Monday, September 5, 2011
တရုတ်ပညာရှင်တွေ ဆောက်တဲ့ အဆောက်အဦးတွေ၊ မြစ်ဆုံဆည် ဆက်ဆောက်အုံးမှာလား
ကဲ တရုတ်တွေ ဆောက်တဲ့ အဆောက်အဦး မြေခ လဲကျနေပုံ
တရုတ်တွေ ခိုးတာ မြန်မာကို မမှီဘူးလို့ တချို့က ပြောနေတယ်
အင်ဂျင်နီယာတွေဆို ဓာတ်ပုံကြည့်လိုက်တာနဲ့ ဘယ်လောက်ညံ့တယ်ဆိုတာ ပိုသိနိုင်မယ်
အဲဒီလို အာမခံချက်မရှိတဲ့ တရုတ်တွေကို အထင်ကြီးလုပ်နေတဲ့ သူတွေ မြစ်ဆုံဆည်စီမံကိန်း ဘယ်လို ဆက်လုပ်မလဲ
ဘယ်နှယ်ရှိစ တရုတ်အဆင့်မြင့်အိမ်ယာ စီမံကိန်းကြီးတခုမှာ အခုလိုဖြစ်နေတယ်
မြစ်ဆုံဆည်စီမံကိန်းကြီး ဆက်လုပ်ကြမယ်ဆိုပြီး စိတ်ကူးနေတဲ့သူတွေ တရုတ်အစိုးရကုမ္ပဏီနဲ့ ဆက်လုပ်ကြဦးမှာလား ။ ။ သေချာလေး လေ့လာကြစေချင်ပါတယ်။ ရုရားက ရှာနိုဘိုင်း အနုမြူ ဓာတ်ပေါင်းဖိုကြီး ပေါက်ကွဲထွက်ခဲ့ဘူးတယ်။ မြန်မာစစ်ခေါင်းဆောင်တွေက ရုရှားက အနုမြူ နည်းပညာ ယူနေကြတယ်။ ရုရှားရဲ့ အနုမြူ စီမံကိန်းမှာ ရှာနိုဘိုင်းဖြစ်ကတည်းက အသေအချာ သိထားသင့်တာကို မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ရုရှားတပည့်ခံခိုင်းနေတယ်။ ရုရှားရောက် စစ်ဗိုလ်လေးတွေ အနုမြူ ပညာ လေ့လာနေသူတွေ ရုရှားဆောင်းနဲ့အတူ တရုတ်အဆောက်အဦးလို မဖြစ်ဖို့ ဆွေမျိုးတွေက ဆုတောင်းနေကြလေရဲ့ ။။။။။။။။။
http://guidingstarsofburma.blogspot.com/
မှကူးယူတင်ပြသည်။
MAUNG NE WIN
Thursday, September 1, 2011
အသင်း၏လစဉ်ပုံမှန်အစည်းအဝေးများတက်ရောက်ခြင်းနှင့်အသင်းကြေးများ
အသင်းဝင်းများ၏ လစဉ်ကြေးများအားပုံမှန်ပေးသွင်းပါရန်
မေတ္တာရပ်ခံခြင်း။
BRSAအသင်းအနေနှင့် အသင်းဝင်မြန်မာနိုင်ငံသားဒုက္ခသည်များအားအသင်း၏လုပ်ထုံး
လုပ်နည်းနှင့်အညီအကူအညီများပေးလျက်ရှိပါသည်။ထိုသို့ အကူအညီပေးသည်ဆိုရာ၌ အသင်း၏ရံပုံငွေရှာဖွေရေး လုပ်ငန်းစဉ် များမှရရှိသောအမြတ်အစွန်းများ၊စေတနာရှင်တို့၏
အလှူငွေများနှင့်အသင်းဝင်များ၏ လစဉ်အသင်းကြေးတို့ကိုစုဆောင်း၍ ကူညီမှုများပေး
နေခြင်းဖြစ်ပါသည်။
ယနေ့အချိန်တွင်အသင်းနှင့်အဆက်အသွယ်ပြတ်လျက်ရှိသောအသင်းဝင် များတိုးတက်
ပေါ်ပေါက်နေကြောင်းဘဏ္ဍာရေးစာရင်းများအရသိရှိနေရပါသည်။သို့ဖြစ်ပါ်၍အသင်းဝင်များ
အနေဖြင့်အသင်း၏လစဉ်ပုံမှန်အစည်းအဝေးများသို့ပုံမှန်တက်ရောက်ခြင်းနှင့်မိမိတို့၏
တာဝန်ဖြစ်သော လစဉ်အသင်းကြေးပေးဆောင်တို့ကိုအသင်း၏အလုပ်အမှုဆောင်များ
ထံဆက်သွယ်၍ပေးဆောင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ။
သတင်းနှင့်ပြန်ကြားရေးဌာနမှူး
MAUNG NE WIN
Wednesday, August 31, 2011
ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီး (၉၉)လပြည့် ၀မ်းနည်းခြင်းနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတောင်းဆိုသည့် ဆန္ဒပြပွဲ ရုပ်သံမှတ်တမ်း(ဂျပန်)
အတွက်တွေ့ဆုံဆွေးနွေးရေးသည်မဖြစ်မနေ အမြန်ဆုံးလိုအပ်နေပါသည်။
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီပဲယင်း
အရေးအခင်းဖြစ်ရပ်မှန် ဖေါ်ထုတ်ပေးရန်နှင့် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသော တွေ့ဆုံဆွေးနွေး
မှုအမြန်ဆုံးပေါ်ပေါက်စေရေးအတွက် လက်ရှိစစ်အစိုးရကို အစဉ်တစိုက် တောင်းဆိုနေပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲနှင့်ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစု
များမှလည်း လစဉ်(၃၀)ရက်နေ့တိုင်းကျင်းပနေကြ မြန်မာသံရုံးရှေ့ တွင် ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှု (၉၉) လပြည့် ၀မ်းနည်းခြင်းနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက်တောင်းဆို
ဆန္ဒပြခဲ့ကြပါသည်။
ဆန္ဒပြပွဲအခမ်းအနားကို နေ့လည် ၃နာရီမှ ၄နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။.
ttp://nldlajb.blogspot.com/
မှကူးယူတင်ပြသည်။
MAUNG NE WIN
Tuesday, August 30, 2011
သန်းရွှေလည်း တွေ့ ခဲ့တာဘဲ၊ အခု သိန်းစိန်လည်း တွေ့ ပြနေတာဘဲ။
ပြည်ပရောက်သူတွေ ပြန်လာရေး ဒေါက်တာ နေဇင်လတ် ပြောဆို
နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှု မပြုဘဲ ပြန်လာခွင့်ပြုမှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က RFA ကို သြဂုတ်လ ၂၄ ရက်နေ့က ပြောဆိုလိုက် ပါတယ်။
သမ္မတ ဦးသိန်းစိန် မကြာခင်က နေပြည်တော်မှာ ပြောကြားခဲ့သလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာကြဖို့ ဖိတ်ခေါ်ခဲ့မှုနဲ့ ပတ်သက်လို့ မကြာခင် အသေးစိတ် ထုတ်ပြန်ဖို့ အစိုးရက စီစဉ် ဆောင်ရွက်နေကြောင်း၊ ရာဇ၀တ်ပြစ်မှု ကျူးလွန်ခဲ့သူများကလွဲလို့ ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အစိုးရ ၀င်ရောက် စွက်ဖက်မှု မရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တရပ်ကို အခု ရက်ပိုင်း အတွင်း တရားဝင် ထူထောင် ဖွဲ့စည်းဖို့ အစီအစဉ် ရှိကြောင်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။
အဲဒီ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကို အများက ကြည်ညို လေးစားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လွတ် လပ်လပ် စုံစမ်း ဖော်ထုတ်မယ်လို့ သူက ပြောပါတယ်။
RFAမှကူးယူတင်ပြသည်။
MAUNG NE WIN
