၂၀၁၀.၈.၈ ရက်တိုကျိုရှီနာဂါဝါတွင်ရှစ်လေးလုံးအရေးတော်ပုံ
ချီတက်ဆန္ဒပြပွဲကိုမြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်း
ဆောင်ရွက်နေကြသောမြန်မာနိုင်ငံသားဒီမိုကရေစီအင်အား
စုများတက်တက်ကြွကြွလမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွင်ပါဝင် ချီတက်
ကြသည်။မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်းဝင်များလည်းပါဝင်ချီတက်ခဲ့ပါသည်။
Monday, August 9, 2010
2010.August.8 22th Anniversary of Burma`s 8888 Democratic Movement
Thursday, July 29, 2010
မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး အသင်းသားများ၂၂နှစ်မြောက်ရှစ်လေးလုံးအထိမ်းအမှတ် လမ်းလျှောက်ချီတက်ဆန္ဒပြပွဲပါဝင်လှုပ်ရှားကြပါရန် နှိုးဆော်။
မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်ဆောင်ရွက်နေကြသော
မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်းဝင်များအနေဖြင့်ရှစ်လေးလုံးအထိမ်းအမှတ်
ဆန္ဒပြပွဲကို အောက်ပါအစီအစဉ်အတိုင်း တက်တက်
ကြွကြွ ပူးပေါင်းလှုပ်ရှားကြပါရန် နှိုးဆော်အပ်ပါသည်။
နေ့ရက်။ ။၂၀၁၀.၈.၈ ရက်(တနင်္ဂနွေနေ့)
အချိန်။ ။နေ့လည်၁း၀၀နာရီမှာလူစု
နေ့လည်၂း၀၀နာရီအခမ်းအနားစတင်။
နေရာ။ ။JR YAMANOTE LINE GOTANDAဘူတာအနီးပန်းခြံ။
တိုကျိုတွင်ရှစ်လေးလုံးအရေးတော်ပုံချီတက်ဆန္ဒပြပွဲ
(Live Broadcast)ဖြင့်နိုင်ငံတကာသို့ထုတ်လွင့်ပြသ
ပါမည်။ internetမှတဆင့်
http://www.burmacampaign.net
http://www.burmacampaign.net/indexBurmese.html
website၌ကြည့်ရှုနိုင်ပါသည်။မြန်မာနိုင်ငံသားဒုက္ခသည်များ
ကူညီစောင့်ရှောက်ရေးအသင်းသားများမိမိတို့လက်
လှမ်းမီရာအသိုင်းအဝိုင်းများထံထပ်ဆင့်အကြောင်းကြား
ပေးပါရန်မေတ္တာရပ်ခံပါသည်။

Wednesday, July 28, 2010
၂၀၁၀ခုနှစ်ပထမလေးလပတ်အစည်းအဝေးဖိတ်ကြားခြင်း။
Monday, July 26, 2010
နဂိုယာဒေသဌာနခွဲ၏အလုပ်အမှုဆောင်ကော်မတီဖွဲ့စည်းတာဝန်ပေးအပ် ခြင်း။
၂၀၁၀ခုနှစ်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်း(ဂျပန်)BRSA၏၂၀၁၀.၇.၁၈တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်
သောနဂိုယာဒေသဌာနခွဲဖွင့်ပွဲအခမ်းအနားအပြီး၌အသင်း၏ဗဟို
ကော်မတီဝင်များနှင့်နဂိုယာဒေသရှိအသင်းဝင်များကျင်းပပြုလုပ်
သောအစည်းအဝေးမှအောက်ဖေါ်ပြပါအလုပ်အမှုဆောင်ကော်မတီအား
ဖွဲ့စည်းတာဝန်ပေးလိုက်ပါသည်။
ဌာနမှူး - ဒေါ်မြင့်မြင့်သန်း
ဒု-ဌာနမှူး - ဇော်ဇော်အောင်
စည်းရုံးရေးတာဝန်ခ-ံ ဦးသက်အောင်
ဘဏ္ဍာရေးတာဝန်ခံ- နော်မြစပယ်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခ-ံ ထက်အောင်
အလုပ်အမှုဆောင်ကော်မတီဝင်- နှင်းထက်ထက်ဇင်
အလုပ်အမှုဆောင်ကော်မတီဝင်- အောင်ခိုင်သန်း

``မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး အသင်း(ဂျပန်) BRSA၏နဂိုယာဒေသဌာနခွဲ ဖွင့်ပွဲအခမ်းအနား။``
၂၀၁၀ခုနှစ်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်း(ဂျပန်)BRSA၏နဂိုယာဒေသဌာနခွဲဖွင့်ပွဲအခမ်းအနား
(၂၀၁၀.၇.၁၈)တနင်္ဂနွေနေ့တွင်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားမှူးအဖြစ်ဦးမိုးကျော်စိုးမှဆောင်ရွက်ခဲ့သည်။
အခမ်းအနားကိုပထမဦးစွာနိုင်ငံတော်အလံအားအလေးပြုခြင်း၊
(၂၀၁၀.၇.၁၉)ရက်ကျရောက်သော(၆၃)နှစ်မြောက်အာဇာနည်နေ့
အထိမ်းအမှတ်အဖြစ်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီး
သောအာဇာနည်ခေါင်းဆောင်အားအလေးပြုခြင်း၊ခေတ်အဆက်ဆက်
ဒီမိုကရေစီတိုက်ပွဲများအတွင်းအသက်ပေးလှူသွားခဲ့
ကျသော၇ဟန်းရှင်လူကျောင်းသားပြည်သူများအတွက်တက်
ရောက်လာသူများမှကိုးကွယ်ရာဘာသာအလိုက်ဝတ်ပြုဆုတောင်းခြင်း
များပြုလုပ်ကာအခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။
ဆက်လက်၍မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်
ရေးအသင်း(ဂျပန်)BRSA၏ဒု-ဥက္ကဌဦးအောင်စိုးမိုးကအဖွင့်
အမှာစကားပြောကြားခြင်း၊လူမှုရေးဌာနကြီးမှူးဒေါ်စန္ဒာသောင်းမှ
အသင်း၏ဆောင်ရွက်နေသောလုပ်ငန်းစဉ်အခြေအနေများအား
ရှင်းလင်းတင်ပြခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
ထိုနောက်NLD(LA)JBနဂိုယာစည်းရုံးရေးဒေသဒုတာဝန်ခံဦးဇော်ထွေး
မှကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခြင်း၊နဂိုယာဒေသရှိ
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေသော
ဦးအောင်ကျော်မြင့်မှကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခြင်း
များဖြင့်ချီးမြင့်ပေးခဲ့ပါသည်။
မြန်မာနိုငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း
(ဂျပန်)BRSA၏ဒေသဆိုင်ရာဌာနခွဲများနှင့်ပူးပေါင်းဆောင်ရွက်ရေး
ဌာနခွဲဌာနမှူးအောင်နိုင်ဝင်းမှအသင်း၏ဌာနခွဲအားဝိုင်းဝန်းကူညီ
ပေးကြပါရန်နှင့်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်းBRSAအသင်း၏နဂိုယာဒေသဌာနဌာနဒေါ်မြင့်မြင့်သန်းမှပံ့ပိုး
ကူညီကြသူများအားလုံးအားကျေးဇူးတင်စကားပြောကြားခြင်း၊
စီမံရေးရာဌာနကြီးမှူးဦးမြင့်ဦးမှနိဂုံးချုပ်စကားပြောကြားကာ
အခမ်းအနားကိုအောင်မြင်စွာပြီးဆုံးကြောင်းကြေညာခဲ့ပါသည်။

Thursday, July 22, 2010
ဒေါ်အောင်ဆန်းစုကြည်၏နှလုံးခုန်သံ
ဒေါ်အောင်ဆန်းစုကြည်၏နှလုံးခုန်သံသည်
လူထု၏အသက်ရှူသံဖြစ်၏။
သူမ၏စကားသံသည်
လူထု၏ဟစ်ကြွေးသံဖြစ်၏။
သူမ၏ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏။
သူမ၏အားသည်
လူထု၏ဓားဖြစ်၏။
သူမကိုချုပ်နှောင်ခြင်းသည်
လူထုကိုတုပ်နှောင်ခြင်းဖြစ်၏။
သူမကိုလုပ်ကြံခြင်းသည်
လူထုကိုအပြုတ်နှံ့ခြင်းဖြစ်၏။
ပြည်သူလူထုအရေးအတွက်
သူမ၏ဘဝကိုပေးဆပ်ခဲ့သည်။
သူမအရေးအတွက်
ကျွန်ုပ်တို့ဘာပြန်ပေးသင့်ပါသလဲ ?
လူထု၏အသက်ရှူသံဖြစ်၏။
သူမ၏စကားသံသည်
လူထု၏ဟစ်ကြွေးသံဖြစ်၏။
သူမ၏ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏။
သူမ၏အားသည်
လူထု၏ဓားဖြစ်၏။
သူမကိုချုပ်နှောင်ခြင်းသည်
လူထုကိုတုပ်နှောင်ခြင်းဖြစ်၏။
သူမကိုလုပ်ကြံခြင်းသည်
လူထုကိုအပြုတ်နှံ့ခြင်းဖြစ်၏။
ပြည်သူလူထုအရေးအတွက်
သူမ၏ဘဝကိုပေးဆပ်ခဲ့သည်။
သူမအရေးအတွက်
ကျွန်ုပ်တို့ဘာပြန်ပေးသင့်ပါသလဲ ?
Friday, July 9, 2010
48th.Anniversary 7 th July (In front of Myanmar Embassy Tokyo)
၄၈နှစ်မြောက် ၇-ရက်ဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားကို တိုကျို-ဂျပန် မြန်မာသံရုံးရှေ့တွင်ကျင်းပပြုလုပ်သောဆန္ဒပြပွဲ။
Subscribe to:
Posts (Atom)