Thursday, November 10, 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ရာဇ၀တ်မှုများ စုံစမ်းရန် WLB တောင်းဆို

November 7, 2011 6:12 pm


အမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပါ” အမည်ရသည့် မှတ်တမ်း ဗီဒီယို

ုမြန်မာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အပေါင်းအပါများ ကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးတွင် တရားစွဲဆိုနိုင်ရေးကို ဦးတည်၍ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ဖွဲ့စည်းရန် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)က ယနေ့ တောင်းဆိုလိုက်သည်။

WLB က ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် International Center – IC ခန်းမ၌ “အမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပါ” အမည်ရသည့် မှတ်တမ်း ဗီဒီယို အခွေ ထုတ်ဝေ ဖြန့်ချိရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယင်း ဗီဒီယိုခွေ၌ အစိုးရ စစ်တပ်က ကချင်၊ ကရင်နှင့်ရှမ်းပြည်နယ်များတွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း ဒေသခံအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြု ကျင့်မှုများ၊ ရာဇ၀တ်မှု ကျူးလွန်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဓိက မှတ် တမ်းတင်ထားသည်။

“၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့ နောက်ပိုင်းမှာ အခု အသစ်တက်လာတဲ့ အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်နေပါတယ် လို့ ပြောနေတဲ့ အချိန်မှာ တဖက်မှာ ထိုးစစ်တွေ ဆင်နေတယ်၊ စစ်ပွဲတွေ ပိုပြီးတော့ ပြင်းပြင်ထန်ထန် ဖြစ်လာတဲ့ နေရာ ဒေသ မှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုတွေ ပိုများလာတယ်”ဟု WLBမှ သဘာပတိ အဖွဲ့ဝင် ဂျန်မွန်းနေလီ က ဧရာဝတီသို့ပြောသည်။

WLB ၏ ထုတ်ပြန်ချက်တွင်လည်း ယင်းမှတ်တမ်းဗီဒီယိုသည် အစိုးရ စစ်တပ်၏ စစ်ရာဇ၀တ်မှု ကျူးလွန်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့်ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ရသူများ၏ အင်တာဗျူးများ အပါအ၀င် အထောက် အထား ခိုင်လုံစွာဖြင့် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
“မြန်မာစစ်အစိုးရ အနေနဲ့ အမျိုးသမီးတွေအပေါ်မှာ အတင်းအဓမ္မပြုကျင့် မှုတွေအပါအ၀င် အခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုတွေ အစီအစဉ်ချ ကျူးလွန် ခွင့်ပြုထားတယ်ဆိုတာကို ဒီမှတ်တမ်းခွေက ပိုပြီးသက်သေပြ နေပါတယ်”ဟု WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း ကချင်ဒေသခံ အမျိုးသမီး ၁၈ ဦး မုဒိန်းကျင့်ခံရပြီး ၄ ဦး အသတ်ခံခဲ့ရကြောင်း၊ အစိုးရ၏ ခြေမြန်တပ်ရင်း အမှတ် ၄၃၇၊ ခြေလျင်တပ်ရင်း အမှတ်၂၃၇ ရှိ စစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ကချင် အမျိုးသမီး အစည်းအရုံး (KWAT) က ထုတ်ပြန်ခဲ့သည်။
မတရားကျင့်ခံရသူတို့မှာ မိုးမောက်၊ မိုးညှင်း၊ မန်စီ၊ ဒေါဖုံးယမ်မြို့နယ်များမှ ဒေသခံများ ဖြစ်သည်ဟု KWAT ထုတ်ပြန်ချက်က ဆိုသည်။
ထိုသို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် COI ဖွဲ့စည်းရေးကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ထောက်ခံကြောင်း ပြောကြားထားသည်။

ဇွန်လ၂၂ ရက်က ကျင်းပသည့် အမေရိကန် အောက်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ၏ မြန်မာ့အရေး ကြားနာ ပွဲသို့ပေးပို့သော ကြိုတင်အသံသွင်းထားသည့် ဗီဒီယိုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှု မည်ကဲ့သို့ အခြေအနေရှိသည်ကို မှန်ကန်စွာ ဖော်ထုတ်နိုင်ရေး အတွက် လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာ တောင်းဆိုထားသည့် COI ဖွဲ့စည်းရေးကို အမေရိကန်၊ ကနေဒါ အပါအ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံက ထောက်ခံထားသည်။

http://burma.irrawaddy.org/archives/1990
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

ဒေါ်အောင်ဆန်းစုကြည်ုကို ကယ်တင်ဖို့ ကြိုးစားတဲ့ “ပင့်ကူနီ” စစ်ဆင်ရေး

တနင်္လာနေ့၊ နိုဝင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၇ မိနစ်

၁၉၉၁ ခုနှစ်တွင်းက နေအိမ်အကျယ်ချုပ်ကျခံနေရသည့် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ရန်အတွက် “ပင့်ကူနီ” အမည်ရ စစ်ဆင်ရေးတရပ်အား လျှို့ဝှက် ရေးဆွဲခဲ့ပြီး စင်ပြိုင်အစိုးရ ထူထောင်ရန်အတွက် ကြိုးစားခဲ့ကြသည်။စစ်ဆင်ရေးတွင် ထိုင်း-မြန်မာနယ်စပ်အနီး တောထဲတွင် အခြေစိုက်သော ကျောင်းသားတပ်မတော် ABSDF တပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ ပါဝင်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်ခဲ့သူက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရအနေဖြင့် အာဏာရှင်စစ်တပ်ထံမှ စစ်သားများအား စည်းရုံးသိမ်းသွင်းရန် မျှော်လင့်ခဲ့ကြ သည့် အပြင် အာဏာချိန်ခွင်လျှာ ပြောင်းလဲရေးကိုလည်း မျှော်လင့်ခဲ့သည်။ သို့သော်လည်း ယင်းစီမံကိန်းမှာ ပေါက် ကြား သွားသည့်အတွက် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သူများ အဖမ်းခံခဲ့ရသည်။“ကျနော်တို့ ယုံကြည်တဲ့ခေါင်းဆောင်က သူတို့လက်ထဲမှာ ရှိနေတဲ့အတွက် ဓားစာခံထားပြီးတော့ ကျနော်တို့က လုပ်ရတဲ့ သဘော ဖြစ်နေတယ်။ အကယ်၍များ အန်တီက သဘောတူခဲ့ရင် အန်တီ့ကို လွတ်မြောက်တဲ့ နယ်မြေ တနေရာမှာ ထားပြီးတော့ အစိုးရဖွဲ့ပြီးတော့ ကျနော်တို့က တရားဝင် နောက်ဖွဲ့တဲ့ အစိုးရတပ်အဖြစ် သစ္စာခံပြီး ရပ်တည်ကြဖို့။” ဟု “ပင့်ကူနီ” စစ်ဆင်ရေးဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်က ပြန်ပြောင်းပြောပြသည်။