နိုင်ငံရေးအကျဉ်းသား လွှတ်ရေးအဆို တပ်မတော်သား အမတ်များပါ ထောက်ခံ

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်သည့် အဆိုကို တပ်မတော်သား လွှတ်တော်အမတ်များ ပထမဆုံးအကြိမ် ဝင်ရောက်ထောက်ခံ ဆွေးနွေး
၂၅ ရာခိုင်နှုန်းဝေစုမှ တပ်မတော်သား လွှတ်တော် အမတ်များဖြစ်သည့် ဗိုလ်မှူးကြီး ဋ္ဌေးလှိုင်၊ ဗိုလ်မှူးကြီးတင့်ဆန်းတို့မှ အချို့သော တပ်မတော်သားများသည် အကြောင်းအမျိုးမျိုးကြောင့် အရပ်ဘက် တရားရုံးမှ ပြစ်ဒဏ်များ ကျခံခဲ့ရပြီး ထိုသူများသည် နိုင်ငံအတွက် အလုပ်လုပ်ခဲ့သူများ ဖြစ်ခြင်းကြောင့် ထိုသူများပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်စေလိုသည့် အတွက် ဦးသိန်းညွန့်၏ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို ထောက်ခံကြောင်း ဆွေးနွေး သွားကြသည်။ တနေ့တည်းမှာပင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားရုံးက ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်။ယင်းကဲ့သို့ တပ်မတော်သား လွှတ်တော်အမတ်များ ပါဝင်ဆွေးနွေးခြင်းမှာ ပထမဆုံး ဖြစ်ကြောင်းလည်း ပြည်သူ့ လွှတ်တော် အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။“ဒါ ပထမဦးဆုံး ဆွေးနွေးခြင်းပဲ ဆွေးနွေးတဲ့သူတွေကလည်း ဗိုလ်မှူးကြီးအဆင့် ရှိသူတွေ ထိပ်ဆုံးမှာ ထိုင်တဲ့နှစ်ယောက် ခုံနံပတ် ၁၊ ၂ အဲဒီမှာထိုင်တဲ့ နှစ်ယောက်က ထဆွေးနွေးသွားတာ” ဟု မဇ္ဈိမကို ပြောသည်။ဦးသိန်းညွှန့်၏ အဆိုပါ အဆိုကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အပါအဝင် တိုင်းရင်းသား ပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံစဝေါ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းတိုးတက်ရေး ပါတီများမှ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ယင်းအပြင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ခွဲထွက်ကာ ပါတီသစ်ထောင်ခဲ့သူ ဦးသိန်းညွန့်၏ အဆိုကို အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးစိုးဝင်းနှင့် ဒေါက်တာ သန်းဝင်းတို့မှလည်း ထောက်ခံခဲ့ကြသည်။ သို့သော် ကြံ့ဖွံ့အမတ်များဖြစ်သည့် ဦးစံလင်းနှင့် ဒေါ်လဲ့လဲ့ဝင်းဆွေတို့မှ ကန့်ကွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ဦးသိန်းညွန့်၏ အဆိုတွင် “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” ဟု သုံးနှုန်းထားခြင်းကြောင့် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဆက်လက် တင်ပြပေးရန် လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မေတ္တာရပ်ခံခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက သမ္မတထံ ဆက်လက် တင်ပြပေးမည် ဖြစ်သည်။နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် အဆိုကို ဦးသိန်းညွန့်မှ ယခုလ ၈ ရက်နေ့တွင် လွှတ်တော်ရုံး တင်ပြထားခဲ့ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်တဦးဖြစ်သူ သူရဦးအေးမြင့်မှလည်း လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်သည့် အဆိုကို ယခုလ ၂ဝ ရက်နေ့တွင် လွှတ်တော်ရုံးသို့ တင်ပြထားသည်ဟု သိရသည်။သောကြာနေ့ လွှတ်တော် ဆွေးနွေးပွဲများတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် ယင်းအဆိုကိုဆွေးနွေးသူများခြင်းကြောင့် ထိုအဆို တခုတည်းသာ ဆွေးနွေးနိုင်ခဲ့ကြသည်ဟု ပြည်သူ့လွှတ်တော် အမတ်များကပြောကြသည်။ပြည်သူ့လွှတ်တော်၏ မေးခွန်းများတွင် ဦးသိန်းညွန့်မှ မေးမြန်းသည့် မေးခွန်းဖြစ်သည့် သင်္ကန်းကျွန်းမြို့နယ်မှ လူကုန်ကူးခံရသူ ၂၆ ဦး နှင့်ပတ်သက်သည့် မေးခွန်းကို အလုပ်သမားဝန်ကြီး ဦးအောင်ကြည်မှ လူကုန်ကူးမှု ကျူးလွန်သူဟု ယူဆရသူ ဦးကျော်မြင့်ကို ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ကြောင်း ဖြေသည်။ယင်းအပြင် ရှေ့နေ စာမေးပွဲများ ပြန်လည် ကျင်းပခွင့်၊ လိုင်စင် သိမ်းခံရသူများ အတွက် ပြန်ထုတ်ပေးရန် ရှိမရှိကို ဦးသိန်းညွန့်မှ မေးမြန်းရာ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှ “တရားရုံးမှ သတ်မှတ်ထားသည့် ဥပဒေ ၁၂/၇ အရ ရှေ့နေ စည်းကမ်း မလိုက်နာသူများကို ရှေ့နေ လိုင်စင် ပြန်ထုတ်ပေးရန် မရှိပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။ဦးသိန်းညွန့်၏ နောက်ထပ်မေးခွန်းတခုဖြစ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားရုံးများ တခါးဖွင့်ပြီးပြည်သူ့ရှေ့တွင် တရားစီရင်ရန် ဖေါ်ပြထားသော်လည်း အင်းစိန်ထောင်တွင် အထူးတရားရုံးများ ဖွင့်ကာ တခါးပိတ် စစ်ဆေးနေခြင်းသည် ဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ မေးသည်ကို ပြည်ထောင်စု တရားသူကြီးချုပ်မှ အထူးတရားရုံးများ လုပ်ရခြင်းသည် သက်သေများ တရားခံများ၏ လုံခြုံရေးအရ၊ လုပ်ရခြင်းဖြစ်ပြီး မြန်မာပြည်တွင် တခါးပိတ် စစ်ဆေးခြင်းမရှိပါဟု ပြန်လည် ဖြေကြားသည်။ယင်းအပြင် ဦးသိန်းညွန့်မှ သင်္ဘောသားများ ကားသွင်းခွင့်ရှိမရှိ မေးခွန်းကို မေးမြန်းခဲ့ရာ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်မှ ပို့ကုန်သွင်းကုန် စည်းကမ်းအတိုင်း လုပ်နေခြင်းကြောင့် သင်္ဘောသားများ ကားသွင်းခွင့် မရှိကြောင်းဖြေသည်။သောကြာနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော် အမတ် ဦးခက်ထိန်နန်က