Saturday, December 24, 2011

လွတ်လပ်ခွင့်ဆိုတာ လူတိုင်းအတွက် အတူတူ ဒေါ်အောင်ဆန်းစုကြည် ပြော

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ လက်ဝှေ့ရမ်း နှုတ်ဆက်နေစဉ်။


မြန်မာအစိုးရရဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို အခုလို ရည်ညွှန်းပြောဆိုတာ ဖြစ်ပြီး အဲဒီ ဥပဒေတွေကို လေ့လာသုံးသပ်သွားဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောဆိုလိုက်ပါတယ်။“လွတ်လပ်ခွင့်ဆိုတာ မြန်မာနိုင်ငံသားတွေ လွတ်လပ်ခွင့်၊ တခြား နိုင်ငံသားတွေ လွတ်လပ်ခွင့် ရယ်လို့ ခွဲပြီး မမြင်သင့်ပါဘူး။ အန်တီတို့က စစ်မှန်တဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်မျိုးကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် လိုချင်ပါတယ်။ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ ပတ်သက်လို့ ပြီးပြည့်စုံတဲ့ အဆင့် မရှိသေးဘူးလို့ ဥပဒေပညာရှင်တွေက မှတ်ချက်ချတာကို အခြေခံပြီး အန်တီတို့ လေ့လာသုံးသပ်ဖို့ ရည်ရွယ်ချက် ရှိပါတယ်”အာရ်အက်ဖ်အေက သောကြာညတိုင်း ပုံမှန် တင်ဆက်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ “မြန်မာအစိုးက အတည်ပြုလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည် ဆန္ဒပြခွင့် ဥပဒေတွေဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ကိုက်ညီပါရဲ့လား” ဆိုတဲ့ သောတရှင်တစ်ဦးရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြားခဲ့တာပါ။

ပြည်ပရောက် မြန်မာ တွေ ၀င်ငွေ ခွန် ကင်းလွတ် ခွင့် ပြု

ပြည်ပ နိုင်ငံ များ တွင် သွားရောက် အလုပ်လုပ် ကိုင်နေ ကြသည့် မြန်မာ နိုင်ငံသားများ ၏ ၀င်ငွေ ခွန် အား မူလ က ၆ လ တိတိ လျှော့ ကောက် ရန် သာ စီစဉ် ထား သော်လည်း နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်အောက်ရှိ ၀င်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့်ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ပယ် ဖျက် လိုက် ပြီ ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ မှအတွင်း ရေး မှုး တစ်ဦး ဖြစ်သူ ဦးတင် မျိုးကြည် က လက်မှတ် ထိုး ပြီး တရား ၀င် သတင်း ထုတ်ပြန် လိုက် သည်။
ပြည်ပရောက် မြန်မာ နိုင်ငံ သားများ အား ၀င်ငွေ ခွန် ကင်းလွတ် ခွင့် ပြုသည် ဆိုသည့် သတင်း ကိုနေပြည်တော် ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီးဌာ န မှ ညွှန်ကြားရေး မှု တစ်ဦး က လည်း FNG သို့ အတည် ပြု ပြောကြား သည်။
“မနေ့ က စာထုတ် တယ် ၊ ဒီနေ့  စာဝင်လာတယ်၊ ခင်ဗျား တို့ ဆီ ပို့ လိုက်တဲ့ စာပဲ ၊ ဇန်န၀ါရီ ၂၀၁၂ ကနေ စပြီး အတည် ဖြစ်မယ်” ဟု အဆိုပါ အရာ ရှိက ပြောသည်။
တစ်ဆက် တည်း ကြား သိရသည့် သတင်း မှာ မူ ရန်ကုန် နှင့် နေ ပြည်တော် နိုင်ငံ တကာလေဆိပ်မှာထွက်ခွာခွင့် နှင့် ဆိုက်ရောက် အခွန် များ ကို မူ တိုးမြှင့် ကောက်ခံ မည် ဟု သိရသည်။
ပြည်ပ ရောက် မြန်မာ များ အနေဖြင့် မူလက သက်ဆိုင်ရာ နိုင်ငံ အပြင် မြန်မာ အစိုးရ ကို ပါ ၀င်ငွေခွန် နှစ်ထပ် ပေးဆောင် နေရ မှု ကြောင့် ဖောင်စီးရင်း ရေငတ်၊ သမင်မွေးရင်း ကျားစား ရင်း ဖြင့်လုံး ပါး ပါး ကာ လှုပ်လေ မြုပ်လေ ဘ၀ ဖြင့် ဆယ်စုနှစ် ပေါင်း များ စွာကို ခါးသီးစွာ ဖြတ် သန်း ခဲ့ရသည်။
ဝင်ငွေခွန် ပေးဆောင်ရမှု အား အပြီး တိုင် ပယ်ဖျက် သည့် သတင်း နှင့် ပတ်သက် ပြီး စင်္ကာပူ နိုင်ငံနည်းပညာ ကုမ္ပဏီ တွင် တာဝန်ထမ်းဆောင် နေသည့် သတင်း က ” ကျွန်မ တို့  ဒီသတင်း ကြားရတာ အရမ်းပျော်ပါတယ်။ မိဘ တွေ ကို လွတ်လွတ် လပ် လပ် ပိုက်ဆံ ပြန်ပို့  လို့  ရသွား ပြီ ” ဟုပြောသည်။

