Saturday, June 13, 2009

မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)

မင်္ဂလာပါရှင်,,,,,,,,
မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်) ၏blogကို
ဝင်ရောက်ကြည့်ရှူ့သော လူကြီးမင်းအား ကျမတို့၏အသင်းမှ လှိုက်လှဲစွာကြိုဆိုပါသည်။
ကျမတို့၏အသင်းသည် လူမှူရေးကိုအခြေခံ၍ မြန်မာ့ဒီမိုကရေစီရေးတွင် ထောက်ခံ
ပါဝင်လှုပ်ရှားလျက်ရှိသော အသင်းတစ်သင်းဖြစ်သည့် အားလျော်စွာ ဤblogတွင်လည်းမြန်မာ့နိုင်ငံရေး၊ဂျပန်နိုင်ငံရှိမြန်မာနိုင်ငံသားဒုက္ခသည်များ၏နေထိုင်မှု၊
လူမှူရေးစသည်တို့နှင့်သက်ဆိုင်သောကိစ္စရပ်များကို တတ်စွမ်းသရွေ့
ကြိုးစားတင်ပြထားပါသည်။
ယခုထက်လည်းပိုမိုပြည့်စုံကောင်းမွန်စေရန်ကြိုးစားလျက်ရှိပါသည်။
လေးစားစွာဖြင်
သတင်းနှင့်ပြန်ကြားရေးဌာန

Thursday, June 11, 2009

အသုံးဝင်သောနိုင်ငံခြားဘာသာစကား

ပြင်းထန်သောငလျင်စသည်များကြောင့်ကြီးမားသောဘေးဒုက္ခအန္တရာယ်များဖြစ်ပေါ်ချိန်တွင်ဒေသတွင်းခိုလှုံတိမ်းရှောင်သောနေရာများ၌ထားရှိသောလမ်းညွှန်ချက်များ၊သတင်းအချက်အလက်များကိုဘာသာပြန်ထားသောစာရွက်များကိုအောက်ဖေါ်ပြပါအင်တာနက်စာမျက်နှာတွင်လေ့လာနိုင်ပါသည်။စာပိုဒ်နှင့်ဝေါဟာရ(၇၉)ခုကိုအင်္ဂလိပ်၊တရုတ်၊ကိုရီးယား၊စပိန်၊ပေါ်တူဂီ၊ဖိလစ်ပိုင်၊ဗီယက်နမ်၊ထိုင်း စသည်ဖြင့်ဘာသာစကား(၁၀)မျိုးဖြင့်ဘာသာပြန်၍ထားရှိပါသည်။http://www.yoke.city.yokohama.jp/

