Monday, June 8, 2009

BRSAအသင်းအားစိတ်ပါဝင်စားသူများဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်

အသင်းကြီးတွင်အောက်ပါအလုပ်အမှုဆောင်များကို ထားရှိပါသည်။
ဥက္ကဌ (၁)ဦး
ဒု-ဥက္ကဌ (၂)ဦး
အတွင်းရေးမှုး (၃)ဦး
ဌာနမှုး (ရ)ဦး
စစ်ဆေးရေးမှုး (၂)ဦး

အလုပ်အမှုဆောင်များ၏လုပ်ငန်းတာဝန်များ
ဥက္ကဌသည် အသင်း၏ရည်ရွယ်ချက်ကို အလုံးစုံသဘောပေါက်ပြီး အသင်းကို ကိုယ်စားပြုသည်။

ဒု-ဥက္ကဌသည် ဥက္ကဌကိုကူညီဆောင်ရွက်ပြီး ဥက္ကဌမှအသင်းတာဝန်များကို မထမ်းဆောင်နိုင်သည့်အချိန်များတွင် ထိုတာဝန်များကို ကိုယ်စားဆောင်ရွက်ရမည်။

အတွင်းရေးမှုးများသည်ဥက္ကဌ၊ဒု-ဥက္ကဌတို့၏လုပ်ငန်းများကိုကူညီဆောင်ရွက်ရမည်ဖြစ်ပြီး အသင်း၏ပုံမှန်လုပ်ငန်းစဉ်များကိုပါဆောင်ရွက်ရမည်။

ဌာနမှူးများသည် တာဝန်ခံဌာနများ၏လုပ်ငန်းတာဝန်များကို လုပ်ကိုင်ရမည်။

အသင်းတွင် စီမံရေးရာဌာန၊စာရင်းအင်းဌာန၊စည်းရုံးရေးဌာန။လူမှုရေးဌာန၊ရုံးလုပ်ငန်းဌာန၊
အမျိုးသမီးရေးရာဌာနနှင့်ပြန်ကြားရေးဌာနဟူ၍ ဌာနခွဲ(ရ)ခုထားရှိပါသည်။