Posted by MAUNG NE WIN
ne0029win@gmail.com

Wednesday, December 7, 2011

အင်န်အယ်လ်ဒီပါတီ ခမောက်တံဆိပ်အစား ခွပ်ဒေါင်းတံဆိပ်ပြောင်းသုံးမည်



NLD ပါတီ ပထမ အလံ







ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အပြည့် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထား သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၀ ကျော်အသုံးပြုလာသည့် ခမောက်တံဆိပ်အစား ခွပ် ဒေါင်းတံဆိပ်ကို ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။" အသစ်ပြောင်းလိုက်တဲ့ တံဆိပ်က ကြယ်ဖြူတစ်ပွင့်ရယ်၊ ခွပ်ဒေါင်းရယ်ပါ။ ခွပ်ဒေါင်းအောက် မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာတန်းပါတယ်။ ဒီတံဆိပ်သုံးမယ်ဆိုတာကို ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲမှာ ဆုံးဖြတ်ခဲ့တာပါ" ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြော သည်။အဆိုပါတံဆိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၏ ရင်ဘတ်တွင် တပ်ဆင်ထားသော ရင်ထိုးပုံစံဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်တံဆိပ်ပြောင်းလဲခြင်းကြောင့် အဖွဲ့ချုပ်၏ စည်းရုံးရေး လုပ်ငန်းစဉ်များကို ထိခိုက်မည်မဟုတ်ကြောင်း ပါတီဝင်တစ်ဦးက ဆိုသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီဇင်ဘာ ၅ ရက်ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်း အဝေးတွင် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးတင်ဦးအား တာဝန်ခံအဖြစ်ထားရှိကာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တရားဝင်ပါတီအဖြစ် တည်ထောင်ရန် စာရင်းပေးထားသူ ၂၁ ဦးအဖွဲ့ဝင်အချို့နှင့် မှတ်ပုံမတင်ရသေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့ပါဝင်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်အချက်အရ သိရသည်။ဆက်လက်၍ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သတင်းပြန်ကြားရေးနှင့် စာစောင်ထုတ်ဝေ ရေးကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးကော်မတီ၊ မဲဆွယ်ဟောပြောရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ ဥပဒေရေးရာကော်မတီတို့ကို ဗဟိုအောင်နိုင်ရေးအဖွဲ့က ဆက်လက်ဖွဲ့စည်းမည်ဖြစ်ကာ အင်န်အယ်လ်ဒီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်လိုသူများအနေဖြင့် အင်န်အယ်လ်ဒီ ပါတီဝင်ရမည် ဖြစ်ကြောင်း သိရသည်။" ကျောင်းသားနိုင်ငံရေးလှုပ်သူတွေကို အင်န်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်နေ ရာပေးမယ်ဆိုတာတွေက ကောလာဟလတွေပါ။ အဲဒါတွေ တစ်ခုမှ မဟုတ်ပါဘူး"ဟု ဦးဉာဏ်ဝင်းကဆိုသည်။

http://www.thithtoolwin.com/2011/12/blog-post_2456.html
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်၌ ဝင်ပြိုင်မည်