ဆေးရုံ၊ဆေးခန်းများနှင့်ပါတ်သက်သည့်သိသင့်သိထိုက်သောဝေါဟာရများ

  • ခွဲစိတ်ကုသမှုနှင့်အထွေထွေကုသမှု
  • naika,sougou(内科、総合)
  • ကလေးရောဂါကုသမှု
  • shounika(小児科)
  • ခွဲစိတ်ကုသမှု
  • geka(外科)
  • အရိုးရောဂါကုသမှု
  • seikeigeka(整形外科)
  • ဆီးလမ်းကြောင်းဆိုင်ရာရောဂါကုသမှု
  • hinyoukika(泌尿器科)
  • အရေပြားရောဂါကုသမှု
  • hifuka(皮膚科)
  • သားဖွားနှင့်မီးယပ်ရောဂါကုသမှု
  • sanka,fujinka(産科、婦人科)
  • မျက်စိရောဂါကုသမှု
  • ganka(眼科)
  • နား၊နှာခေါင်းနှင့်လည်ချောင်းရောဂါကုသမှု
  • jibika,inkouka(耳鼻科、咽喉科)
  • သွားကုသမှု
  • shika(歯科)
  • စိတ်ရောဂါနှင့်အာရုံကြောရောဂါကုသမှု
  • seishinka,shinkeika(精神科、神経科)
  • ကျောက်ကပ်ရောဂါကုသမှု
  • jinzounaika(腎臓内科)
  • စိတ်နှင့်ကိုယ်ဆိုင်ရာရောဂါကုသမှု
  • shinryounaika(心療内科)
  • စအိုနှင့်စအိုဝကုသမှု
  • koumonka(肛門科)
  • အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ
  • kokyuukika(呼吸器科)
  • အစာအိမ်နှင့်အူသိမ်ကုသမှု
  • shoukakika,ichouka(消化器科、胃腸科)
  • ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှု
  • noushinkeigeka(脳神経外科)
  • ရုပ်သွင်ပြင်ခွဲစိတ်ကုသမှု
  • biyougeka(美容外科)
  • ဓါတ်မှန်
  • houshasenka(放射線科)
  • မေ့ဆေးပညာ
  • masuika,pe in kuri nik ku(麻酔科、ペインクリニック)
  • ကောင်တာ(reception)
  • uketsuke(受付)
  • လူနာကဒ်ပြား
  • shinsatsuken(診察券)
  • ပြင်ပလူနာဆေးကုခန်း
  • gairai(外来)
  • ကနဦးဆေးစစ်ခြင်း
  • shoshin(初診)
  • ဆေးရုံတင်ခြင်း
  • nyuuin(入院)
  • ဆေးရုံဆင်းခွင့်
  • taiin(退院)
  • အတွင်းလူနာဆောင်
  • nyuuinbyoutou(入院病棟)
  • ခွဲစိတ်ခန်း
  • shujustushitsu(手術室)
  • သားဖွားခန်း
  • bunbenshitsu(分娩室)
  • ဆေးကုသမှုတိုင်ပင်ခန်း
  • iryousoudanshitsu(医療相談室)
  • အာဟာရရေးရာတိုင်ပင်ခန်း
  • eiyousoudanshitsu(栄養相談室)
  • အရေးပေါ်လူနာ
  • kyuukan(急患)
  • လူနာတင်ယဉ်
  • kyuukyuusha(救急車)
  • လူနာကြည့်သွားခြင်း
  • menkai,omimai(面会、お見舞い)
  • ဆေးကုသမှုကုန်ကျစရိတ်
  • chiryouhi(治療費)
  • သူနာပြု
  • kangoshi(看護師)
  • ဆရာဝန်
  • ishasan,ishi,sensei(医者さん、医師、先生)
  • ဓါတ်မှန်ခန်း
  • ren to gen shitsu(レントゲン室)
  • (ဆရာဝန်နှင့်တွေ့ရန်)စောင့်နေခန်း
  • machiaishitsu(待合室)
  • ငွေကိုင်
  • kaikei(会計)
  • ဆေးဆိုင်
  • yakkyoku(薬局)
  • ဆီးစစ်ခန်း
  • kennyoushitsu(検尿室)
  • ကုသခန်း
  • shochishitsu(処置室)
  • တရုတ်အပ်စိုက်ကုသမှု
  • shinkyuu(針灸)
  • သွေးနမူနာယူခန်း
  • saiketsushitsu(採血室)
  • စမ်းသပ်စစ်ဆေးခန်း
  • kensashitsu(検査室)
  • ကားရပ်နားခွင့်လက်မှတ်
  • chuushaken(駐車券)

Tuesday, June 9, 2009

ဒုက္ခသည်ဆိုင်ရာဗဟုသုတ

ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းဆိုင်ရာလုပ်ငန်းစဉ်
(၁)အထောက်အကူပြုသည့်ဥပဒေ
လူဝင်မှုကြီးကြပ်ရေးနှင့်ဒုက္ခသည်အသိအမှတ်ပြုရေးအက်ဥပဒေပုဒ်မ၆၁-၂ ဟူ၍ရှိပါသည်။
သို့သော်ဒုက္ခသည်ကွန်ဗင်းရှင်းတွင်ဒုက္ခသည်အသိအမှတ်ပြုခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်
ပါတ်သက်၍ တိတိကျကျသတ်မှတ်ချက်မရှိပါ။
(၂)လျှောက်ထားရန်ကာလ
ဒုက္ခသည်အဖြစ်အသိအမှတ်ပြုရန်လျှောက်ထားရာတွင် လျှောက်ထားသူနိုင်ငံခြားသားသည်
ဂျပန်နိုင်ငံသို့စတင်ရောက်ရှိသည့်နေ့ရက်(ဂျပန်နိုင်ငံတွင်ရှိနေသည့်ကာလအတွင်း ဒုက္ခသည်အဖြစ်
ရောက်ရှိရသည့်အကြောင်းတစုံတရာပေါ်ပေါက်လာသည့်အခါထိုအဖြစ်မှန်ကိုသိရသည့်နေ့ရက်)မှ
ရက်ပေါင်း(၆၀)အတွင်းတွင်လျှောက်ထားရမည်။သို့သော်မလွှဲသာမရှောင်သာသည့်အခြေအနေမျိုးတွင်
ရှိပါကထိုကန့်သန့်ချက်အတိုင်းမဟုတ်)ဟုဖေါ်ပြထားပါသည်။(လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ၆၁-၂အပိုဒ်၂အရ)
(၃)လျှောက်ထားနိုင်သည့်နေရာ
ဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးရုံး၊နယ်မြေလ၀ကရုံးခွဲ၊သီးသန့်ရုံးခွဲ
(၄)သက်သေပြရန်တာဝန်နှင့်ဒုက္ခသည်နှင့်ဆက်နွယ်နေသည့်ဖြစ်ရပ်မှန်များကိုစစ်ဆေးခြင်း
ဒုက္ခသည်တစ်ဦးအဖြစ်အသိအမှတ်ပြုခြင်းသည်လျှောက်ထားသူဘက်မှတင်သွင်းသည့်မှတ်တမ်းများ
အပေါ်အခြေခံ၍စစ်ဆေးပါသည်။ထို့ကြောင့်လျှောက်ထားသူသည်ဒုက္ခသည်တစ်ဦးဖြစ်ကြောင်းကို
သက်သေအထောက်အထား(သို့)သက်ဆိုင်သူများထံမှသက်သေထွက်ချက်အထောက်အထားများဖြင့်
ကိုယ်တိုင်သက်သေပြရန်လိုအပ်ပါသည်။သို့သော်လည်းတရားရေးဝန်ကြီးသည် လျှောက်ထားတင်ပြထားသည့်
မှတ်တမ်းမှတ်ရာသက်သက်ဖြင့်မျှတမှန်ကန်သောဒုက္ခသည်အသိအမှတ်ပြုခြင်းအဆုံးအဖြတ်ပေးရန်
မဖြစ်နိုင်သည့်အခါမျိုးတွင်(လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ၆၁-၂-၃အပိုဒ်၁အရ)ဒုက္ခသည်စစ်ဆေးေ၇း
အရာရှိအားစုံစမ်းမှုများပြုလုပ်ခွင့်ပေးနိုင်သည်။
(၅)အယူခံလျှောက်ထားမှု
ဒုက္ခသည်တစ်ဦးအဖြစ်အသိအမှတ်ပြုခြင်းမခံရသူ(သို့)ဒုက္ခသည်တစ်ဦးအဖြစ်အသိအမှတ်ပြုခြင်းကို
ပြန်လည်ရုပ်သိမ်း ခံရသူသည် ထိုဆုံးဖြတ်ချက်အားမကျေနပ်ပါကအကြောင်းကြားစာလက်ခံရရှိသည့်
နေ့ရက်မှ၇ရက်အတွင်းတရားရေးဝန်ကြီးထံအယူခံလျှောက်ထားနိုင်သည်။
(၆)ဒုက္ခသည်တစ်ဦးအဖြစ်အသိအမှတ်ပြုခံရခြင်း၏အကျိုးဆက်
ဒုက္ခသည်တစ်ဦးအဖြစ်အသိအမှတ်ပြုခံရသည့် နိုင်ငံခြားသားသည်ဒုက္ခသည်ခရီးသွားလက်မှတ်ကို
ထုတ်ယူနိုင်ပြီး။ရာသက်ပန်နေထိုင်ခွင့်ဗီဇာအတွက်လိုအပ်သည့်အချက်အလက်များအချို့ကိုလျှော့ပေါ့
ပေးခြင်း(သို့)ပြည်နှင်ဒဏ်ချမှတ်ခြင်းကိုအယူခံဝင်သည့်အခါတရားရေးဝန်ကြီးထံမှအထူးနေထိုင်ခွင့်ကို
ရရှိနိုင်ခြင်းများရှိပါသည်။(လူဝင်မှုကြီးကြပ်ရေးနှင့်ဒုက္ခသည်အသိအမှတ်ပြုအက်ဥပဒေပုဒ်မ၆၁-၂-၅၊
၆၁-၂-၆နှင့်၆၁-၂-၈အရ)
ထို့အပြင်လူနေမှုဘ၀လုံခြုံရေးရှု့ထောင့်မှကြည့်လျှင်လည်းအခြေခံသတ်မှတ်ချက်အရဂျပန်နိုင်ငံသား
များနှင့်တတန်းတည်းဆက်ဆံခြင်းပြုပါသည်။ဥပမာအားဖြင့်ပြည်သူ့ပင်စင်ထောက်ပံ့ကြေးနှင့်ကလေး
စားရိတ်ထောက်ပံ့ကြေးစသည့်ခံစားခွင့်များရရှိနိုင်ပြီးဂျပန်နိုင်ငံသားများနှင့်တန်းတူအခွင့်အရေးကို
ရရှိနိုင်ပါသည်။
(ဒုက္ခသည်အဖြစ်သတ်မှတ်ခံရသူများဂျပန်တွင်နေထိုင်ရေးအတွက်)လက်စွဲစာအုပ်မှကောက်နှုတ်ထားပါသည်။

