Saturday, December 5, 2009

ဂျပန်နိုင်ငံတွင်ဒုက္ခသည်လျှောက်ထားသူတိုင်းသိထားသင့်သောဒုက္ခသည်လျှောက်ထားမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

2009ခုနှစ် BRSAအသင်း၏ အသင်းသားစုံညီအစည်းအဝေးကို
၂၀၀၉ခုနှစ်နိုဝင်ဘာလ၂၂ရက်တနင်္ဂနွေနေ့ ညနေ၅နာရီမှည၉နာရီအထိ IKEBUKUROရှိ
ECO TOSHIMAPLAZA (၈)ထပ်တွင် ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့BRSAအသင်းအားလေ့လာလိုသူ ဂျပန်လူမျိုးများ၊အသင်းဝင်ဂျပန်လူမျိုးများ၊
မြန်မာလူမျိုးများနှင့်အလုပ်အမှုဆောင်ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌အသင်းနှင့်ပါတ်သက်သည့်အမျိုးမျိုးသော ကိစ္စရပ်များကို
တာဝန်ရှိသာအသီးသီးကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့အပြင် အသင်း၏အသင်းဝင်တစ်ဦးလည်းဖြစ်ပြီးဂျပန်နိုင်ငံရှိမြန်မာလူမျိုးတို့၏
အရေးကိစ္စများကို ကူညီဆောာင်ရွက်ပေးနေသော ဂျပန်လူမျိုးKUMAZAWA SANမှ
ဒုက္ခသည်လျှောက်ထားမှုနှင့်ပါတ်သက်၍ လုပ်ထုံးလုပ်နည်းများ၊VISA အမျိုးအစားများ
အကြောင်းကိုအောက်ပါအတိုင်း ရှင်းလင်းပြောပြခဲ့ပါသည်။
ပထမဦးစွာ ဒုက္ခသည်နှင့်ပါတ်သက်၍ ရရှိသော VISAအမျိုးအစားအား အကြမ်းအားဖြင့်(၃)မျိုး
ခွဲခြားနိုင်ကြောင်း....
(၁)[R]ဟုအများကသိထားသော TEIJUSHA VISA (Long Time Resident)(ယျေဘုယျအားဖြင့်
သက်တမ်း၃နှစ်ရှိ)
(၂)[S.S]ဟုအများကသိထားသောTEIJUSHA VISAနှင့် TOKUTEI KATSUDO (ယျေဘုယျအားဖြင့် သက်တမ်း၁နှစ်ရှိ)
TEIJUSHA VISAမှာ အများအားဖြင့် ဂျပန်နိုင်ငံတွင် ၁၂နှစ်မှ၁၃နှစ်ကျော်နေထိုင်သူများ
ထဲမှရရှိနိုင်ပါသည်။
TOKUTEI KATSUDO မှာ ကန့်သတ်ချက်မရှိပါ။
(၃)ဒုက္ခသည်လျှောက်ထားစဲသူများအားချပေးသော TOKUTEI KATSUDO VISA(သက်တမ်း
၃လစ၍ရရှိ)
(TOKUTEI KATSUDO VIS (၃)လသက်တမ်းရရှိပြီးဒုက္ခသည်အဖြစ်ငြင်းပယ်ခြင်းခံရသောအခါ
VISAသက်တမ်း (၃)လရနေရာမှ (၁)လသာရတော့သော အခြေအနေမျိုးလည်းရှိ)
နောက်တစ်မျိုးအနေဖြင့် VISA(လုံးဝ)မဟုတ်သော်လည်း အပြင်တွင်နေထိုင်နိုင်ခြင်းနှင့်ပါတ်သက်၍...
KARIHOMEN
KARITAIZAI
ဒုက္ခသည်လျောက်ထားသော ဖြတ်ပိုင်းစာရွက်တို...ဟူ၍(၃)မျိုးရှိကြောင်း။
KARIHOMEN(၁လ.၂လ.၃လ ဟူ၍ လျှောက်ထားသူ၏အခြေအနေအလိုက် သက်တမ်းအမျိုးမျိုး
ရရှိနိုင်)
KARIHOMEN၊KARITAIZAIနှင့်ဒုက္ခသည်လျောက်ထားသော ဖြတ်ပိုင်းစာရွက်တိုဟူသော
အခြေအနေ(၃)မျိုးမှာ Overstayမျှသာဖြစ်ကြောင်းနှင့် အချိန်မရွေး
ထိန်းသိမ်းခံရဖွယ်ရှိကြောင်းရှင်းလင်းပြောပြခဲ့ပါသည်။
ဆက်လက်၍၄င်းကဒုက္ခသည်လျှောက်ထားပုံ ပုံစံအဆင့်ဆင့်ကိုလည်း အောင်ပါအတိုင်း
ဆက်လက်ရှင်းပြခဲ့ပါသည်။
မည်သည့်လူမျိုးမဆို ဂျပန်နိုင်ငံတွင်ဒုက္ခသည်အဖြစ်လျှောက်ထားမည်ဆိုပါက...................
(၁)လျှောက်လွှာတင်ရပါသည်။
(၂)အင်တာဗျူးဖြေဆိုရပါသည်။(သည်နောက်ပိုင်းတွင် ၁ကြိမ်ခန့်သာ ဖြေဆိုရပါတော့သည်)
(၃)ပထမအကြိမ်ရလဒ်ထွက်ပါသည်။ရလဒ်အနေဖြင့်.....၁-(R)
၂-(R)မပေးပါ။သို့သော်(S.S)ရပါသည်။
၃-(R)လည်းမရ(S.S)လည်းမရ ပယ်ပါသည်။
နံပါတ်(၂)နှင့်(၃)ရထားသူများ အယူခံဝင်နိုင်ပါသည်။
(၄)အယူခံဝင်လျှင် ODAIBAဟုအများကသိထားသော အင်တာဗျူးကို ဖြေရပါသည်။
(၅)အင်တာဗျူးဖြေပြီးလျှင် အဖြေမှာအထက်ပါနံပါတ်(၃)အတိုင်းထွက်ပါသည်။
အယူခံဝင်ပြီးသည့်တိုင်အောင် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းမခံရလျှင်.............
---တရားရုံးသို့တက်နိုင်ပါသည်။(တရားရိုးတက်သောကိစ္စမှာ အလွန်ခက်ခဲရှုပ်ထွေးသောကြောင့်
ဖြစ်နိုင်ပါက တရားရုံးမတက်ကြရန် ၄င်းကတိုက်တွန်းထားပါသည်။)
---အစမှပြန်လျှောက်နိုင်ပါသည်။
ဤသည်မှာဒုက္ခသည်လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြစ်ပါသည်။
ဒုက္ခသည်လျှောက်ထားစဲသူများနှင့်ပါတ်သက်၍....................................
၃လVISA
KARIHOMEN
KARITAIZAIဟူ၍(၃)မျိုးရှိသည့်အနက် KARIHOMENနှင့်KARITAIZAIတို့မှာ အလုပ်လုပ်ခွင့်
မရှိဟု စည်းမျဉ်း၌ ဖေါ်ပြထားပါသည်။
၃လVISAနှင့်ပါတ်သက်၍ အောက်ပါအတိုင်းရှင်းပြခဲ့ပါသည်။
ဂျပန်နိုင်ငံသို့ အလည်အပါတ် VISAနှင့်ဖြစ်စေ၊အလုပ်VISAနှင့်ဖြစ်စေဝင်ရောက်လာပြီးVISA
သက်တမ်းမကုန်ခင် ဒုက္ခသည်အဖြစ်လျှောက်ထားသူများသည် SHINAGAWA လ.ဝ.က၏ဒုတိယထပ်တွင်
(၃)လVISA(TOKUTEI KATSUDO VISA) ရရှိကြောင်း၊ (မြန်မာလောက၌အပြင်လျှောက်ဟုခေါ်တွင်သည်။)
အဆိုပါအပြင်လျှောက်များသည် ၃လVISAရရပြီးချင်းအလုပ်လုပ်ခွင့်မရှိဟု စည်းမျဉ်း၌ဖေါ်ပြထားပါသည်။
ထို့နောက် ၆လကြာလျှင်VISAအမျိုးအစားအားပြောင်းပေးပါသည်။ထိုပြောင်းပေးသောVISAတွင် အလုပ်လုပ်ခွင့်
ပေးထားပါသည်။ထိုကဲ့သို့ (၃လ-TOKUTEI KATSUDO VISA)ရပြီး၆လကြာလျှင် အလုပ်လုပ်ခွင့်ရှိသော
(TOKUTEI KATSUDO VISA)အဖြစ်သို့ပြောင်းနိုင်ကြောင်းကို သိသူများရှိသကဲ့သို့
မသိသူများလည်းရှိနေကြာင်း ၄င်းကပြောကြားခဲ့ပါသည်။အထူးသတိပြုရန်အချက်မှာ ဂျပန်နိုင်ငံသို့
အလည်အပါတ် VISAနှင့်ဖြစ်စေ၊အလုပ်VISAနှင့်ဝင်ရောက်ပြီး ရောက်ရောက်ခြင်း အလုပ်လုပ်ခြင်းအား
လ.ဝ.ကမှ တင်းကျပ်စွာတားမြစ်ပြီး၊သိရှိပါကလည်း ချက်ချင်းဖမ်းပါသည်။
သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံတွင်ဒုက္ခသည်လျှောက်ထားကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏
ဒုက္ခသည်လျှောက်ထားမှုအဆင့်နေရာကို ကောင်းစွာသိနားလည်စေရန်ရည်ရွယ်၍KUMAZAWA SAN
မှရှင်းလင်းပြောပြခဲ့ပါသည်။
အထက်ဖေါ်ပြပါအချက်အလက်များထက် ပိုမို၍အသေးစိတ်သိလိုပါက
KUMAZAWA SAN(090 7182 5594)သို့ ဂျပန်ဘာသာဖြင့်
ဆက်သွယ်မေးမြန်းနိုင်ပါသည်။ မြန်မာဘာသာဖြင့် မေးမြန်းလိုပါက
brsa.japan@gmail.comသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။