သို့သော် စစ်ဆင်ရေးမှာ အကောင်အထည် မပေါ်မီမှာပင် ပြိုကျခဲ့သည်။ စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်မှာ လည်း ၁၉၉၁ ခုနှစ်တွင် ဖမ်းဆီးခံရကာ သေဒဏ် အပြစ်ပေးခံခဲ့ရသည်။ သို့သော် ယခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာချိန် တွင် ငြိမ်းချမ်းစွာဖြင့် သူဖြစ်ချင်သည့် စာပေထုတ်လုပ်မှု လုပ်ငန်းများနှင့် မီဒီယာသမား တယောက် အဖြစ်သာအေးချမ်းစွာ နေထိုင်သွားလိုတော့သည်။“ပင့်ကူနီ” အထူးလျှို့ဝှက်စစ်ဆင်ရေးတွင် ကရင်အစည်းအရုံး
“ကျနော်တို့ ယုံကြည်တဲ့ ခေါင်းဆောင်က သူတို့ လက်ထဲမှာ ရှိနေတဲ့အတွက် ဓားစာခံ ထားပြီးတော့ ကျနော်တို့က လုပ်ရတဲ့သဘော ဖြစ်နေ တယ်။

အကယ်၍များ အန်တီက သဘောတူခဲ့ ရင် အန်တီ့ကို လွတ်မြောက်တဲ့ နယ်မြေ တနေရာမှာ ထားပြီးတော့ အစိုးရဖွဲ့ပြီးတော့ ကျနော်တို့က တရားဝင် နောက်ဖွဲ့တဲ့ အစိုးရတပ်အဖြစ် သစ္စာခံပြီး ရပ်တည်ကြဖို့။”KNU မှ ခေါင်းဆောင်တဦးဖြစ်သူ စောဗိုလ်မြနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA မှ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဗိုလ်ချုပ် ဘရန်ဆိုင်းတို့ လည်း ပါဝင်ခဲ့ကြောင်း ကိုမင်းဟန်က အခိုင်အမာ ပြောဆိုသည်။ ယင်းအချိန်က ဒေါ်အောင်ဆန်းစုကြည် မှာ စစ်အစိုးရ၏ အရေးပေါ် လုံခြုံရေး ဥပဒေဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့မှစ၍ ဖမ်းဆီးခံထားရချိန် ဖြစ်သည်။သို့သော် ဒေါ်အောင်ဆန်းစုကြည်ကကော လက်ခံမှာလား၊ လက်မခံဘူးလား ဆိုသည်ကိုတော့ မည်သူမျှ မသိရှိဘဲဖြစ်နေသည်။ သို့အတွက် စစ်ဆင်ရေး ရေးဆွဲသူများက ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၊ အစိုးရနှင့် ဆက်စပ် လုပ်ကိုင်နေသည့် စီးပွားရေး ကုမ္ပဏီများအား ဦးစွာဖောက်ခွဲ၍ အစိုးရမှ သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပေါ်စေရန် ဖန်တီးရန် ဆုံးဖြတ်ခဲ့ကြသည်။

ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ကျောင်းသားများထံ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ သတင်း စကား ပါးလာလိမ့်မည်ဟု ယုံကြည်နေကြသည်။“အဓိက ပြဿနာက ဘာလဲဆိုတော့ အန်တီက ကျနော်တို့ လုပ်ရပ်ကို သဘောတူမှာလား၊ မတူဘူးလား။ အန်တီ့ သဘောထား ဘယ်လို ရှိသလဲ ဆိုတာကျတော့ ဘယ်သူကမှ တာဝန် မယူရဲဘူးလေ။ မယူရဲတဲ့ အခါကျတော့ ကျနော် က အန်တီ့ဆီက သတင်းတခု ထွက်လာအောင် စီမံကိန်း တခုကို ရေးဆွဲမယ်ဆိုတဲ့ သဘောပါ။” ဟု ကိုမင်းဟန်က ဆိုသည်။“ကျနော်တို့က အချိန် ပြန်ယူပြီး စောင့်မှာကိုး။ စောင့်တဲ့အချိန်မှာ အန်တီ့သဘောထားက ဘာမှမပြောဘူး၊ ဒါမှမဟုတ် Yes လို့ ယူဆရတဲ့ အခြေအနေ တရပ်ကို မီးမောင်းထိုးပြမယ်ဆိုရင် ကျနော်တို့က နောက်ထပ် စစ်ဆင်ရေး တရပ်နဲ့ အဲဒီကို ဝင်တော့မှာ။” ဟု ပြောဆိုသည်။ဖောက်ခွဲရေးအတွက် ကိုမင်းဟန်နှင့်အတူ ဗိုလ်တိုးလင်း (ခ) သီဟတို့နှစ်ဦးမှာ KNU အခြေစိုက်ရာ ကရင်ပြည်နယ် မာနယ်ပလောစခန်းမှ ရန်ကုန်မြို့သို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်။

ဖောက်ခွဲရေးသင်တန်းလည်း တက်ခဲ့ဖူးပြီးလောင်ချာ၊ ရှေ့ထွက်မိုင်းအပါအဝင် အခြားလက်နက်များ အသုံးပြုနည်းများလည်း သင်ယူခဲ့သည်။စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်မှာ ရှစ်လေးလုံးအရေးအခင်းမတိုင်ခင်က စာပေလောကသား တဦးဖြစ်ကာ ဂီတကောင်စီမှ ထုတ်ဝေသည့် “ဂီတပဒေသာမဂ္ဂဇင်း” တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ယင်းမဂ္ဂဇင်းကို ယမုန်နာစာအုပ်တိုက်မှ ထုတ်ဝေခြင်းဖြစ်ကာ ပိုင်ရှင်မှာ ၎င်း၏ ဖခင် ဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ကျ ခဲ့သည့်အတွက် တက္ကသိုလ်ဝင်တန်းဖြင့် ကျောင်းထွက်ကာ ၁၉၈၆ မှစ၍ စာပေလောကထဲ ဝင်လာသူ ဖြစ်သည်။ယင်း၏ စာပေလွတ်လပ်ခွင့်နှင့် ပတ်သက်၍ “သူက တက်တက်ကြွကြွရှိတယ်။ တချို့အပိုင်းတွေမှာတော့ ကြမ်းကြမ်းတမ်းတမ်းလေးပေါ့။ သူက မျက်မှန်အထူကြီးတပ်ရတာဗျ။ သူက ပါဝါအဝေးကြည့်၊ အနီးကြည့် မဟုတ်ဘူး။ အဲဒီလို မျက်မှန်ကြီးနဲ့ လူကောင်က ထွားထွားပဲ။” ဟု ကိုမင်းဟန်နှင့် ကျောင်းသား ဘဝကတည်းက ရင်းနှီးခဲ့သူ ကိုသက်ဦးက ပြန်ပြောပြသည်။သူက ဆက်ပြီး “သူက ထောင်ထဲမှာ အာဏာပိုင်တွေကို Fight တယ်။ သတင်း အချက်အလက်တွေကို စုဆောင်း တယ်။ စာပေနဲ့ ပတ်သက်တဲ့ဟာတွေကို ထောင်ထဲမှာ လုပ်တယ်။ ဒါ သူ့ရဲ့ ထောင်ထဲမှာ လုပ်တဲ့ အပိုင်းလေးတွေပေါ့။ ထွက်ထွက်လာချင်းကတည်းကလည်း ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အပိုင်းကို စိတ်ဆန္ဒ အရမ်း ပြင်းပြနေတယ်။” ဟု ဆိုသည်။