ဒေါ်အောင်ဆန်းစုကြည်သည်
လာမည့်ကြားဖြတ်ရွေးကောက်ပွဲ
ကော့မှူးမဲဆန္ဒနယ်၌ ဝင်ရောက်အရွေးချယ်ခံမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ်မှုဆောင်တစ်ဦးက ပြောကြားသည်။


“ဒေါ်စုက တရားဝင် မကြေငြာသေးပေမဲ့ ကော့မှူးမှာ ဝင်ပြိုင်မယ်ဆိုတာကတော့ သေချာသွားပြီ” ဟု ၎င်းကဆိုသည်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်အရွေးချယ်ခံပြီး အနိုင်ရသွားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ဦးစိုးတင့်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးရာထူး တာဝန်ထမ်းဆောင်ရသည့်အတွက် ကော့မှူးမဲဆန္ဒနယ်သည် လစ်လပ်နေရာဖြစ်သွားကြောင်း သိရသည်။
နိုင်ငံရေးအင်အားစုများထဲတွင် တချို့က ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မဝင်သင့်သေးကြောင်း ပြောဆိုကြ သော်လည်း တချို့ကမူ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ထဲသို့ သွားရောက်ရန် နောက်ကျနေပြီဟု သုံးသပ်ပြောဆိုလျက်ရှိသည်။
လစ်လပ်နေရာတစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ်တွင် နိုင်ငံရေးအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးချယ်ခံနိုင်သည်ဟု သုံးသပ်ကြသော်လည်း မရမ်းကုန်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် လုံးဝဝင်ပြိုင်မည်မဟုတ်ကြောင်း အထက်ပါပုဂ္ဂိုလ်က အတည်ပြုပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မည့်မဲဆန္ဒနယ်တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည) က လုံးဝဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ် ကြောင်း တစညပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းအပြင် NLD ပါတီက လစ်လပ်နေရာ ၄၈နေရာစလုံးတွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်အတွက် အတိုက်အခံပါတီများက ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်နေကြကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းမှစုံစမ်းသိရသည်။
“တကယ်တော့ ဒေါ်စုအဆင့်က ရွေးကောက်ပွဲ ဝင်ပြိုင်ရမယ့်အဆင့်တော့ မဟုတ်ဘူးဗျ” ဟု NLDမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။
တရားဝင်ကြေငြာထားသော လစ်လပ်နေရာ ၄၈နေရာတွင် ပြည်သူ့လွှတ်တော်၌ ၄၀နေရာ၊ အမျိုးသားလွှတ်တော်၌ ၆နေရာနှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ၂နေရာ ဖြစ်သည်။
NLD ပါတီသည် လာမည့်သတင်းအပတ်အတွင်း ပါတီမှတ်ပုံတင်ခွင့်ရမည် ဖြစ်သည့်အတွက် လစ်လပ်မဲဆန္ဒနယ်များတွင် အောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း၊ လစ်လပ်နေရာမဟုတ်သည့် မြို့နယ်များတွင်မူ ဝန်းရံရေးအဖွဲ့များကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။
http://www.thithtoolwin.com/2011/12/blog-post_8980.html
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

