Monday, February 15, 2010

ပြည်ထောင်စုနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများ

ယနေ့2010 FEBRUARY (14)ရက်နေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ
ဦးစီး၍မတရားဖမ်းဆီးအကျဉ်းကျခံနေရသည့်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွကျောင်းသားခေါင်း
ဆောင်မင်းကိုနိုင်၊ဦးခွန်ထွန်းဦး၊နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုချီတက်ဆန္ဒ္ဒ
ပြပွဲပြုလုပ်သည်။ဒေါ်အောင်ဆန်းဆုကြည်နှင့်နိုင်ငံရေးအကျဉ်းများအားလုံးအမြန်ဆုံးလွှတ်ပေးရေး
တောင်းဆိုဆန္ဒပြပွဲကိုနေ့လည်(၁၁း၃၀)နာရီမှ(၁၂း၃၀)နာရီအထိ ဂျပန်နိုင်ငံ၊
တိုကျိုမြို့၊IKEBUKURUဘူတာအနီးရှိKUMIN CENTERရှေ့ပန်းခြံမှOOTSUKA
ပန်းခြံထိ(၄၅)မိနစ်ခန့်အကြာချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။အဆိုပါဆန္ဒပြပွဲသို့
BRSAအသင်းမှလည်းပါဝင်ပူးပေါင်းဆန္ဒပြခဲ့ပါသည်။
ဆန္ဒပြပွဲသို့တက်ရောက်ဦးရေမှာ(၂၅၀)နီးပါးခန့်ရှိသည်ဟုသိရပါသည်။

သတင်းနှင့်ဓါတ်ပုံ။ ။ကိုနေဝင်း(BRSA)