Friday, October 29, 2010
၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲ။
တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်
ကြောင်းနှင့်မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့်အကြောင်း
ကို ဂျပန်အစိုးရတာဝန်ရှိသူများတို့မှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍
တိုကျိုမြို့Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံမှ ဂျပန်
အစိုးရရုံးများ တည်ရှိရာ Kasumigaseki မြို့နယ်ဧရိယာကို ဖြတ်
လျှောက်၍ Hibiya ပန်းခြံတွင်အဆုံးသတ်သည့် ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရကြောင်းသိရှိရပါသည်။
Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံကနေ ၂း၃၀ တွင်
စတင်ချီတက်ခဲ့ကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း
နအဖ စစ်အုပ်စု၏တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀
ရွေးကောက်ပွဲ လက်မခံဆန်ကျင် ကန့်ကွက်ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးတို့
ကို ချက်ခြင်း လွတ်ပေးရန်း ၊ဂျပန်အစိုးရမှ မြန်မာ့ဒီမိုကရေစီ အရေးမှာ
ထိရောက်သည့်အကူညီများ ကူညီပေးရန် တောင်းဆို ချီတက်လာခဲ့ကြပြီး
Hibiya ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။
ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းနှင့် ပတ်သက်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင် ရေး ကော်မတီ (ဂျပန်) ၏ ထုတ်ပြန်ကြေညာချက်။
ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းနှင့် ပတ်သက်၍၂ဝ၁ဝ
ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်) ၏ထုတ်ပြန်
ကြေညာချက်။
၂၅-၁ဝ-၂ဝ၁ဝ
၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် မြန်မာ တိုင်းရင်းသား
ခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစု ခေါင်းဆောင်များ၊ ဒီမိုကရေစီ
ရရှိရေး လှုပ်ရှားသူများ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည်
ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းပါ -
* ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်
ရေး တို့အတွက်ရည်မှန်းချက်၊
* ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား၊
* ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်
ကြိုးပမ်းမှုများသည် ငြိမ်းချမ်းသော မြန်မာနိုင်ငံ ပေါ်ထွန်းရေး
အတွက် ကောင်းမွန်မှန်ကန်သော ဆုံးဖြတ်ချက်များ ဖြစ်သော
ကြောင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက အပြည့်အဝ
ထောက်ခံကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)
ပါဝင်သည့် အဖွဲ့အစည်းများ
1-- National League for Democracy (Liberated Area – Japan Branch)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ
2-- League for Democracy in Burma (LDB)
မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ်
3-- Burma Democratic Action (BDA)
4--Democratic Federation of Burma (DFB)
5-- All Burma Federation of Student Unions (Foreign Affairs Committee) (ABFSU-FAC)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ)
6-- Democratic Party for a New Society (DPNS-JPB)
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (ဂျပန်ဌာနခွဲ)
7-- Burma’s Refugees Serving Association (Japan)
မြန်မာနိုင်ငံသား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အသင်း
8-- Save Burma
9-- Peaceful Burma
10-- Federation of Workers’ Union of the Burmese Citizen (in Japan) (FWUBC)
မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ အဖွဲ့ချူပ် (ဂျပန်ပြည်)
11-- Self-funding Committee International (SCI)
12--အလင်းအိမ် မဂ္ဂဇင်း
13-- National Democratic Front (Burma) (NDF) Representative for Japan
14-- Palaun National Society (PNS)
15-- Arakan League for Democracy (Exile-Japan)
16--Chin National Community-Japan (CNC- Japan)
17-- Hotel and Restaurant Worker’s Union of Burma (HRWUB)
မြန်မာနိုင်ငံ ဟော်တယ်နှင့် စားသောက်ဆိုင် အလုပ်သမားများ သမဂ္ဂ၊ ဂျပန်
18-- Seafarers’ Union of Burma (SUB)
မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ၊ ဂျပန်
19-- အဟာရ စာစောင်
20-- Human Resource Development Program (HRDP)
21-- Burma Campaign Japan (BCJP)
22-- Karen National Union – Japan (KNU-Japan)
23-- Kachin National Organization, Japan (KNO-Japan)
24-- Karen National Community (KNC-Japan)
25-- Karen National League (KNL-JP)
26-- Punnyagari Mon National Society (PMNS)
27-- Shan Nationalities for Democracy – Japan (SND-JP)
28-- Kachin State National Congress for Democracy (Liberated
Area-Japan) (KNCD)
29-- FTUB Japan Representative
30-- Shan State Nationalities for Democracy – Japan (SSND-JP)

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း (မြန်မာဘာသာနှင့် ဂျပန် ဘာသာပြန်)
၆လပတ်စုံညီအစည်းအဝေးနှင့်စစ်အစိုးရ၏ အတုအယောင်၂၀၁၀ရွေးကောက်ပွဲအားကန့်ကွက် ဆန့်ကျင်ရှုတ်ချပွဲအခန်းအနားအောင်မြင်စွာ ကျင်းပခြင်း။
၂၀၁၀ခုနှစ်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး
အသင်း(ဂျပန်)၆လပတ်စုံညီအစည်းအဝေးနှင့်စစ်အစိုးရ၏အတု
အယောင်၂၀၁၀ရွေးကောက်ပွဲအားကန့်ကွတ်ဆန့်ကျင်ရှုတ်ချပွဲ
အခန်းအနားအား၂၀၁၀.၁၀.၂၄(တနင်္ဂနွေနေ့)
TOKYO TOSHIMA KUMINAMI OTSUKA HALL
တွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။
အသင်း(ဂျပန်)၆လပတ်စုံညီအစည်းအဝေးနှင့်စစ်အစိုးရ၏အတု
အယောင်၂၀၁၀ရွေးကောက်ပွဲအားကန့်ကွတ်ဆန့်ကျင်ရှုတ်ချပွဲ
အခန်းအနားအား၂၀၁၀.၁၀.၂၄(တနင်္ဂနွေနေ့)
TOKYO TOSHIMA KUMINAMI OTSUKA HALL
တွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။
Monday, October 25, 2010
နအဖ စစ်အုပ်စုရဲ့ အတုအယောင် ၂ဝ၁ဝ ရွေးကောက်ပွဲ ပြည်တွင်းပြည်ပ နေရာအနှံ့၊ ကမ္ဘာအနှံ့ သပိတ်မှောက်ကြ၊ ဆန့်ကျင်ကြ၊ တိုက်ဖျက်ကြ။
တိုကျိုမြို့ရှိမြန်မာနိုင်ငံအခွန်ရုံးရှေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကန့်ကွက် ဆန္ဒပြပွဲ။
နေ့ရက် --------၂၀၁၀.၁၁.၀၆ ရက်နေ့(စနေနေ့)
နေ့ရက် --------၂၀၁၀.၁၁.၀၇ရက်နေ့(တနင်္ဂနွေနေ့)
အချိန် --------နေ့လည် ၁၄း၀၀မှ၁၆း၀၀ နာရီ။(စနေနေ့)
အချိန် --------နံနက်၁၀း၀၀မှ၁၆း၀၀ ။(တနင်္ဂနွေနေ့)
အချိန်ကိုနေ့ရက်အလိုက်သတိပြုရန်။။

Sunday, October 24, 2010
အမေစုပြောတဲ့`ဒီမိုကရေစီ`
လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးဆိုင်ရာတိုးတက်မှု (Economic Growth) ဖြစ်ရုံနဲ့တင် မပြည့်စုံနိုင်ပါ။ ၎င်း၏ ဗဟိုချက်မှာ အခွင့်အာဏာပေးအပ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ အလိုပြည့်ဝမှု (Inner Fulfillment) တို့ဖြစ်သည်။ အမြင်ကျဉ်းမြောင်းသော အီလစ်များ၊ တရားလက် လွတ်ဆန်ဆန်ပြုမှု ကျင့်ကြံနေကြသော နိုင်ငံရေးဦဆောင်မှုတွေရှိတဲ့ ကမ္ဘာ့တစ်ခု ရှိနေသည်။ ယင်းကမ္ဘာတစ်ခုတွင် လူသားနှင့် ယဉ်ကျေးမှုတန်ဖိုးများ အလွန်အရေးပါစေရန် အခွင့်အာဏာပေးအပ်ခြင်း နှင့် စိတ်ပိုင်း ဆိုင်ရာ အလိုပြည့်ဝမှု အချက်များကိုသာလျှင် ဖော်ဆောင် ပေးသည်။ နိုင်ငံရေး နှင့် လူမှုရေး အသွင်ကူးပြောင်းရေးတွင် ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့ခေတ်ကာလ၏ အဓိကကျ သော ကိစ္စတစ်ရပ်ဖြစ်သည်။ ထိုမှသာ လွတ်မြောက်ခြင်း (Liberation) သည် ထိန်းချုပ်ခြင်းအထက်ကရှိသော၊ လူသားတန်ဖိုး (Human Worth) သည် အာဏာပါဝါအထက်ကရှိနေသော လူ့အဖွဲ့အစည်းများတည်ဆောင်နိုင် မည်ဖြစ်သည်။ ဒီပုံစံအရဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှု (Development) သည် စစ်မှန်သော လူ့အခွင့်အရေးများရှိသော ဒီမိုကရေစီ ကိုသာ လိုအပ်နေသည်။ဒီမိုကရေစီရလျှင် ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် သူ့အလိုလို တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားပြီး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး လိုက်သည်။ ယင်းပတ်ဝန်းကျင်တွင် လူသားအားလုံးသည် တန်ဖိုးရှိကြပြီး လူတစ်ဦး တစ်ယောက်ချင်းစီ၏ တန်ဖိုးကိုလည်း နားလည်သွားစေသည်။ ဆင်းရဲမှုတိုက်ဖျက်ခြင်းသည်လည်း ဖြစ်စဉ်တစ်ခုအဖြစ်ပါဝင်လာသည်။ ယင်းဖြစ်စဉ်သည် ဆင်းရဲသူများနှင့် သူတို့ကမ္ဘာ၏လမ်းစဉ်ကို ပြောင်းလဲ စေသည်။ သူတို့ကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရုံနဲ့ မလုံလောက်ပါ။ သူတို့၏ အနာဂါတ်ကို သူတို့ဘာသာ ပုံဖော်နိုင်တဲ့ အသိစိတ်ဓါတ် ရှိသွားစေရမည်။
တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးနေတဲ့အစိုးရများ (Totalitarian) အများစုကတော့ ပြောင်းလဲမှုကို ကြောက်ရွံ့နေမှာဘဲဖြစ်သည်။ တစ်ပါတီ အာဏာရှင်များအနေနှင့် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးကို တုန့်ဆိုင်းနေသည်နှင့်အမျှ သူတို့၏ အပြုသဘော ဆောင်ရွက်ချက်များ သည်ပင်လျှင် အလာဟသ ပျက်ယွင်းသွားနိုင်သည်။ နိုင်ငံ့ပေါ်လစီအောင်မြင်ခြင်းသည် ပြည်သူတို့၏ ပါဝင်ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒ အပေါ်တွင်သာ မူတည်သည်။ ဒီမိုကရေစီတန်ဖိုးနှင့် လူ့အခွင့်အရေးများသည် အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်နေသည်ဟု ပြောဆို နေသည်များ လည်းရှိသည်။ လူများကလည်း အစိုးရအတွက် “ မသင့်တော်ပေဘူး ” ဟု ထင်မြင် လာအောင် လုပ်နေသည်များလည်းရှိသည်။ အမှန်တရားနှင့်အလွန်ဝေးကွာနေသော အရာမရှိပါ။
ယခု ကျမတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ကမ္ဘာပေါ်ရှိ မတူကွဲပြားနေကြတဲ့ နိုင်ငံများ၊ ပြည်သူများက လူ့တန်ဖိုး၏ အခြေခံကျသော အချက်တစ်ခုအပေါ် သဘောတူညီရေးဘဲဖြစ်ပါတယ်။ ယင်းအချက်သည်သာ ကမ္ဘာလုံး ဆိုင်ရာလူ့အသိုင်းအ၀ိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတစ်ရပ် (A Force) အဖြစ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
စစ်မှန်သော စီးပွားရေး အသွင်ကူးပြောင်းရေးဆိုသည်မှာလည်း နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုဖြစ်စဉ်များ မှသာဖြစ်လာနိုင်သည်။ လျှင်မြန်သော ဒီမိုကရေစီဖော်ဆောင်ရေးနှင့် လူမှုအဖွဲ့အစည်းများ အားကောင်းအောင် ဆောင်ရွက်ခြင်းသည်သာ ဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ်အရာ (sine qua non) ဖြစ်သည်။ သို့မှသာလျှင် လူသားတွေကို တန်ဖိုးထားသော အနာဂါတ်တစ်ခုကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂ (United Nations) နှင့် ၎င်း၏အဖွဲ့အစည်းများသည် ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးဖို့ဆန္ဒရှိတယ်ဆိုရင် ပြည်သူကို အခွင့်အာဏာ အပ်နှင်းနိုင်သော လှုပ်ရှားမှုများကို အားပေးထောက်ပံ့သွားရမည်ဖြစ်သည်။ ယင်းလှုပ်ရှားမှု များသာလျှင် ဒီမိုကရေစီကို တည်ထောင်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ယဉ်ကျေးမှုတစ်ခုကို တနေ့သောအခါတွင် မလွဲမသွေဖော်ဆောင်နိုင်မည်ဖြစ်သည်။
အမေစု၏ "လွတ်လပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် လူသားတန်ဖိုး" (Freedom, Development, and Human Worth) စာတမ်းမှ ကောက်နုတ်ချက်….
ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၉၁ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်း ဆောင်တစ်ဦးလည်းဖြစ်သည်။ ၁၉၈၉ ဇူလိုင်လ မှစ၍ မြန်မာစစ်အာဏာရှင်များ၏ နေအိမ်အကျယ်ချုပ်ချထား ခြင်းကို ခံနေရပြီး ဒီဟောပြောချက်မိန့်ခွန်းကို ၁၉၉၄ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သော ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ကော်မတီရှင် (The World Commission on Culture and Development) အစည်းအဝေးအတွက် “ Empowerment for a Culture of Peace and Democracy ” ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ စာရေးသူ၏ မေတ္တာရပ်ခံချက်အရ သူမကိုယ်စား ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန် အကွီနို (Corazon Aquino) က ဖတ်ကြားခဲ့ခြင်းဖြစ်သည်။
ဘာသာပြန် ဘလော့ခ်ဂါ အလင်းဆက်
အကြံပြုသူများ…ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ ခမိခဆဲ
ဒီမိုဝေယံမှကူးယူတင်ပြသည်။
နအဖ စစ်အုပ်စုရဲ့ အတုအယောင် ၂ဝ၁ဝ ရွေးကောက်ပွဲ ပြည်တွင်းပြည်ပ နေရာအနှံ့၊ ကမ္ဘာအနှံ့ သပိတ်မှောက်ကြ၊ ဆန့်ကျင်ကြ၊ တိုက်ဖျက်ကြ။
စီတန်းလှည့်လည် ဆန္ဒပြပွဲ။
နေ့ရက် --------၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၇ ရက် (ဗုဒ္ဓဟူးနေ့)
အချိန် --------နေ့လည် ၁ နာရီခွဲ စုရပ်အရောက်၊ နေ့လည် ၂ နာရီ အခမ်းအနား စတင်မည်။
နေရာ ----------Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံ
လမ်းညွှန် -------Hibiya လိုင်း၊ Oedo လိုင်း၊ Roppongi ဘူတာထွက်ပေါက် အမှတ် ၃-၄-၅-၆
ဘူတာထွက်ပေါက် (၆) မှ တည့်တည့် လမ်းလျှောက် ၄ မိနစ်ခန့်
ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများ
· ဂျပန်နိုင်ငံရောက် မြန်မာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ထားသည့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ
· မြန်မာ့ရေးရာရုံး (ဂျပန်)
· ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (RENGO)
· မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့ (PFB)
· အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ဂျပန်)
· Human Rights Watch
· Human Rights Now
မှတ်ချက် - လမ်းညွှန်မြေပုံကို ပူးတွဲပါတွင် ဖွင့်ကြည့်ပါ။

ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ။။

Subscribe to:
Posts (Atom)