Thursday, October 7, 2010

(၂၀၁၀-၂၀၁၁)၆လပတ်စုံညီအစည်းအဝေးဖိတ်ကြားခြင်း။

၂၀၁၀ခုနှစ်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီ
စောင့်ရှောက်ရေးအသင်း(ဂျပန်)၆လပတ်စုံညီ
အစည်းအဝေးနှင့်စစ်အစိုးရ၏အတုအယောင်
၂၀၁၀ရွေးကောက်ပွဲအားကန့်ကွတ်ဆန့်ကျင်
ရှုတ်ချပွဲအခန်းအနားအားအောက်ပါအစီအစဉ်
အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်အသင်းဝင်
များအားလုံးမပျက်မကွက်(မပျက်မကွက်)
တက်ရောက်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်။
၂၀၁၀.၁၀.၂၄(တနင်္ဂနွေနေ့)


ကျင်းပမည့်အချိန်။
နေ့လည်၁၃း၀၀မှ၁၇း၀၀နာရီထိ


ကျင်းပမည့်နေရာ။ ။TOKYO TOSHIMA KU
MINAMI OTSUKA HALL

မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်
ရေး
အသင်း(ဂျပန်)
မိုးကျော်စိုးအတွင်းရေးမှူး(၁)

Sunday, October 3, 2010

ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့၏ ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) မှထုတ်ပြန်ကြေညာချက်။


နေ့စွဲ - ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ (၂၅) ရက်

(၁) နအဖ စစ်အုပ်စု၏ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပြင်
၎င်းတို့စိတ်ကြိုက် ဖွဲ့စည်းထားသော ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့နှင့် ယင်းကော်မရှင်မှ ထုတ်ပြန်သော ဥပဒေ
ပြဌာန်းချက်များသည် မြန်မာ နိုင်ငံသား တိုင်းရင်းသား
ပြည်သူများ၏ မျှော်လင့် ရည်မှန်းရာ ဒီမိုကရေစီ ဖယ်ဒရယ်
ပြည်ထောင်စုနိုင်ငံ အဖြစ် တည်ဆောက်ပေးနိုင်မည့်
ရွေးကောက်ပွဲအတွက် တရားမျှတမှုနှင့် ဒီမိုကရေစီစံနှုန်းများ
မရှိ သဖြင့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဆိုပါ ၂ဝ၁ဝ ရွေးကောက်
ပွဲအား သပိတ်မှောက်လိုက်ကြောင်း ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ
(၇) ရက်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နည်းတူ ပြည်သူ့လွှတ်တော်
ကိုယ်စားပြုကော်မတီ အပါအဝင် အခြား နိုင်ငံရေးပါတီ
အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားပြု ဒီမိုကရေစီ
ပါတီအဖွဲ့အစည်းများကလည်း နအဖ စစ်အုပ်စု၏
၂ဝ၁ဝ ရွေးကောက်ပွဲအား သပိတ်မှောက်ကြောင်း
ဆုံးဖြတ်ခဲ့ကြသည်။
(၃) ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏
ဒီမိုကရေစီ အင်အားစုများကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲ
ဆန့်ကျင်ရေးကော်မတီ(ဂျပန်)ကို ၂ဝ၁ဝ ခုနှစ် သြဂုတ်လ
၂၉ ရက်၌ တညီတညွတ်တည်း ဖွဲ့စည်းကာ နအဖ စစ်အုပ်စု၏
၂ဝ၁ဝ ရွေးကောက်ပွဲအား စစ်အာဏာရှင်စနစ် သက်ဆိုးရှည်
စေမည့် အတုအယောင် ရွေးကောက်ပွဲအဖြစ် သတ်မှတ်လျက်
ယင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
(၄) ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)
တွင် ပါဝင်သော အဖွဲ့အစည်းများ အားလုံးသည် မိမိအဖွဲ့
အစည်းများ၏ သီးခြားလွတ်လပ်သော ဆုံးဖြတ်ချက်များဖြင့်
လက်မှတ်ရေးထိုးကာ ကော်မတီ၌ ပါဝင်ပူးပေါင်း လုပ်ဆောင်
ကြခြင်းဖြစ်ပြီး ထိုသို့ဖြစ်စေရန် အခြားတဦး-တဖွဲ့၏
တိုက်တွန်းခြင်းနှင့် သြဇာ လွှမ်းမိုးခြင်းများ အလျဉ်းမရှိပါ။
(၅) ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့မှာ နအဖ
စစ်အုပ်စု၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံ အားပေးသူများ
ဖြစ်သဖြင့် သူတို့သည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်
မတီ (ဂျပန်)နှင့် ရွေးကောက်ပွဲ ရပ်တည်ချက် သဘောထားချင်း
လုံးဝ ဆန့်ကျင် ကွဲပြားလျက်ရှိနေသည်။
(၆)၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ
တိုင်းရင်းသား ကိုယ်စားလှယ်အချို့သည် ဦးဟန်ညောင်ဝေနှင့်
Victor Biak Lian တို့၏ ၁-၉-၂ဝ၁ဝ လျှို့ဝှက် ဂျပန်ခရီးစဉ်
အတွင်း အတူတကွ လိုက်ပါသွားခဲ့ကြသော်လည်း နအဖ
စစ်အုပ်စု၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံ အားပေးသည့်
ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့၏ ရပ်တည်ချက်
သဘောထားကို သဘောတူခြင်း အလျဉ်း မရှိပဲ ၂ဝ၁ဝ ရွေး
ကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)၏ ရပ်တည်ချက်
အတိုင်းသာ ပြတ်သားစွာ ရပ်တည်ပါကြောင်း ၁၉-၉- ၂ဝ၁ဝ နေ့က
ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ
(ဂျပန်)၏ အစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။
(၇) သို့ဖြစ်ရာ ဦးဟန်ညောင်ဝေနှင့် Victor Biak Lian ၏
၁-၉-၂ဝ၁ဝ လျှို့ဝှက် ဂျပန်ခရီးစဉ်အတွင်း ၂ဝ၁ဝ ရွေးကောက်ပွဲ
ဆန့်ကျင်ရေးကော်မတီ (ဂျပန်) မှ အဖွဲ့ဝင်တချို့ဖြစ်သော
တိုင်းရင်းသား ကိုယ်စားလှယ် အချို့အား အတူလိုက်ပါစေလျက်
ဂျပန်အစိုးရ အသိုင်းအဝိုင်းသို့ ချဉ်းကပ်လုပ်ဆောင်သည့်
လုပ်ရပ် များအား ကျွန်ုပ်တို့ ၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်
ရေးကော်မတီ (ဂျပန်)မှ လုံးဝ ရှုတ်ချ ကန့်ကွက် လိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ (ဂျပန်)


(၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ (ဂျပန်) တွင်ပါဝင်သော
အဖွဲ့အစည်းများ၏ စာရင်းကို ပူးတွဲ ဖြန့်ဝေပါသည်။)


1
National League for Democracy (Liberated Area – Japan Branch)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ
2
League of Democracy for Burma (LDB)
မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ်
3
Burma Democratic Action (BDA)
4
Democratic Federation of Burma (DFB)
5
All Burma Federation of Student Unions (Foreign Affairs Committee) (ABFSU-FAC)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ)
6
Democratic Party for a New Society (DPNS-JPB)
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (ဂျပန်ဌာနခွဲ)
7
Burma’s Refugees Serving Association (Japan)
မြန်မာနိုင်ငံသား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အသင်း
8
Save Burma
9
Peaceful Burma
10
Federation of Workers’ Union of the Burmese Citizen (in Japan) (FWUBC)
မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ အဖွဲ့ချူပ် (ဂျပန်ပြည်)
11
Self-funding Committee International (SCI)
12
အလင်းအိမ် မဂ္ဂဇင်း
13
National Democratic Front (Burma) (NDF) Representative for Japan
14
Palaun National Society (PNS)
15
Arakan League for Democracy (Exile-Japan)
16
Chin National Community-Japan (CNC- Japan)
17
Hotel and Restaurant Worker’s Union of Burma (HRWUB)
မြန်မာနိုင်ငံ ဟော်တယ်နှင့် စားသောက်ဆိုင် အလုပ်သမားများ သမဂ္ဂ၊ ဂျပန်
18
Seasfarers’ Union of Burma (SUB)
မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ၊ ဂျပန်
19
အဟာရ စာစောင်
20
Human Resource Development Program (HRDP)
21
Burma Campaign Japan (BCJP)
22
Karen National Union – Japan (KNU-Japan)
23
Kachin National Organization, Japan (KNO-Japan)
24
Karen National Community (KNC-Japan)
25
Karen National League (KNL-JP)
26
Punnyagari Mon National Society (PMNS)
27
Shan Nationalities for Democracy – Japan (SND-JP)
28
Kachin State National Congress for Democracy (Liberated Area-Japan) (KNCD)

