသည်။

ထိုနေ့တွင်လူအများသည်နေကြတ်ခြင်းအားကြည့်ရှု့ရန်အတွက်အထူးပြုလုပ်ထားသောနေကာမျက်မှန်များ
ကိုသုံးကာနေကြတ်ခြင်းအားအသေအချာ၊သဲသဲကွဲကွဲလေ့လာကြည့်ရှု့နိုင်ခဲ့ကြပါသည်။ထိုနေ့ကဂျပန်နိုင်ငံတွင်
မိုးအုံ့ခြင်း၊မိုးရွာခြင်းများရှိခဲ့သောကြောင့်ရာသီဥတုကောင်းသည်ဟုပြောရန်ခက်ခဲသော်လည်း(၆)မိနစ်ခန့်မျှကြာသောနေကြတ်ခြင်းကိုကောင်းစွာမြင်တွေ့ခဲ့ရပါသည်။နက္ခတာရာဝါသနာပါသူတို့သည်
ထိုနေ့မတိုင်မီကတည်းကပင်နေကြတ်ခြင်းအားသေချာစွာလေ့လာနိုင်ရန်အတွက်တကူးတကနိုင်ငံခြားသို့
ထွက်ခွာသူများရှိခဲ့သောကြောင့်လေဆိပ်များတွင်လည်းအဆိုပါလူများဖြင့်စည်ကားခဲ့ပါသည်။
နေကြတ်ခြင်းဆိုသည်မှာနေ၊လ၊ကမ္ဘာတို့တတန်းတည်းကျရောက်ပြီးနေကိုလကလုံးဝဖုံးကွယ်သွားသည်ကို
ကမ္ဘာပေါ်မှမြင်ရခြင်းဖြစ်ပါသည်။
တရုတ်၊အိန္ဒိယအစရှိသောနိုင်ငံများတွင်နေကြတ်ခြင်းနှင့်ပါတ်သက်၍အယူအဆများ၊ယုံကြည်မှုများရှိပါသည်။
ံCNNသတင်းဋ္ဌာန(ဂျပန်ဘာသာ)မှတင်ပြသည့်အာဘော်အတိုင်းဘာသာပြန်ဆိုရေးသားခြင်းဖြစ်ပါသည်။

.jpg)

Labels:
ရာစုနှစ်၏အရှည်ဆုံးနေကြတ်ခြင်း
ဆက်လက်ကြိုးစားနေဦးမည့်BRSA
အမိမြန်မာနိုင်ငံတွင်လူမျိုးရေး၊ဘာသာရေး၊နိုင်ငံရေး၊လူမှုရေးအပြင်အခြားသောတစ်ခု(သို့)တစ်ခုထက်ပိုသည့်အကြောင်းပြချက်ဖြင့်
တိုင်းပြည်သို့ပြန်သွားပါကဖိနှိပ်ချူပ်ခြယ်ခံရမည်ဟုမိမိကိုယ်တိုင်ကထင်မြင်ယူဆ၍ဂျပန်နိုင်ငံကြီးတွင်အားကိုးတကြီးဖြင့်ဒုက္ခသည်
အဖြစ်ခိုလှုံခွင့်ပြုပါရန်လျှောက်ထားကြသောမြန်မာနိုင်ငံသားဒုက္ခသည်များအား(BRSA)ဟုအများကသိထားကြသော
မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်းကြီးသည်အသင်း၏ဖွဲ့စည်းပုံဥပဒေတို့နှင့်အညီတတ်စွမ်းသရွေ့
ကြိုးစားကာကူညီထောက်ပံ့လျက်ရှိပါသည်။
အသင်းကြီး၏စစ်မှန်သောစေတနာကြောင့်ယခုအခါအသင်းဝင်ပေါင်း၃၅၀ကျော်ဖြင့်ဒုက္ခသည်ကူညီစောင့်ရှောက်ရေးလုပ်ငန်းများနှင့်
အတူဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်လက်တွဲ၍စစ်အာဏာရှင်စနစ်ဆန့်ကျင်ပြုတ်ကျရေးဆန္ဒပြလှုပ်ရှားမှုအမျိုးမျိုး
