Friday, June 10, 2011
FREE Khun Tun Oo And All Political Prisoners
မှတ်တမ်းဓါတ်ပုံ ။ MAUNG NE WIN
ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်
သွေးလှူခြင်း၊ ငါးလွှတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ခြင်း၊
ထိုင်းနယ်စပ်ရှိ မြန်မာကလေးငယ်များကို အာဟာရဒါနကျွေးမွေးခြင်းများနှင့်
ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများပြုလုပ်မည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ ပြည်သူ အပေါင်းယုံကြည်လေးစားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၏ ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၆၆)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ အဖွဲ့ဝင်များပူးပေါင်း၍ ကောင်းမှုကုသိုလ်ပြုပွဲများ၊ အလှူအတန်းပြုလုပ်ကြခြင်းများကို သိုက် သိုက်ဝန်းဝန်းဆောက်ရွက်ကြမည်ဟုသိရှိရသည်။
ဦးစွာပထမအနေဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ဖွင့်လှစ်ထားသော 'သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း' (၃)ကျောင်းတွင် ပညာနို့ချိုသောက်သုံးနေကြသည့် မြန်မာတိုင်းရင်းသား ကလေးသူငယ် စုစုပေါင်း တစ်ထောင်နီးပါးကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ရက်မြတ်မင်္ဂလာတွင် နံနက်စာထမင်းကျွေး မွေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။(အချိန်နှင့် နေရာကို ထပ်မံကြေငြာပေးပါမည်)
ထို့နောက် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်း တွင် ဇွန်လ ၁၉ ရက်(တနင်္ဂနွေ)နေ့၊ နေ့လယ် ၂း၀၀ နာရီမှစတင်ပြုလုပ်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရည်စူး၍ ဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူတန်းကြဦးမည်ဖြစ်သည်။
ဂျပန်နိုင်ငံတွင်လည်း ယခင်နှစ်များအတိုင်း သွေးလှူခြင်း၊ ဇီဝိတဒါနငါး လွှတ်ခြင်းများကို ပြုလုပ်ကြမည်ဖြစ်သည်။ (အချိန်နှင့်နေရာကို ထပ်မံကြေငြာပေးပါမည်)
ထို့အပြင် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် စွန့်လွတ်အနစ်နာခံကာ ပေးဆပ်နေကြသည့် နိုင်ငံရေးအကျဉ်းများအတွက် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်လုပ်ဆောင်နေကြသော အညတရသူရဲကောင်းဆုချီးမြှင့်ရေး ကော်မတီသို့ မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ငွေကြေးလှူတန်းခြင်းများ ပြုလုပ်ကြ ဦးမည်ဖြစ်သည်။(အချိန်နေရာနှင့် ပေးအပ်မည့်ငွေကြေးပမာနကို ထပ်မံကြေငြာပေးပါမည်)
သို့ဖြစ်ပါ၍ အတူတကွ ပူးပေါင်းပါဝင်ကုသိုလ်ပြုလိုသူများနှင့် လှူတန်းလိုသူများ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
သွေးလှူခြင်း၊ ငါးလွှတ်ခြင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ ပညာနို့ရည်ချို သောက်သုံးနေကြသည့် 'သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း' (၃)ကျောင်း မှ မြန်မာတိုင်းရင်းသား ကလေးသူငယ် စုစုပေါင်း တစ်ထောင်နီးပါးကို နံနက်စာအာဟာရဒါနပြုလုပ်ခြင်းနှင့် အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီထံသို့ ငွေကြေးလှူတန်းလိုသူများအတွက် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့ဝင်များထံသို့ ဆက်သွယ်လိုပါက-
မတင်တင်ဝင်း ၀၉၀ ၈၇၂၀ ၉၀၁၇၊
မချယ်ရီသန်း ၀၈၀ ၁၂၁၉ ၈၅၃၀၊
ကိုမောင်သန့် ၀၈၀ ၃၆၉၉ ၆၀၄၅၊
ကိုမောင်မောင်အေး ၀၉၀ ၆၀၁၇ ၇၆၇၅၊
ကိုစိုးဝင်းရှိန် ၀၉၀ ၄၁၂၈ ၄၇၂၅၊
ကိုမိုးညို ၀၈၀ ၅၆၄၂ ၄၂၁၆၊
ကိုတိုးကြည်ဆွေ ၀၉၀ ၆၁၉၈ ၁၉၆၂၊
မနန်းအိမွန်ချစ် ၀၈၀ ၃၇၁၅၅၇၅၂၊
ကိုဟန်ဝင်းထွန်း ၀၈၀ ၆၇၉၁ ၈၄၀၂၊
ကိုရန်မျိုးကျော် ၀၈၀ ၄၁၆၅ ၁၁၃၇၊
ကိုဝင်းအောင် ၀၈၀ ၆၅၀၇ ၃၈၀၇၊
မလီလီမေ ၀၉၀ ၃၀၀၃ ၉၇၈၈
ကိုမင်းညိုဝမ်း ၀၈၀ ၄၀၆၄ ၆၈၀၆ထို့ထံ ဆက်သွယ်နိုင်ပါသည်။
ဂွန်းမရှိ မြန်မာများအနေဖြင့် ကိုအောင်ဌေး(ဝ၉ဝ ၁၄၆၆ ၅၅၅၃)နှင့် မဌေးဌေးဝင်း(ဝ၉ဝ ၂၇၂၉ ဝ၇၇၄)တို့ထံဆက်သွယ်၍ လှူတန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခါသမယ၌ သံသရာဆင်းရဲခြင်းဒုက္ခအပေါင်းမှ လွတ်ကင်းရာ လွတ်ကင်းကြောင်း ရည်မှန်း၍ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူမည့် ကုသိုလ်ဒါနပြုပွဲသို့ လှူတန်းလိုပါက တိုကျိုမြို့အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(ဂျပန်) HRDP-JAPANမှ
တာဝန်ခံများဖြစ်သော-
ကိုသားကြီး ၀၈၀ ၄၁၄၇ ၄၀၉၅၊
ကိုအောင်ကြီး ၀၈၀ ၁၂၆၁ ၅၁၇၉၊
ကိုညီညီပေါက် ၀၉၀ ၁၆၅၁ ၇၆၄၀ ထို့ထံ ဆက်သွယ်နိုင်ပါသည်။
ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးများအတွက် အကျွေး အမွေးအစီအစဉ်ကို မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ယခုအကြိမ်နှင့်ဆို ၄ ကြိမ်ရှိသွားပြီဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(HRDP)မှ ဒေါ် အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း တာဝန်ယူဆောင်ရွက်ပေးခဲ့မှုမှတ်တမ်းများ-
(၁) ၂ဝဝ၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၃)နှစ်ပြည့်မွေးနေ့
ဒုလ္လဘရဟန်းဝတ်လိုသူ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး ၆၃ ဦးကို ပဉ္ဇင်းတက်ပေးခြင်း၊ (ဂျပန်HRDPနှင့်ပူးတွဲ၍)
(၂) ၂ဝဝ၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်ပြည့်မွေးနေ့
ထိုင်းနိုင်ငံ၊ တပ်ခရိုင် မဲဆောက်မြို့အတွင်းရှိ မြန်မာနိုင်ငံသူ/သား ၃ ထောင်ကျော်ကို ဂျပန်ယန်း ၃ဝဝ (ထိုင်းဘတ် ၁ဝဝ)နှင့်ညီမျှသော အစားအသောက်များ ပေးဝေလှူတန်းခြင်း၊(ဂျပန် HRDPနှင့်ပူးတွဲ၍)
(၃) ၂ဝ၁ဝ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်ပြည့်မွေးနေ့
ထိုင်း-မြန်မာနယ်စပ်ဒေသတွင်ဖွင့်လှစ်ထားသော သွေးသစ်စာသင်ကျောင်း၊ ရွှေသဇင်နှင့် ဆာမူထော်စာသင်ကျောင်းရှိ ကလေးများအတွက် ပညာဒါနပျိုးပင်စိုက်ပျိုးခဲ့ခြင်းနှင့်
(၄) ၂ဝ၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့်မွေးနေ့
ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသော သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်းရှိ ကလေးများအတွက် အစာအာဟာရကျွေးမွေးလှူတန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း(ဂျပန် HRDPနှင့်ပူးတွဲ၍)
မှတ်ချက်။
ငါးလွှတ်ခြင်း၊ သွေးလှူခြင်းနှင့် ကလေးများအတွက် အာဟာရဒါနပြုလုပ်မည့် (၁)အစီအစဉ်၊ (၂)အချိန်နှင့် (၃)နေရာတို့ကို ထပ်မံအသိပေးအကြောင်းကြားပါမည်။
အလှူရှင်များ၏နာမည်နှင့် လှူတန်းခဲ့သည့်ငွေကြေးပမာနကိုလည်း စာရင်းအတိအကျ ထုတ်ပြန်ပေးပါမည်ဖြစ်ပါကြောင်း။
http://www.moethaukkye.co.cc/2011/06/blog-post_08.htmlမှကူးယူတင်ပြသည်။
MAUNG NE WIN

Tuesday, May 31, 2011
မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)။
မှတ်တမ်းဓါတ်ပုံ ။ MAUNG NE WIN
Monday, May 23, 2011
ဒီနေ့ဖတ်စရာသတင်းများ ( မေလ 22 ရက် )
အကျဉ်းသားရပိုင်ခွင့်များအတွက် အကျဉ်းသားများ ဆန္ဒပြနေ
အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးများရရှိရန်အတွက် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးက ယနေ့မှ စ၍ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေလျှက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန် ကြေညာသည်။
နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ယနေ့တွင် အခန်းတွင်းမှ အပြင်မထွက်ဘဲ ပထမအဆင့်ဆန္ဒပြနေခြင်းဖြစ်ပြီး မနက်ဖြန် (၂၂) ရက်နေ့မှ စတင်ကာ အစာငတ်ခံဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
အကျဉ်သားများအနေဖြင့် (၁)ထောင်မှ နေ့စဉ်ကျွေးမွေးသော အစားအစာများကို အကျဉ်းဦးစီးဌာနမှ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ပြည့်ပြည့်ဝဝ ကောင်းမွန်စွာ ချက်ပြုတ်ကျွေးမွေးရန်နှင့် အသီးအရွက်ကြော် အပတ်စဉ်ကျွေးမွေးရန်။
(၂) လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ စီမံချုပ်လုပ်ထားသော ထောင်တွင်းသတ်မှတ်ပုံစံ ဝတ်စုံအား ၆ လ တစ်ကြိမ် အကျဉ်းသားများအား ထုတ်ပေးရန်။
(၃) ပျမ်းမျှအကျဉ်းသားဦးရေ ၁၁၀ ခန့်ထားရှိသော အခန်း ၃၀ ပေ x ၅၅ ပေ အတွင်း ကြွက်၊ ခြင်၊ ကြမ်းပိုး အန္တရာယ်ကင်းဝေးစေရန်အတွက် ကောင်းမွန်သော အခင်းထားရှိရန်၊ ခြင်အန္တရာယ် ကင်းဝေးစေရန် ပန်ကာ (သို့မဟုတ်) ခြင်ထောင်ထားရှိပေးရန်။
(၄) တရားဝင် ဗလာစာအုပ်၊ ခဲတံ ကိုင်ဆောင်ထားရှိခွင့်နှင့် ရေးသားခွင့်ပေးရန်။
(၅) လျှော့ရက်ခံစားခွင့်မရရှိသော သီးသန့်/သာမန်သီးသန့် အကျဉ်းသားများအား သီးခြားထားပေးရန်။
(၆) လျှော့ရက်ခံစားခွင့် မရရှိသော သီးသန့်/သာမန်သီးသန့် အကျဉ်းသားများအား ထောင်ဝင်စာတွေ့ဆုံရာတွင် နိုင်ငံခြားသား အကျဉ်းသားများနည်းတူ လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးရန် အချက်(၆) ချက်ကို တောင်းဆိုထားသည်။
ထို့အပြင် ယခုလ ၁၇ ရက်နေ့မှ စ၍ အင်းစိန်ထောင် အမျိုးသမီးသီးသန့်အဆောင် (၇)တွင် နိုင်ငံရေးအကျဉ်းသူ လေးဦးက အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေလျှက်ရှိကြောင်း ထောင်ဝင်စာသွားတွေ့သူ တဦးက ပြောသည်။
“အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေက လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို မကျေနပ်လို့ ဆန္ဒပြတာ၊ အဲဒီမှာ ထူးခြားတာက သာမန်ရာဇဝတ်အကျဉ်းသူတွေပါ ပါလာတယ်၊ သူတို့ မိသားစုဝင်တွေကိုတော့ မနေ့က ထောင်ဝင်စာသွားတွေ့တော့ ပေးမတွေ့တော့ဘူး” ဟု ထောင်ဝင်စာသွားတွေ့ခဲ့သူက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်ဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သမ္မတဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် အကျဉ်းသား ၁၄,၆၀၀ ဦး လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၄၇ ဦးသာ ပါဝင်ပြီး ၎င်းတို့မှာ လွတ်ရက်စေ့သူများဖြစ်သည်။
(AAPP) စာရင်းများအရ မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂,၀၆၁ ဦးရှိပြီး အမျိုးသမီးအကျဉ်းသူ (၁၃၈) ဦးရှိသည်။
အငှားချထားတဲ့ စစ်တပ်ရန်ပုံငွေ ဆိုင်ခန်းတွေ ပြန်ပေးဖို့ ခြိမ်းခြောက်
2011-05-21 RFA
မန္တလေး မဟာအောင်မြေမြို့နယ်၊ မန္တလေး တက္ကသိုလ်အနီ်း၊ ၇၃ လမ်း ၃၇-၃၈ လမ်းကြားက ငွေစာရင်းနဲ့ မှတ်တမ်းရုံး နံဘေးမှာ ၁၉၈၅ ခုနှစ် ကတည်းက တရားဝင် နေထိုင်လာကြတဲ့ လူနေ ဆိုင်ခန်း ၂ဝ ခန့်ကို တိုင်းစစ်ဌာနချုပ်က ၃ ရက် အတွင်း ပြောင်းရွှေ့ဖို့နဲ့ မပြောင်းရင် အင်အားသုံး အရေးယူမယ့်အကြောင်း ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။အခြိမ်းခြောက်ခံရသူ ကာယကံရှင် တဦးကတော့ ဒီဆိုင်ခန်းတွေမှာ နှစ်ပေါင်းများစွာ သူတို့ တရားဝင် နေထိုင်ခဲ့တာ ဖြစ်ကြောင်း RFA ကို ပြောပြပါတယ်။“ကျနော်တို့ကလည်း ရန်ပုံငွေကို ပုံမှန် သွင်းပေးခဲ့တယ်။ နောက်ထပ် တကြိမ်လည်း တပ်ရန်ပုံငွေပြီးတော့ စစ်ဦးစီးချုပ်ရုံးကို ဘဏ်ကနေ ကျနော်တို့ရဲ့ လခတွေကို လွှဲပေးခဲ့ရတယ်။ စုဆောင်းရေးတပ် လက်ထက် ရောက်တဲ့အချိန်မှာ အဲဒီလိုဖြစ်သွားတာ။ အခု ဒီနှစ်ပိုင်းကျမှ ကျနော်တို့ကို ဖယ်ခိုင်းတယ်ပေါ့”အဲဒီနေရာတွေဟာ အမှတ် (၇၆) ခြေလျင်တပ်ရင်း ရှိစဉ်က တပ်-စည်ပင်သာယာက တရားဝင် ခွင့်ပြုချက်နဲ့ အခွန်ဆောင် နေထိုင်လာတာ ဖြစ်ပြီး စစ်တပ်အဆက်ဆက်မှာ ဘာပြဿနာမှ မရှိဘဲ အခု မှတ်တမ်းရုံး ရောက်ရှိလာမှ စတင် ဖယ်ခိုင်းခဲ့တာလို့ သိရပါတယ်။ ကာယကံရှင် အိမ်ရှင် တဦးက အခုလို ပြောပြပါတယ်။“၁၈ ရက်နေ့မှာ ဒု-တိုင်းမှူးက လာပြီး ဖယ်ခိုင်းတယ်။ ၁၉ ရက်နေ့ကျတော့ ဒု-တိုင်းမှူးကြီးက အကုန်လုံးကို တင်ပြပါလို့ ပြောပြီး ကျနော်တို့ကို နန်းတွင်းကို ခေါ်သွားတယ်။ ပြီးတော့ လပခ မြေစာရင်းဌာနက ဒုတိယဗိုလ်မှူးကြီး သက်ထွန်းက သူကိုယ်တိုင်ပြောတယ်။ ကျနော်တို့ကို သုံးရက်အတွင်း ဖယ်ပေးကြပေါ့။ မဖယ်ပေးရင် လူကို အရေးယူမယ်၊ အင်အားသုံးမယ်လို့ ပြောတယ်။ စစ်တပ်နဲ့ အမှု ရင်ဆိုင်မယ်ဆိုရင် မဖယ်နဲ့ လို့လည်း ပြောတယ်။ ပြီးတော့ ဥပဒေနဲ့ လုပ်လုပ် ဘာနဲ့ လုပ်လုပ် ခင်ဗျားတို့ ရှုံးမှာပဲ လို့လည်း ပြောတယ်။ မရွှေ့လို့ရှိရင် ဘူဒိုဇာနဲ့ ထိုးမယ်လို့ ခြိမ်းခြောက်တယ်”
အာဖဂန်ဆေးရုံ အသေခံ ဗုံးခွဲမှု ၆ ဦးသေဆုံး
By ဗွီအိုအေ (မြန်မာဌာန) စနေ, 21 မေ 2011
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် (Kabul) က စစ်ဆေးရုံ တခုမှာ အသေခံ ဗုံးခွဲမှုတခု ဖြစ်ခဲ့လို့ ဆေးကျောင်းသား ၆ ဦးထက်မနည်း သေဆုံးပြီး ၂၃ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ အာဖဂန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။
မိုဟာမက် ဒုခန် (Mohammad Daud Khan) ဆေးရုံက စားသောက်ဆိုင်အဖြစ် အသုံးပြုထားတဲ့ တဲတခုမှာ ဒီကနေ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ တာလီဘန်တွေကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်လို့ ပြောပါတယ်။
အသေခံ ဗုံးခွဲသမား ၂ ဦး ဆေးရုံနယ်မြေအတွင်း ၀င်ရောက်ခဲ့တယ်လို့ တာလီဘန် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ အာဖဂန်နစ္စတန် ရဲတွေကတော့ ပေါက်ကွဲမှုတခုရဲ့ အသံပဲ ကြားရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး နွေဦးကာလ တိုက်ခိုက်ရေးရာသီ စတင်ခဲ့ပြီလို့လည်း တာလီဘန်တွေက ကြေညာထားပါတယ်။
ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) တို့က ပူးတွဲပြီး ပြစ်တင် ရှုတ်ချထားပါတယ်။
IMF အကြီးအကဲဟောင်းကို အာမခံနဲ့ လွှတ်ပေး
By ဗွီအိုအေ (မြန်မာဌာန) သောကြာ, 20 မေ 2011
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲဟောင်း ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ဟာ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရက်အတော်ကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် အခုအခါ နယူးယောက်မြို့ အချုပ်ခန်းက အာမခံနဲ့ လွတ်လာပါတယ်။
ဒေါ်လာ ၁,၀၀၀,၀၀၀ ငွေသားအပြင် ၅,၀၀၀,၀၀၀ တန် စာချုပ်နဲ့ အာမခံခဲ့ပြီးတဲ့နောက် နယူးယောက် တရားရုံး တရားသူကြီးက မနေ့တုန်းကပဲ လွှတ်ပေးလိုက်တာပါ။
နယူးယောက်မြို့ မန်ဟက်တန်ရပ်ကွက်မှာ ယာယီနေထိုင်ဖို့ အတွက်လည်း ပြည်နယ် တရားရုံးချုပ် တရားသူကြီး မိုက်ကယ် အိုဘပ်စ် (Michael Obus) က ညွှန်ကြားထားတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အစောင့်တွေနဲ့အတူ အီလက်ထရောနစ် ကိရိယာ တပ်ဆင်ပြီး သူ့ကို စောင့်ကြည့်သွားမှာလည်း ဖြစ်ပါတယ်။
IMF အဖွဲ့ အကြီးအကဲဟောင်းဟာ အရင်တပတ်ထဲ နယူးယောက်မြို့က ဟိုတယ်တခုမှာ အမျိုးသမီး ၀န်ထမ်းတဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးပမ်းမှုနဲ့ စွပ်စွဲခံခဲ့ရတာပါ။
သူ့ကို တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် ဆယ်စုနှစ်နဲ့ချီပြီး ထောင်ဒဏ်အပြစ် ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပေမဲ့ သူကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားတာပါ။
ပြင်သစ် ဘဏ္ဍာရေး ၀န်ကြီးဟောင်း တဦးဖြစ်ပြီး မကြာခင် ပြင်သစ်သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ဖို့ ကြေညာလိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ မစ္စတာ စထရော့စ်ခန်းဟာ ဖမ်းဆီးခံခဲ့ရပြီး ဒီတပတ် အစောပိုင်းမှာပဲ သူတာဝန်ယူထားတဲ့ IMF အကြီးအကဲ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။
NLD ပါတီဝင်ကဒ်ပြားအတု လုပ်သူ မလေးရှားမှာ ဖမ်းမိ
2011-05-21 RFA
မလေးရှားနိုင်ငံမှာ NLD ပါတီ အဖွဲ့ဝင်ကဒ်ပြားအတု ပြုလုပ် ရောင်းစားနေသူ မြန်မာတဦးကို မလေးရှား လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
အဲဒီ မြန်မာအမျိုးသားကို Alor Setar မြို့မှာ မလေးရှား ပြည်နယ် လဝက အဖွဲ့က Taman Mahsuri အရပ်မှာရှိတဲ့ သူ့နေအိမ်မှာ ကြာသပတေးနေ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာပါ။ဒီအဖွဲ့ဝင်ကဒ်ပြား အတုတွေကို မလေးရှားရင်းဂစ်ငွေ ၅ ရာနဲ့ မြန်မာတဦးကို ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကဒ်ပြားတုတွေကို မလေးရှားက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ဒုက္ခသည်အဖြစ် လျှောက်ထားရင် အထောက်အထားအဖြစ် အသုံးပြုကြတယ်လို့ မလေးရှား လဝက ဒု-ညွန်ကြားရေးမှူးက ပြောပါတယ်။ဒီအမှုနဲ့ ဆက်နွယ်ပြီး အဲဒီ မြနမာအမျိုးသား ငှားရမ်းထားတဲ့ အိမ်မှာ နောက်ထပ် မြန်မာအမျိုးသမီး တဦး အပါအဝင် မြန်မာနိုင်ငံသား ၉ ဦးကို ဆက်လက် ဖမ်းဆီးခဲ့ပါတယ်။အခုလို NLD အဖွဲ့ဝင် ကဒ်ပြားအတု ဖမ်းဆီးမိတာနဲ့ ပတ်သက်လို့ မလေးရှား ရဲရုံးချုပ်ကို စာပေးပို့ထားပြီး ဘယ်သူဘယ်ဝါ ဆိုတာကို စုံစမ်းနေကြောင်းနဲ့ မကြာခင် ကြေညာချက်တစောင် ထုတ်ပြန်မယ့်အကြောင်း NLD (လွတ်မြောက်နယ်မြေ) မလေးရှားရုံးခွဲ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောပါတယ်။မလေးရှားရဲချုပ်ကလည်း ဒီကိစ္စ စုံစမ်းပြီးတာနဲ့ NLD (လွတ်မြောက်နယ်မြေ) မလေးရှားရုံးခွဲကို အကြောင်းကြားမယ့လို့ ပြောဆိုထားပါတယ်။
မြစ်ဆုံဆည်ကြောင့် `ပြည်တွင်းစစ်´ ဖြစ်နိုင်ဟု KIO သတိပေး
သောမတ်စ်မောင်ရွှေ စနေနေ့၊ မေလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ်တွင် တည်ဆောက်မည့် မြစ်ဆုံဆည်သည် ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်သဖြင့် စီမံကိန်းကို ရပ်ဆိုင်းထားပါရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တရုတ်သမ္မတ ဟူကျင်းတောင်ထံ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်သည်။ မတ်လ ၁၆ ရက်နေ့စွဲဖြင့် ရေးထားပြီး မကြာသေးမီကမှ လူသိရှင်ကြား ထုတ်ပြန်လိုက်ကာ မဇ္ဈိမက ရရှိထားသည့် အဆိုပါ စာတွင် `အကယ်၍ ဤရေအားလျှပ်စစ်စီမံကိန်းနှင့် ဆည်တည်ဆောက်ရေး စီမံကိန်းတို့ကြောင့် ပြည်တွင်းစစ် ဖြစ်ပွါးလာခဲ့လျှင် မိမိတို့တွင် တာဝန်မရှိကြောင်း စစ်အစိုးရကို အကြောင်းကြားခဲ့သည်´ ဟု ဆိုသည်။ စာကို KIO ဥက္ကဋ္ဌ လရော်ဇောင်းဟရား လက်မှတ်ထိုးထားသည်။
မြစ်ဆုံဆည်ကို မလိခနှင့် အင်မိုင်ခ မြစ်နှစ်သွယ်ဆုံသည့် မြစ်ဆုံတွင် တည်ဆောက်ရန် စီစဉ်ထားသည်။ လွန်ခဲ့သော ၂၁ နှစ်က ရိုက်ကူးထားသော ဤမှတ်တမ်းဓာတ်ပုံတွင် မလိခနှင့် အင်မိုင်ခမြစ်တို့ ဆုံဆည်းကြပုံကို ပြသနေသည်။ (ဓာတ်ပုံ - မဇ္ဈိမ)စစ်အစိုးရနှင့် KIO အကြား ဆက်ဆံရေးမှာ အဆိုးဘက်သို့ ဦးတည်နေသည်ဟု စာထဲတွင် ရေးထားသည်။ `KIO ကို ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ဆိုမီကအတိုင်း ဆက်ဆံသွားမည်ဟု စစ်အစိုးရက စက်တင်ဘာ ၁ ရက် ၂၀၁၀ ခုနှစ်တွင် ကျေညာခဲ့ပြီးနောက် KIO နှင့် စစ်အစိုးရအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းသွားခဲ့သည်´။ မြစ်ဆုံသည်သည် မြန်မာ့အရှည်ဆုံးမြစ်ဖြစ်သော ဧရာဝတီမြစ်၏ လက်တက်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူရန်အတွက် တည်ဆောက်ရန် စီစဉ်ထားသည့် ဆည် ၇ ခုအနက် ပထမဆုံးဆည် ဖြစ်သည်။ တရုတ်နိုင်ငံပိုင် တရုတ်လျှပ်စစ်စွမ်းအား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI သည် ဤဆည်ကို အဓိက ဦးဆောင်တည်ဆောက်မည်ဖြစ်ကာ ဘဏ္ဍာငွေကြေး ထောက်ပံ့မှုများလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ဤဆည်ကို ကချင်လူမျိုးတို့ အထွတ်အမြတ်ထားသည့် မလိခနှင့် အင်မိုင်ခ မြစ်နှစ်သွယ်ဆုံရာတွင် တည်ဆောက်သွားမည်ဖြစ်သည်။ ယခုစီမံကိန်းအတွက် CPI သည် မြန်မာနိုင်ငံပိုင် မြန်မာ့လျှပ်စစ်စွမ်းအားလုပ်ငန်း MEPE နှင့် မြန်မာ့ကုမ္ပဏီလုပ်ငန်းစုကြီး တခုဖြစ်သော အေးရှားဝေါလ်တို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။
ဆည်က လူထုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ခြိမ်းခြောက်နေ
အမြင့်ပေ ၁၅၂ မီတာရှိမည့် မြစ်ဆုံဆည်သည် ဧရာဝတီမြစ်ညာတွင် တည်ဆောက်မည့် ဆည် ၇ ခုအနက် ပထမဆုံးဆည် ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ အပြောအရ ဤဆည်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အပါအ၀င် ဧရာဝတီမြစ် အကြေပိုင်းမှ လူသန်းပေါင်းများစွာ၏ ဘ၀များကို ပြန်လည်ပြုပြင်၍ မရလောက်အောင် ပြောင်းလဲသွားစေလိမ့်မည်ဖြစ်သည်။မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏ ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်ရာ ဒေသဖြစ်သည်။ ဆည်ကို ထိန်းချုပ်မောင်းနှင်မည့် တရုတ်အင်ဂျင်နီယာများအနေဖြင့် မြန်မာပြည်၏ အရေးပါဆုံး မြစ်ကြီးတစင်း၏ မြစ်ရေအနိမ့်အမြင့်ကို ထိန်းချုပ်ခွင့် ရရှိသွားတော့မည်ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့သော သယ်ယူပို့ဆောင်ရေး၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့၏ ပုံစံများလည်း ပြောင်းလဲသွားတော့မည်ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဆည်ကြောင့် အကျိုးယုတ်ရမည့် ဒေသခံများက ၀ိုင်းဝန်းကန့်ကွက်နေသည့်ကြားမှပင် CPI ၊ အေးရှားဝေါလ်၊ စစ်အစိုးရသည် မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြပြီဖြစ်သည်။ KIO အနေဖြင့် မြစ်ဆုံဆည် တည်ဆောက်ရေးကို ယခင်ကလည်း ထိုသို့ကန့်ကွက်ခဲ့သော်လည်း ယခု တရုတ်သမ္မတထံ ပေးပို့ထားသော စာတွင် ပါရှိသည့် စီမံကိန်းအပေါ် ဝေဖန်ကန့်ကွက်ရာ၌ သုံးနှုံးပြောဆိုထားသည့် အရေးအသားမှာမူ ယခင်က မရှိဖူးသေးပေ။KIO နှင့် ဆက်ဆံရေးကို အပစ်ရပ်စာချုပ် မချုပ်မီအဆင့်သို့ နေပြည်တော်က လျှော့ချလိုက်ကတည်းက KIO နှင့် စစ်အစိုးရအကြား အထင်ကရ လက်နက်ကိုင် ရန်လိုမှုများ ပေါ်ပေါက်လာတော့မည့် အခြေအနေရှိနေပြီး၊ ၁၉၉၄ အပစ်ရပ်သဘော တူညီချက်မှာလည်း ပျက်ပြယ်သွားသည့်သဘော ရှိနေပြီဖြစ်သည်။ သိသာသော မူဝါဒ အပြောင်းအလဲ တရပ်အနေဖြင့် မြန်မာအစိုးရပိုင် မီဒီယာများက KIO ကို `သောင်းကျန်းသူ´ ဟု ခေါ်ဝေါ်သုံးစွဲနေပြီဖြစ်သည်။ သူတို့အနေဖြင့် `အထက်တွင် ဖော်ပြထားသည့် ဆည် ၆ ခု တည်ဆောက်မည့် နေရာများတွင် လုံခြုံရေးနှင့် အခြားလိုအပ်သည့် ကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း´ ကချင်ပြည်နယ်ရှိ စစ်အစိုးရ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က KIO ကို အကြောင်းကြားခဲ့သည်ဟု အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။ လက်ရှိ အခြေအနေတွင် `KIO နယ်မြေအတွင်းသို့ မြန်မာစစ်တပ်ဖွဲ့များကို ၀င်ရောက်ကျူးကျော်ခွင့် ပေးမည်မဟုတ်´ ကြောင်း အဆိုပါစာတွင် ဆက်လက်ရေးသားထားသည်။ တရုတ်အစိုးရနှင့် KIO သည် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးရှိခဲ့ပြီး၊ KIO ကို နယ်စပ်တွင် လှုပ်ရှားခွင့်ပြုခဲ့ကာ အပြန်အလှန်အားဖြင့် KIO နယ်မြေတွင်းရှိ သဘာဝသယံဇာတများကို တူးဖော်ထုတ်ယူခွင့် ပြုခဲ့ရသည်။ သို့သော် တရုတ်နှင့် KIO အကြား ဆက်ဆံရေးသည် ပေကျင်းနှင့် ၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အကြား ဆက်ဆံရေးကဲ့သို့မူ မခိုင်မာကြောင်း အကဲခတ်များနှင့် လေ့လာသုံးသပ်သူများက ပြောကြသည်။ ၀’ တပ်ဖွဲ့သည် မြန်မာနိုင်ငံ၏ အကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ အများစုဒေသကြီးကို ထိန်းချုပ်ထားခဲ့သည့် ဗမာပြည် ကွန်မြူနစ်ပါတီကို ဆက်ခံသည့် အဖွဲ့လည်း ဖြစ်သည်။ ပေကျင်းရှိ နိုင်ငံခြားသံတမန်များ၏ အပြောအရ KIO ခေါင်းဆောင်များသည် ပြီးခဲ့သည့်နှစ်တွင် ပေကျင်းသို့ အကြိမ်ပေါင်းများစွာ သွားရောက်ကာ တရုတ်အစိုးရနှင့် ဆွေးနွေးခဲ့သည်ဟု လန်ဒန်အခြေစိုက် ဖိုင်နင်ရှယ်တိုင်းမ် သတင်းစာကြီးက ဇန်န၀ါရီလအတွင်း ရေးသားဖော်ပြခဲ့သည်။ ဧရာဝတီမြစ်ညာတွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းတွင် CPI ၏ ပါဝင်ပတ်သက်မှု အတိုင်းအတာကိုကြည့်လျှင် ထိုကိစ္စသည် အဆိုပါ ဆွေးနွေးပွဲများ၏ အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာတရပ် ဖြစ်ဖွယ်ရှိသည်။
KIO က ဆည်တည်ဆောက်မှုကို ကြာမြင့်စွာကတည်းက ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်း`
ဒီဆည်စီမံကိန်းကို ကျနော်တို့ အချိန်အတော်ကြာ ကန့်ကွက်ခဲ့ပါတယ်´ ဟု KIO ၏ ဒုတိယ နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းလန်ဒေါက မဇ္ဈိမကို ဖြေကြားခဲ့သည့် တရုတ်နိုင်ငံသို့ ပေးပို့ခဲ့သည့် စာအပေါ် မိမိ၏ သဘောထားမှတ်ချက်ကို ပြောကြားရာတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ KIO အနေဖြင့် ဆည်တည်ဆောက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ `သူတို့အနေဖြင့် ခပ်သေးသေးဆည် တည်ဆောက်မည်ဆိုလျှင် ကိစ္စမရှိပါကြောင်း´ သူက ပြောဆိုခဲ့သည်။ မြစ်ဆုံဆည် စီမံကိန်း၏ အရွယ်အစားနှင့် အကျိုးသက်ရောက်မှုများသည် မြစ်အကြေပိုင်းတွင် နေထိုင်ကြသည့် လူပေါင်းများစွာ၏ ဘ၀ကို အကျိုးယုတ်စေမည် ဖြစ်သည့်အတွက် လက်မခံနိုင်ပါဟု သူက ဆိုသည်။မြစ်ဆုံဒေသသည် မြန်မာနိုင်ငံ၏ အရှည်ဆုံးနှင့် အရေးအပါဆုံး မြစ်ဖြစ်သော ဧရာဝတီမြစ်၏ မြစ်ညာပိုင်းတွင် အဓိကကျသော နေရာတွင် တည်ရှိနေသည့်အတွက် `ဒီကိစ္စဟာ ကချင်တွေအတွက်ချည်း မဟုတ်ဘူး၊ မြစ်ဝှန်းတလျှောက် နေထိုင်ကြတဲ့ သူတွေအတွက်လည်း အရေးကြီးတယ်´ ဟု ဂျိမ်းလန်ဒေါက ဆက်ပြောသည်။ မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံရှိ`သန်းပေါင်းများစွာသော ပြည်သူများ´ ကို အကျိုးယုတ်စေမည် ဖြစ်သဖြင့် ဆက်မလုပ်သင့်ကြောင်း သူနှင့် အခြား KIO ကိုယ်စားလှယ်တို့က တရုတ်အစိုးရကို ပြောကြားခဲ့ကြောင်းလည်း ဂျိမ်းလန်ဒေါက ပြောသည်။ မြစ်ဆုံဆည်၏ ရေလှောင်ဧရိယာသည် စင်္ကာပူနိုင်ငံထက်ကြီးသော အကျယ်အ၀န်းကို ရေလွှမ်းမိုးသွားစေမည်ဖြစ်ပြီး၊ ခန့်မှန်းခြေ လူဦးရေ ၁၅၀၀၀ ခန့်ရှိသည့် ကျေးရွာများလည်း ပြောင်းရွှေ့ရမည်ဖြစ်ကာ ဂေဟစနစ်အတွက် အလွန်အရေးပါသည့် ဒေသများကိုလည်း ပျက်စီးစေလိမ့်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း တက်ကြွလှုပ်ရှားသူများ၊ မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်တို့က ပြောဆိုသည်။ ဤကွန်ရက်သည် မြန်မာနိုင်ငံရှိ ဆည်မြောင်းများ ဖောက်လုပ်ခြင်းကြောင့် ထိခိုက်နစ်နာရမည့် လူ့အသိုင်းအ၀ိုင်းများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။ ဤအဖွဲ့တွင် ကချင်ဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ KDNG လည်း ပါဝင်သည်။
ရွှေရှာသူများကလည်း မလိခမြစ်အတွင်း ဖောင်များပေါ်တွင် စက်ကြီးများတင်ကာ ရွှေရှာနေကြပုံ။ ယင်းကြောင့် မြစ်ကြောင်း ပျက်စီးမှုများ ဖြစ်ပေါ်စေကာ မြစ်ရေကိုလည်း ညစ်ညမ်းစေသည်။ (ဓာတ်ပုံ - မဇ္ဈိမ)ဧရာဝတီမြစ်ညာတွင် ဆည်များ ဆောက်လုပ်မည့် သတင်းထွက်ပေါ်လာကတည်းက ဤစီမံကိန်းနှင့်ပတ်သက်၍ တင်းတင်းမာမာ သဘောထားပါရန် ဆည်တည်ဆောက်မှုကြောင့် ထိခိုက်မည့် ဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများက KIO ကို တိုက်တွန်းခဲ့ကြသည်။ ဆည်အပေါ် KIO ၏ အမြင်သဘောထားသည် လူထုဖိအားကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း KIO ဥက္ကဋ္ဌ၏ တရုတ်သမ္မတသို့ ပေးစာက ထင်ရှားစွာ ဖော်ပြနေသည်။ စီမံကိန်းကို ပြန်လည်စဉ်းစားပါရန် တိုက်တွန်းထားပြီး `ဒေသခံလူထု၏ စားဝတ်နေရေးကို ရေတိုမဟုတ်ဘဲ ရေရှည်ထည့်သွင်းစဉ်းစားသင့်သည်ဟု ကျနော်တို့အနေဖြင့် ခံယူပါသည်´ ဟု အဆိုပါ စာတွင် ရေးသားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ဆည်စီမံကိန်းကို ကန့်ကွက်
KIO အပြင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကလည်း ဆည်တည်ဆောက်မှုကို ကန့်ကွက်လိုက်သည်။ မဇ္ဈိမက ဇန်န၀ါရီလတွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် NLD ကို တည်ထောင်ခဲ့ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဦးဝင်းတင်က သူ့အနေဖြင့်လည်း စီမံကိန်းကြောင့် ပေါ်ထွက်လာမည့် အကျိုးဆက်များကို စိုးရိမ်ပူပန်ကြောင်းနှင့် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခနှင့် ပြည်တွင်းစစ်ကြောင့် ဖွတ်ဖွတ်ကြေနေသည့် မြန်မာနိုင်ငံတွင် လူမျိုးရေး တင်းမာမှုများ တိုးများလာမည်ကိုလည်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ `ယခုစီမံကိန်းသည် မြန်မာပြည်သူ အများစု၏ ဆန္ဒကို ကိုယ်စားမပြုဘဲ နအဖက ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ကချင်လူထု မရိပ်စားမိမည်ကို ကျနော် စိုးရိမ်သည်´ ဟု သူက ပြောသည်။CPI နှင့် လက်တွဲလုပ်ဆောင်မည့် အေးရှားဝေါလ် ကုမ္ပဏီမှာ စတီဖင်လောက ချုပ်ကိုင်ထားခြင်းဖြစ်ပြီး၊ ပေါ်ထွက်နေသော သတင်းများအရ ယခုစီမံကိန်းမှ အကျိုးအမြတ်များစွာ ရရှိလိမ့်မည်ဟု ဆိုသည်။ ကုမ္ပဏီ ဥက္ကဋ္ဌနှင့် စတီဖင်လော၏ ဖခင်ဖြစ်သူ လော်စစ်ဟန်မှာ ဘိန်းဘုရင်ဟု သတ်မှတ်ခံရပြီး၊ အမေရိကန်က ငွေကြေးခ၀ါချမှု လုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။ သူတို့အနေဖြင့် ဧရာဝတီမြစ်ညာတွင် နောက်ထပ်တည်ဆောက်မည့် ဆည် ၆ ခုကိုလည်း ဆန့်ကျင်ခြင်း မဟုတ်ကြောင်းနှင့် ယင်းဆည်များနှင့်စပ်လျဉ်း၍ `ဆည်တည်ဆောက်မှုကြောင့် ပေါ်ပေါက်လာမည့် အကျိုးဆက်များကို သေချာစွာ လေ့လာသုံးသပ်ပြီးမှသာ ဆုံးဖြတ်ချက်ချပါရန် အေးရှားဝေါလ် ကုမ္ပဏီသို့ အကြောင်းကြားပြီး ဖြစ်ပါသည်´ ဟု KIO မှ ပေးပို့သော စာတွင် ရေးသားထားသည်။ ဆည်စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ခြင်း မပြုမီ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို လေ့လာထားသည့် ရလဒ်များကို ကြည့်ရှုလိုကြောင်းလည်း ရေးသားထားသည်။
ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အား အများစု တရုတ်ကို ရောင်းမည်
ဧရာဝတီမြစ်ညာတွင် တည်ဆောက်မည့် ဆည်အကြီးစား ၇ ခုမှ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၁၆၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းဂျာနယ်ဖြစ်သည့် Power in Asia ၏ စက်တင်ဘာလထုတ် ဆောင်းပါးတပုဒ်တွင် ရေးသားထားသည်။ ယင်းသည် တရုတ်ပြည်၏ ကြီးမားလှသော မြစ်ကျဉ်း ၃ ခု ဆည်ကြီးမှ ထုတ်လုပ်လျက်ရှိသည့် ဓာတ်အားပမာဏ ၁၈၂၀၀ ထက် အနည်းငယ်သာ လျော့နည်းသည်။ ဤမြစ်ကျဉ်း ၃ ခု ဆည်ကြီးသည် ကမ္ဘာ့အကြီးဆုံး ဆည်ကြီးလည်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ ဆည်များမှ အကျိုးအမြတ်သည် မြန်မာအစိုးရအတွက် ရာခိုင်နှုန်းဖြင့်သာ ရရှိမည်ဖြစ်သည်။ တရုတ်ပြည်အစိုးရထုတ် `ခွင်းမင် နေ့စဉ်´ ၂၀၀၈ အောက်တိုဘာထုတ် ဆောင်းပါးတပုဒ်တွင် ရေးသားထားချက်အရ စီမံကိန်း ပြီးဆုံးသွားပါက ထုတ်လုပ်ရရှိသော `လျှပ်စစ်ဓာတ်အားအများစု´ ကို တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။
ဆည်စီမံကိန်းနေရာတွင် ဗုံးပေါက်ကွဲ၍ တင်းမာမှု တိုးပွား
မြစ်ဆုံဆည် စီမံကိန်းနေရာ၌ ၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် အနည်းဆုံး ဗုံး ၁၀ လုံး သီးခြားစီ ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုများကြောင့် အနည်းဆုံး တရုတ်အလုပ်သမားတဦး သေဆုံးခဲ့ပြီး၊ ယာယီအဆောက်အအုံ အတော်များများပါ ပျက်စီးသွားသည်။ အေးရှားဝေါလ် ကုမ္ပဏီပိုင် မော်တော်ယဉ်များလည်း ပျက်စီးသွားခဲ့သည်။ ထိုသို့ ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်အစိုးရက ဒေသခံလူ ၇၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ အများစုမှာ KIO လူငယ်အဖွဲ့နှင့် ဆက်စပ်လုပ်ကိုင်နေသည့် ပညာရေး၊ စီးပွားရေး လူငယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဖြစ်ကြသည်။ KIO က ဗုံးပေါက်ကွဲမှုများနှင့် သူတို့ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ကာ ထိန်းသိမ်းစစ်ဆေး မေးမြန်းခံနေရသူ အများစုမှာလည်း တဖြည်းဖြည်း ပြန်လွတ်လာခဲ့သည်။
KIO ၏ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ဆည်စီမံကိန်းများ မပြီးနိုင်
CIP နှင့် အေးရှားဝေါလ်က မြစ်ဆုံစီမံကိန်းတွင် ယခင်လုပ်ကိုင်ခဲ့ပြီးသော အလုပ်များ၌ KIO ထိန်းချုပ်ဒေသများသို့ အင်ဂျင်နီယာများနှင့် အခြားဝန်ထမ်းများ စေလွှတ်ခွင့်ရရန် KIO ထံ ခွင့်တောင်းပေးရန် မြန်အာဏာပိုင်များထံ အတိအလင်း ပြောကြားခဲ့ကြောင်းဖြင့် KIO က တရုတ်အစိုးရထံ ပေးပို့သော စာတွင် ထောက်ပြထားသည်။ ဤကိစ္စများကို စစ်အစိုးရပိုင်နက် နယ်မြေတွင် ဖွင့်လှစ်ထားသော KIO ဆက်ဆံရေး ရုံးများမှတဆင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ သို့သော် ယခုအခါ KIO နှင့် စစ်အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုများမှာ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်သည်။ စစ်အစိုးရ ထိန်းချုပ်ထားသော နယ်မြေများ သို့မဟုတ် KIO က တစိတ်တပိုင်း ထိန်းချုပ်ထားသော ဒေသများ၊ ကချင်ပြည်နယ်၊ အိမ်နီးချင်း ရှမ်းပြည်နယ် နေရာအချို့တွင် ဖွင့်လှစ်ထားသော KIO ဆက်ဆံရေး ရုံးအများစုကို ပိတ်ပစ်ရန် စစ်အစိုးရက ၂၀၁၀ ခုနှစ်နှောင်းပိုင်းတွင် အမိန့်ပေးခဲ့သည်။ ဤဆက်ဆံရေးရုံးများကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစိတ်တပိုင်းအဖြစ် ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေးလမ်းကြောင်း ချောမွေ့စေရန်နှင့် အပစ်အခတ်ရပ်စဲရေး တည်မြဲစေရန် ခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။ `မလိခ-အင်မိုင်ခ ဆည်စီမံကိန်း အထက်ပိုင်းသည် KIO ၏ စစ်ဗဟိုဌာနချုပ်များ တည်ရှိရာဖြစ်သည်´ ဟု အဆိုပါစာတွင် သတိပေးထားသည်။ ဒေသတွင်း အချက်အချာကျသည့် နေရာများဖြစ်ပြီး၊ ကချင်ပြည်သူများအတွက် အရေးကြီးသော နေရာများလည်း ဖြစ်သဖြင့် KIO အနေဖြင့် စစ်မတိုက်ဘဲ အဆိုပါနေရာများကို အလွယ်တကူ စွန့်လွှတ်မည့် အလားအလာ မရှိပါ။