Wednesday, September 22, 2010

ဘဘ သခင်အုန်းမြင့် ဈာပနအခမ်းအနားဓါတ်ပုံမှတ်တမ်းများ

စက်တင်ဘာ ၁၇၊ ၂၀၁၀
ဂတိမတည်တဲ့၊ သစ္စာမရှိတဲ့၊ သီလမရှိတဲ့၊ ရက်စက် ကြမ်းကြုတ်ပြီး၊ ကောက်ကျစ်တဲ့ စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အလိုတော်ရိတွေ၊ လက်ကိုင်တုတ်တွေ၊ နောက်လိုက်ငယ်သားတွေကို အမြဲတမ်း ကန့်ကွက် ရှုတ်ချ ဆန့်ကျင် တိုက်ခိုက်နေရသူတွေအတွက် အဘဦးအုန်းမြင့်ဟာ အားဆေးတခွက် ဖြစ်ပါတယ်။ အဘကို မြင်လိုက်ရရင် ကျနော်တို့တတွေ အားရှိသွားတယ်။ အဘကို တွေးလိုက်ရင် ကျနော်တို့တတွေ ခွန်အားတွေ ဖြစ်လာတယ်။ ပိန်ပိန်သေးသေးနဲ့ ရန်ကုန်လမ်းမများပေါ် တတောက်တောက်နဲ့ လျှောက်သွားနေတဲ့ အဖိုးအိုတဦးဟာ အလွန်ကြီးကျယ် မြင့်မြတ်ရဲရင့်တဲ့ အမျိုးသားနိုင်ငံရေးသမားတဦး ဖြစ်နေလို့ပါပဲ။

ဆရာဦးဝင်းတင်နဲ့ သူတို့ ၂ ဦး လွန်ခဲ့တဲ့ လအနည်းငယ်က လက်တွဲလို့ စကားလက်ဆုံ ပြောမကုန် ဖြစ်နေကြတာကို တွေ့ခဲ့ရတယ်။ အလွန်ကြည်နူးဖွယ်ရာ မြင်ကွင်းပဲ။ သူတို့လျှောက်နေတဲ့ လမ်းတွေနောက်က ကျနော်တို့ ဆက်လျှောက်ကြဖို့ပဲ လိုပါတယ်။ သူတို့လည်း လမ်းမပျောက်ခဲ့ဘူး။ ကျနော်တို့လည်း သူတို့နောက်က ရဲရဲကြီး ရှေ့တိုးကြ … လမ်းပျောက်စရာ မရှိပါဘူး။

ကျနော်တို့ရှေ့က အမှန်တရားနဲ့ တရား မျှတမှုအတွက် စွန့်လွှတ် စွန့်စား ရုန်းကန် ရင်ဆိုင်သွားကြသူ အဖိုး၊ အဖွား၊ မိခင်၊ ဘခင်၊ ညီအကို မောင်နှမ များစွာဟာ ဥာဏ်အလင်းပွင့်ဖို့ သစ္စာရှာကြသူတွေ ချည်းပဲလို့ ယုံကြည်ပါတယ်။ အခု ရခဲလှတဲ့ လူ့ဘ၀မှာ သစ္စာတရားကို ရှာဖွေဖို့ ပေးဆပ်မှုတွေ၊ စွန့်လွှတ်မှုတွေ၊ အရင်းအနှီးတွေ မြောက်များစွာနဲ့ ပါရမီတွေ ဖြည့်သွားကြတယ်၊ ဖြည့်နေကြတယ် လို့ မြင်မိပါတယ်။

မိမိဘ၀နဲ့ ရင်းပြီး ပေးဆပ်တယ်။ ကိုယ် စိတ် နှလုံး ဖောက်ပြန်မှု မရှိဘူး။ သူတပါးအပေါ်မှာလည်း အကောက်မကြံဘူး။ ပညာဥာဏ်မဲ့တဲ့ မိုက်မဲမှုတွေ မလုပ်ဘူး။ ခိုင်မာမြဲမြံတဲ့ သန္နိဌာန်နဲ့ မဆုပ်မနစ် ချီတက်တယ်။ သည်းခံမှု၊ ရိုးသားမှုတွေ မေတ္တာထားမှုတွေနဲ့ ပြည့်ဝအောင် ကြိုးစားတယ်။ တလောကလုံးက တိုက်ခိုက်စော်ကားနေပါစေ သူတို့တတွေဟာ ယိမ်းယိုင် တွေဝေခြင်း စိတ်ပျက် အားလျော့ခြင်း မရှိဘဲ ရင်ဆိုင်ကြသူတွေ ဖြစ်ပါတယ်။

သစ္စာကို ရှာဖွေနေတဲ့ ပါရမီရှင်ကြီးတွေကို ကျနော်တို့တတွေ ပတ်ဝန်းကျင်မှာ တွေ့ကြုံ ဆုံခွင့်ရတာ၊ တလေးတစား အသိအမှတ်ပြုခွင့်ရတာကိုက ကျနော်တို့အတွက် ဒုလ္လဘကြီး တခုလို့ သဘောထားပါတယ်။ အဲသည်လို သူရဲကောင်းတွေ၊ ခေါင်းဆောင်တွေ၊ ကြီးကျယ် မြင့်မြတ်သူတွေကို အမှန်အတိုင်း ပကတိအတိုင်း မြင်သိဖို့အတွက် ကျနော်တို့မှာ မောဟအမှောင်တွေ ပိတ်ဖုံး မနေမိတာကို ၀မ်းသာမိပါတယ်။

အခုတော့ ကျနော်တို့ ကို ခွဲခွာလို့ ခရီးဆက် ထွက်ခွာသွားသူကို နှုတ်ဆက်ကြဖို့သာ ရှိတယ်။ သံသရာသာ ရှိခဲ့ရင် နောင်ဘ၀ အဆက်ဆက် ကျနော်တို့ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင်မှာ သူလိုလူမျိုးတွေနဲ့ပဲ အကြိမ်ကြိမ် ကြုံခွင့်ရလိုပါတယ်။ သူလိုလူတွေ တည်ရှိနေတဲ့အတွက် ကျနော်တို့တတွေ ဘာမှ ဆုံးရှုံးနစ်နာစရာ မရှိပါ။ သုူတို့မရှိတော့တဲ့ လောကကြီးမှာသာ အကျည်းတန်လို့ ကျန်ရစ်ပါတယ်။ အဘသခင်အုန်းမြင့် ကောင်းရာသုဂတိလားပါစေ။ ။


ဝမ်းနည်းခြင်းမှတ်တမ်း။

မြန်မာသမိုင်းတွင်တန်ဖိုးဖြတ်၍မရသောသမိုင်းဝင်
ကြယ်တပွင့်ဖြစ်သည့်ဘဘ သခင်အုန်းမြင့်
ကွယ်လွန်သွားသည်အတွက် ကျန်ရစ်သူ
မိသားစု၊မြန်မာနိုင်ငံရေးမြန်မာ့ဒီမိုကရေစီ
အရေးလှုပ်ရှားနေသောပုဂ္ဂိုလ်များနှင့်ထပ်တူ
ကျနော်တို့မြန်မာနိုင်ငံသားဒုက္ခသည်များကူညီ
စောင့်ရှောက်ရေးအသင်း(ဂျပန်)BRSAမှထပ်တူ
ထပ်မျှကြေကွဲဝမ်းနည်းရပါသည်။

ဒီမိုဝေယံweb site မှကူးယူတင်ပြပါသည်။

Tuesday, September 21, 2010

၂၀၁၀ ရွေးကောက်ပွဲအားဆန့်ကျင်ဆန္ဒပြပွဲ။

၂၀၁၀ ရွေးကောက်ပွဲအားဆန့်ကျင်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ ဒီမိုကရေစီအင်အားစုများ၏ချီတက်ဆ န္ဒပြပွဲပုံများ။

Monday, September 13, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးချီတက်ဆန္ဒပြပွဲဖိတ်ကြားလွှာ

ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ

လေးစားရပါသောဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့်
မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသည့် တက်ကြွ
လှုပ်ရှားသူများခင်ဗျား။

လာမည့်(၇-၁၁-၂၀၁၀)နေ့ ရက်တွင် နအဖစစ်အာဏာရှင်တို့ က
စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းမည့်အတုအယောင်
ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မည်ဖြစ်ပါသည်။
သို့ ဖြစ်ပါ၍ ထိုအတုအယောက်ရွေးကောက်ပွဲံကိုဆန့် ကျင်ဆန္ဒပြ
သည့်အနေအဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံသူနိုင်ငံသားများအား
အဆိုပါ မြန်မာနိုင်ငံ၌ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲအကြောင်းကို
ပိုမိုသိရှိလာစေရန်လည်းကောင်းရည်ရွယ်၍ Global Action Campaign
ချီတက်ဆန္ဒပြပွဲကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်
ပါသောကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတက်တက်ကြွကြွ
ပူးပေါင်းပါဝင်ချီတက်ဆန္ဒပြကြပါရန်၊မြန်မာနိုင်ငံသားဒုက္ခသည်
များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)BRSAမှလေးစားစွာ
တိုက်တွန်းနှိုးဆော်အပ်ပါသည်။

နေ့ ရက်-၁၈-၉-၂ဝ၁ဝ (စနေနေ့ )

စုရပ် (Ebitsu park)

လူစုချိန် (1:30 PM)

အခမ်းအနား စတင်ချိန် (2:00 PM)

စတင်ချီတက်ထွက်ခွာချိန် (3:00 PM)


Wednesday, September 8, 2010

STOP CHINA SUPORT TO BURMA


၂၀၁၀.၉.၇(အင်္ဂါနေ့)
ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှတရုတ်
သံရုံးရှေ့သို့သွားရောက်၍ မြန်မာ့အစိုးရအားထောက်ပံ့ကူညီ
အကာအကွယ်ပေးနေမှုများအားရပ်စိုင်းရန်တောင်းဆိုသည့်ဆန္ဒပြ
ပွဲ။

Monday, September 6, 2010

STOP CHINA SUPORT TO BURMA

စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏တရုတ်ပြည်ခရီးစဉ်နှင့်
ပတ်သက်၍ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှတရုတ်
သံရုံးရှေ့သို့သွားရောက်၍ မြန်မာ့အစိုးရအားထောက်ပံ့ကူညီ
အကာအကွယ်ပေးနေမှုများအားရပ်စိုင်းရန်တောင်းဆိုသည့်ဆန္ဒပြ
ပွဲကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်သည့်အ
တွက်ကြောင်ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများအား
လုံးပူးပေါင်းပါဝင်ကြပါရန် နှိုးဆော်တိုက်တွန်းလိုက်ပါသည်။

ကျင်းပပြုလုပ်မည့်နေရာ။ ။တရုတ်သံရုံးရှေ့။

ကျင်းပပြုလုပ်မည့်နေ့ရက်။ ။၂၀၁၀.၉.၇(အင်္ဂါနေ့)
၂၀၁၀.၉.၈(ဗုဒ္ဓဟူးနေ့)

ကျင်းပပြုလုပ်မည့်အချိန်။ ။၁၅း၀၀နာရီမှ၁၆း၀၀နာရီ

HIROOဘူတာထွက်ပေါက်EXIT 3
ROPONGIဘူတာ

တရုတ်သံရုံးရှေ့ဆန္ဒပြပွဲနှင့်ပတ်သက်၍အသေးစိတ်
အချက်အလက်များသိရှိလိုပါက

ကိုမိုင်ကျော်ဦး phs: 090-9831-7192အားဆက်သွယ်မေး
မြန်းနိုင်ကြောင်းသိရှိရသည်။