skip to main |
skip to sidebar
၂၀၁၀.၀၅.၁၆ရက်အသင်းဝင်များစုံညီအစည်းအဝေးနှင်အမှုဆောင်သစ်ရွေးကောက် တင်မြောက်ပွဲ
၂၀၁၀ခုနှစ်မြန်မာနိုင်ငံသားများဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)BRSAနှစ်ပါတ်လည်အသင်းဝင်များစုံညီအစည်းအဝေးနှင်အမှုဆောင်သစ်ရွေးကောက်တင်မြောက်ပွဲကိုTOKYO TOSHIMA-KU MINANI OTSUKA HALL တွင်၂၀၁၀.၀၅.၁၆ရက်တနင်္ဂနွေနေ့ညနေ(၅း၃၀)မှည(၉း၃၀)ထိအောင်မြင်စွာကျင်းပခဲ့ပါသည်။အသင်း၏၂၀၀၉ဧပြီလမှ၂၀၁၀မတ်လအထိတစ်နှစ်အတွင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုအားတင်ပြအစီရင်ခံခြင်း၊၂၀၀၉ခုနှစ်လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့်ဘဏ္ဍာရေးအခြေအနေတင်ပြအစီရင်ခံခြင်း၊၂၀၁၀ခုနှစ်ရှေ့လုပ်ငန်းစဉ်နှင့်ဘဏ္ဍာရေးဆိုင်ရာခန့်မှန်းချက်ကိုတင်ပြအစီ
ရင်ခံခြင်း၊အသင်း၏အထွေထွေစည်းမျဉ်းပြင်ဆင်မှုများအတည်ပြုခြင်း၊၂၀၀၉ခုနှစ်အလုပ်
အမှုဆောင်ကော်မတီအားဖျက်သိမ်းခြင်း၊၂၀၁၀ခုနှစ်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအားရွေးချယ်တင်မြောက်ခြင်း၊အလုပ်အမှုဆောင်ကော်မတီ၏ဥက္ကဌမှနုတ်ခွန်းဆက်စကားပြောကြားခြင်၊ဒုဥက္ကဌမှနိဂုံးချုပ်စကားပြောကြားခြင်းဖြင့်
့်အစည်းအဝေးကိုအောင်မြင်စွာကျင်းပခဲ့ပါသည်။
၂၀၁၀ခုနှစ်ရွေးချယ်တင်မြောက်ထားသောဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များမှာအောက်ပါအတိုင်းဖြစ်ပါသည်၊
- ဥက္ကဌ----OTAKI TAEKO
- ဒု-ဥက္ကဌ----KUMAKIRI TAKU
- ဒု-ဥက္ကဌ----ဦးအောင်စိုးမိုး
- အတွင်းရေမှူး----ဦးမိုးကျော်စိုး၊ဦးလှတင်ထွန်း၊ဦးလှမျိုး
- စီမံခန့်ခွဲရေးရာဌာနကြီးမှူး----ဦးမြင့်ဦး
- စာရင်းအင်းဌာနမှူး----မအိဖြူထွေး
- လူမှုရေးဌာနကြီးမှူး---မစန္ဒာသောင်း
- အသင်းပြင်ပဆက်ဆံရေးဌါနကြီးမှူး-----ဦးနေမျိုးအောင်တို့ဖြစ်ပါသည်
No comments:
Post a Comment