Saturday, December 3, 2011

ဒီမိုကရေစီလမ်းပေါ်မရောက်သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ- ၂
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို “ ခိုင်မာပြီး အလွန်ရှင်းလင်းပြတ်သားသော ခေါင်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း” ပြောကြားပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်း အခြေအနေများ တိုးတက်ကောင်းမွန်ရေးနှင့် အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဒီမိုကရေစီရေး လှုပ်ရှားသူနှင့်ပါ ပူးတွဲအလုပ်လုပ်လိုကြောင်း ပြောကြားလိုက်သည်။
ယနေ့နံနက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် နှစ်နာရီနီးပါးတွေ့ဆုံမှုအပြီး နှစ်ဦးစလုံးကခရီးစဉ်နှင့်ပတ်သက်ပြီး မီဒီယာသို့ ၇ မိနစ်ကြာ ထုတ်ပြန်ပြောဆိုမှုတစ်ရပ်ပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့ အတူတကွ ရှေ့ဆက်တိုးတက်နိုင်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဆီ သွားမယ့်လမ်းကနေ နောက်ပြန်ဆုတ်စရာအကြောင်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုထက်ထိ အဲဒီလမ်းပေါ် ကျွန်မတို့ မရောက်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး မြန်မာအစိုးရနှင့် အမေရိကန် ထိတွေ့ဆက်ဆံမှုကို အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသားလူမျိုးစုပြဿနာများရပ်တန့်ရေးကိုလည်း တောင်းဆိုခဲ့သည်။
ဟီလာရီခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကပြောကြားရာတွင် ဟီလာရီးခရီစဉ်သည်သမိုင်းဝင် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ အမေရိကန်အစိုးရကိုကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိကန်အစိုးရ၏စေ့စပ်မှုသည် စစ်မှန်သောစေ့စပ်ဆွေးနွေးမှုတစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် တရားဥပဒေစိုးမိုးရေးသည်အရေးကြီးကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သော ဦးဝင်းတင်က ဟီလာရီနှင့်တွေ့ဆုံဆွေး နွေးမှုနှင့်ပတ်သက်ပြီး “ဟီလာရီရဲ့တုံ့ပြန်မှုတွေကိုအားရကျေနပ်ပါတယ်။ သူပြောတဲ့စကားတွေက ကတိက၀တ် သဘောဆောင်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးတို့၊ တိုင်းရင်းသားကိစ္စဖြေရှင်းရေးတို့မှာ ကတိက၀တ်ပြုပြောဆိုသွားတာတွေကို အားရကျေနပ်ပါတယ်”

Monday, November 21, 2011

မြန်မာ့ဒီမိုကရေစီအရေးအကြောင်း ထုတ်လွှင့်သွားသောဂျပန်နိုင်ငံtbsသတင်းဌာနမှသတင်း(ရုပ်သံ) -ဘာသာပြန်



အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲအပြီးသမ္မတဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲအင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့ ညပိုင်းမှာတော့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၂၀၊ ၂၀၁၁

မျက်မှောက်ရေးရာ မြန်မာ့ဒီမိုကရေစီအရေးအကြောင်း ထုတ်လွှင့်သွားသောဂျပန်နိုင်ငံtbsသတင်းဌာနမှသတင်း(ရုပ်သံ) -ဘာသာပြန်

အင်ဒိုနီးရှားနိုင်ငံဘာလီမှာကျင်းပတဲ့ East Asia Summitအစည်းအဝေးထဲ မှာ အင်အားကြီး ၂နိုင်ငံဖြစ်တဲ့အမေရိကနဲ့တရုတ်တို့ရဲ့ကြား မြန်မာ့ဒီမိုကရေစီအရေး အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ ဖိအားပေးခံနေရတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်..မြန်မာ့ဒီမိုကရေစီအရေးအတွက်ပြုပြင်ပြောင်းလဲမှုတချို့ပြုလုပ်လာတယ်ဆိုပြီး ၂၀၁၄ခုနှစ်အတွက် မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ပေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်
အမေး.. သမတကြီး ၀မ်းသာနေလား?ဟာ ပြောစရာမရှိအောင်ဘဲ..အမေရိကန်သမ္မတအိုဘားမားကနိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အားမြန်မာနိုင်ငံသို့လာမည့်ဒီဇင်ဘာလတွင်စေလွှတ်မှာဖြစ်ကြောင်းကြေငြာချက်ထုတ်ခဲ့ပါတယ်..
ဂျပန်ဝန်ကြီးချုပ် NODAနဲ့တွေ့ဆုံပြီး ဖွံ့ဖြိုးမှု ဆိုင်ရာ အကူအညီ(ODA)ကို ဂျပန်နိုင်ငံမှ ပြန်လည်ပေးအပ်တော့မဲ့သဘောတူညီတဲ့ခွင့်ပြုချက်လည်းရခဲ့ပါတယ် ( ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း)အမေရိကန်အနေနဲ့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအမြန်ဆုံးဖြစ်မြောက်ရေးဖိအားသုံးဆောင်ရွတ်နေပြီး အမေရိကန်-မြန်မာ သမိုင်းစာမျက်နှာသစ်စတင်ဖွင့်လှစ်နိုင်မနိုင်ဆိုတာပါဘဲ( အမေရိကန်သမတ အိုးဘားမား)အခုတကြိမ် အမေရိကန်က မြန်မာ့စီမိုကရေစီအရေးတိုးတက်ပြောင်းလဲဖို့လုပ်နေတဲ့ မြန်မာပြည်ရဲ့ကြောထောက်နောက်ခံနိုင်ငံဟာ တရုတ်ဖြစ်နေပါတယ်..
တရုတ်နိုင်ငံဟာမြန်မာပြည်ရဲ့ အရေးအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံpartner ဖြစ်နေပါတယ်..မြန်မာပြည်ဟာ သဘာဝအရင်းအမြစ်တွေပေါကြွယ်ဝတာတခုထဲမဟုတ်ဘဲ ပင်လယ်ပြင်လုံခြုံရေးအချက်အချာအထူးအရေးကြီးတဲ့နေရာဖြစ်နေပါတယ်..
အမေရိကန်နဲ့အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားချိန်မှာ တရုတ်ဟာ မြန်မာနိုင်ငံကို စီးပွားရေးလက်ဝါးကြီး အုပ်လုပ်ခွင့် ရနေပါတယ်.. အမေရိကန်သမတ အိုးဘားမား ဟာမြန်မာနဲ့ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်ချက်ဟာ တရုတ်နိုင်ငံအနေနဲ့ စီးပွားရေးသြဇာအာဏာမချယ်လှယ်၊ မဦးဆောင်နိုင်စေဖို့ ဖြစ်ပါတယ်
ဒီလိုဖြစ်နေတဲ့ကြားထဲမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဟာ တရားဝင်ပါတီတစ်ခုအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်.အထီးကျန်တဲ့ မြန်မာနိုင်ငံဟာနိုင်ငံတကာအသိုင်းအ၀ိုင်းအဖွဲ့အစည်းထဲကို အတောင်စုံလင်စွာနဲ့ခြေထောက်ချခွင့် ပြန်လည်ရရှိခဲ့ပြီး တရုတ်နဲ့ အမေရိကန်တို့ရဲ့ အားပြိုင်အားစမ်းတဲ့ပွဲလို့ မျှော်လင့်ရပါတယ်..

ဘာသာပြန်..Thanhtut
Posted by MAUNG NE WIN

Sunday, November 20, 2011

၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကအဖြစ် မြန်မာနိုင်ငံ တာဝန်ယူရန် အာဆီယံခေါင်းဆောင်များ သဘောတူ

၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုကို အာဆီယံခေါင်းဆောင်များ သဘောတူညီ လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ဘာလီ၌ပြောကြားခဲ့သည်
အဆိုပါ သဘောတူညီချက်ကို နိုဝင်ဘာလ ၁၇ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပြုလုပ်ခဲ့ သော အာဆီယံထိပ်သီးမျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံနိုင်ငံ (၁၀)နိုင်ငံမှခေါင်းဆောင်များက သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံကို ၂၀၁၄ ဥက္ကဋ္ဌတာန်ပေးအပ်ရန်အာဆီယံခေါင်းဆောင်များသဘောတူညီခဲ့မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြိုဆိုလိုက်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရပုဂိလ် ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနကဖော်ပြသည်။ယခုဆုံးဖြတ်ချက်သည် မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေးများ မဖြစ်မနေ အရှိန်အဟုန်မြင့်ရန် တွန်းအားပေးမှုတစ်ခုဖြစ်ကြောင်း သုံးသပ်ပြောကြား ခဲ့သည်ဟုသိရသည်။
" ၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်ပါပြီ။ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကျွန်တော့်ကို ပြောပါတယ်။ တရားဝင်ကြေညာမှုကိုတော့ အာဆီယံခေါင်းဆောင်တွေက ပြောပါလိမ့်မယ်"ဟု နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
ထို့အပြင် ယခုကဲ့သို့ အာဆီယံဥက္ကဋ္ဌ တာဝန် ရရှိခဲ့ခြင်းသည် အစိုးရအဖွဲ့က ရရှိလိုက်ခြင်းမဟုတ်ဘဲ မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံကြီးတစ်ခုလုံးက ရရှိလိုက်ခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။
၂၀၁၄ ခုနှစ် တွင် အာဆီယံ ဥက္ကဋ္ဌနေရာကိုမြန်မာနိုင်ငံကတာဝန် ယူရန် အာဆီယံခေါင်းဆောင်များ က သဘောတူညီခဲ့ကြကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက နိုဝင်ဘာ လ ၁၇ ရက် ဒေသစံ တော်ချိန် ညနေ ၅ နာရီ ခန့်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထပ်မံအတည် ပြုခဲ့သည်။
''အာဆီယံနိုင်ငံခြားရေးဝန် ကြီးတွေဆီက အဆိုပြုချက်ကိုရရှိ တဲ့ အာဆီယံခေါင်းဆောင်များဟာ တရားဝင်သူတို့ရဲ့အမြင်တွေကို ထုတ် ဖော်ခဲ့ကြပြီးတဲ့နောက် မြန်မာနိုင်ငံ ကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ နေရာပေးဖို့ သဘောတူညီမှုရခဲ့ပါ တယ်''ဟု နာတာလီဂါဝါကပြော ကြားခဲ့သည်။''ဒီကနေ့တွေ့ဆုံဆွေးနွေးကြ ရာမှာ ခေါင်းဆောင်တွေ အားလုံးက မြန်မာနိုင်ငံရဲ့ ထင်သာမြင်သာတဲ့ အပြောင်းအလဲနဲ့ ဖွံ့ဖြိုးမှုတွေနဲ့ပတ် သက်ပြီး သဘောတူခဲ့ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ဒီအပြောင်း အလဲတွေက မြန်မာနိုင်ငံ ဥက္ကဋ္ဌ နေရာယူဖို့အတွက်ပိုပြီးအဆင်ပြေ စေပါတယ်။ဒါပေမဲ့ အဓိက အထောက်အကူပြုတဲ့အချက်က တော့ ဒီကိစ္စဟာ အတိတ်ကိစ္စမ ဟုတ်ဘဲအနာဂတ်ရဲ့ကိစ္စဖြစ်နေတာ ပါပဲ''ဟု နာတာလီဂါဝါကပြောကြား ခဲ့သည်။
''ခေါင်းဆောင်တွေက အခု အခါ မှ မြန်မာနိုင်ငံကို ၂၀၁၄ အာ ဆီယံဥက္ကဋ္ဌနေရာ အတည်ပြုပေး လိုက်ခြင်းအားဖြင့် ဒီအတွက် အပြောင်းအလဲတွေလုပ်ဖို့ရာမှာ သေချာစေဖို့ကျွန်တော်တို့ကြိုးစား သွားပါမယ်။ဒီအရှိန်အဟုန်ကို ဆက် ထိန်းရပါမယ်။ ဒီဖြစ် လတ္တံ့သောအခြေအနေဟာ မြန်မာ နိုင်ငံကို နိုင်ငံတကာအာရုံစိုက်ခံရ စေဖို့၊နိုင်ငံတကာရဲ့မျှော်လင့်ခြင်းခံ ရစေဖို့၊အထူးသဖြင့် လူထုတစ်ရပ် လုံးရဲ့မျှော်လင့်ခြင်းခံရစေဖို့ တစ် ခြားဆုံးဖြတ်ချက်တွေထက်အရေး ပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံက ယုံ ကြည်ပါတယ်''ဟု ပြောကြားခဲ့ သည်။
ယင်းအပြင် ၂၀၁၅ တွင် အာဆီယံအသိုက်အမြုံ (ASEAN COMMUNITY) ကို ဖန်တီးရေး ရည် မှန်းထားရာ မြန်မာနိုင်ငံအနေဖြင့် ထပ်ဆောင်း တာဝန်ယူမှုများရှိလာ မည်ဖြစ်ကြောင်း၊အာဆီယံဥက္ကဋ္ဌ နေရာအတွက် ပြင်ဆင်ရန်ရှိသည်များမှာ ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံများထက်ပိုလွန်ကြောင်း နာတာလီဂါဝါကပြောကြားခဲ့သည်။
မြန်မာနိုင်ငံအား ၂၀၁၄ခုနှစ် အာဆီယံဥက္ကဌ အလှည့်ကျတာဝန်အတွက် အာဆီယံ ခေါင်းဆောင်များက သဘောတူလိုက်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်များကို ပြောဆိုခဲ့ပြီး ထိုသို့ရရှိလိုက်ခြင်းအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လုပ်ကိုင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
"အခု ၂၀၁၄မှာ အာဆီယံဥက္ကဋ္ဌရာထူးအတွက် အားလုံးက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အခုလို အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင် တယ်ဆိုတာဟာ မြန်မာနိုင်ငံဟာလည်းပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်ပြီးတော့ မိမိတို့မှာလည်း တာဝန်ရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံက တာဝန်သိတတ်တဲ့ အနေနဲ့ ဒီတာဝန်ကို ထမ်းဆောင်ခွင့်ရတာဟာ ၀မ်းသာစရာပါ။ ဒါ့အပြင် ဒီလိုထမ်းဆောင်ခွင့် ရတာဟာ ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာရော၊ နိုင်ငံတကာမှာ ပူးပေါင်း ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာပါ မြန်မာနိုင်ငံက ပိုမိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ကိုင်ဆောင်ရွက်လို့ ရမှာပါ"ဟု ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။