အာဏာရှင် ဆန့်ကျင်ရေး ၁၉၈၈ ခုနှစ်အပြီး၊ ၁၉၉၀ ပြည့်နှစ်တွင် ပထမဆုံး လွတ်လပ်သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကျင်းပရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD မှ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် မဲအပြတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး အမတ်များမှာ အခြေခံ ဥပဒေရေးဆွဲရာတွင်သာ ပါဝင် လုပ်ကိုင်ရမည်ဟု ဆိုခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် အဖမ်းအဆီးများလည်း ပိုက်စိတ်တိုက် လာခဲ့ရာက NLD အမတ် တချို့က ကြားဖြတ် အစိုးရသစ် ထူထောင်ရန် အတွက် ကြိုးပမ်းခဲ့ကြသည်။“အန်တီ ကျနော်တို့နဲ့အတူ အတူတကွ လိုက်ခဲ့မယ် ဆိုရင်တော့ နိုင်ငံရေး အခြေအနေက တမျိုး ပြောင်းလဲသွားမှာပေါ့။” ဟု “ပင့်ကူနီ” စစ်ဆင်ရေးခေါင်းဆောင် ကိုမင်းဟန်က ပြန်ပြောပြသည်။

စစ်ဆင်ရေးက မစမီမှာပင် ပေါက်ကြားသွားခဲ့ပြီး အဖမ်းခံရကာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကိုမင်းဟန် အပါအဝင် ၁၅ ဦးမှာ နိုင်ငံတော် ပုန်ကန်မှုဖြင့် အပြစ်ပေးခံရသည်။ ကိုမင်းဟန် အပါအဝင် ငါးဦးမှာ သေဒဏ်နှင့် ကျန် ၁ဝ ဦးမှာ တသက်တကျွန်းအဖြစ် ပြစ်ဒဏ်ကျခဲ့သည်။ သို့သော် သေဒဏ် ကျသူများမှာ ၁၉၉၄ ခုနှစ်တွင် ကျွန်းဒဏ်သို့ ပြောင်းလဲခဲ့ရာမှ ယခုအချိန်မှ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။ဖောက်ခွဲရေးပစ္စည်းများ လက်လွှဲရယူရန်အတွက် ပြင်ဆင်ထားချိန်ဖြစ်ကာ ရန်ကုန်မြို့ တာမွေမြို့နယ် ၁၆၅ လမ်းရှိ ကိုမင်းဟန်၏ နေအိမ်သို့ ကွန်မန်ဒိုတပ်သား ငါးဦးနှင့် လမ်းထိပ် တဘက်တချက်စီတွင် စစ်ကားတစီးစီဖြင့် ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။“အဲဒီတုန်းက ကျနော်တို့အိမ်မှာ ဘာလက်နက်မှ ရှိမနေဘူး။ ကျနော်တို့က လူတွေချည်းပဲ မိတာ။ ဒါပေမဲ့လည်း သူတို့ကလည်း ထင်တာက ဆောင်ထားလိမ့်မယ်လို့ ထင်တယ်။ အဲဒါနဲ့ အိမ်ကို လာဝိုင်း တယ်ပေါ့။ အဲဒီအချိန် ကျနော်က ထမင်းစားနေတုန်း။ ထမင်းစားတဲ့အချိန်မှာပဲ ကျနော့်အနားကို လာပြီးတော့ ပစ္စတိုနဲ့ တေ့ပြီး ကျနော့်ကို ဖမ်းသွားတာ။” ဟု ကိုမင်းဟန်က ပြန်ပြောပြသည်။

သူကဆက်ပြီး “ကျနော် ထောင်ထဲရောက်သွားပြီးမှတော့ ကျနော်တို့ ကြားရတာပေါ့။ အန်တီက Message တခု ပေး တယ်။ အဲဒါ ဘာလဲဆိုတော့ အန်တီတို့ လာတွေ့တဲ့ အတွင်းထဲက လူတယောက်နဲ့ မှာလိုက်တယ်။ အဲဒီမှာ အန်တီကပြောတယ်လို့ ပြောတယ်။ ကျောင်းသားတွေ ကျမကို ကယ်ဖို့ ကြိုးစားနေတယ်။ ကျမ ဒုက္ခ မရောက်ပါဘူးလို့ အန်တီ က ပြောလိုက်တယ်။ အဲဒီလို မက်ဆော့ခ်မျိုးပေါ့ဗျာ။ အဲဒီဟာသာ အမှန်ဆိုရင် အန်တီကို ကယ်ဖို့ စီမံကိန်းက ကျနော် တို့ ဖျက်လိုက်ပြီ၊ သေချာတယ်။” ဟု ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ဖို့ သို့မဟုတ် နိုင်ငံအပြင် လွတ်လပ်ရာကို ခေါ်ဆောင်ဖို့ ကြိုးစားတာကတော့ ယခုတကြိမ်တည်းသာ မဟုတ်ပေ။ နောက် ဆယ်စုနှစ် နှစ်ခုနီးပါးတွင်လည်း အလားတူ ကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့သေး သည်။အသက် (၅၄) နှစ်အရွယ် အမေရိကန်နိုင်ငံသာ ဂျွန်ဝီလျံ ယက်ထောဆိုသူမှာ ၂၀၀၉ ခုနှစ် မေလ ၃ ရက်နေ့တွင် ငါးလီတာဝင် ရေသန့်ဘူးအား အသုံးပြု၍ အင်းလျားကန်ကို ဖြတ်ကူးကာ နေအိမ်ဝင်းအတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ် သည်။ နေအိမ်တွင် သုံးရက်ကြာနေထိုင်ပြီး ပြန်အထွက် ရေပြင်တွင် ရဲကတွေ့ရှိရာက ဖမ်းဆီးမိခဲ့သည်။၎င်းနှင့် အတူ နိုင်ငံကူးလက်မှတ်တခု၊ အနက်ရောင် ကျောပိုးအိတ်တလုံး၊ ဓာတ်မီးတလက်၊ ခေါက်ပလာယာ တလက်၊ Canon ကင်မရာ တလုံး၊ အမေရိကန်ဒေါ် ၁၀၀ တန် နှစ်ရွက်နှင့် မြန်မာငွေကျပ် ၁၀၀၀ တန် ၉၃ ရွက်တို့ကို ပါ တပါတည်း ဖမ်းမိခဲ့သည်။

ဂျွန်ယက်ထောမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရစဉ်အတွင်း အစ္စလာမ် အမျိုးသမီးများ ဝတ်ဆင်သည့် မျက်နှာအုပ် ဝတ်စုံနှစ်ထည်နှင့် နေကာမျက်မှန်များ ပေးအပ်ခဲ့ကြောင်း၊ ယင်းပစ္စည်း များကို ဝတ်ဆင်မည်ဆိုပါက မည်သူမှန်း မှတ်မိနိုင်တော့မည် မဟုတ်ကြောင်း ၂ဝဝ၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ကပြုလုပ်ခဲ့သည့် အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ပြောကြားခဲ့သည်။ယင်းအပြင် ယက်ထောမှာ ဆင်းရဲသူတဦး ဖြစ်သည့် အတွက်
“အဓိက ပြဿနာက ဘာလဲဆိုတော့ အန်တီက ကျနော်တို့ လုပ်ရပ်ကို သဘောတူမှာလား၊ မတူဘူးလား။ အန်တီ့သဘောထား ဘယ်လိုရှိ သလဲဆိုတာကျတော့ ဘယ်သူကမှ တာဝန် မယူရဲဘူးလေ။ မယူရဲတဲ့ အခါကျတော့ ကျနော် က အန်တီ့ဆီက သတင်းတခုထွက်လာအောင် စီမံကိန်းတခုကို ရေးဆွဲမယ်ဆိုတဲ့ သဘောပါ။”မြန်မာနိုင်ငံသို့ လာရောက်ရန် ကုန်ကျမှုများကိုလည်း နောက် ကွယ်မှ ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ရှိနိုင်ကြောင်း ရဲချုပ် ခင်ရီက ပြောဆိုသည်။

