Monday, November 15, 2010
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခြင်း။
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏ထုတ်ပြန်ကြေညာချက်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏
ထုတ်ပြန်ကြေညာချက်
၁၄-၁၁-၂ဝ၁ဝ
၁၊ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရာမှ ၁၃-၁၁-၂ဝ၁ဝ (စနေနေ့) တွင် ပြန်လည် လွတ်မြောက်လာသောမြန်မာလူထု
ုခေါင်းဆောင်၊ ငြိမ်းချမ်း ရေး နိုဘဲလ်ဆုရှင်၊ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်
၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလျက် မြန်မာ့ဒီမိုကရေစီအရေး
အတွက် ဆက်လက် ပူးပေါင်း ပံ့ပိုး လှုပ်ရှားသွားမည် ဖြစ်သည်။
၂၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း
မြန်မာ့ဒီမိုကရေစီအရေးအတွက် အတူတကွတိုက်ပွဲဝင်ရင်း မတရား
ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်သော ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊
ကိုကိုကြီး အပါအဝင်နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ
အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း နအဖ အာဏာပိုင်တို့အားဂျပန်
နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက လေးနက်စွာ
တောင်းဆို လိုက်သည်။
မြန်မာ့ဒီမိုကရေစီ အင်အားစုများ
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)<>

Sunday, November 14, 2010
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီ။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်း ပြန်ဝင်
နှုတ်ဆက်စကား ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အတွင်း သို့ ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်သည်။
ဦးတင်ဦးနှင့် ဇနီးနှင့် ဦးအုန်းကြိုင်တို့လည်း နေအိမ်တွင်းသို့
လိုက်ပါ ဝင်ရောက်သွားသည်။
မနက်ဖြန် မွန်းတည့် ၁၂ နာရီတွင် ရွှေဂုံတိုင် ရုံးချုပ်သို့ လာရောက်
တွေ့ဆုံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လူအုပ်စုကြီးကို ထဲ့
သွင်း ပြောကြားသွားသည်။
17 နာရီ 40 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် လွတ်ပါပြီ
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စု ကြီးကို နှုတ်ဆက်စကား ပြောကြားနေပြီ ဖြစ်သည်။
ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။
အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုကို ပရိတ်သတ်ထဲမှ
ပေးလာ၍ ပန်ဆင်ထားသည်။
------------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ တွင် လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
နေအိမ်ရှေ့တွင်ပင် လူထုကို စကားပြောရန် ဒေါ်အောင်ဆန်းစုကြည်
က စီစဉ်လျှက် ရှိသည်ဟု ဦးဝင်းတင်က ပြောသည်။ အနည်းဆုံး ၄ ထောင် ခန့်ရှိသော စောင့်မျှော်နေသော လူအုပ်ကြီးက
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ခြံဝသို့တိုးကာ စောင့်ဆိုင်း
နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်စုကြီးက မတွေ့ရသေးသော်လည်း ဒေါက်တာ တင်မျိုးဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က လူအုပ်စုကြီးကို ထိန်းထား
ရသည်။ ရွှေဂုံတိုင်ရုံးချုပ်ရှေ့တွင်တော့ လူ ၁ သောင်းကျော်က
စောင့်ဆိုင်းနေရာ ဒေါ်စုနေအိမ်ဘက်သို့ စတင်ထွက်ခွာကြပြီဖြစ်သည်။
16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်

အတားအဆီးများကို စတင် ဖယ်ရှား
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အနီးရှိ လုံခြုံရေး အတားအဆီးများကို စတင် ဖယ် ရှားနေပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီး ကို နှုတ်ဆက်စကား ပြောကြားနေပုံ။
http://www.mizzimaburmese.com/ မှကူးယူတင်ပြသည်။
Saturday, November 13, 2010
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်မည။်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံးဝ
လွတ်မြောက်မည် ဟု အပြည့်အဝ ယုံကြည်
်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်
ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆို။
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း
စုကြည်နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည့် လာမည့် စနေ
နေ့မှာ လုံးဝလွတ်မြောက်မည် ဟု အပြည့်အဝ ယုံကြည်ကြောင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီး
ဦးဥာဏ်ဝင်း က ပြောဆိုပါတယ်..။
မေး။...။ အန်ကယ် အန်တီစု ပြန်လွတ်မယ့် အပေါ် အန်ကယ့်
အမြင်လေး ပြောပြပေးပါ...။
ရှေ့နေကြီးဦးဥာဏ်ဝင်း..။...။ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မယ်
လို့ အန်ကယ်ပြောလိုပါတယ်..။
မေး။..။ ဘယ်နေ့ ဘယ်အချိန်လောက်ပါလဲ အန်ကယ်..။
ရှေ့နေကြီးဦးဥာဏ်ဝင်း..။....။ ၁၃ရက်နေ့ပေါ့ သူတို့ဥပဒေအတိုင်း
ဆို ဒေါ်အောင်ဆန်းစုကြည်ကို စပြီး Move လုပ်သွားတဲ့ အချိန်က
ည(၇)နာရီပေါ့... အဲ့တော့ သူတို့ တိတိကျကျ လုပ်ရင်တော့
ည(၇)နာရီပေါ့။ ဒါပေမယ့် နေ့ခင်း လွှတ်ရင်လည်း ရပါတယ်ဗျာ...
သူတို့ အဲ့လို တိတိကျကျ လုပ်တတ်တဲ့ အကျင့်ရှိတယ် ။
ဒေါ်စုလွတ်ဖို့ အပြည့်အဝ ယုံကြည်ပါတယ်..။ ဟုပြောဆိုသွားပါတယ်..
့

အဖွဲ့ချုပ်အဖွဲ့ဝင်များ ကြိုဆိုရေးအတွက် ကြိုတင်ပြင်ဆင်နေကြပုံ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား
မစ္စတာဂျွန်ယက်တော နေအိမ်သို့ ဝင်ရောက်မှုနှင့် ပတ်သတ်ပြီး
ထောင်ဒဏ် ၃နှစ်ကျခံရန် အမိန်ချမှတ်ခံရပြီးမှ နအဖဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန်ဖြင့် နေအိမ်အကျယ်ချုပ် ၁နှစ်ခွဲ
ကျခံခဲ့ရပြီး.. လာမယ့် ၁၃ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ရက် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်..။ လာမည့် ၁၃ရက်နေ့ဟာ ရုံးပိတ်ရက် စနေနေ့ ဖြစ်တဲ့အတွက် ၁၂ရက်နေ့ သောကြာနေ့မှာ လွတ်မြောက်လာနိုင်တယ် လို့လည်း ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှ အထူး မျှော်လင့်နေကြပါတယ်...။
အဖွဲ့ချုပ်ရုံးမှာ လူထုခေါင်းဆောင်အတွက် ကြိုတင်ပြင်ဆင်နေကြပုံ..
ယနေ့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည် လွတ်မြောက်လာလျှင် ကြိုဆိုဖို့အတွက် ကြိုဆိုရေးလုပ်ငန်းများ
ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး အဖွဲ့ချုပ် အဖွဲ့ဝင်များ အထူးများပြားကြောင်း အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့် မည့် စနေနေ့မှာ ရုံးပိတ်ရက် ဖြစ်သည့်အတွက် သောကြာနေ့မှာ လွတ်မြောက် လာဖို့ အထူး
မျှော်လင့်နေကြပါတယ်..။ သောကြာနေ့ မနက်ပိုင်းမှာလည်း အဖွဲ့
ချုပ်လူငယ်များ ရန်ကုန်မြို့ရှိ ဆေးရုံများမှာ သွေးလှူဒါန်းကြမှာ ဖြစ်ပါတယ်...။ ပြန်လည် လွတ်မြောက်လာမည့် လူထုခေါင်းဆောင်၏ လုံခြုံရေးအတွက် အဖွဲ့ ချုပ်လူငယ် အယောက်(၁၀၀)ကျော် ကြိုတင်ပြင်ဆင် ထားကြကြောင်း သိရှိရပါတယ်..။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၉၈၈)မှ (၂၀၁၀)ခုနှစ်အထိ (၂၂)နှစ်တာ ကာလအတွင်း စုစုပေါင်း ၁၅နှစ်ကျော် (၃)
ကြိမ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချထားခြင်းကို ခံခဲ့ရပါတယ်..။

ဒီမိုဝေယံမှကူးယူတင်ပြသည်။
Thursday, November 11, 2010
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး - အခွန်ရုံး (သံရုံး) ရှေ့ ကန့်ကွက်ဆန္ဒပြပွဲ။
လာမည့် စနေနေ့ (၁၃-၁၁-၂ဝ၁ဝ) တွင် ကျနော်တို့အားလုံး၏
အမျိုးသားခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး
ထိန်းသိမ်းခံနေရာမှ ပြန်လည် လွတ်မြောက်ရတော့မည်
ဖြစ်ပါသည်။သို့ဖြစ်ပါ၍ အတက်ကြွဆုံး နိုင်ငံရေး လှုပ်ရှား
ရန်အတွက် အောက်ပါ အစီအစဉ်ဖြင့် တခဲနက် လာရောက်
စုရုံးကြပါရန် ဂျပန်ရောက် မြန်မာနိုင်ငံသားတိုင်းအား
လေးစားစွာ နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။
(စနေနေ့)
အချိန်နေ့ရက်
၁၃-၁၁-၂ဝ၁ဝ
မွန်းလွဲ ၂ နာရီမှ ၄ နာရီထိ
နေရာ
မြန်မာသံရုံးရှေ့၊ ရှိနဂါဝ၊ တိုကျို၊ ဂျပန်
ဤ ကန့်ကွက်ဆန္ဒပြပွဲနှိုးဆော်ချက်ကို လက်ဆင့်ကမ်း ဖြန့်ချီ
အကြောင်းကြားပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ မှကူးယူတင်ပြသည်။

Monday, November 8, 2010
၂၀၁၀-ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့ ရှိစစ်အာဏာရှင်များ၏အခွန်ရုံး ရှေ့တွင်ပြုလုပ်သောမှတ်တမ်းပုံများ။
၂၀၁၀နိုဝင်ဘာလ၇ရက်နေ့၁၀နာရီမှညနေ၄နာရီ
ခန့်အတွင်းဂျပန်နိုင်ငံတိုကျိုမြို့မြန်မာသံ၇ုံးေ၇ှ့တွင်မြန်မာ့ဒီမိုကရေစီ
အင်အားစုများ၊မြန်မာ့အေ၇းကိုစိတ်ဝင်စားကြသောဂျပန်အဖွဲ့အစည်း
များစုဝေးကာဆန္ဒပြခဲ့ကြပါသည်။့မြန်မာနိုင်ငံတွင်နအဖစစ်အစိုးရက
ရွေးကောက်ပွဲပြုလုပ်ခြင်းကိုဆန့်ကျင်ကန့်ကွက်ရန်ရည်ရွယ်ဆန္ဒပြကြ
ခြင်းဖြစ်ကြောင်းသိရှိရပါသည်။၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်
မီတီ(ဂျပန်)မှတာဝန်ယူကျင်းပခဲ့ပြီးစုစုပေါင်းအင်အား၈၀၀ကျော်ပါဝင်
ဆန္ဒပြခဲ့ကြပါသည်။ဂျပန်နိုင်ငံရုပ်မြင်သံကြားဌာနများ၊သတင်းစာများ
မှလည်းလာရောက်၍သတင်းရိုက်ကူးထုတ်လွှင့်ခဲ့ကြပါသည်။နံနက်မှ
ညနေတိုင်အောင်တစ်နာရီတစ်ကြိမ်ရွေးကောက်ပွဲဆန့်ကျင်ရေးကြွေး
ကျော်သံများသံပြိုင်ရွတ်ဆိုခဲ့ကြသလိုညနေပိုင်းတွင်မြန်မာစစ်အစီုးရ
က တဖက်သတ်သတ်မှတ်ပြင်ဆင်ခဲ့သောအလံနှင့်၂၀၀၈ဖွဲ့စည်းပုံအခြေ
ခံဥပဒေစာအုပ်တို့ကိုဂျပန်ရဲများတားဆီးနေသည့်ကြားမှပင်မြန်မာသံရုံး
ဝင်းတံခါးရှေ့တွင်မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။မြန်မာပြည်တွင်းမဲရုံများသို့
လူအသွားအလာနဲပါးခြင်းစသည့်ပြည်တွင်းသတင်းများကိုလည်း
တာဝန်ရှိကိုယ်စားလှယ်များ-မှအသိပေးကြေငြာခဲ့ပါသည်။
ညနေ၄နာရီတွင်ဆန္ဒပြပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

Sunday, November 7, 2010
တိုကျိုမြို့ရှိမြန်မာနိုင်ငံအခွန်ရုံးရှေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကန့်ကွက် ဆန္ဒပြပွဲ။
၂၀၁၀.၁၁.၀၆ ရက်နေ့(စနေနေ့)
တိုကျိုမြို့ရှိမြန်မာနိုင်ငံအခွန်ရုံးရှေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကန့်ကွက် ဆန္ဒပြပွဲ။
ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ
ဦးစီး ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီင်္း မြန်မာ ပြည်သူများ၏ အနာဂတ်
ကံကြမ္မကို အဆိုးဝါးဆုံး ဖန်တီးခံရတော့မည့် ၂၀၁၀ ရွေးကောက်ပွဲ၊
စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် ပြုလုပ်မည့် ရွေးကောက်ပွဲ
ဖြစ်သည့်အတွက် ဆန့်ကျင်ကြောင်း နှင့်လက်မခံ နိုင်ကြောင်းကို
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) အဖွဲ့တာဝန်ခံ
အသီးသီးတို့မှ ကန့်ကွက် ပြောကြားခဲ့ကြပါသည်။
ဆန္ဒပြပွဲကိုမြန်မာနိုင်ငံသား ၃၀၀ခန့်မြန်မာနိုင်ငံအရေးကို အားပေး ကူ
ညီသော ဂျပန်အဖွဲ့အစည်း များတို့လည်း ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါသည်။

Subscribe to:
Posts (Atom)