Monday, August 29, 2011

ပြည်သူ့နှလုံး မသိမ်းကြုံးလျှင် ပြည်သူ့ခွန်အား မကိုးစားလျှင်.....


လောကမှာလူထု အကျိုးကို သယ်ပိုး၊ အများအကျိုးကို ထမ်းပိုး ဆောင်ရွက်နေသူ၊ အနစ်နာခံ ဆောင်ရွက်နေသူတွေကို ပြည်သူလူထုက အားကိုး ယုံကြည် လေးစားကြပါတယ်...။ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်တဲ့ လူမျိုးအပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ အနစ်နာခံတဲ့ စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်း ပီသတဲ့ စိတ်ဓာတ်တွေကြောင့် ရောက်လေရာမှာ အုတ်အော်သောင်းသဲ ပြည်သူမေတ္တာ၊ ပြည်သူ့ချစ်ခင်မှုကို အပြည့်အဝ ရရှိခံစားနေရတာပါ...။ ဒါဟာ ပြည်သူက ကျွန်တော်တို့ ခေါင်းဆောင်အပေါ်ထားတဲ့ မေတ္တာ၊ လေးစားယုံကြည်မှု၊ မိမိတို့ အနာဂတ်ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆီးပေးမယ့်သူ အဖြစ် အားကိုးယုံကြည်မှုပါပဲ...။ ပြည်သူတွေရဲ့ ရင်ထဲကလာတဲ့ မေတ္တာပါ လုပ်ယူထားတဲ့ အရာတွေ မဟုတ်ပါဘူး၊




ကဲအောက်မှာ ဆက်ကြည့်ရအောင်ဗျာ...


ဒီပုံကတော့ ၂၀၀၆ခုနှစ်က ဗိုလ်သန်းရွှေတို့ တရုတ်ပြည်ခရီးစဉ်မှာ ဒေါ်ကြိုင်ကြိုင်နဲ့ မိသားစု ပန်ဒါ ဝက်ဝံလေးတွေရဲ့ ပန်းခြံမှာ တွေ့ရတဲ့ မြင်ကွင်းပါ...။ ပန်ဒါဝက်ဝံတွေဆိုတာ အင်မတန်မှ ချစ်ဖို့ကောင်းတဲ့ တရုတ်ပြည်မှာပဲ တွေ့ရတဲ့ ဝက်ဝံအမျိုးအစားပါ။ သို့ပေတည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေကြားမှာ ပန်ဒါဝက်ဝံခင်ဗျာလည်း အရောင်မှိန်ခဲ့ရပါတယ်..။ (လျှက်တပြက် အယ်ဒ်ီတာချုပ်ကြီးများ ဒီပုံကိုရရှိရင် ပုံထဲက ပန်ဒါဝက်ဝံကို ဖျောက်ထားပေးမလားပဲ)။ ဟန်ဆောင်အပြုံးတွေ၊ မာန်မာနတွေ မျက်နှာမှာ ထင်ဟပ်နေတဲ့ ပုံရိပ်တွေပါ...။ တကယ်ချစ်ခင်မှုနဲ့ ရွံကြောက် အနေအထားတွေ ကွာပါတယ်..။ မိမိကိုယ်ကိုယ် အနိုင်ရရှိပြီလို့ ထင်ထားတဲ့ သူတွေရဲ့ လူတောတိုးမတိုးဝံ့၊ လူထုကြားထဲ ရဲရဲဝံ့ဝံ့ မသွားဝံ့တဲ့ လူမသေခင်ကတည်းက နာမည်သေနေကြပြီ ဖြစ်တဲ့ တဘဝစံတွေပါ...။ နောက်ဆုံးအချိန်မှာ ဘယ်လိုများ ဇာတ်သိမ်းကြမယ်ဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက် ကြည့်ရှုကြတာပေါ့ဗျာ....ဓာတ်ပုံတွေက ပြောတဲ့ ကွာခြားချက်လေးတွေကို အားလုံးအတွက် တင်ပြလိုက်ပါတယ်...။

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း။
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား မကိုးစားလျှင်
ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့။
လက်ဝဲသုန္ဒရ


http://www.demowaiyan.co.cc/2011/08/blog-post_9074.html

မှကူးယူတင်ပြသည်။

MAUNG NE WIN





Saturday, August 27, 2011

ယုံကြည်ချက် ခံယူချက်ကြောင့် အကျဉ်းကျခံနေရသူများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်း။


ယုံကြည်ချက် ခံယူချက်ကြောင့် အကျဉ်းကျခံနေရသူများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခွင့်ရရေးအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်များ ထုတ်ပြန်စေရေးအတွက် နိုင်ငံတော်သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံ Friday, 26 August 2011 01:49


ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆ န္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ် တော်သို့တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

ယင်းအဆိုကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်မှ ဦးစံလင်း၊ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် မဲဆန္ဒ နယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ရခိုင်ပြည် နယ် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် မှ ဦးဘရှိန်၊ ရှမ်းပြည်နယ် ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၊ ရှမ်းပြည် နယ် ရွာငံမဲဆန္ဒနယ်မှ ဦးအောင် သိန်း၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒ နယ်မှ ဦးစိုင်းမောင်တင်၊ ရခိုင်ပြည် နယ် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ် ခင်စောဝေ၊ ကရင်ပြည်နယ်ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာ၊ တန င်္သာရီတိုင်း ရေးမဲဆန္ဒနယ်မှ ဒေါ်မိ မြင့်သန်း၊ ချင်းပြည်နယ် ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်ဇာတလဲမ်း၊ မွန် ပြည်နယ် ပေါင်မဲဆန္ဒနယ်မှ ဦးခင် မောင်မြင့်၊ ပဲခူးတိုင်း ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးဥာဏ်ဆွေဝင်း၊ ရန် ကုန်တိုင်းဒေသကြီး စမ်းချောင်း မဲ ဆန္ဒနယ်မှ ဦးစိုးဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မဲဆန္ဒ နယ်မှ ဒေါက်တာသန်းဝင်း၊ မွန်ပြည် နယ် သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦး သိန်းအောင်တို့က ဆွေးနွေးခဲ့ကြပြီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကလည်း ဖြည့် စွက်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များက အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်း အဆိုနှင့် စပ် လျဉ်း၍ ဆွေးနွေးကြရာတွင် ဖဆပ လခေတ်၊ တော်လှန်ရေးကောင်စီ ခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ တီခေတ် တစ်လျှောက်လုံးတွင် အ ထွေထွေလွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့ဘူးသည့် သာဓကများလည်း ရှိခဲ့ကြောင်း၊ ၁၉၈၀ခုနှစ် ပြည်ပ ရောက်နိုင်ငံရေးခေါင်းဆောင်များကို ပင် သင်ပုန်းခြေရေးမူအရ ထိုစဉ်က လွှတ်တော်က ဖိတ်ခေါ်ခဲ့ဘူးသည့် အစဉ်အလာလည်းရှိခဲ့ကြောင်း၊ပြည် တွင်း၌ အကျဉ်းကျခံနေရသူများတွင် ယုံကြည်ချက်၊ ခံယူချက်ကြောင့် လုံ ခြုံရေးဥပဒေများနှင့် ညှိစွန်းပြီး အ ကျဉ်းကျခံနေရသူများ၊ ပြည်သူက လေးစားယုံကြည်ကြသူများ၊ ဒီမိုက ရေစီနိုင်ငံတော်သစ်တည်ဆောက် ရေးတွင် ပူးပေါင်းပါဝင်ရန် လိုအပ် သူများလည်းပါရှိနေကြောင်း၊ အ ထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ပြည်သူများကမျှော်လင့်နေကြလျက် ရှိပြီး အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်များ ဆက်လက်ထုတ်ပြန် ရေးသည် ပြည်သူ့အသံဖြစ်ပြီး ကျင်းပနေဆဲ လွှတ်တော်၏ ဆောင် ပုဒ်ဖြစ်သည့် ပြည်သူ့အသံ၊ လွှတ် တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ် တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆို သည်နှင့်အညီ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်များ ဆက်လက်ထုတ် ပြန်ပေးရေးအတွက် နိုင်ငံတော်သမ္မ တအား ပြည်သူ့လွှတ်တော်က မေ တ္တာရပ်ခံကြောင်းအဆိုကို ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ပြည်တွင်း၌ ယုံ ကြည်ချက် ခံယူချက်ကြောင့် လုံခြုံ ရေးဥပဒေများနှင့်ညှိစွန်းပြီး ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားများထဲ တွင် ဒီမိုကရေစီနိုင်ငံတော်သစ် ထူ ထောင်နိုင်ရေးအတွက် အင်အားတစ် ရပ်ဖြစ်သည့် အသိပညာရှင်၊ အ တတ်ပညာရှင်များ၊ နိုင်ငံရေးရာ များ ကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြ မည့်သူများ ပါရှိနေသည့်အပြင် ယုံ ကြည်ချက် ခံယူချက်ကြောင့် ပြည် ပရောက်ရှိနေသည့် မြန်မာနိုင်ငံသား များ၊ ပြန်လည်လာရောက်နိုင်ရေး အ တွက်လည်း အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်မှာ အရေးပါပြီး နိုင်ငံ တော်သမ္မတကြီးက ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှု တစ်စုံတစ်ရာ ကျုးလွန်ထားခြင်းမရှိ ပါက မြန်မာနိုင်ငံသို့ အချိန်မရွေး ပြန်လာနိုင်ကြောင်း၊ပြစ်ဒဏ်ကျခံရန် မြန်မာနိုင်ငံသို့ ပြန်လာမည်ဆိုပါက လည်း သဘောထားကြီးစွာစဉ်းစား ပေးမည်ဆိုသည့် မိန့်ကြားချက်နှင့် အညီ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်များ ဆက်လက်ထုတ်ပြန်စေရေး အဆိုကို နိုင်ငံတော်သမ္မတထံ ပြည် သူ့လွှတ်တော်က မေတ္တာရပ်ခံရေး အ ဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

တပ်မတော်သား ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှုးကြီးတင့် ဆန်းနှင့် အခြားကိုယ်စားလှယ်တစ် ဦးတို့က အကျဉ်းကျခံနေရသူများ တွင် နိုင်ငံတော်အတွက် သက်စွန့် ကျိုးပမ်းတာဝန်ထမ်းခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက် တပ်မတော်သား အများအပြားပါရှိနေသည့်အတွက် အဆိုပါတပ်မတော်သားများ၏ တာ ဝန်ထမ်းဆောင်ခဲ့သည်များကို စာနာ ထောက်ထား၍ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် အမိန့်များဆက် လက်ထုတ်ပြန်စေရေးအတွက် နိုင်ငံ တော်သမ္မတအား ပြည်သူ့လွှတ် တော်က မေတ္တာရပ်ခံကြောင်းအဆို ကို ထောက်ခံဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ၏ တင်ပြ ချက်ကို ပြည်ထောင်စုဝန်ကြီးအနေ ဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံ ရေးနှင့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်စေရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သ မ္မတအား မေတ္တာရပ်ခံကြောင်းကို နိုင်ငံတော်သမ္မတထံ အမြန်ဆုံးတင် ပြပေးသွားမည်ဟု ရှင်းလင်းဆွေး နွေးခဲ့သည်။

ယင်းကြောင့် အထွေထွေလွှတ် ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက် လက်ထုတ်ပြန်စေရေးအတွက် ပြည် သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ အား နိုင်ငံတော်လုံခြုံရေးနှင့် ကာ ကွယ်ရေးကောင်စီဝင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို မှတဆင့် မေတ္တာရပ်ခံကြောင်း အ တည်ပြုကြေညာခဲ့သည်။

via Eleven Media Group မှကူးယူတင်ပြသည်။
MAUNG NE WIN

Thursday, August 18, 2011

မြန်မာ့ တပ်မတော် အလုံးစုံ ပြိုကွဲပျက်စီးဖို့ နီးပြီလော ဆောင်းပါးရှင် ချေဗားမား (Che Burma)

မြန်မာ့ တပ်မတော် အလုံးစုံ ပြိုကွဲပျက်စီးဖို့ နီးပြီလော
ဆောင်းပါးရှင် ချေဗားမား (Che Burma)



နယ်ချဲ့လွတ်လပ်ရေး တိုက်ပွဲအတွင်းက မွေးဖွားအခြေခံလာခဲ့သော၊ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ရဲဘော်သုံးကျိပ် စတင် တည်ထောင်လာခဲ့သော ဘီအိုင်အေမှ အစပြုသည့် မြန်မာ့တပ်မတော်၏ အစဉ်အလာသည် ယနေ့အခါသမယ၌ ပြုပြင်မရလောက်အောင် ချွတ်ခြုံကျ၊ ယိုယွင်းနေချေပြီလော။
နေ၀င်း၊ သန်းရွှေတို့၏ ကလိန်ကျ၊ ကိုယ်ကျိုးရှာ၊ အတ္တကြီး၊ အာဏာရှင်ဆန်မှုတို့ကြောင့် ပေါ်ပေါက်လာခဲ့ရသော တပ်မတော်အတွင်း ဖြုတ်၊ထုတ်၊သတ် ဇာတ်လမ်းမျိုးစုံကို လူအများ ကြားသိတွေ့မြင် ခဲ့ရပြီးချေသည်ကား သေချာပေ၏။ အနီးစပ်ဆုံးဥပမာများကား အထင်အရှားရှိ၏။ နေ၀င်းကာလကို အသာထားဦး။ သန်းရွှေကာလမှာပဲ စောမောင်၊ တင်ဦး၊ ခင်ညွန့်နှင့် တပည့်များ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည် မဟုတ်လော။
တပ်မတော်အတွင်း ဗိုလ်များသာ တိုးလာပြီး စစ်သားရှားပါး၊ ထွက်ပြေးမှုများ မကြာခဏကြုံတွေ့ နေရရုံမျှသာ မကသေး။ ယနေ့တပ်မတော် အရာရှိကြီးကြီး မာစတာတို့၏ စိတ်ဓာတ်၊ စည်းကမ်းများမှာလည်း အဆိုးဖက်သို့ ဦးတည်နေသည်ကား ဆက်လက်ဖော်ပြမည့် အကြောင်းအရာများက သက်သေခံနေပေပြီ။
စော၊တင်၊ညွန့်တို့ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည့် နည်းတူ ယနေ့အခါတွင်လည်း တပ်မတော် အရာရှိကြီးကြီး မာစတာချင်း ဖြုတ်၊ထုတ်၊ဖမ်း လုပ်နေကြပြန်သည့် ဇာတ်လမ်းများမှာ ယခုအခါ မကြားချင်အဆုံး ဖြစ်နေပေသည်။

-မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ်ဖုန်းဇော်ဟန် ဖမ်းဆီး စစ်ဆေးခံနေရပြီဆိုသည့် သတင်း...
(၄င်းမှာ လက်ရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ရန်ဘက်ကြီး ဖြစ်သည်ဆို၏)(မှတ်ချက်။ ။ ဖုန်းဇော်ဟန်၊ ရဲမြင့်တို့မှာ တပ်မတော်မှ ထွက်ထားသူများဟု မည်သို့ပင် အသံဟစ်ထား စေကာမူ၎င်းတို့ကို ၎င်းတို့၏ ရှိရင်းစွဲ တပ်မတော်အဆင့်အတန်းအတိုင်း အာဏာပေးထားသည်ကို ငြင်းဖွယ်မမြင်ပေ။ ဥပမာ - သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦး၊ ကျော်ဆန်း၊ ခင်ရီ အစရှိသူတို့သည် လက်ရှိတိုင် တပ်မတော်အပေါ် သြဇာ ညောင်းနေပေဘိသကဲသို့။)
-ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ(ယခင် မန္တလေးတိုင်းမှူး)၊ ဗိုလ်ချုပ်ထွန်းသန်း (ရန်ကုန်တိုင်းတိုင်းမှူး)တို့လည်း ဖမ်းဆီးစစ်ဆေး ခံနေရပြီဆိုသည့် သတင်း...
-ဗိုလ်ချုပ်ကျော်ဖြိုး(ယခင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး)လည်း ဖမ်းဆီးစစ်ဆေး ခံနေရပြီဆိုသည့် သတင်း... စသဖြင့်.. စသဖြင့် ။
ဖြုတ်၊ထုတ်၊ဖမ်း သတင်းများကား စိတ်မချမ်းမြေ့ဖွယ် ကောင်းလောက်အောင် ကြားနေရပြန်ချေပြီ။ မြန်မာ့တပ်မတော်၏ အစဉ်အလာကို အပြိုင်ကိုယ်ကျိုးရှာတမ်း၊ အာဏာလုတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ်တမ်းကစားနေကြရင်း ချိုးဖျက်နေကြပြီလော။
ကျွန်တော်သည် ပြည်တွင်းမှာ နေထိုင်သော ပြည်တွင်းဖြစ် မြန်မာနိုင်ငံသား၊ ဗမာလူမျိုး စစ်စစ်တစ်ဦးဖြစ်ပြီး "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" စကားများနှင့် ကြီးပြင်းလာခဲ့ရသူဖြစ်ရာ ယခုလို တပ်မတော်၏ အမိ၊ အဖ ဆိုသူများ အချင်းချင်း ကိုယ်ကျိုးရှာ အာဏာလုစတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ်တမ်း ကစားနေကြသည်ကို မြင်နေရ၍ လွန်စွာ စိတ်မကောင်းဖြစ်မိတော့သည်။




တပ်မတော်သားသည် တစ်သားတည်းရှိရမည်မဟုတ်လော။ ယခုတော့ ဘယ်သူ့လူ၊ ဘယ်ဝါ့လူခွဲကာ တစ်ဦးနှင့်တစ်ဦး ဦးရာလူချစတမ်း လုပ်တတ်သည့် ဓလေ့တစ်ခု မြန်မာ့တပ်မတော်မှာ စွဲနေလေပြီ။ တပ်မတော်အတွင်း အာဏာစင်ပြိုင်ထောင်သည့် ဓလေ့ဆိုးသည် အမြစ်တွယ်နေလေပြီ။ တပ်မတော်ကို အသုံးချကာ နိုင်ငံရေးဖြတ်လမ်း လိုက်တတ်သည့် ဓလေ့သိုးသည် အနံ့ထွက်နေလေပြီ။ တပ်မတော် အရာရှိကြီးကြီးမာစတာ ကိုယ်တိုင်သော် လည်းကောင်း၊ ၎င်း၏ဆွေမျိုးတသိုက်သော် လည်းကောင်း တပ်မတော်အာဏာသုံး၍ စီးပွားရှာတတ်သည့် ဓလေ့မျိုးသည် ရိုးနေလေပြီ။
"ဘယ်သူကွဲကွဲ တို့မခွဲ အမြဲစည်းလုံးမည်" ဆိုသည့် စကားများနှင့် တည်ဆောက်ထား သယောင်ရှိသော တပ်မတော်သည် မည်သူမျှ ခွဲစရာမလိုဘဲ ခေါင်းဆောင်အချင်းချင်းကွဲပြီး အာဏာရှိုးပြပွဲ လုပ်နေကြပေရာ ရိုးသား ထက်မြက်စွာ နိုင်ငံ့တာဝန်ထမ်းနေသော လက်အောက်ခံ တပ်မတော် အရာရှိကြီးငယ်များနှင့် လက်ဝေခံစစ်သားများခမျာ စိုးတထိတ်ထိတ်၊ ရင်တဖိုဖိုနေရသည့် ဘ၀သို့ တမုတ်ဟုတ်ချင်း အမြဲတမ်း ကျရောက်နေလေပြီ။ "ငါ့တော့ ဘယ်နေ့အတွယ်ခံရမလဲမသိဘူး" ဟူသော စိတ်နှင့် တပ်မတော်သားဘ၀ကို စိတ်ညစ်စွာ ဖြတ်သန်းနေရလေပြီ။
မြန်မာ့တပ်မတော်ကို အမြစ်ကလှန်၍ ပြုပြင်မွမ်းမံရန် လိုပေပြီ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုသော်ငြား ထိုသွေး၊ ထိုအသံ၊ ထိုအမိန့်သည် "ညစ်၊ အက်၊ မှား"၍ နေပေသည်ကို သိလျက်ကြီးနှင့် ပညာဥာဏ်၊ မျိုးချစ်စိတ်ကြီးမားသူ လက်အောက်/လက်ဝေခံ တပ်မတော်သားများက ဒီအတိုင်းလက်ပိုက်ခေါင်းငုံ့ပြီး ငြိမ်ခံနေကြဦးမည်လော။
သွေးဆိုးသွေးညစ်ကို ဖောက်ထုတ်ဖယ်ရှားကာ တပ်မတော်ကို အသစ်တဖန်မွေးဖွားဖို့ လိုပေပြီ။ တပ်မတော်မျိုးဆက်သစ်တို့အနေဖြင့် တပ်မတော်တော်လှန်ရေးကို အမြန်လုပ်ဖို့လိုပေပြီ။ တပ်မတော်ကို ဖြိုခွဲမည့်အကြံ ကျွန်တော်လည်း လက်မခံပါ။ စိတ်ဓာတ်၊ စည်းကမ်းပြိုကွဲနေသော တပ်မတော်ကိုမူ ပြန်လည်စုစည်း ပြုပြင်ကြပါဟုသာ တိုက်တွန်းလိုပေသည်။
အနာသိလျှင် ဆေးရှိသည်ဆိုသော်ငြား ဆေးနှင့် ဆေးကုပေးမည့်သူကား လိုပေသည်။ အနာကား ရင့်ချေပြီ။ သတ္တိရှိရှိ၊ ပညာဥာဏ်ကြီးကြီးနှင့် အနာကို အမြန်ဆေးကုကြပါတော့ဟုသာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ် မြန်မာ့တပ်မတော်သားများကို အလေးအနက်ထားကာ ဦးတည် ရေးသားလိုက်ရပေသတည်း။
ချေဗားမား (Che Burma)


http://www.demowaiyan.co.cc/2011/08/blog-post_7847.html
မှကူးယူတင်ပြသည်။
MAUNG NE WIN





ဒေါ်စုကို ဆက်ချစ်ပါရစေ.... ဆောင်းပါးရှင် (အောင်မျိုးထွန်း)

ဒေါ်စုကို ဆက်ချစ်ပါရစေ.... ဆောင်းပါးရှင် (အောင်မျိုးထွန်း)



ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို မျက်စေ့စုံမှိတ် တောက်လျှောက် ထောက်ခံလာတဲ့သူဆိုတော့ အခုတလော မေးခွန်းတစ်ခု လာလာမေးတာ ခံနေရပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့  ပေါင်းလိုက်ပြီလား”သူတို့အမေးကို ဌာန်ကရိုဏ်းကျကျ နိုင်ငံရေးစကားကြီး စကားကျယ်တွေ ရေလဲသုံးပြီး ပြန်ဖြေလိုက်တဲ့အခါ...
“သြော်.. တူတာတွဲလုပ် မတူတာ ဘေးဖယ်ထား” ဆိုပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ သူတို့ စဉ်းစားသွားကြပါတယ်။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းလိုက်ပြီလား လို့မေးတဲ့သူ တစ်ယောက်မှ ထွက်မလာပါဘူး။ အဲဒီလို အပေါက်မျိုးကို မတွေးကြတာလည်း NLD နဲ့ဒေါ်စုတို့ကို စစ်အစိုးရက နှစ်၂၀ ကျော် တရကြမ်း ဖိနှိပ်ချေမှုန်းခဲ့လို့ ဘီလူးဟာ မင်းသား မလုပ်တတ်ဘူး ဆိုတဲ့ အမြင်ကြောင့် ဖြစ်ပါတယ်။
တူတဲ့ကိစ္စရပ်တွေထက် မတူညီတဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ ပိုစိတ်ဝင်စားပါတယ်။ အတိုက်အခံဆိုတာ သဘောကွဲလွဲမှုတွေကို ရှာဖွေမွှေနှောက်ပြီး ပြည်သူတွေထံ ချပြပြီး အာဏာရအစိုးရကို ဝေဖန် တိုက်ခိုက်နေရတာလေ။ မဟုတ်ရင်တော့ အာဏာရပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ရုံပါဘဲ။ အရိပ်ပါတီ၊ အရိပ်နိုင်ငံရေးဆိုတာ အင်မတန် ရွံရှာစရာပါ။ ကြံ့ဖွံ့အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ နိုင်ငံရေး လုပ်ကွက်တွေဟာ ခြေလှမ်းသွက်ပြီး တိုင်ပင်ကိုက် လှုပ်ရှားနေတာကို တွေ့ရတော့ ကျွန်တော်တို့တွေ ငထူငအ လုပ်နေရင် ကားကနဲ ကျန်ရစ်တော့မယ့် အခြေအနေတချို့ကို မြင်လာရပါပြီ။
ဒေါ်စုကို အစိုးရက အခုလို ဆက်ဆံနေတာကို အမေရိကန်အစိုးရရဲ့ ကြိုဆိုတယ်ဆိုတဲ့ စကားတစ်ခွန်းဟာလည်း ကျွန်တော်တို့ ထည့်တွက်ရမယ့် ကိစ္စပါ။ ဒေါ်စုနဲ့ အစိုးရတာဝန်ရှိသူ တစ်ဦးတွေ့ဆုံ နေတာကို ဂွမ်းဆီထိ ပီတိဖြစ်နေတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ကို တက်အုပ်ချုပ်ပြီး အစိုးရလုပ်နေတာ ကျွန်တော်တို့ မြင်ချင်နေတာပါ။ ဘယ်စစ်ထွက်ပုဂ္ဂိုလ်မှန်သမျှ ဌာနအသီသီးရဲ့ ၀န်ကြီးနေရာ ယူထားကြတဲ့ အစိုးရအဖွဲ့မျိုးကိုမြင်ဖို့  ကျွန်တော်တို့ ဆန္ဒမရှိပါဘူး။
ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည် အပေါ် အားမလိုအားမရနဲ့ စိတ်ပျက်ငြီးငြူသံ၊ ရှေ့မှာ ပေါ်တင် ဆန့်ကျင်သံမျိုး တွေ ဒီ့ထက်ပိုပြီး ထွက်လာနိုင်စရာရှိပါတယ်။ ရေဒီယိုမီဒီယာတစ်ခုမှာ မွန်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တစ်ဦးက ဒေါ်စုကို “ငြိမ်းချမ်းရေးကိစ္စ လက်တွေ့ လုပ်ကြည့်ပါ၊ အဲဒီအခါ မလွယ်မှန်းသိလိမ့်မယ်၊ မရရင် ပြန်လှည့်ခဲ့ပေါ့”လို့ သုံးသပ်လိုက်သံကို ကြားရတဲ့အပြင် တချို့ နိုင်ငံရေးဆောင်းပါးနဲ့ ဝေဖန်သူတွေရဲ့  အမြင်မှာလည်း “အပိုတွေ၊ မယုံနဲ့ စစ်အစိုးရက ရုပ်ရှင်ရိုက်နေတာ၊ ဒေါ်စု ခံသွားရလိမ့်မယ်” ဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။
ဒါ..ဒေါ်စုနဲ့ ဦးအောင်ကြည် ၂ ခါဘဲ တွေ့ရသေးလို့၊ သုံးလေးငါးခါများ တွေ့ပြီးလို့ သောင်တင်ရေမကျ၊ ၀ါးတားတား ဆက်ဖြစ်နေဦးမယ်ဆိုရင် ဒီ့ထက် ဆူညံတဲ့အသံတွေကို ကြားလာရဖို့ ရှိပါတယ်။
နောက်တစ်ပတ်မှာ နေပြည်တော်လွှတ်တော်ကို အချိန်ကိုက် ပြန်စတာဟာ အစိုးရမှာ ရည်ရွယ်ချက် တစ်ပုံတစ်ပင်နဲ့ပါ။ ပြည်တွင်းပြည်ပက တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးရေး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံစကားပြောရေး၊ မြစ်ဆုံရေကာတာ ဆက်မလုပ်ဖို့နဲ့ ဧရာဝတီမြစ်ထိန်းသိမ်းရေး စတဲ့ လူပြောသူပြောများလွန်းနေတဲ့ အရေးတကြီး ကိစ္စရပ်တွေကို တစ်ဘက်မှာ ဒေါ်စုကို ကြေညာချက်ထုတ် ချွေးသိပ်ထားပြီး ကြံ့ဖွံ့အစိုးရရဲ့ နိုင်ငံရေးမောင်းနှင်ရာ နေပြည်တော်လွှတ်တော်ကနေ ဟော့ရှော့ခ်ဖြစ်နေတဲ့ ဒီကိစ္စ ၃ ခုကို မဲဆန္ဒရှင်များ အကြိုက်ဆိုပြီး တဖောင်းဖောင်း တဒိန်းဒိန်း ပစ်လွှတ်ဖို့ အလားအလာတွေ့ ရပါတယ်။
ပြည်သူ့ဆန္ဒကို လွှတ်တော်ကြီးက အကောင်အထည် ဖော်လေသတည်း ဆိုပြီး လွှတ်တော်ထဲက တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်ပါတီတွေနဲ့ အာဏာရပါတီတို့ ရောကြိတ်သမမွှေကြမယ့် သဘောပါ။ ကြံ့ဖွံ့ပါတီမဟုတ်တဲ့ လွှတ်တော်ထဲက ကျန်အင်အားစုတွေရဲ့ စွမ်းဆောင်ချက်က ဟောဒီလို အားရစရာပါဆိုပြီး လုပ်ပြပါလိမ့်မယ်။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ စခန်းသွားတဲ့ နေပြည်တော် လွှတ်တော်နိုင်ငံရေးရဲ့ အလုပ်ဖြစ်နေပုံ၊ ရွေးကောက်ပွဲ နိုင်ငံရေးရဲ့ အကျိုးဆက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီ၊ စစ်ပွဲတွေ ရပ်ပြီ၊ မြစ်ဆုံဆည် တည်ဆောက်ရေး ဆက်မလုပ်ဖြစ်တော့ဘူး.. ဆိုတာကို စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို No လုပ်ခဲ့ကြတဲ့ အင်အားစု အားလုံးအပြင် နိုင်ငံတကာကိုပါ မြှူဆွယ်ဖြားယောင်းမယ့် သဘောပါ။ ဒေါ်စုအနေနဲ့ ရွေးကောက်ပွဲ အ၀န်းအ၀ိုင်းထဲ ၀င်ရောက်ဖို့  စဉ်းစားတဲ့အခါ အနည်းငယ်အဖုအထစ်ဖြစ်နေတဲ့ NLD ထဲက သဘောထား တင်းမာတဲ့အုပ်စုနဲ့ လူထုအုံကြွမှုနည်းနဲ့ အစိုးရကို ဖြုတ်ချရမယ်လို့ စဉ်းစားထားကြတဲ့သူတွေကို ဒေါ်စုကိုယ်စား နေပြည်တော်ကဖွဲ့ ဆို တင်ဆက်ပေးမယ့် ပုံမျိုးလုပ်တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ဘာစကားတွေပြောကြသလဲ ကျွန်တော်တို့ မသိရပါဘူး။ ဒေါ်စုက NLD ဗဟိုအစည်းအဝေးမှာ ပြောပြခဲ့တယ်လို့ ကြားရပေမယ့် ဦးဥာဏ်ဝင်းက ဒါကိုလည်း ထုတ်ဖော်မပြောနိုင်ပါလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားတာကြောင့် လောလောဆယ်သိဖို့ လမ်းစမရှိတော့ပါဘူး။ အားလုံးဟာ ထိပ်တန်းလျို့ဝှက်ချက်တွေ ဖြစ်နေပါတယ်။ အဖြေတိတိကျကျ မရသေးလို့ ကျွန်မပြောလို့ မရသေးဘူးလို့ ဒေါ်စု ပဲခူးခရီးစဉ်မှာ ပြောသွားတဲ့အတွက် အစိုးရသတင်းစာက ထုတ်ပြန်သလောက်ဘဲ သိကြရဦးမှာပါ။ ဒီလိုမျိုး အထိမ်မ၀ှက်တွေနဲ့ ဆက်သွားးနေမယ်ဆိုရင် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှု အခန်းဆက်ကို လူထုအနေနဲ့ စိတ်အချဉ်ပေါက်လာဖို့ ရှိပါတယ်။ လက်ခုပ်သံတွေ တိုးတိတ်သွားဖို့  ရှိပါတယ်။
ဒေါ်စုနဲ့ NLDကို အချိုသတ်ထားပြီး အစိုးရအနေနဲ့ တစ်ဘက်မှာ သူတို့အဓိကထားတဲ့ လွှတ်တော်နိုင်ငံရေးကို အနှောက်အယှက် ကင်းကင်းနဲ့ ရုပ်လုံးကြွလာအောင် အခုအချိန်မှာ ထုဆစ်ပုံဖော်ပါတော့မယ်။ ကျွန်တော်တို့က ဟိုဘက်ကို ငေးမော၊ ဒီဘက်ကို ထောက်ခံနဲ့ ကျွန်တော်တို့ မကြိုက်တဲ့ ကြံ့ဖွံ့အစိုးရရဲ့ နူးညံ့တဲ့ လက်သီးထိုးချက်တွေကို ထုံပေပေခံရတော့မယ့် ပုံပါဘဲ။ အခုတောင် ကျွန်တော့်ကို မေးနေကြပြီလေ။
ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ဆက်ပြီးထောက်ခံနေဦးမှာပါ။ ကျွန်တော့် နိုင်ငံရေးဖီလင်က ဒေါ်စုဆီမှာဘဲ ကိန်းဝပ်လျက်ပါ။ ဒီခေတ်နိုင်ငံရေးမှာ ဒေါ်စုက လွဲရင် ထောက်ခံဖို့ ကောင်းတဲ့သူ မတွေ့သေးလို့ ဒေါ်စုကို ဆက်ချစ်ပါရစေ။


အောင်မျိုးထွန်း
၁၆- ၈- ၂၀၁၁



http://www.demowaiyan.co.cc/2011/08/blog-post_7847.html


မှကူးယူတင်ပြသည်။


MAUNG NE WIN


Tuesday, August 9, 2011

2011.8.8(၂၃)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ချီတက် ဆန္ဒပြပွဲနှင့်BRSA

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၂၃)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ
နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ
အခမ်းအနားနှင့်BRSA




မှတ်တမ်းဓါတ်ပုံ ။ MAUNG NE WIN