Monday, June 8, 2009

2009ခုနှစ်၏ပထမအကြိမ်မြောက်အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကိုsugamoတွင်
(၂၀၀၉ခုနှစ်၊မေလ၊၃၁ရက်)၌ပြုလုပ်ခဲ့ပါသည်။ ထိုနေ့တွင် အသင်း၏ရုံးလုပ်ငန်းဌာနမှုးဦးဇော်ထွန်းမှအသင်း၏ပြန်ကြားရေးဌာနသို့printerတစ်လုံးနှင့်recorderတစ်လုံး၊စီမံရေးရာဌာနသို့ recorderတစ်လုံး ပေးအပ်လှူဒါန်းခဲ့ပါသည်။



ယမန်နေ့အထိ အသင်းဝင်ဦးရေမှာ(၃၁၇)ဦးရှိကြောင်းကို စီမံရေးရာဌာနမှုးဦးလှမျိုးကပြောကြားသွားပါသည်။

BRSAအသင်းအားစိတ်ပါဝင်စားသူများဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်

အသင်းကြီးတွင်အောက်ပါအလုပ်အမှုဆောင်များကို ထားရှိပါသည်။
ဥက္ကဌ (၁)ဦး
ဒု-ဥက္ကဌ (၂)ဦး
အတွင်းရေးမှုး (၃)ဦး
ဌာနမှုး (ရ)ဦး
စစ်ဆေးရေးမှုး (၂)ဦး

အလုပ်အမှုဆောင်များ၏လုပ်ငန်းတာဝန်များ
ဥက္ကဌသည် အသင်း၏ရည်ရွယ်ချက်ကို အလုံးစုံသဘောပေါက်ပြီး အသင်းကို ကိုယ်စားပြုသည်။

ဒု-ဥက္ကဌသည် ဥက္ကဌကိုကူညီဆောင်ရွက်ပြီး ဥက္ကဌမှအသင်းတာဝန်များကို မထမ်းဆောင်နိုင်သည့်အချိန်များတွင် ထိုတာဝန်များကို ကိုယ်စားဆောင်ရွက်ရမည်။

အတွင်းရေးမှုးများသည်ဥက္ကဌ၊ဒု-ဥက္ကဌတို့၏လုပ်ငန်းများကိုကူညီဆောင်ရွက်ရမည်ဖြစ်ပြီး အသင်း၏ပုံမှန်လုပ်ငန်းစဉ်များကိုပါဆောင်ရွက်ရမည်။

ဌာနမှူးများသည် တာဝန်ခံဌာနများ၏လုပ်ငန်းတာဝန်များကို လုပ်ကိုင်ရမည်။

အသင်းတွင် စီမံရေးရာဌာန၊စာရင်းအင်းဌာန၊စည်းရုံးရေးဌာန။လူမှုရေးဌာန၊ရုံးလုပ်ငန်းဌာန၊
အမျိုးသမီးရေးရာဌာနနှင့်ပြန်ကြားရေးဌာနဟူ၍ ဌာနခွဲ(ရ)ခုထားရှိပါသည်။

စီမံရေးရာဌာနသည်အသင်း၏အချက်အလက်များကိုထိန်းသိမ်းခြင်း၊အသင်းဝင်ကဒ်များထုတ်ဝေခြင်း၊အသင်းဝင်ကြေးကောက်ခံခြင်း၊(၃)လပါတ်အစည်းအဝေးများစီစဉ်ကျင်းပခြင်းများကို တာဝန်ယူဆောင်ရွက်ရပါသည်။
သို့ဖြစ်ပါ၍ စီမံရေးရာဌာနနှင့်ပါတ်သက်၍ သိလိုသည်များရှိပါက စီမံရေးရာဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail လိပ်စာသို့လည်းကောင်း၊စီမံရေးရာဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စာရင်းအင်းဌာနသည်ငွေကြေးဆိုင်ရာအထွေထွေလုပ်ဆောင်မှု၊အသင်းဝင်ကြေးနှင့်
လှူဒါန်းငွေထိန်းသိမ်းမှု၊လချုပ်နှစ်ချုပ်ငွေကြေးစာရင်းဇယားများတင်ပြခြင်းများကိုဆောင်ရွက်ရပါသည်။
သို့ဖြစ်ပါ၍ စာရင်းအင်းဌာနနှင့်ပါတ်သက်၍ သိလိုသည်များရှိပါက စာရင်းအင်းဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail လိပ်စာသို့လည်းကောင်း၊စာရင်းအင်းဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စည်းရုံးရေးဌာနသည်အသင်းဝင်အသစ်များတိုးပွားရန်စည်းရုံးခြင်း၊အသင်း၏နိုင်ငံရေးပူးပေါင်းလှုပ်ရှားမှုများ
တွင်တာဝန်ယူပါဝင်စေခြင်းများကို လုပ်ဆောင်ရပါသည်။
သို့ဖြစ်ပါ၍ စည်းရုံးရေးဌာနနှင့်ပါတ်သက်၍ သိလိုသည်များရှိပါက စည်းရုံးရေးဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail
လိပ်စာသို့လည်းကောင်း၊စည်းရုံးရေးဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လူမှုရေးဌာနသည်ထိန်းသိမ်းခံရသူများထံသွားရောက်တွေဆုံခြင်း၊အသင်း၏နိုင်ငံရေးပူးပေါင်းလှုပ်ရှားမှုများ
တွင်တာဝန်ယူပါဝင်စေခြင်းတို့ကိုလုပ်ဆောင်ရပါသည်။
သို့ဖြစ်ပါ၍ လူမှုရေးဌာနနှင့်ပါတ်သက်၍သိလိုသည်များရှိပါကလူမှုရေးဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail လိပ်စာသို့လည်းကောင်း၊လူမှုရေးရာဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ရုံးလုပ်ငန်းဌာနသည်ရံပုံငွေရှာဖွေဖြည့်တင်းသည့်အမျိုးမျိုးသောပွဲများ စီမံရေးဆွဲခြင်းများကို ဆောင်ရွက်ရပါသည်။
သို့ဖြစ်ပါ၍ ရုံးလုပ်ငန်းဌာနနှင့်ပါတ်သက်၍ သိလိုသည်များရှိပါက ရုံးလုပ်ငန်းဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail လိပ်စာသို့လည်းကောင်း၊ရုံးလုပ်ငန်းဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အမျိုးသမီးရေးဌာနသည်ဒုက္ခသည်အမျိုးသမီးများ၊ကလေးများနှင့်ပါတ်သက်သည့်ကိစ္စများကိုဆွေးနွေး
ဆောင်ရွက်ခြင်းများကိုပြုလုပ်ရပါသည်။
သို့ဖြစ်ပါ၍အမျိုးသမီးရေးရာဌာနနှင့်ပါတ်သက်၍သိလိုသည်များရှိပါကအမျိုးသမီးရေးရာဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail
လိပ်စာသို့လည်းကောင်း၊အမျိုးသမီ်းရေးရာဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာနသည်အသင်း၏စာစောင်၊အင်တာနက်အစရှိသောမီဒီယာလုပ်ငန်းများအပါအ၀င် သတင်းနှင့်ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရပါသည်။
သို့ဖြစ်ပါ၍သတင်းနှင့်ပြန်ကြားရေးဌာနနှင့်ပါတ်သက်၍သိလိုသည်များရှိပါကသတင်းနှင့်ပြန်ကြားရေးရာဌာနသို့
လိပ်မူ၍(brsa.japan@gmail.com)သို့လည်းကောင်း၊သတင်းနှင့်ပြန်ကြားရေးရာဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စစ်ဆေးရေးမှူးများသည် အသင်း၏လုပ်ငန်းဆောင်တာနှင့်ပါတ်သက်သောစာရင်းများစစ်ဆေးခြင်းကိုဆောင်ရွက်ရပါသည်။

မေတ္တာရပ်ခံချက်
BRSAအသင်းကြီး၏အလုပ်အမှုဆောင်ကော်မတီဝင်များသည်
စေတနာ့ဝန်ထမ်းများဖြစ်ကြသည့်အားလျော်စွာ အသင်းကြီး၏လုပ်ငန်းတာဝန်များကို
ကိုယ်ရောစိတ်ပါထမ်းဆောင်လျက်ရှိကြပါသော်လည်း အကြောင်းမညီညွတ်၍
ဖုန်းမကိုင်နိုင်ခြင်းများ၊ e-mailပြန်စာနောက်ကျခြင်းများရှိခဲ့ပါက
မေတ္တာဖြင့်ခွင့်လွှတ်နားလည်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးမှူး