Friday, July 24, 2009

ရာစုနှစ်၏အရှည်ဆုံးနေကြတ်ခြင်း

(၂၀၀၉ခုနှစ်ဇူလိုင်လ၂၂ရက်)နေ့တွင်အာရှ၊အရှေ့တောင်အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများတွင်ဤရာစုနှစ်၏အရှည်ဆုံးနေကြတ်ခြင်း
ဖြစ်ပွားခဲ့ပါသည်။
ထိုနေ့နံနက်ပိုင်းတွင်အိန္ဒိယနိုင်ငံ(kanbai)အကွေ့မှဟိမဝန္တာ၊တရုတ်ပြည်နေရာအနှံ့အပြားနှင့်အရှေ့တောင်အာရှ၏နေရာအတော်များများတွင်
လည်းနေကြတ်ခြင်းဖြစ်ပွားခဲ့ပါသည်။
ဂျပန်နိုင်ငံတိုကျိုမြို့၌ထိုနေ့နံနက်(၁၀)နာရီ(၅၉)မိနစ်တွင်လည်းကောင်း၊ဂျပန်နိုင်ငံတောင်ဘက်ပိုင်း
ကျွန်းစုများတွင်နံနက်ပိုင်းအချိန်များ၌လည်းကောင်းနေကြတ်ခြင်းဖြစ်ပွားခဲ့သည်ဟုလေ့လာသိရှိရပါသည်။
ထိုနေ့တွင်လူအများသည်နေကြတ်ခြင်းအားကြည့်ရှု့ရန်အတွက်အထူးပြုလုပ်ထားသောနေကာမျက်မှန်များ
ကိုသုံးကာနေကြတ်ခြင်းအားအသေအချာ၊သဲသဲကွဲကွဲလေ့လာကြည့်ရှု့နိုင်ခဲ့ကြပါသည်။ထိုနေ့ကဂျပန်နိုင်ငံတွင်
မိုးအုံ့ခြင်း၊မိုးရွာခြင်းများရှိခဲ့သောကြောင့်ရာသီဥတုကောင်းသည်ဟုပြောရန်ခက်ခဲသော်လည်း(၆)မိနစ်ခန့်မျှကြာသောနေကြတ်ခြင်းကိုကောင်းစွာမြင်တွေ့ခဲ့ရပါသည်။နက္ခတာရာဝါသနာပါသူတို့သည်
ထိုနေ့မတိုင်မီကတည်းကပင်နေကြတ်ခြင်းအားသေချာစွာလေ့လာနိုင်ရန်အတွက်တကူးတကနိုင်ငံခြားသို့
ထွက်ခွာသူများရှိခဲ့သောကြောင့်လေဆိပ်များတွင်လည်းအဆိုပါလူများဖြင့်စည်ကားခဲ့ပါသည်။
နေကြတ်ခြင်းဆိုသည်မှာနေ၊လ၊ကမ္ဘာတို့တတန်းတည်းကျရောက်ပြီးနေကိုလကလုံးဝဖုံးကွယ်သွားသည်ကို
ကမ္ဘာပေါ်မှမြင်ရခြင်းဖြစ်ပါသည်။
တရုတ်၊အိန္ဒိယအစရှိသောနိုင်ငံများတွင်နေကြတ်ခြင်းနှင့်ပါတ်သက်၍အယူအဆများ၊ယုံကြည်မှုများရှိပါသည်။
ံCNNသတင်းဋ္ဌာန(ဂျပန်ဘာသာ)မှတင်ပြသည့်အာဘော်အတိုင်းဘာသာပြန်ဆိုရေးသားခြင်းဖြစ်ပါသည်။