သို့သော် ယက်ထောကမူ မိမိအနေဖြင့် ယခုကဲ့သို့ ဝင်ရောက်လာရခြင်းမှာ “အကြမ်းဖက်အုပ်စု တခုမှ ဒေါ်စုကို အသက်အန္တရာယ် ပြုတော့မည် ဖြစ်ကြောင်း အာရုံထဲတွင် ပေါ်နေသည့် အတွက် ဘုရားသခင်က စေလွှတ်ခြင်း” ဖြစ်ကြောင်း တရားရုံးတွင် ပြောဆိုခဲ့သည်။ယင်းကဲ့သို့ ဂျွန်ယက်ထော ဝင်ရောက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလို သူကို ကူညီမှု ပုဒ်မ ၂၂/၁၀၉ အရ ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ သို့ လျှော့ချပေးခဲ့သည်။ABSDF ၏ “ပင့်ကူနီစစ်ဆင်ရေး” မှာ ဒေါ်အောင်ဆန်းစုကြည် ကယ်တင်ရေး အတွက် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး တရပ်သာ ဖြစ်သော်လည်း ယင်းကာလက အာဏာလက်စောင်းထက်သည့် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်အား လုပ်ကြံမည့် အစီအစဉ်အဖြစ်လည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ဧရာဝတီ သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် “The Would-Be assassin who couldn't kill” ဆောင်းပါး၌ “၁၉၉၀ နှစ်ဦးပိုင်တွင်း ABSDF မှ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ အား လုပ်ကြံသတ်ဖြတ်ရန် “သိမ်းငှက်” စစ်ဆင်ရေးဖြင့် စီစဉ်ခဲ့ဖူးကြောင်း၊ ၁၉၉၁ ခုနှစ်တွင်လည်း ကိုမင်းဟန်နှင့် ရဲဘော်တချို့မှာ အလားတူ လုပ်ကြံရေး အစီအစဉ်မျိုးကို အခြား စစ်ဆင်ရေးတရပ် အနေဖြင့် လုပ်ဆောင်ခဲ့ကြောင်း”အောက်တိုဘာလ ၁၀ ရက်တွင် ဖော်ပြထားသည်။

သို့သော် မိမိတို့၏ စစ်ဆင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရေးသာဖြစ်ပြီး အစိုးရထိပ်ပိုင်း ခေါင်းဆောင် များအား လုပ်ကြံရန် မဟုတ်ကြောင်း၊ စစ်ဆင်ရေးများမှာ အထူးလျှို့ဝှက်ဖြစ်၍ မိမိနှင့်သက်ဆိုင်သည့် စစ်ဆင်ရေးကို သာသိကြောင်း “ပင့်ကူနီ” ဥက္ကဋ္ဌ ကိုမင်းဟန်က ဆိုသည်။“ကျနော်တို့ဆီမှာ ထုတ်ဝေမယ့် Statement တခု ရှိတယ်ဗျ။ အဲဒီမှာ အချက်ငါးချက် ပါတယ်။ အင်းစိန်ထောင်၊ အစိုးရနဲ့ ဆက်ဆံနေတဲ့ ကုမ္ဗဏီတွေ အဲဒီဟာတွေကို တိုက်ခိုက်မယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်မယ် ဆိုတာ ပါသွားတဲ့အတွက် အဲဒီ ဗိုလ်ခင်ညွန့်တို့ လိုင်းနဲ့ ကျနော်တို့က စစ်ချက်ထဲမှာကို မရှိဘူး။ စစ်ကြောရေး ဝင်တဲ့ကာလမှာလည်း သူတို့က အဲဒီလိုင်းနဲ့ မမေးဘူး။” ဟု စစ်ကြောရေးစခန်းတွင် စစ်မေးခဲ့မှုများနှင့် ပတ်သက်၍ ကိုမင်းဟန်က ပြန်ပြောပြသည်။

ယင်းကာလက ABSDF ၏ ဥက္ကဋ္ဌဖြစ်သူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ကလည်း “အဲဒီတုန်းက ကျနော် ABSDF မှာ တာဝန်ယူနေတယ်။ ခင်ဗျားပြောတဲ့ ခုနကရဲဘော်ကို တာဝန်ပေးပြီးတော့ ဗိုလ်ချုပ်ခင်ညွန့်ကို Target ထားပြီး လုပ်ကြံတာတို့ ဘာတို့ကတော့ အဲဒီ Project တော့ ကျနော် မကြားဖူးဘူး။ သိလည်း မသိဘူး ဖြစ်နေတယ်။ အဲဒီလိုမျိုးတော့ မရှိခဲ့ဘူး အမှန်အတိုင်းပြောရရင်။” ဟု မဇ္ဈိမကို ပြောသည်။
ABSDF အနေဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် စစ်အစိုးရအနေဖြင့် အာဏာ စွန့်သွားမည်ဟု မယုံကြည်ကြောင်း၊ တယောက်မရှိလျှင် တယောက် တက်လာမည်သာ ဖြစ်သည့်အတွက် ယင်းလမ်းစဉ်ကို အသုံးမချခဲ့ဟု သိရသည်။“ပင့်ကူနီ” စစ်ဆင်ရေးကို ၁၉၉၀ နိုဝင်ဘာလမှ စတင်၍ ပြင်ဆင်ခဲ့ခြင်းဖြစ်ကာ ကိုမိုးသီးဇွန် အနေဖြင့် ABSDF ဥက္ကဋ္ဌ ရာထူးအား လွှဲပြောင်းယူချိန် ဖြစ်သည်။ ၎င်းမှာ တပ်အား ထိန်းသိမ်းရန်နှင့် နေရာချထားရေးအတွက် အလုပ်များနေ သည့် အချိန်ဖြစ်ကာ စစ်ဆင်ရေးအား တိုင်းရင်းသား ခေါင်းဆောင်တချို့နှင့် ABSDF အောက်ခြေ အဆင့်များမှ ပူးတွဲ လုပ်ခဲ့ခြင်းသာ ဖြစ်သည်။စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်မှာ စစ်ဆင်ရေး ပြင်ဆင်ချိန် နှစ်လတာ ကာလအတွင်း ဥက္ကဋ္ဌဖြစ်သူ ကိုမိုးသီးဇွန်နှင့် တကြိမ်သာ တွေ့ဆုံခွင့်ရခဲ့ပြီး စစ်ဆင်ရေးကိစ္စနှင့် ပြောခွင့်မရခဲ့ကြောင်း၊ စစ်ဆင်ရေး အစဦး အနေဖြင့် ဖောက်ခွဲရေး လုပ်ငန်းစဉ် အပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ သတင်းစကား ရမှသာလျှင် အသေးစိတ် တိုင်ပင်ရန် စီစဉ်ခဲ့ကြောင်း ကိုမင်းဟန်က ပြောဆိုသည်။၁၉၉၁ ခုနှစ်ကာလအတွင်းက ABSDF အပါအဝင် မြန်မာအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တပ်ပေါင်းစု - National Democratic Front တို့ ပေါင်းစည်းထားသည့် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကြီး (မဒတ) DAB အတွင်း စင်ပြိုင် အစိုးရဖွဲ့ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများလည်း ရှိခဲ့သည်။ ယင်း DAB အဖွဲ့မှာ ၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့တွင် ABSDF တည်ထောင်အပြီး မကြာခင်တွင် ပေါ်ပေါက်လာသည့် မဟာမိတ် အဖွဲ့ကြီးလည်း ဖြစ်သည်။“အထူးသဖြင့် ကိုမိုးသီးဇွန်တို့ ဘာတို့စသဖြင့် တပ်ပေါင်းစုမှာ ဆွေးနွေးကြတာ ရှိတယ်။ ဆွေးနွေးကြတဲ့ နေရာမှာ အဓိက အရေးကြီးတာကတော့ DAB ပေါ့။ DAB မှာ KNU အပါအဝင် တချို့ခေါင်းဆောင်တွေက သူတို့ဟာ သူတို့တောထဲမှာပဲ စင်ပြိုင် အစိုးရဖွဲ့ကြမယ်ဆိုတဲ့ စဉ်းစားချက်တွေ ရှိပါတယ်။ ရှိတဲ့အခါကျတော့ နောက်ပိတ်ဆုံး ထူးခြားချက်တွေ၊ အခြေခံ ဥပဒေမူကြမ်းတွေ၊ တံဆိပ်တုံးတွေ ဘာတွေ အကုန်လုပ်ပြီးသား။” ဟု ယင်းကာလက မာနယ်ပလောတွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ABSDF ကျောင်းသား ကိုအောင်သူငြိမ်းက မဇ္ဈိမကိုပြောသည်။

၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အား မကျေနပ်သည့် ဒေါက်တာ
“ကျနော် ထောင်ထဲ ရောက်သွားပြီးမှတော့ ကျနော်တို့ ကြားရတာပေါ့။ အန်တီက Message တခု ပေးတယ်။ အဲဒါ ဘာလဲဆိုတော့ အန်တီ တို့ လာတွေ့တဲ့ အတွင်းထဲက လူတယောက်နဲ့ မှာလိုက်တယ်။ အဲဒီမှာ အန်တီက ပြောတယ်လို့ပြောတယ်။ ကျောင်းသားတွေ ကျမကို ကယ်ဖို့ ကြိုးစားနေတယ်။ ကျမ ဒုက္ခ မရောက်ပါဘူးလို့ အန်တီက ပြောလိုက်တယ်။ အဲဒီလို မက်ဆော့ခ် မျိုးပေါ့ဗျာ။ အဲဒီဟာသာ အမှန်ဆိုရင် အန်တီကို ကယ်ဖို့စီမံကိန်းက ကျနော်တို့ ဖျက်လိုက်ပြီ၊ သေချာတယ်။”စိန်ဝင်းအပါအဝင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် တချို့ ကလည်း စင်ပြိုင် အစိုးရ တည်ထောင်ရန် အတွက် အောက်တို ဘာလ ၁ ရက်နေ့တွင် မန္တလေးတွင် လျှို့ဝှက် ဆွေးနွေးကြကာ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် KNU နှင့် DAB ဌာနချုပ်ဖြစ်သည့် မာနယ်ပလော၌ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB ကို ဖွဲ့စည်းခဲ့ကြသည်။ “အဲဒီအချိန်မှာတင်ဒေါက်တာ စိန်ဝင်းတို့၊ အထဲက ရွေးကောက်ပွဲ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေ ရောက်လာတော့ ဒါတွေ အားလုံး သူတို့ကိုပေးလိုက်တယ်။ ပေးလိုက်ပြီးတော့ သူတို့ကို စင်ပြိုင်အစိုးရ ဖွဲ့ပေးလိုက်တယ်ပေါ့ဗျာ။” ဟု ABSDF ၏ ဘုရားသုံးဆူဒေသနိုင်ငံရေးမှူးလည်း ဖြစ်ခဲ့သူ ကိုအောင်သူငြိမ်းက NCGUB ဖွဲ့စည်းခဲ့ပုံနှင့် ပတ်သက်၍ ပြန်ပြောပြသည်။

ယင်းကာလကမြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းဆောင်တင်၍ စင်ပြိုင် အစိုးရဖွဲ့မှသာလျှင် အပြောင်းအလဲများ ဖြစ်လာမည်ဟု “ပင့်ကူနီ” စစ်ဆင်ရေးသမားများက ယုံကြည်ထားကြ သည်။ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် စစ်အစိုးရကြား ထိပ်တိုက် ဖြစ်လာမည်ဆိုပါက ဒီမိုကရေစီ လိုလားသူ တပ်မတော်သားများ ဘက်ပြောင်းလာမယ့်အတွက် ယင်းစစ်ဆင်ရေးအတွက် အလေးတယူ လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။“အစိုးရနောက်တရပ်ရှိမှ ဒီအစိုးရကို သစ္စာမခံဘူး၊ နောက်အစိုးရကို သစ္စာခံမယ်လို့ ဖြစ်မှာပေါ့။ ကျနော်တို့ က ပလက်ဖောင်းတခု ခင်းပေးရတာပေါ့ဗျာ။ ကျနော်တို့ ယုံကြည်ထားတာက အစိုးရသစ်တရပ် ပေါ်ပေါက်လာရင် တပ်မတော်ထဲမှာလည်း ဒီမိုကရေစီလိုလားတဲ့ ရဲဘော်တွေကလည်း ကျနော်တို့နဲ့ ပူးပေါင်းလာကြလိမ့်မယ်။ အဲဒီလိုမျိုး ယုံကြည်တာကိုး။ အဲဒါကြောင့် အဲဒါကို တော်တော် အလေးအနက် သဘောထားတာပေါ့ဗျာ။” ဟု စစ်ဆင်ရေးဥက္ကဋ္ဌ ဖြစ်သူ ကိုမင်းဟန်က ဆိုသည်။

သူက ဆက်ပြီး ယင်းကာလက NCGUB ခေါ် စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် အတွက် ပြည်တွင်းရှိ လွှတ်တော်အမတ်များ စီစဉ်နေခြင်းကိုလည်း မသိကြောင်းပြောသည်။ ယနေ့အချိန်တွင်မူ “ပင့်ကူနီ” စစ်ဆင်ရေး ကဲ့သို့သော လုပ်ငန်းမျိုး မိမိအနေဖြင့် မပြုလုပ်လိုတော့ကြောင်း၊ ထောင်တွင်း နှစ် ၂၀ ကျော်ကျခဲ့သည့်အတွက် တပ်သဘောအရ ပင်စင်စားနေပြီ ဖြစ်သည့်အတွက် ABSDF မှ ပင်စင်ယူလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ခရိုင် ပြောက်ကျား တာဝန်ခံက ခံယူထား သည်။“ဘယ်လို အချိန်ကာလမျိုးမှာ ပြန်ဖြစ်လာနိုင်သလဲ ဆိုတော့ အေးအေးချမ်းချမ်း ဆွေးနွေးလို့ နေရဲ့သားနဲ့မှ လပြည့်နေ့က လွတ်လာတဲ့ ရှစ်လေးလုံး အုပ်စုတွေပေါ့ဗျာ။ အဲဒါမျိုးတွေ ပြန်ပြီး အဖမ်းခံလိုက်ရပြီဆိုရင်တော့ တမျိုးပေါ့ဗျာ။ အဲဒါဆိုရင်တော့ ဘာမှ ပြောစမရာ မရှိတော့ဘူး။” ဟု “ပင့်ကူနီ” စစ်ဆင်ရေးဥက္ကဋ္ဌက ဆိုသည်။

လွတ်မြောက်လာချိန်တွင် ငယ်စဉ်ကပင် မျှော်လင့်ခဲ့သည့် ယမုန်နာ စာပေ ပြန်လည် ထူထောင်ရန်နှင့် ဂျာနယ် တစောင် ထုတ်ဝေနိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု သူက ဆုံးဖြတ်ချက် ချထားသည်။“ကျနော့်စိတ်ထဲမှာ နိုင်ငံရေးအရ လွတ်လပ်တဲ့ဂျာနယ်တစောင် လုံးဝထုတ်ချင်တာ။ ကျနော် ဒီ Field ထဲကို ဝင်လာရ တဲ့အကြောင်းအရကလည်း အဲဒီစာပေလွတ်လပ်မှု ရှိဖို့ပဲ။ အဲဒါကို ကျနော် သိပ်အဓိကထားတာ၊ တော်တော်လည်းမြတ်နိုးတယ်ပေါ့။” ဟု ကိုမင်းဟန်က ဆိုသည်။သူကဆက်ပြီး “ဂျာနယ်လစ်တယောက်အနေနဲ့ ဆောင်းပါးရေးသူ၊ ဂျာနယ်ထုတ်ဝေသူ၊ စာရေးဆရာ၊ အဲဒီလိုမျိုး ကျနော်က ရပ်တည်ချင်တာဗျ။ တကယ့် ကျနော့်ရဲ့ ရင်ထဲမှာ ရှိတဲ့ အနာဂတ်ပေါ့ဗျာ။” ဟု ပြောသည်။
မဇ္ဈိမမှကူးယူတင်ပြသည်
Posted by MAUNG NE WIN

ဦးဝင်းတင်ကို “သူရသတ္တိ” ရွှေတံဆိပ်ဆု ချီးမြှင့်မည်

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၇ မိနစ်




ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်အား “သူရသတ္တိ” ရွှေတံဆိပ်ဆု ပေးအပ်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်အား ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် တိုင်းပြည်အတွက် အနစ်နာခံ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော်မှ “သူရသတ္တိ” ရွှေတံဆိပ်ဆု ပေးအပ်မည်ဟု သိရသည်။


ပြည်တွင်းတွင် ပထမဦးဆုံးအကြိမ် ပေးအပ်ခံရမည့် “သူရသတ္တိ” ရွှေတံဆိပ်ဆုမှာ ရင်ထိုးအမျိုးအစားဖြစ်ပြီး အလေး ချိန် တကျပ်သားရှိ ရွှေပြားပေါ်တွင် “သူရသတ္တိ” ဟူသော စကားလုံးနှင့် “ခွပ်ဒေါင်းပုံ” ပါဝင်သည်။ ယင်းဆုကိုလည်း ဆရာတော်တဦးတည်းမှ အကုန်အကျခံသော ဆုတံဆိပ်ကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပေးအပ်မှာ ဖြစ်သည်။


အခမ်းအနားကို ကျောင်းတိုက်တည်ရှိရာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁ ရပ်ကွက်၊ အနော်ရထာလမ်းတွင် ကျင်းပ မည်ဖြစ်ကာ တဆက်တည်းပင် စက်တင်ဘာ သံဃာ့ အရေးအခင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် သံဃာတော်များအား ပြန်လည် သိက္ခာထပ်ပွဲကို ပူးတွဲကျင်းပမည် ဖြစ်သည်။ “ဒီမိုကရေစီသွားတဲ့ နေရာမှာ အကွေ့အကောက်၊ အတိမ်းအစောင်း၊ အကြောက်အရွံ့မရှိပဲနဲ့ ဦးဝင်းတင်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရဲရဲဝင့်ဝင့်ဖြင့် ရင်ဆိုင်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဦးဝင်းတင်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်” ဟု မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက မဇ္ဈိမကို မိန့်သည်။“ခွပ်ဒေါင်းဆိုတဲ့ သဘောတရားက မဟုတ်ရင် ဘယ်သူ့ကိုမှ မခံဘူး။ သူက အကုန်လုံး ခွပ်ပြီးတော့ သတ်မယ်ဆိုတဲ့ သဘောတရားကို ဆောင်တယ်။ မဟုတ်တဲ့နေရာမှာ ခွပ်ဒေါင်းဟာ သူ့အပေါ်မှာ ကျရောက်လာတဲ့ အန္တရာယ် မှန်သမျှကို အကုန်လုံး တိုက်ခိုက်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိပါတယ်။ ဦးဝင်းတင်ကလည်း အဲဒီလို ခွပ်ဒေါင်းရုပ်နဲ့ ခွပ်ဒေါင်း စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်မို့လို့” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။


အသက် ၈၁ နှစ်အရွယ် ဦးဝင်းတင်မှာ သတင်းစာသမား ဘဝမှပင် တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် တစိုက် မက်မက် လုပ်ဆောင်ခဲ့သည့် အပြင် နိုင်ငံရေးသမားဘဝတွင်လည်း ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် NLD နှင့်အတူ စိုက်လိုက်မက်တပ် လုပ်ဆောင်ခဲ့သည်။


အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးခံခဲ့ရကာ ၁၉ နှစ်ကျော်ကြာပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။ “အန်ကယ် ဦးဝင်းတင်က တကယ့်ကို ယုံမှားသံသယ မရှိကောင်းတဲ့ တကယ့်ဒီမိုကရက်တစ် တယောက် ဖြစ်တယ်။ ပုဂ္ဂိုလ်ရေး ဘဝအရပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီရေး ခံယူချက်အရပဲ ဖြစ်ဖြစ် လူထုနဲ့ တသားတည်း ရှိပြီးတော့ ဒီကနေ့ အချိန်အထိ မားမားမတ်မတ် ရပ်တည်နေတဲ့အတွက် သူဟာ ဒီဆုနဲ့ ပတ်သက်ပြီး ထိုက်တန်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်” ဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက် တာဝန်ခံ ကိုအောင်ဇော်ထွန်းက မဇ္ဈိမကို ပြောသည်။ ဦးဝင်းတင်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပေးအပ်သည့် Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု - Guillermo Cano World Press Freedom Prize၊ ကမ္ဘာ့သတင်းစာများ အသင်း၏ လွတ်လပ်ရေး အတွက် ရွှေကလောင်ဆု - Newspapers' Golden Pen of Freedom နှင့် နယ်စည်းမခြား သတင်းထောက်များဆု - Winner of Reporters Without Border များ ချီးမြှင့် ခံထားရသူလည်း ဖြစ်သည်။


ဆုပေးပွဲကို တခမ်းတနားဖြင့် မလုပ်ပေးစေလိုကြောင်း ဦးဝင်းတင်က အကြောင်းပြန်ခဲ့သည်ဟု သွားရောက် အကြောင်းကြားခဲ့သူ ကိုအောင်ဇော်ထွန်းက ပြန်ပြောပြသည်။ သိက္ခာထပ်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်၊ အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့နှင့် ဒီမိုကရေစီ အင်အားစုများက စုပေါင်းပြုလုပ်ခြင်းဖြစ်ကာ လက်ရှိတွင် သိက္ခာထပ်မည့် သံဃာတော် ၂၄ ပါး ရှိပြီဟု သိရသည်။ ယင်းအပြင် ပွဲသို့ လာရောက်မယ့် အကျဉ်းကျခံ မိသားစုများအတွက် စာအုပ်စာတမ်းနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများကို ကူညီသွားမည် ဖြစ်သည်။


မဇ္ဈိမမှကူးယူတင်ပြသည်


Posted by MAUNG NE WIN

၂၀၁၄ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းမှုကို နားလည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆို

Saturday, 29 October 2011 23:53
၂၀၁၄ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အောက်တိုဘာလ ၂၉ရက်နေ့ ညဦးပိုင်းကတွေ့ရစဉ်

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခွင့်ရရန်အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းမှုကို နားလည်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၉ရက်နေ့ ညဦးပိုင်းအချိန်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထိုသို့ပြော ဆိုခဲ့ခြင်းဖြစ်သည်။

''သူကတော့ ရှင်းပြတာပါ။ ဘယ်လိုလုပ်နေသလဲပေါ့။ အန်တီကလည်း ပြောပါတယ်။ နားလည်ပါတယ်လို့။ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္က္ကဋ္ဌကို မျှော်မှန်းတဲ့ကိစ္စတွေအကြောင်းလည်း နားလည်ပါတယ်။ သူတို့ရဲ့အမြင်တွေကိုလည်း နားလည်ပါတယ်။ အားလုံး အဆင်ပြေပါတယ်။၂၀၁၄မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမလားဆိုတာကတော့ သူတို့ဆုံးဖြတ်မှာပေါ့နော်။ အာဆီယံက ဆုံးဖြတ်ရမယ့် ကိစ္စပဲ။ အာဆီယံအလှည့်ကျဥက္ကဌနဲ့ပတ်သက်လို့ အားလုံးမြန်မာနိုင်ငံသူနိုင်ငံသားတွေရော အာဆီယံကပြည်တွေကပါ အားလုံး ၀မ်းသာ နိုင်မယ့် အဖြေတစ်ခုရအောင်လို့တော့ ဖြစ်နိုင်မယ်လို့မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံအပေါ်ထားရှိသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို သတင်းထောက်များကို မေးမြန်းခဲ့ရာ အဆိုပါပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သောနိုင်ငံများ၏ သဘောထားနှင့်သာသက်ဆိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။
''စီးပွားရေးပိတ်ဆို့မှုကို အစကတည်းက သူတို့လုပ်ကတည်းက ဘယ်လိုဘယ်လိုအချက်တွေကြောင့်ဆိုပြီး သေသေချာချာပြောထားတာ ရှိပါတယ်။ ဒီပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးဆိုတာ ဒီအချက်တွေကို ကြည့်လိုက်ပေါ့။ ပြောထားတဲ့အချက်အလက်တွေနဲ့ ကိုက်ညီလို့ရှိရင် သူတို့တောင်းဆိုထားတဲ့အချက်တွေနဲ့ ကိုက်ညီလို့ရှိရင် သူတို့ဟာသူတို့ဖြုတ်မှာပဲ။ ပြောနေစရာလည်း ဘာမှလိုမှာမဟုတ်ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့ပါသည်။
စီးပွားရေးပိတ်ဆို့အရေးယူမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမှာ အရေးပါသည်ဟု ယူဆပါသလားဟူသော မေးခွန်းကိုမူ '' မဆိုင်ပါဘူး။ အန်တီနဲ့မဆိုင်ပါဘူး။ သူတို့ပြောထားတဲ့အချက်တွေနဲ့ ကိုက်ညီတယ်ဆိုလို့ရှိရင် သူတို့ဟာသူတို့ဖြုတ်မှာပဲ။ ဒီအချက်တွေက အန်တီပြောတာလည်း မဟုတ်ဘူး။ အန်တီကနေပြီး ဒီအချက် ဒီအချက်ထည့်ပါဆိုပြီး ပြောထားတာလည်း မဟုတ်ပါဘူး။ အမှန်ပြောရလို့ရှိရင် အန်တီလည်း မသိပါဘူး။ ထွက်လာပြီးတော့မှာပဲ ဖတ်ရတာပေါ့''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

NLD ပါတီ မှတ်ပုံတင်ရေးကိစ္စကိုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားဖြင့်သာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ထပ်မံလွတ်မြောက်လာမည်ကိုလည်း ယုံကြည်ကြောင်း အစရှိသော ကိစ္စများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါသည်။
Eleven Media Groupမှကူးယူတင်ပြသည်
Posted by MAUNG NE WIN

ပြည်သူ့ဘဏ္ဍာငွေတွေကို ရေးလိုသုံးနေတဲ့ အာဏာရှင်လူတစု

November 5, 2011 ရက် ၊ 10:35pmအိမ်နီးနာချင်နိုင်ငံတွေကို သူတိုရဲ့ မိဘတွေ ကိုယ်ပိုင်အမွေအနှစ်ပေးထာသလိုမျိုး လိုက်လံရောင်းဝယ်လုပ်ပြီးတော့
မြန်မာပြည်သူ့လူထုတွေကို ကျေးကျွန်းတွေလို ဆက်ဆံပြီ အာဏာရှင်လို ရစ်မူနေတဲ့ စစ်အာဏာရှင်တစု အပေါင်းအပါတွေကို ဒီလိုပုံတွေကိုကြည့်ပြီ သာယာနေတဲ့ဘ၀နဲ့ ယနေ့ မြန်မာပြည်လူထုတွေ ဆင်းရဲ မွဲတေနေတဲ့ အငတ်အပျက်တွေနဲ့ တနေ့တခြားစီဖြစ်နေတယ်။


သူရိယဂျာနယ်

မှကူးယူတင်ပြသည်

Posted by MAUNG NE WIN

Wednesday, November 9, 2011

အမေရိကန်သည်မြန်မာနိုင်ငံကို အသေးစားလုပ်ငန်းချေးငွေနှင့် စိုက်ပျိုးရေးလုပ်ငန်းချေးငွေများ တိုးမြှင့်ပေးသွားမည်



အမေရိကန်သည်မြန်မာနိုင်ငံကို အသေးစားလုပ်ငန်းချေးငွေနှင့် စိုက်ပျိုးရေးလုပ်ငန်းချေးငွေများ တိုးမြှင့်ပေးသွားမည်
 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာဒဲရစ်မစ်ချယ်က အမေရိကန်သည် မြန်မာနိုင်ငံကို အသေးစားလုပ်ငန်းချေးငွေနှင့် စိုက်ပျိုးရေးလုပ်ငန်းချေးငွေများ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က မီဒီယာ များနှင့်တွေ့ ဆုံစဉ် ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံ သို့ တတိယ အကြိမ် လာရောက် လည်ပတ်ခဲ့သော ဒဲရစ်မစ်ချယ်က မြန်မာနိုင်ငံ၌ အကျိုးရှိသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေချိန်တွင် ခရီးစဉ် လာရောက် ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် ထိရောက်ပြီး အကျိုးရှိသည့် ခရီးစဉ်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ပိုမိုအရေးပါပြီး တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိတွေ့ ဆက်ဆံရေးမူဝါဒ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အမေရိကန်က မြန်မာနိုင်ငံကို US Aid မှတစ်ဆင့် အသေးစားငွေချေးလုပ်ငန်းနှင့် စိုက်ပျိုးရေးချေးငွေများတိုးမြှင့်ပေးသွား မည်ဖြစ်ကြောင်း၊ အမေရိကန်သည် US Aid မှတစ်ဆင့် ချေးငွေများပေးသည့် အစီအစဉ် ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး တိုင်ပင် ပြီးနောက် အမေရိကန်၏ ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ရန် အတွက် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုဒေသများနှင့် အခြားဒေသများ တွင် ဒေသခံများ ဖွံ့ဖြိုးရေးအတွက် ချေးငွေများ တိုးချဲ့ပေးသွားရန် နှစ်နိုင်ငံလုံးက နည်းလမ်း ရှာဖွေနေကြောင်း မစ္စတာ ဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သော ဒီမိုကရေစီလူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာက ပြီးခဲ့သည့်လက အကျဉ်းသားများလွှတ်ပေးမှုကို ကြိုဆိုကြောင်း၊ သို့သော်လည်း ကာလကြာရှည်စွာ ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအပါအ၀င် ကျန်ရှိသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
မစ္စတာပိုစနာက ယခုခရီးစဉ်တွင် အစိုးရအဆင့်မြင့်တာဝန်ရှိသူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးပြဿနာများကြောင့် စီးပွားရေးနှင့် နိုင်ငံရေး အထီးကျန်နေသည်မှာ ဆယ်စုနှစ်ချီကြာနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများ မကြာသေးခင်က ဆောင်ရွက်မှုကိုကြိုဆိုကြောင်း၊ လွှတ်တော်တွင် မကြာသေးခင်က အလုပ်သမားရေးရာဥပဒေကို ပြဌာန်းနိုင်ခဲ့ပြီးနောက် အလုပ်သမဂ္ဂများဖွဲ့စည်းရေးနှင့် ထိုအဖွဲ့အစည်းများ လွတ်လပ်စွာလည်ပတ်ရေးတို့အတွက် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေကို ပြင်ဆင်ပြဌာန်းရန် လွှတ်တော်တွင် ဆွေးနွေးနေမှုသည် ဥပဒေရေးရာတွင် တိုးတက်မှုတစ်ခုအဖြစ် ကြိုဆိုကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ထပ်မံဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို အပြီးသတ်လက်မှတ်ရေးထိုးမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တွင် အန်အယ်လ်ဒီ ပါဝင်နိုင်ရန် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
တိုင်းရင်းသား လူမျိုးစုဒေသများ၌ ပဋိပက္ခများ ဖြစ်ပွားနေမှုကိုလည်း ဆောင်ရွက်စေလိုကြောင်း၊
အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လွတ်လပ်စွာတွေ့ဆုံနိုင်ရန်၊ နိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများနှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများ လွတ်လပ်စွာဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်အတွက် လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်၊ အစိုးရအဖွဲ့အတွင်း သိသာမြင်သာမှုရှိမှုနှင့် ဥပဒေဖြင့် အုပ်စိုးမှုတို့ကို လေးစားရန် လိုအပ်ကြောင်း၊ ထိုကိစ္စများကို ညတွင်းချင်း ပြုပြင်ပြောင်းလဲနိုင်မည်ဟု မျှော်လင့်မထားကြောင်း၊ ကျယ်ပြန့်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် အသွင်ကူးပြောင်းရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း၊ အမေရိကန်က အရေးပါသော အခန်းကဏ္ဍမှပါဝင်နိုင်ရန် မျှော်လင့်ကြောင်း မစ္စတာပိုစနာက ပြောကြားခဲ့သည်။
Eleven Media Group
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

ဧရာဝတီမြစ် ပြန်လည်ထူထောင်ရေး အတွက် လေ့လာဆန်းစစ်မှုများ စတင်ပြုလုပ်ရန် လိုအပ်နေကြောင်း ပညာရှင်များပြောကြား

Wednesday, 09 November 2011 16:13
မန္တလေးမြို့ရှိ ဧရာဝတီမြစ် ဆိပ်ကမ်း တစ်နေရာအား စက်တင်ဘာလက တွေ့ရစဉ်

ဧရာဝတီမြစ် ပြန်လည်ထူထောင်ရေး အတွက် လေ့လာဆန်း စစ်မှုများ စတင်ပြုလုပ်သင့်ပြီ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတို့၏ သုံးသပ်မှုများအရ သိရသည်။
ကချင်ပြည်နယ်ရှိ မြစ်ဆုံဒေသမှ စတင်စီးဆင်းလာသော ဧရာဝတီမြစ်သည် နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်း ၀န်းကျင်ကို လွှမ်းခြုံထားပြီး သဘာ၀၀န်းကျင် ပြောင်းလဲမှုများကြောင့် ယခုနှစ်များအတွင်း မြစ်ကြောင်း ပြောင်းလဲမှုများ သိသာလာသောမြစ်လည်း ဖြစ်သည်။
“ဧရာဝတီမြစ်ကို ပြန်လည် ထူထောင်နိုင်ဖို့အတွက်survey လုပ်သင့်တဲ့ အချိန်ရောက်နေပါပြီ။ စပြီး လုပ်သင့်နေပါပြီ”ဟု Water, Re-search and Training Centre (WRTC) မှ Founder and President ဒေါ်ခင်နီနီသိန်းက ပြောပါသည်။
ဧရာဝတီမြစ်သည် မြစ်ဖျားပိုင်းဒေသ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှု အားနည်းလာမှု၊ ရေအရင်းအမြစ် နည်းပါးလာမှု၊ မြစ်တွင်အနည်အနှစ်ပို့ချမှု များပြားလာမှု စသည်တို့ကြောင့် မြစ်တွင်သောင်ထွန်းမှု များပြားလာခဲ့ ကာ ၂၀၀၉ ခုနှစ်မှ လက်ရှိကာလသည် အသိသာဆုံးသောနှစ်များ ဖြစ်ခဲ့သည်။
ဧရာဝတီမြစ်အစပြုသော မြစ်ဆုံဒေသတွင် တည်ဆောက်မည့် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်သော မြစ်ဆုံစီမံကိန်းအား ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ကာ လက်ရှိတွင်မူ လုပ်ငန်းလည်ပတ်မှုများ ရပ်နားထားပြီးဖြစ်သည်ဟု သိရှိရသည်။
“မြစ်ဆုံက ရပ်လိုက်ပြီ။ ဒါပေမဲ့ မတည်ဆောက်မီ ကာလတွေကတည်းက မြစ်ကြောင်းထိန်းသိမ်းမှု အားနည်းခဲ့တာရယ်၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲခဲ့တာတွေကိုတော့ ပြန်လည်ထူထောင်ဖို့ လိုအပ် နေပါတယ်။ မြစ်ကြောင်းထိန်းသိမ်းမှုက အခုအချိန်မှာပိုပြီး လိုအပ်လာပါတယ်” ဟု မြန်မာငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ သဘာဝရင်း မြစ်များတယ်လို့ ပြောတယ်။ ရေလုံလောက်ပြီလား ဆိုတော့လည်း မလုံလောက်သေးဘူး။ ရန်ကုန်လို မြို့ကြီးတွေမှာတော့ ရေလုံလောက်တယ် ဆိုရမယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာတော့ ရေရဖို့ကို မိုင်များစွာ လျှောက်နေရပါတယ်”ဟု ထိုင်းနိုင်ငံရှိ UNEP, AIT Regional Resource Center for Asia Pacific မှ ဦးတင်အောင်မိုးက ဆိုပါသည်။
မြန်မာနိုင်ငံသည် ယခုနှစ်များအတွင်း ရာသီဥတု ပြောင်းလဲမှုများကြောင့် မိုးနည်းပါး၍ မြစ်များတွင် ရေနည်းပါးခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် မြစ်များတိမ်ကောမှုတို့ကို ရင်ဆိုင်လာရသည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=10899:2011-11-09-09-47-00&catid=42:2009-11-10-07-36-59&Itemid=112
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN