Monday, January 24, 2011

လွှတ်တော် အစည်းအဝေးကျင်းပပြုလုပ်မည် ဖြစ်ခြင်း

ကြပ်ပြေးနေပြည်တော် လွှတ်တော်ခန်းမအတွင်းမှ ဆွမ်းအုပ်ကြီး..

ကြည့်ရတာလွှတ်တော်အမတ်တွေ ပါလာတဲ့ ပစ္စည်းတွေ ဒီအထဲထည့်ထားရမယ်.. ထင်တယ်..။ ကိုယ်ပြောချင်တဲ့ စကားတွေကိုလည်း ဆွမ်းအုပ်အဖုံးဖွင့်ပြီး အော်ရမယ်ထင်ပါတယ်..။


လွှတ်တော်အစည်းအဝေး လာမည့်(၃၁)ရက်နေ့ ၈နာရီ ၅၅မိနစ် မှာ ကျင်းပမည့် ၉နဝင်းကိုက် ပထမဦးဆုံး လွှတ်တော် အစည်းအဝေး
အတွင်းသို့လည်း ဘောပင်၊ ကင်မရာ၊ အသံဖမ်းစက်၊ စာရွက်မယူရဟု အမိန့်ထုတ်ပြန်ထားပြီး နောက်လွှတ်တော်အမတ်များမှ မေးချင်ရာများကို မေးမြန်းခြင်း မပြုရပါဟု အမိန့် ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

ဒီသတင်းတွေ ဖတ်မိရင်း မြန်မာပြည်က ဘတ်စ်ကားတွေမှာ ရေးထားတဲ့ လက်မထုတ်ရ၊ ခေါင်းမပြူရ၊ ဆေးလိပ်မသောက်ရ.. ဆိုတဲ့စာသားလေးကို ပြန်လည် သတိရမိပါတယ်..။

နောက်ဆုံးရရှိတဲ့ သတင်းအရ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးကို ရန်ကုန်မြို့ အလုံလမ်း၊ သမ္မတအိမ်တော်ဝင်း အတွင်းမှာရှိတဲ့ ယခင် ပြည်သူ့လွှတ်တော်ခန်းမထဲမှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။


http://www.demowaiyan.co.cc/2011/01/blog-post_9820.htmlဒီမိုဝေယံမှကူးယူတင်ပြသည်။

Oregon ပြည်နယ် Portland မြို့မှ မြန်မာပြည်ရှိ HIV- AIDS ဝေဒနာရှင်များအား ကူညီရေး ရံပုံငွေဈေးရောင်းပွဲအတွက် ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း.

Sunday, January 23, 2011


အောက်ကပုံတွေကတော့ အမေစု ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ(၁၇)နေ့က အမေစု တောင်ဒဂုံမှာရှိတဲ့ HIV/AIDS ဝေဒနာရှင်တွေကို သွားရောက်တွေ့ဆုံ အားပေးတုန်းက ပုံတွေ ဖြစ်ပါတယ်...။





http://www.demowaiyan.co.cc/2011/01/blog-post_9820.html
ဒီမိုဝေယံမှကူးယူတင်ပြသည်။

2011.JANUARY.24 ဂျပန်နိုင်ငံခြားရေးရုံးရှေ့ တွင်ပြုလုပ်သောတောင်းဆိုဆန္ဒပြပွဲ။

နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြလှုပ်ရှားမှုကို တိုကျို KASUMI KASEKI အရပ်ရှိ ဂျပန်နိုင်ငံခြားရေးဝန်
်ကြီးရုံးရှေ့တွင် မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက်(ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်အစိုးရအား မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ

အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်း
ကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် ဂျပန်နိုင်ငံ အနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့ နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ဂျပန်ဘာသာဖြင့် ကြွေးကြော် တောင်းဆို သွားခဲ့ကြပါသည်။




မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japanမှမြန်မာ့ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုဖိတ်ကြားခြင်း။

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan
မှဦးစီး၍ အောက်ပါအစီအစဉ်အတိုင်း နိုင်ငံရေးလှုပ်ရှားမှု များကို ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင်အဖွဲ့ အစည်းအားလုံးပူးပေါင်းပါဝင်

ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အခမ်းအနားအစီအစဉ်များ
ဇန်နဝါရီလ(၃၁)ရက်နေ့တွင် နအဖကပြုလုပ်မည့် လွှတ်တော်ခေါ်ယူခြင်းနှင့်အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝအသိအမှတ်မပြုကြောင်း နှင့် ဂျပန်နိုင်ငံအစိုးရမှလည်းအသိအမှတ် မပြုရန်အတွက် တိုက်တွန်း တောင်းဆိုမည့်
ဆန္ဒပြပွဲများကို

(၁) ၂၀၁၁၊ဇန်နဝါရီလ၂၄ရက်နှင့်၂၅ရက်နေ့များတွင်……..MOFAရှေ့တွင် လည်းကောင်း၊
(KASUMI KASEKI ဘူတာ ထွက်ပေါက်-A-8)
အချိန်(ညနေ -၃-နာရီမှ-၄-နာရီအထိ)


(၂)၂၀၁၁၊ဇန်နဝါရီလ၂၆ရက်/၂၇ရက်/၂၈ရက်……..ဂျပန်လွှတ်တော်ရှေ့
(KOKAI GIJIDOO MAE ဘူတာ ထွက်ပေါက် -၂-)
အချိန်(ညနေ -၃-နာရီမှ-၄-နာရီအထိ)


(၃)၂၀၁၁၊ဇန်နဝါရီလ၃၀ရက်နေ့ တွင်……
အမျိုးသား ပြန်လည် သင့်မြတ်ရေးရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံး ပေါ်ပေါက်ရန် တောင်းဆို ဆန္ဒပြပွဲ။

နေရာ-နအဖအခွန်ရုံးရှေ ။

အချိန်(ညနေ -၃-နာရီမှ-၄-နာရီ-၃၀-အထိ)

(၄)၂၀၁၁၊ဇန်နဝါရီလ၃၁ရက်နေ့ တွင်…….. နအဖ မှ လွတ်တော် ခေါ်ယူပြီး အဆိုပါ လွတ်တော်မှ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်မခံကြောင်း ဆန်ကျင် ကန့်ကွက်သည့် အခမ်းအနား ။

နေရာ-နအဖအခွန်ရုံးရှေ
အချိန်(ညနေ -၃-နာရီမှ-၄-နာရီ-၃၀-အထိ)

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan

အတက်ကြွဆုံး နိုင်ငံရေး လှုပ်ရှားရန်အတွက် အောက်ပါ အစီအစဉ်

ဖြင့် တခဲနက် လာရောက်စုရုံးကြပါရန် ဂျပန်ရောက် BRSAအသင်းသား
များနှင့် မြန်မာနိုင်ငံသားတိုင်းအားလေးစားစွာ နှိုးဆော် ဖိတ်ခေါ် အပ်ပါသည်။