စီမံရေးရာဌာနသည်အသင်း၏အချက်အလက်များကိုထိန်းသိမ်းခြင်း၊အသင်းဝင်ကဒ်များထုတ်ဝေခြင်း၊အသင်းဝင်ကြေးကောက်ခံခြင်း၊(၃)လပါတ်အစည်းအဝေးများစီစဉ်ကျင်းပခြင်းများကို တာဝန်ယူဆောင်ရွက်ရပါသည်။
သို့ဖြစ်ပါ၍ စီမံရေးရာဌာနနှင့်ပါတ်သက်၍ သိလိုသည်များရှိပါက စီမံရေးရာဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail လိပ်စာသို့လည်းကောင်း၊စီမံရေးရာဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စာရင်းအင်းဌာနသည်ငွေကြေးဆိုင်ရာအထွေထွေလုပ်ဆောင်မှု၊အသင်းဝင်ကြေးနှင့်
လှူဒါန်းငွေထိန်းသိမ်းမှု၊လချုပ်နှစ်ချုပ်ငွေကြေးစာရင်းဇယားများတင်ပြခြင်းများကိုဆောင်ရွက်ရပါသည်။
သို့ဖြစ်ပါ၍ စာရင်းအင်းဌာနနှင့်ပါတ်သက်၍ သိလိုသည်များရှိပါက စာရင်းအင်းဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail လိပ်စာသို့လည်းကောင်း၊စာရင်းအင်းဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စည်းရုံးရေးဌာနသည်အသင်းဝင်အသစ်များတိုးပွားရန်စည်းရုံးခြင်း၊အသင်း၏နိုင်ငံရေးပူးပေါင်းလှုပ်ရှားမှုများ
တွင်တာဝန်ယူပါဝင်စေခြင်းများကို လုပ်ဆောင်ရပါသည်။
သို့ဖြစ်ပါ၍ စည်းရုံးရေးဌာနနှင့်ပါတ်သက်၍ သိလိုသည်များရှိပါက စည်းရုံးရေးဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail
လိပ်စာသို့လည်းကောင်း၊စည်းရုံးရေးဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လူမှုရေးဌာနသည်ထိန်းသိမ်းခံရသူများထံသွားရောက်တွေဆုံခြင်း၊အသင်း၏နိုင်ငံရေးပူးပေါင်းလှုပ်ရှားမှုများ
တွင်တာဝန်ယူပါဝင်စေခြင်းတို့ကိုလုပ်ဆောင်ရပါသည်။
သို့ဖြစ်ပါ၍ လူမှုရေးဌာနနှင့်ပါတ်သက်၍သိလိုသည်များရှိပါကလူမှုရေးဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail လိပ်စာသို့လည်းကောင်း၊လူမှုရေးရာဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ရုံးလုပ်ငန်းဌာနသည်ရံပုံငွေရှာဖွေဖြည့်တင်းသည့်အမျိုးမျိုးသောပွဲများ စီမံရေးဆွဲခြင်းများကို ဆောင်ရွက်ရပါသည်။
သို့ဖြစ်ပါ၍ ရုံးလုပ်ငန်းဌာနနှင့်ပါတ်သက်၍ သိလိုသည်များရှိပါက ရုံးလုပ်ငန်းဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail လိပ်စာသို့လည်းကောင်း၊ရုံးလုပ်ငန်းဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အမျိုးသမီးရေးဌာနသည်ဒုက္ခသည်အမျိုးသမီးများ၊ကလေးများနှင့်ပါတ်သက်သည့်ကိစ္စများကိုဆွေးနွေး
ဆောင်ရွက်ခြင်းများကိုပြုလုပ်ရပါသည်။
သို့ဖြစ်ပါ၍အမျိုးသမီးရေးရာဌာနနှင့်ပါတ်သက်၍သိလိုသည်များရှိပါကအမျိုးသမီးရေးရာဌာနသို့လိပ်မူ၍(brsa.japan@gmail.com)e-mail
လိပ်စာသို့လည်းကောင်း၊အမျိုးသမီ်းရေးရာဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာနသည်အသင်း၏စာစောင်၊အင်တာနက်အစရှိသောမီဒီယာလုပ်ငန်းများအပါအ၀င် သတင်းနှင့်ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရပါသည်။
သို့ဖြစ်ပါ၍သတင်းနှင့်ပြန်ကြားရေးဌာနနှင့်ပါတ်သက်၍သိလိုသည်များရှိပါကသတင်းနှင့်ပြန်ကြားရေးရာဌာနသို့
လိပ်မူ၍(brsa.japan@gmail.com)သို့လည်းကောင်း၊သတင်းနှင့်ပြန်ကြားရေးရာဌာနမှူးထံသို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စစ်ဆေးရေးမှူးများသည် အသင်း၏လုပ်ငန်းဆောင်တာနှင့်ပါတ်သက်သောစာရင်းများစစ်ဆေးခြင်းကိုဆောင်ရွက်ရပါသည်။

မေတ္တာရပ်ခံချက်
BRSAအသင်းကြီး၏အလုပ်အမှုဆောင်ကော်မတီဝင်များသည်
စေတနာ့ဝန်ထမ်းများဖြစ်ကြသည့်အားလျော်စွာ အသင်းကြီး၏လုပ်ငန်းတာဝန်များကို
ကိုယ်ရောစိတ်ပါထမ်းဆောင်လျက်ရှိကြပါသော်လည်း အကြောင်းမညီညွတ်၍
ဖုန်းမကိုင်နိုင်ခြင်းများ၊ e-mailပြန်စာနောက်ကျခြင်းများရှိခဲ့ပါက
မေတ္တာဖြင့်ခွင့်လွှတ်နားလည်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးမှူး

No comments: