Saturday, July 18, 2009

နိုင်ငံခြားသားမှတ်ပုံတင်ကဒ်နှင့်နေထိုင်ခွင့်ကဒ်အကြောင်းသိကောင်းစရာ

ယခုလက်ရှိအခြေအနေတွင်ဂျပန်နိုင်ငံ၌ရက်(၉၀)ကျော်၍နေထိုင်နေသူများသည်နိုင်ငံခြားသားမှတ်ပုံတင်ခြင်း
ဥပဒေနှင့်လူဝင်မှုကြီးကြပ်ရေးဥပဒေနှစ်ခု၏လက်အောက်တွင်ရှိနေပါသည်။
ယခုအချိန်အထိဂျပန်နိုင်ငံတွင်ရက်(၉၀)ကျော်၍နေထိုင်လျက်ရှိသောမည်သည့်နိုင်ငံခြားသားမဆို
နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြုလုပ်နိုင်ပါသည်။
-အဆိုပါနိုင်ငံခြားသားမှတ်ပုံတင်ကဒ်ကိုသက်ဆိုင်ရာမြို့နယ်/ရပ်ကွက်စည်ပင်သာယာရေးအဖွဲ့နှင့်ဆိုင်သော
ရုံး(မြူနီစပယ်)(Municipal)တွင်ပြုလုပ်နိုင်ပါသည်။
-ထိုကဒ်၌ပြုလုပ်သူနိုင်ငံခြားသား၏အမည်၊လိပ်စာ၊မွေးသက္ကရာဇ်၊လူမျိုး၊ဗီဇာအဆင့်အတန်းစသည်တို့
ပါရှိပါသည်။
-၄င်းကဒ်သည်ဂျပန်နိုင်ငံတွင်နေထိုင်သမျှကာလပတ်လုံးမိမိနှင့်အတူအမြဲရှိနေစေရမည်။လိုအပ်၍
သက်ဆိုင်ရာမှတောင်းယူစစ်ဆေးသောအခါတွင်လည်းထုတ်ပြနိုင်ရမည်။
-ထိုကဒ်သည်ဂျပန်နိုင်ငံတွင်တရားမဝင်နေထိုင်သူ(OVERSTAY)များလည်းပြုလုပ်နိုင်ပါသည်။
ယခုအချိန်အထိဂျပန်နိုင်ငံတရားရေးဝင်ကြီးဋ္ဌာန၌နိုင်ငံခြားသားများနှင့်ပါတ်သက်၍
အောက်ပါလုပ်ငန်းစဉ်များကိုလုပ်ဆောင်လျက်ရှိပါသည်။
-နိုင်ငံခြားသားနေထိုင်ခွင့်နှင့်ပါတ်သက်၍ကြီးကြပ်ထိန်းချုပ်ခြင်း။
-တရားရေးဝန်ကြီးဋ္ဌာန၏ကွပ်ကဲမှုအောက်တွင်ရှိသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ။
(ဥပမာ-လူ့အခွင့်အရေးနှင့်ပါတ်သက်သောလုပ်ငန်း။ရဲ၊အချုပ်နှင့်တရားရုံးနှင့်ပါတ်သက်သောလုပ်ငန်း။)
-ပြည်ဝင်ခြင်း၊နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာစုံစမ်းစစ်ဆေးဆောင်ရွက်ခြင်း။
-တရားမဝင်နေထိုင်သူများကိုထိန်းသိမ်းခြင်း၊ထိုမှတဆင့်အာမခံဖြင့်နေထိုင်ခွင့်ပြုခြင်း။
နောင်(၃)နှစ်အကြာတွင်ဖြစ်ပေါ်လာမည်ဟုသိရသောနိုင်ငံခြားသားနှင့်ပါတ်သက်သည့်
လူဝင်မှုကြီးကြပ်ရေးဥပဒေအရ-----
-နောင်(၃)နှစ်အကြာတွင်နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ဟူ၍မရှိတော့ဘဲ(ZAIRYU CARD)
ခေါ်(နေထိုင်ခွင့်ကဒ်ပြား)သာရှိမည်။
-ထိုကဒ်ပြားကိုဂျပန်နိုင်ငံတွင်ဥပဒေနှင့်အညီနေထိုင်၍နေထိုင်မှုသက်တမ်းရက်(၉၀)ကျော်သော
သူများပြုလုပ်ခွင့်ရှိသည်။သို့သော်(အလည်အပါတ်အစရှိသောရက်တိုနေထိုင်သူများ၊တရားမဝင်နေထိုင်သူများ၊
ဒုက္ခသည်အဖြစ်လျှောက်ထားသူများ)ပြုလုပ်ခွင့်မရှိပါ။
-၄င်းကဒ်သည်ဂျပန်နိုင်ငံတွင်နေထိုင်သမျှကာလပတ်လုံးမိမိနှင့်အတူအမြဲရှိနေစေရမည်။လိုအပ်၍
သက်ဆိုင်ရာမှတောင်းယူစစ်ဆေးသောအခါတွင်လည်းထုတ်ပြနိုင်ရမည်။
-တစ်စုံတရာအပြောင်းအလဲရှိသောအခါသက်ဆိုင်ရာသို့အကြောင်းကြားရမည်။(ဥပမာ-လိပ်စာပြောင်းလျှင်
ပြောင်းသည့်အချိန်မှရက်ပေါင်း(၉၀)အတွင်းအကြောင်းကြားရမည်။အကြောင်းမကြားခဲ့သည်ရှိသော်ဥပဒေ
အရဒဏ်ကြေးပေးဆောင်ရမည်။
-ဆိုင်အစရှိသောနေရာတစ်ခုခုတွင်အလုပ်လုပ်နေသောနိုင်ငံခြားသားသည်မိမိ၏အလုပ်နှင့်ပါတ်သက်ပြီး
လူဝင်မှုကြီးကြပ်ရေးဋ္ဌာနသို့အကြောင်းကြားထားရပါမည်။အလုပ်(သို့)အလုပ်၌အပြောင်းအလဲရှိခဲ့လျှင်လည်း
အဆိုပါပြောင်းလဲမှုနှင့်ပါတ်သက်၍အလုပ်ရှင်နှင့်မိမိကိုယ်တိုင်ကပါအကြောင်းကြားရမည်ဖြစ်ပါသည်။
နောင်(၃)နှစ်အကြာတွင်ဖြစ်ပေါ်လာမည်ဟုသိရသောအရပ်သားဆိုင်ရာအခြေခံဥပဒေအရ----------
-အုပ်ချုပ်ရေးဆိုင်ရာဝန်ဆောင်မှုနှင့်ပါတ်သက်သောခံစားခွင့်များ။
-အရပ်သားဥပဒေနှင့်သက်ဆိုင်သောကိစ္စများရပ်များ၌သာမန်အရပ်သူအရပ်သားများနည်းတူ
ဂျပန်နိုင်ငံတွင်ဥပဒေနှင့်အညီနေထိုင်၍နေထိုင်မှုသက်တမ်းရက်(၉၀)ကျော်နေထိုင်သောနိုင်ငံခြားသား
များလည်းခံစားခွင့်ရှိသည်။သို့သော်(အလည်အပါတ်အစရှိသောရက်တိုနေထိုင်သူများ၊တရားမဝင်နေထိုင်သူများ၊ဒုက္ခသည်အဖြစ်လျှောက်ထားသူများ) ခံစားခွင့်မရှိပါ။
၂၀၀၉ခုနှစ်ဇူလိုင်လ၁၂ရက်နေ့ပြုလုပ်သောBRSA၏ဒုတိယအကြိမ်မြောက်(၃)လပါတ်စုံညီအစည်းအဝေး၌(ZAIRYUCARD)ခေါ်(နေထိုင်ခွင့်ကဒ်ပြား)နှင့်ပါတ်သက်၍BRSA၏အကြံပေးပုဂ္ဂိုလ်ဆရာကြီးဦးမင်္ဂလာ၊
မြန်မာ့အရေး၌အစဉ်အမြဲကူညီဆောင်ရွက်ပေးနေသူဆရာကြီးဦးရွှေဘနှင့်ရှေ့နေကြီးOGAWA SANတို့
ပြောကြားခဲ့သည်များကိုကောက်နှုတ်၍ဘာသာပြန်တင်ပြထားခြင်းဖြစ်ပါသည်။