"တကယ်တန်း မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌရာထူးကို ရလိုက်တယ်ဆိုတာ မြန်မာ အစိုးရက ရတာမဟုတ်ပါဘူး။ မြန်မာပြည်သူလူထုနဲ့ မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံကြီး တစ်ခုလုံးက ရလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အများကြီးပဲ ဂုဏ်ယူပါတယ်"ဟု ဦးကိုကိုလှိုင်က ဆက်လက်ပြောကြားခဲ့သည်။

အာဆီယံဥက္ကဋ္ဌ တာဝန်ရရှိရှိခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာလုံးဝိုင်းဝန်ကြိုးစားရန် ပြောဆိုကြောင်းလည်း ဦးကိုကိုလှိုင်က ပြောပါသည်။"သမ္မတကြီးကတော့ ဒီဥစ္စာ တာဝန်တွေပိုကြီးလာပြီပေါ့။ အားလုံးပိုပြီး ကြိုးစားလုပ်ကြဖို့ လိုတယ်လို့ ပြောပါတယ်"ဟု ဦးကိုကိုလှိုင်က ပြောပါသည်။မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောပါသည်။"ဒီနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ အများကြီး ပြောင်းနေတယ်။ အသွင်သဏ္ဍာန်အရ ကြည့်ရင် တပ်မတော်အစိုးရကနေပြီးတော့မှ ဒီမိုကရေစီအစိုးရ ဖြစ်ခဲ့တယ်။ အနှစ်သာရ အားဖြင့် ကြည့်ရင် ဟိုးအရင်တုန်းက အမိန့်အာဏာနဲ့ အုပ်ချုပ်ခဲ့တယ်။ ယနေ့အခါမှာ အခြေခံဥပဒေနဲ့ အုပ်ချုပ်တယ်။ အခြေခံဥပဒေနဲ့ အညီ ပေါ်ပေါက် တည်ဆောက်ပြီးဖြစ်တဲ့ လွှတ်တော်တွေ အစိုးရအဖွဲ့တွေ၊တရားစီရင်ရေး အဖွဲ့တွေကို ဖွဲ့စည်း ပေးပြီးတော့ ကနေ့အခါမှာ ဒီမိုကရေစီဖောင်ဆောင်ရေး၊ လူ့အခွင့်အရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အားလုံးကို ကျယ်ကျယ်ပြန့်ပြန့်ကို ပြုပြင်ပြောင်းလဲ ပြီးတော့ ဆောင်ရွက်နေတယ်"ဟု ဦးကျော်ဆန်းက သတင်းထောက်များကို ပြောခဲ့ပါသည်။

အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင်ရင်း ဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်များနှင့် အညီ ဆောင်ရွက်ပါက မကြာမီအချိန်တွင် မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပနှင့် သဟဇာတဖြစ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဟု ဦးကျော်ဆန်းက ဆက်လက်ပြောကြားခဲ့သည်။"အာဆီယံဥက္ကဋ္ဌ ရာထူးလည်း တစ်ဖက်က ဆောင်ရွက်မယ်။ တစ်ဖက်ကလည်း တိုင်းပြည်ကို ဒီမိုကရေစီ စနစ်နဲ့အညီ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ မကြာတဲ့ကာလအတွင်းမှာ ပွင့်ပွင့်လင်းလင်းရှိတဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတကာနဲ့ရော ကိုယ့်ပြည်တွင်းမှာပါ သဟဇာတဖြစ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ"ဟု ဦးကျော်ဆန်းက ပြောကြားခဲ့ပါသည်။
သမတ သိန်းစိန်ရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်

Eleven Media Group
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN