Sunday, February 7, 2010

(၄၉)နှစ်မြောက်ကချင်တော်လှန်ရေးနေ့ဆန္ဒပြပွဲ

၂၀၁၀၊ဖေဖဝါရီလ၅ရက်နေ့က ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်(၄၉)နှစ်မြောက်ကချင်တော်လှန်ရေးနေ့ဆန္ဒုူု
ပြပွဲကို ပြုလုပ်ခဲ့ရာတွင် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်အတူ BRSAမှလည်းဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည်။
ဆန္ဒပြပွဲသို့ တက်ရောက်ဦးရေမှာ(၁၀၀)နှီးပါးခန့်ရှိသည်ဟုသိရပါသည်။
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းတည်ဆောက်ရေးကိုဆန့်ကျင်ခြင်း၊
အတင်းအဓမ္မရွေ့ပြောင်းစေခြင်းနှင့်မြေယာများသိမ်းပိုက်ခြင်းကိုဆန့်ကျင်ခြင်း၊
အတင်းအဓမ္မလုပ်အားပေးစေခြင်းကိုဆန့်ကျင်ခြင်း၊
အရွယ်မရောက်သေးသောကလေးသူငယ်များအားစစ်မှုထမ်းစေခြင်းကိုဆန့်ကျင်ခြင်း၊
အတင်းအဓမ္မလိင်အကြမ်းဖက်မှုကိုဆန့်ကျင်ခြင်း၊
တိုင်းရင်းသားလူမျိုးစုများအားမျိုးပြုတ်တိုက်ဖြတ်ခြင်းကိုဆန့်ကျင်ခြင်း၊
နယ်ခြားစောင့်တပ်ဖွဲ့ထားခြင်းကိုဆန့်ကျင်ခြင်း၊
ပင်လုံသဘောတူစာချုပ်ကိုအလေးထားရန်တောင်းဆိုခြင်း၊
ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦးနှင့်နိုင်ငံရေးအကျဉ်းသားများ၊ဦးခွန်ထွန်းဦးနှင့်တိုင်းရင်းသားခေါင်းဆောင်များချက်ခြင်းလွတ်ရန်
တို့ကို တောင်းဆိုခဲ့ကြပါသည်။