ဖားကန့်ဒေသရှိ ကျောက်စိမ်းများကို ရေရှည် စနစ်တကျ ထိန်းသိမ်း တူးဖေါ်ရေးအဆို တင်သွင်းရာ အမျိုးသား လွှတ်တော် အမတ်များအားလုံး သဘောတူလက်ခံခဲ့ကြသည်။ဦးခက်ထိန်နန်၏ အဆိုကို သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်က ဖြည့်စွက် ဆွေးနွေးရာတွင် အဆိုပါ ဒေသအတွင်းရှိကျောက်စိမ်းလုပ်ကွက်များကို လျှော့မည်ဖြစ်ကာ တိုင်းရင်းသား အမည်ခံ တရုတ်လူမျိုးများ၏ လုပ်ငန်းခွင်အတွင်း ကြီးစိုးမှုများကိုလည်း စိစစ်သွားရန် ရှိသည်ကြောင်း ဖြေကြားသည်ဟု အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းဖြင့်အောင်က ဆိုသည်။“လုပ်ကွက်တွေကို လျော့ပါမယ် စက်တွေနဲ့ တူးတာတွေလည်း လျှော့ပါမယ်၊ တိုင်းရင်းသား အမည်ခံပြီးတော့ တရုတ်တွေ ကြီးစိုးနေတာတွေကိုလည်း သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရနေပြီးတော့ စနစ်တကျ စစ်ဆေး ပါမယ် ဒေသခံတွေ ဦးစားပေးတဲ့ စနစ်ကို ကျင့်သုံးမယ် အဲဒီလိုပြောပါတယ်” ဟု ဦးဖုန်းမြင့်အောင်က မဇ္ဈိမကိုပြောသည်။ယင်းအပြင် အမျိုးသား လွှတ်တော်တွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်မှ အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေမူကြမ်းကို တင်သွင်သွားပြီး အဆိုပါမူကြမ်းကို လာမည့်တနင်္လာနေ့တွင် လွှတ်တော်မှ ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။ဦးအောင်ကြည်၏ ဥပဒေမူကြမ်းတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းနိုင်ရန်၊ အလုပ်သမားများမှ မကျေနပ်ချက်များ ရှိပါက သက်ဆိုင်ရာ၏ အစီအစဉ်ဖြင့် ဆန္ဒပြခွင့်နှင့် အလုပ်ရှင် အဖွဲ့အစည်းများ ဖွဲ့စည်းရေး စသည့်အချက်များ ပါဝင်ကြောင်း ဥပဒေမူကြမ်းကို ဖတ်ခွင့်ရသူ ဦးဖုန်းမြင့်အောင်က ဆိုသည်။အမျိုးသားလွှတ်တော်၏ သောကြာနေ့ အဆိုများတွင် အမျိုးသား လွှတ်တော် အမတ် ဦးခင်ရွှေ၏ ဒေါ်လာဈေးပြန်လည်သတ်မှတ်ပေးရန် အဆိုကို တနင်္လာနေ့တွင် ဆွေးနွေးရန်ရှိပြီး ဦးခင်ရွှေ၏ နောက်ထပ် အဆိုတခုဖြစ်သည့် ခရီးသွား လုပ်ငန်းများကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဝန်ကြီးဌာနမှ ဦးစီးမှုမရှိဘဲ ဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များ အပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းရန် အဆိုကိုလည်း လွှတ်တော်မှ အတည်ပြုပေးခဲ့သည်။သောကြာနေ့ လွှတ်တော်များကို နံနက် ၁ဝ နာရီတွင် စတင်ကြကာ၊ ပြည်သူ့လွှတ်တော်သည် မွန်းလွဲ ၂း၃ဝ တွင် ပြီးဆုံးပြီး အမျိုးသားလွှတ်တော်သည် ညနေ ၄း၁၅ တွင် ပြီးဆုံးသည်။ လွှတ်တော် နှစ်ရပ်သည် စနေ၊ တနင်္ဂနွေတွင် ခေတ္တ ရပ်နားမည်ဖြစ်ကာ တနင်္လာနေ့တွင် ပြန်လည် စတင်မည်ဖြစ်သည်။
မဇ္ဈိမ မှကူးယူတင်ပြသည်။
MAUNG NE WIN
အာမခံချက်ရှိလို့ ဒီခြေလှမ်းတွေ လှမ်းနေတာ ဖြစ်တယ်

နေရာမှာ နဝတ-နအဖတို့နဲ့ ဒီနေ့ကြံ့ဖွတ်အစိုးရတို့အကြား မတူညီတာ တချို့ကို ထောက်ပြဖို့ လိုတယ်ထင်ပါတယ်။ နဝတ-နအဖစစ်အစိုးရတွေ အာဏာယူထားတဲ့ အချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အရှိန်က ရှိနေပါတယ်။ ပြည်တွင်းပြည်ပ အနေနေရာရာမှာ အပြတ်ဆန့်ကျင်တာ ခံနေရပါတယ်။ သူတို့ကိုယ်တိုင်က အာဏာသိမ်းအစိုးရ ဖြစ်နေပါတယ်။ သူတို့အဖို့ ပြဿနာရယ်လို့ ပေါ်လာရင် အချိန်ဆွဲ မနေနိုင်ပါဘူး။ ကြမ်းတန်ကြမ်း၊ ရမ်းတန်ရမ်း၊ ချက်ချင်း လက်ငင်း အရေးယူရပါတယ်၊ ကိုယ့်အရိပ်ကိုယ်တောင် လန့်နေရတာမို့ (ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်အပါ အဲဒီကာလအတွင်း သူတို့အချင်းချင်း အရေးယူခဲ့ရတာတွေ နည်းသမို့လား) အခု(ဦး)ဗိုလ်သိန်းစိန် အစိုးရ လုပ်သလို သဏ္ဌာန်အရ ဟန်ပြတွေကိုတောင် မလုပ်ဝံ့ပါဘူး။ ဒီကြံ့ဖွတ် အစိုးရကျတော့ သူတို့က အာဏာသိမ်း အစိုးရ မဟုတ်ဘူးလို့ ပြောလို့ ရသလို ဖြစ်နေပါတယ်။ နောက်ပြီး အနောက်နိုင်ငံတွေဘက်ဆီကလည်း မျက်ရိပ်ပြသူကပြ ဖြစ်နေပါတယ်။ ဗမာပြည်က ၁၉၈၈ ခုနှစ် အရေးတော်ပုံ နောက်ပိုင်း စစ်အစိုးရတွေအဖို့ ဒီနေ့ဟာ အနောက်နိုင်ငံတွေနဲ့ အနီးစပ်ဆုံး အခြေအနေလို့ ပြောရင် ရပါတယ်။ ဒါ့အပြင် အာဆီယံဥက္ကဋ္ဌ နေရာလို မက်လုံးတွေကလည်း ရှိနေတော့ ကြံ့ဖွတ် အစိုးရအနေနဲ့ ဘာမှမရလည်း အရင်းမို့ စွန့်စားရကျိုးနပ်သလို ဖြစ်နေပြီး အခုဒီကိစ္စတွေကို လုပ်တော့တာ ဖြစ်ပါတယ်။ ဒါဖြင့် ဒီသတ္တိတွေကို သူတို့ ဘယ်ကရနေတာလဲ။ အင်မတန် ရှင်းပါတယ်။ သူတို့နောက်မှာ စစ်တပ် ရှိနေတယ်၊ စစ်တပ်ဟာ သူတို့ရဲ့ စစ်တပ်ပဲ။ စစ်တပ်နဲ့ သူတို့ဟာ တသားတည်းရှိနေတယ် ဆိုတဲ့ အာမခံချက် ရှိနေတာက တကြောင်း ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကြီးကလည်း အာမခံချက် ပေးထားတယ်ဆိုတဲ့ အကြောင်းတွေကြောင့် ဖြစ်ပါတယ်။ သူတို့ ဒီနေ့လှမ်းနေတဲ့ ခြေလှမ်း မှန်သမျှကို ဒီ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်ထဲက ထွက်မသွားအောင်လှမ်းနေတာချည့် ဖြစ်တယ် ဆိုတာကို သတိထားသင့်ပါတယ်။ နောက်တချက်က သူတို့ အနေနဲ့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းနဲ့ ဆက်ဆံဆက်ဆံ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ ဘောင်ထဲကို ဆွဲသွင်းဖို့ လုပ်နေတယ် ဆိုတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အင်အားစုတွေနဲ့ စကားပြောရင်တောင် ဒီဘောင်ထဲကို အတင်းဆွဲသွင်းပြောနေတာကို သတိထားမိကြမှာပါ။ (ဦး)ဗိုလ်သိန်းစိန်- ကြံ့ဖွတ် အစိုးရရဲ့ဒီမိုကရေစီဆိုတာ ဒီဘောင်ထဲမှာပဲဖြစ်ပါတယ်။ဒီတော့ သူတို့အနေနဲ့ အခုအခါမှာ ဒီဘောင်ထဲမှာ အပျော့ဆွဲဆွဲတာ၊ ကြောင်ချေးလို ပြောတာတွေ လုပ်နိုင်နေပါတယ်။ တချို့ကိစ္စတွေမှာဆိုရင် သူတို့အဖို့ အချိန်ဆွဲနိုင်လေ၊ အပျော့ဆွဲနိုင်လေ အကျိုးရှိတာတွေတောင် တွေ့လာရ ပါတယ်။ တပါထဲမှာ သူတို့နဲ့ မတူတဲ့ နိုင်ငံရေး အင်အားစုတွေကို ထန်းလျက်လုံး ခွေးလျက်သလို လုံးပါးပါးသွားအောင်လည်း လုပ်နေပါတယ်။ ခြိမ်းခြောက်တဲ့ အချိန်မှာ ခြိမ်းခြောက်လိုက်၊ အကြိုက်ပြတဲ့ အချိန်မှာ အကြိုက်ပြလိုက်၊ သူတို့စိတ်ကြိုက် ကစားလို့ ရသလို ဖြစ်နေပါတယ်။ဒီနေရာမှာ တချို့က ‘ဒင်းတို့ ဒီလို မလုပ်လဲ မရဘူးလား’ လို့ မေးကောင်းမေးပါတယ်။ မရဘူး မဟုတ်ပါဘူး။ အာဏာကို ထိန်းထားရုံကတော့ ရပါတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ရဲ့ အရင်းအနှီးတွေပါ။ ကနေ့ ဗမာပြည်က စစ်အာဏာရှင်တွေကို ကြည့်ရင် သေနတ်ကိုင်ထားတဲ့ လူဆိုးတွေပဲလို့မြင်ရင် အကုန် မမြင်နိုင်သေးဘူးလို့ပြောရပါမယ်။ သူတို့ရဲ့လက်ထဲမှာ သေနတ်သာ ရှိတာ မဟုတ်ပါဘူး။ ဓနတွေလည်း အများကြီး ရှိနေပါတယ်။ ဓနဆိုတာ မပြတ်ပွားနေဖို့ လိုတာပါ။ အဲဒီလို တိုးပွားရေးနဲ့ နဂိုသူတို့ရဲ့အာဏာယန္တရားဟာ ပဋိပက္ခ ဖြစ်လာနေပါတယ်။ ဒါကို သူတို့ထဲက လူတွေက မကျေနပ်တာတွေ များသထက် များလာနေပါတယ်။ သူတို့ချင်း တောင်ကျရေ နွားနှစ်ကောင် မဝသလို ဖြစ်တာတွေ များသထက် များလာနေတော့ ပြည်ပကို တံခါးဖွင့်ဖို့ ကြိုးစားပမ်းစား လုပ်ရပါတော့တယ်။ဒီလိုလုပ်တဲ့ အတွက် သူတို့မှာ အန္တရာယ် မရှိဘူးလားဆိုတော့ ရှိသလောက် ရှိတာပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ သူတို့မှာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာရဲ့ အာမခံချက်က ရှိနေပါတယ်။ အထူးသဖြင့် ဒီဖွဲ့စည်းပုံ ဥပဒေ “ အခန်း၁၁- အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ”မှာ ပါတဲ့ ဒီစာပိုဒ်ပါ- ၄၁၈(က) “နိုင်ငံတော် သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန် ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုနိုင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်” ဆိုတဲ့ အာဏာသိမ်းခွင့် လိုင်စင် ပေးထားတဲ့ အချက်ပါပဲ။
http://www.mizzimaburmese.com/edop/songpa/8230-2011-08-29-12-55-11.html
မှကူးယူတင်ပြသည်။
MAUNG NE WIN