တို့ကိုလုပ်ဆောင်လျက်ရှိသည့်အားလျော်စွာ------
၂၀၀၉ခုနှစ်၊ဇွန်လ၊၁၅ရက်နေ့တွင်လည်းBRSA၏ဥက္ကဋ္ဌ(OTAKI SAN)၊ဒု-ဥက္ကဋ္ဌ(KUMAKIRI TAKUSAN)၊အကြံပေးပုဂ္ဂိုလ်ဆရာကြီး
ဦးမင်္ဂလာ(NISHIDA SENSEI)တို့သည်ဂျပန့်လွှတ်တော်အမတ်(၆)ဦးနှင့်တွေ့ဆုံ၍ဂျပန်နိုင်ငံတွင်အကြောင်းအမျိုးမျိုးကြောင့်
တရားမဝင်နေထိုင်နေကြရသော(နေထိုင်ခွင့်-VISAလက်မဲ့ဖြစ်နေသော)မြန်မာနိုင်ငံသားဒုက္ခသည်လျှောက်ထားသူများအားအဓိက
ထားသည့်မေတ္တာရပ်ခံတောင်းဆိုမှုတရပ်ကိုပြုလုပ်ခဲ့ကြပါသည်။
အဆိုပါတောင်းဆိုခဲ့သောကိစ္စရပ်မှာ----
ဂျပန်နိုင်ငံ၌နောင်လာမည့်(၃)နှစ်အကြာတွင်ပြီးပြည့်စုံစွာဖြစ်ပေါ်လာမည့်နိုင်ငံခြားသားများအတွက်(ZAIRYU CARD)ခေါ်
(နေထိုင်ခွင့်ကဒ်ပြား)နှင့်သက်ဆိုင်သောဥပဒေတွင်၎င်းကဒ်ပြားသည်ဂျပန်နိုင်ငံ၌တရားဝင်နေထိုင်သူများသာပြုလုပ်ခွင့်ရှိပြီး
(တရားမဝင်နေထိုင်သူ-OVERSTAYများ)၊ဒုက္ခသည်လျှောက်ထားသူများ)ပြုလုပ်ခွင့်မရှိဟူသောအချက်ပါရှိပါသည်။
ထိုအချက်သည်ဂျပန်နိုင်ငံတွင်ဒုက္ခသည်လျှောက်ထားသောမြန်မာနိုင်ငံသားများအတွက်များစွာစိုးရိမ်ဖွယ်ရာရှိကြောင်း၊
အဆိုပါမြန်မာနိုင်ငံသားဒုက္ခသည်လျှောက်ထားသူများအားစာနာထောက်ထားသောအနေဖြင့်ထိုဥပဒေနှင့်ပါတ်သက်၍လျော့ပေါ့
စဉ်းစားပေးပါရန်တောင်းဆိုပန်ကြားခဲ့ပါသည်။
ဂျပန်နိုင်ငံရှိနိုင်ငံခြားသားများအားစာနာထောက်ထားသောဂျပန်ပြည်သူပြည်သားများကလည်းအဆိုပါကိစ္စရပ်နှင့်ပါတ်သက်၍
အခါအားလျော်စွာဆန္ဒပြတောင်းဆိုမှုများလည်းပြုလုပ်ခဲ့ကြပါသည်။
အဆိုပါတောင်းဆိုချက်များမှာအသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ယခုအခါတွင်ထိုဥပဒေနှင့်ပါတ်သက်ပြီးအလုံးစုံ
ပြောင်းလဲခြင်းမဟုတ်သည့်တိုင်အောင်လျော့ပေါ့စဉ်းစားပေးခြင်းများကိုပြုလုပ်ပေးခဲ့ပါသည်။
၂၀၀၆ခုနှစ်၁၀လပိုင်းထုတ်ပြန်ခဲ့သော(S.S)ဟုလူသိများသည့်အထူးနေထိုင်ခွင့်လမ်းညွှန်ချက်(GuideLine)နှင့်ပါတ်သက်၍လည်းအပြုသဘောဆောင်သောအောက်ပါထုတ်ပြန်ချက်များကိုလည်းထုတ်ပြန်ခဲ့ပါသည်။
-ဂျပန်နိုင်ငံတွင်မူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းတက်ထားသောကလေးရှိပြိးဂျပန်နိုင်ငံတွင်၁၀နှစ်ကျော်
နေထိုင်သူ၊
-ရောဂါသည်ဖြစ်ပြီးဂျပန်တွင်ဆေးကုသရန်လိုအပ်သောသူ။
-မိမိအသိတရားဖြင့်တရားမဝင်နေထိုင်ခဲ့ကြောင်းဖွင့်ဟပြောကြားပြီးဒုက္ခသည်အဖြစ်လာရောက်လျှောက်ထားသူ။
-ဂျပန်တွင်အနှစ်(၂၀)ကျော်နေထိုင်သူ။
အထက်ဖေါ်ပြပါအချက်အလက်များနှင့်ကိုက်ညီသောသူများသည်S.Sရရန်အခွင့်အလမ်းများသည်ဟုထုတ်ပြန်ကြေငြာခဲ့ပါသည်။

လေးစားစွာဖြင့်
ဋ္ဌာနမှူး
သတင်းနှင့်ပြန်ကြားရေး
Thursday, July 23, 2009
သင်သည်မည်သည့်ဥာဏ်ရည်အမျိုးအစားထဲတွင်ပါဝင်ပါသနည်း
Sunday, July 19, 2009
(၆၂)နှစ်မြောက်အာဇာနည်နေ့
၂၀၀၉ဇူလိုင်လ၊၁၉ရက်
(တနင်္ဂနွေနေ့)နံနက်၁၀နာရီမှနေ့လည်၁နာရီတွင်ဂျပန်နိုင်ငံတိုကျိုမြို့အိတာဘရှိမြို့နယ်၊
နာကချို၃၉-၁မြန်မာဘုန်းကြီးကျောင်း၌၁၉၄၇ဇူလိုင်၁၉ရက်တွင်ကျဆုံးခဲ့ရသောဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား
ရည်စူး၍မြန်မာဘုန်းကြီးကျောင်းတွင်ဆွမ်းကျွေးတရားနာခြင်းကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။
IKEBUKURO STATION တွင် TOBU TOJO LINEစီး၍NAKA ITABASHI STATION မှသွားရောက်နိုင်ပါသည်ကြောင်းသိရှိရပါသည်။
ကျင်းပမည့် နေ့  ။ ။၂၀၀၉ဇူလိုင်လ၁၉ရက်(တနင်္ဂနွေနေ့)
ကျင်းပမည့် အချိန်။ ။နံနက်၁၀နာရီမှနေ့လည်၁နာရီ
ကျင်းပမည့် နေရာ။ ။ IKEBUKURO STATIONတွင် TOBU TOJO LINEစီး၍ NAKA ITABASHI STATION
ဘုန်းကြီးကျောင်းသွားရောက်ရန်အသေးစိတ်စုံစမ်းရန်မှာ၀၃-၃၉၇၃-၃၃၇၉၊URLwww.mcwajp.comသို့ဆက်သွယ်နိုင်ကြောင်းကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲblogတွင်
ဖေါ်ပြထားပါသည်။
သတင်း။ ။Htin Kyaw Win

Saturday, July 18, 2009
နိုင်ငံခြားသားမှတ်ပုံတင်ကဒ်နှင့်နေထိုင်ခွင့်ကဒ်အကြောင်းသိကောင်းစရာ
ယခုလက်ရှိအခြေအနေတွင်ဂျပန်နိုင်ငံ၌ရက်(၉၀)ကျော်၍နေထိုင်နေသူများသည်နိုင်ငံခြားသားမှတ်ပုံတင်ခြင်း
ဥပဒေနှင့်လူဝင်မှုကြီးကြပ်ရေးဥပဒေနှစ်ခု၏လက်အောက်တွင်ရှိနေပါသည်။
ယခုအချိန်အထိဂျပန်နိုင်ငံတွင်ရက်(၉၀)ကျော်၍နေထိုင်လျက်ရှိသောမည်သည့်နိုင်ငံခြားသားမဆို
နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြုလုပ်နိုင်ပါသည်။
-အဆိုပါနိုင်ငံခြားသားမှတ်ပုံတင်ကဒ်ကိုသက်ဆိုင်ရာမြို့နယ်/ရပ်ကွက်စည်ပင်သာယာရေးအဖွဲ့နှင့်ဆိုင်သော
ရုံး(မြူနီစပယ်)(Municipal)တွင်ပြုလုပ်နိုင်ပါသည်။
-ထိုကဒ်၌ပြုလုပ်သူနိုင်ငံခြားသား၏အမည်၊လိပ်စာ၊မွေးသက္ကရာဇ်၊လူမျိုး၊ဗီဇာအဆင့်အတန်းစသည်တို့
ပါရှိပါသည်။
-၄င်းကဒ်သည်ဂျပန်နိုင်ငံတွင်နေထိုင်သမျှကာလပတ်လုံးမိမိနှင့်အတူအမြဲရှိနေစေရမည်။လိုအပ်၍
သက်ဆိုင်ရာမှတောင်းယူစစ်ဆေးသောအခါတွင်လည်းထုတ်ပြနိုင်ရမည်။
-ထိုကဒ်သည်ဂျပန်နိုင်ငံတွင်တရားမဝင်နေထိုင်သူ(OVERSTAY)များလည်းပြုလုပ်နိုင်ပါသည်။
ယခုအချိန်အထိဂျပန်နိုင်ငံတရားရေးဝင်ကြီးဋ္ဌာန၌နိုင်ငံခြားသားများနှင့်ပါတ်သက်၍
အောက်ပါလုပ်ငန်းစဉ်များကိုလုပ်ဆောင်လျက်ရှိပါသည်။
-နိုင်ငံခြားသားနေထိုင်ခွင့်နှင့်ပါတ်သက်၍ကြီးကြပ်ထိန်းချုပ်ခြင်း။
-တရားရေးဝန်ကြီးဋ္ဌာန၏ကွပ်ကဲမှုအောက်တွင်ရှိသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ။
(ဥပမာ-လူ့အခွင့်အရေးနှင့်ပါတ်သက်သောလုပ်ငန်း။ရဲ၊အချုပ်နှင့်တရားရုံးနှင့်ပါတ်သက်သောလုပ်ငန်း။)
-ပြည်ဝင်ခြင်း၊နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာစုံစမ်းစစ်ဆေးဆောင်ရွက်ခြင်း။
-တရားမဝင်နေထိုင်သူများကိုထိန်းသိမ်းခြင်း၊ထိုမှတဆင့်အာမခံဖြင့်နေထိုင်ခွင့်ပြုခြင်း။
နောင်(၃)နှစ်အကြာတွင်ဖြစ်ပေါ်လာမည်ဟုသိရသောနိုင်ငံခြားသားနှင့်ပါတ်သက်သည့်
လူဝင်မှုကြီးကြပ်ရေးဥပဒေအရ-----
-နောင်(၃)နှစ်အကြာတွင်နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ဟူ၍မရှိတော့ဘဲ(ZAIRYU CARD)
ခေါ်(နေထိုင်ခွင့်ကဒ်ပြား)သာရှိမည်။
-ထိုကဒ်ပြားကိုဂျပန်နိုင်ငံတွင်ဥပဒေနှင့်အညီနေထိုင်၍နေထိုင်မှုသက်တမ်းရက်(၉၀)ကျော်သော
သူများပြုလုပ်ခွင့်ရှိသည်။သို့သော်(အလည်အပါတ်အစရှိသောရက်တိုနေထိုင်သူများ၊တရားမဝင်နေထိုင်သူများ၊
ဒုက္ခသည်အဖြစ်လျှောက်ထားသူများ)ပြုလုပ်ခွင့်မရှိပါ။

-တစ်စုံတရာအပြောင်းအလဲရှိသောအခါသက်ဆိုင်ရာသို့အကြောင်းကြားရမည်။(ဥပမာ-လိပ်စာပြောင်းလျှင်
ပြောင်းသည့်အချိန်မှရက်ပေါင်း(၉၀)အတွင်းအကြောင်းကြားရမည်။အကြောင်းမကြားခဲ့သည်ရှိသော်ဥပဒေ
အရဒဏ်ကြေးပေးဆောင်ရမည်။
-ဆိုင်အစရှိသောနေရာတစ်ခုခုတွင်အလုပ်လုပ်နေသောနိုင်ငံခြားသားသည်မိမိ၏အလုပ်နှင့်ပါတ်သက်ပြီး
လူဝင်မှုကြီးကြပ်ရေးဋ္ဌာနသို့အကြောင်းကြားထားရပါမည်။အလုပ်(သို့)အလုပ်၌အပြောင်းအလဲရှိခဲ့လျှင်လည်း
အဆိုပါပြောင်းလဲမှုနှင့်ပါတ်သက်၍အလုပ်ရှင်နှင့်မိမိကိုယ်တိုင်ကပါအကြောင်းကြားရမည်ဖြစ်ပါသည်။
နောင်(၃)နှစ်အကြာတွင်ဖြစ်ပေါ်လာမည်ဟုသိရသောအရပ်သားဆိုင်ရာအခြေခံဥပဒေအရ----------
-အုပ်ချုပ်ရေးဆိုင်ရာဝန်ဆောင်မှုနှင့်ပါတ်သက်သောခံစားခွင့်များ။
-အရပ်သားဥပဒေနှင့်သက်ဆိုင်သောကိစ္စများရပ်များ၌သာမန်အရပ်သူအရပ်သားများနည်းတူ
ဂျပန်နိုင်ငံတွင်ဥပဒေနှင့်အညီနေထိုင်၍နေထိုင်မှုသက်တမ်းရက်(၉၀)ကျော်နေထိုင်သောနိုင်ငံခြားသား
များလည်းခံစားခွင့်ရှိသည်။သို့သော်(အလည်အပါတ်အစရှိသောရက်တိုနေထိုင်သူများ၊တရားမဝင်နေထိုင်သူများ၊ဒုက္ခသည်အဖြစ်လျှောက်ထားသူများ) ခံစားခွင့်မရှိပါ။
၂၀၀၉ခုနှစ်ဇူလိုင်လ၁၂ရက်နေ့ပြုလုပ်သောBRSA၏ဒုတိယအကြိမ်မြောက်(၃)လပါတ်စုံညီအစည်းအဝေး၌(ZAIRYUCARD)ခေါ်(နေထိုင်ခွင့်ကဒ်ပြား)နှင့်ပါတ်သက်၍BRSA၏အကြံပေးပုဂ္ဂိုလ်ဆရာကြီးဦးမင်္ဂလာ၊
မြန်မာ့အရေး၌အစဉ်အမြဲကူညီဆောင်ရွက်ပေးနေသူဆရာကြီးဦးရွှေဘနှင့်ရှေ့နေကြီးOGAWA SANတို့
ပြောကြားခဲ့သည်များကိုကောက်နှုတ်၍ဘာသာပြန်တင်ပြထားခြင်းဖြစ်ပါသည်။

Thursday, July 16, 2009
SHINAGAWAလ.၀.ကရှိမြန်မာဦးရေ
ယနေ့(၂၀၀၉ခုနှစ်၊ဇူလိုင်လ၊၁၆ရက်)နေ့အထိSHINAGAWAလ.၀.က၌မြန်မာလူမျိုးအမျိုးသား(၂၅)ဦးနှင့်အမျိုးသမီး(၃)ဦးရှိကြောင်းစုံစမ်းသိရှိရပါသည်။
သွားရောက်စုံစမ်းပေးသောBRSA၏လူမှုရေးဋ္ဌာနမှူးဦးကွန်းဇော်ထွဋ်အားကျေးဇူးတင်ပါသည်။

Subscribe to:
Posts (Atom)