နေတိုး တပ် ဖွဲ့ လစ်ဗျား ရေတပ် ၏ ရှစ်ဆယ် ရာနှုန်း ကို ဖျက်ဆီး နိုင်ခဲ့
by FNG on May 21, 2011
ကြာသပတေးနေ့  မနက် အာရုံ တက် ချိန် တည်း ကတည်း နေတိုး တိုက် ခိုက် ရေး လေယာဉ် တွေ ဟာ လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့  လက်နက် တိုက် တွေ၊ ရေတပ် စခန်း တွေ နဲ့  သူ ပုန်း အောင်း တယ် လို့ ယူဆရ တဲ့ နေရာ တွေ ကို အရှိန် မြှင့် ပြီး တိုက် ခိုက် ရာ မှာ ကြာသပ တေး နေ့ က Sirte မြို့ က အကြီးဆုံး ရေတပ် စခန်း အပါအ၀င် အခြားရေတပ် စခန်း သုံးခု ကတိုက်ရေယာဉ် ရှစ် စင်း ကို ဖျက်ဆီး နိုင်ခဲ့ ပြီး ဂျူပီတာ လို့ အမည် ပေး ထား တဲ့ ရေနံ တင် သင်္ဘော တစ်စင်း ကို ကြားဖြတ် ဖမ်းဆီး နိုင် ခဲ့ ပါတယ်။
နေတိုး တပ် ဖွဲ့  ရဲ့  ဗုံး ကြဲ တိုက် ခိုက် မှု တွေ ဟာ ယခု တစ်ပတ် အတွင်း မှာ ပို မို ပြင်းထန် လာ ပြီး ထရီပိုလီ မြို့ ထဲ နဲ့  မြို့  ပြင်က ကဒါဖီ ရဲ့  လက် နက် တိုက် တွေ ကို လည်း တိုက် ခိုက် ခဲ့ပါတယ်။
ကဒါဖီ ဟာ သူ့ ရဲ့  ရေတပ် နဲ့  အပြစ်မဲ့ အရပ် သား တွေ ကို တိုက် ခိုက် မှု လုပ် နေတာကြောင့် အခုလို တိုက် ခိုက် ဖျက် ဆီး ခဲ့ရတာ လို့  နေတိုးတပ် ဖွဲ့ က ကင်မရွန်း ရိုမီယို သတင်းစာ ရှင်း လင်း ပွဲ မှာ ပြောကြား ခဲ့ပါ တယ်။
လစ်ဗျား နိုင်ငံ အလယ် ပိုင်း က Sebha မြို့ က တပ်တွင်း ရိက္ခာ ထုတ်လုပ် ရေး နဲ့  ထောက်ပံ့ရေး စက်ရုံ တွေ ကို လည်း ဖျက် ဆီး ခဲ့ပြီး ကြာသပတေး နေ့  တစ် နေ့  လုံး အကြိမ် ပေါင်း ၁၆၆ ကြိမ် တိုက် ခိုက် ရာ မှာ ၇၈ ကြိမ်ဟာ ပစ် မှတ် တွေ ကို ကို တိုက်ရိုက် နဲ့  တည့်တည့် ကျကျ ထိမှန် တယ် လို့  အယ်(လ) ဂျာဇီးယား ရုပ် သံ သတင်း မှာ ဖော်ပြ ခဲ့ပါတယ်။
Al Khums မြို့  ရေတပ် စခန်း ကို တိုက် ခိုက် ရာမှာ ဆိုဗီယက် လုပ် ရေငုပ် သင်္ဘော တစ်စင်း ကိုထိ မှန် ခဲ့ တယ် လို့  ရိုက်တာ သတင်း တစ်ရပ် မှာ ဖော်ပြထား ပါတယ်။
ကဒါဖီ သစ္စာ ခံ တပ် တွေ ရဲ့  သတ် ဖြတ် မှု တွေ ကြောင့် မြေထဲ ပင်လယ်ကို ဖြတ်ပြီး ထွက် ပြေး လာတဲ့ အပြစ်မဲ့ ပြည်သူတွေ ကို လစ်ဗျား ရေတပ် က လိုက် လံ နှောင့် ယှက် ပြီး ပစ်ခတ် မှု တွေ အကြိမ်ပေါင်း များ စွာ ရှိ ခဲ့ တယ် လို့  ဗြိတိသျှ ၀န်ကြီး ချုပ် ဒေးဗစ် ကင်မရွန်းက ပြောပါတယ်။
ဗြိတိသျှ စစ်တပ် က ဗိုလ်မှုး ချုပ် John Lorimer က ကဒါဖီ ရဲ့  စစ် တပ် တွေ ဟာ ချဉ်နဲ့  သွား ပြီး အရှိန်မြှင့် တိုက် ခိုက် မှု တွေ မလုပ် နိုင် တော့ ဘူး ဆို ပေမယ့် သောကြာနေ့ မနက် အစော ပိုင်းမှာ လစ်ဗျားနိုင်ငံ အနောက် ခြမ်း က တောင် တွေ ပေါ်မှာ တပ်စွဲ ထား တဲ့ လစ်ဗျား သူ ပုန် တွေ ကို ပြင်းပြင်းထန်ထန် ထိုး စစ်ဆင် ခဲ့ ပါတယ်။
တူနီးရှား နယ် စပ် ဒီ အနောက် ခြမ်း က တောင် တွေ ပေါ် မှာ ကဒါဖီ ကို ဆန့် ကျင် နေတဲ့ ပြည်သူတွေ နဲ့  သူပုန် တွေ ကို ဦးဆောင် နေသူ က တော့ အရင်က လစ်ဗျား စစ်တပ် မှာ အမြင့် ဆုံး စစ်ရေး စွမ်းရည် နဲ့  သူရ သတ္တိ ထူး ချွန် မှု ဆု ရရှိ ခဲ့တဲ့ ဗိုလ်မှုး ကြီး ဟူခ်ျ အူစမာ နဲ့  တပ်ကြပ်ကြီး အယ်(လ)ဗေဒါ တို့ က ဦး ဆောင် နေကြပါတယ်။
ကဒါဖီ ကို သစ္စာခံ တဲ့ တပ် ဖွဲ့  တွေ ဟာ ထရီပိုလီ မြို့  နဲ့  မိုင် ၉၀ လောက် သာ ဇင်တန် မြို့ က အတိုက်အခံ တွေ ထိမ်းချုပ် ထားရာ နေရာကို လည်း တိုက် ခိုက် ခဲ့ပါတယ်။
မနေ့ က လစ်ဗျား က လာတဲ့ သတင်း တွေ မှာ တော့ လစ်ဗျား ခေါင်းဆောင် ရဲ့  ဇနီး နဲ့  သမီး တို့ ဟာ တူနီးရှား နိုင်ငံ ကို ဖြတ် ကျော် ထွက် ပြေး သွား တယ် လို့ ဖော်ပြ ကြပေမယ့် လစ်ဗျား အစိုး ရက တော့ငြင်းဆန် ထားပါတယ်။
တနင်္လာ နေ့  က လစ်ဗျား ရေနံ ၀န်ကြီး Shokri Ghanem ဟာ တူနီးရှား နိုင်ငံ ကို ဖြတ် ပြီး အင်္ဂလန် မှာ နိုင်ငံရေး ခိုလှုံ ခဲ့ပါတယ်။ လစ်ဗျား နိုင်ငံ အစိုးရ အဖွဲ့  မှာ ရေနံ ၀န်ကြီး ရာထူး ဟာ သြဇာ တိက္ကမ ရှိတဲ့ ရာ ထူး တစ်ခု ဖြစ်ပါတယ်။
နေတိုး တပ် ဖွဲ့  ဟာ မတ်လ ၃၁ ရက် နေ့  က စပြီး လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့  စစ်ရေး ပစ်မှတ် တွေကို အကြိမ် ပေါင်း ၇၄၂၈ ကြိမ် တိုက် ခိုက် ပြီး ဖြစ်ပါတယ်။
ရခိုင် အစိုးရသစ် လက်ထက် မော်တော်ပီကေရဲ အကောက်ကြမ်း
ထွန်းထွန်း ။ 21- 05 - 2011 နိရဉ္ဖရာ သတင်းဌာန ဦးလှမောင်တင် ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရမှာ အာဏာ မရှိဘဲ ရုပ်သေး အစိုးရ ဖြစ်နေသဖြင့် စစ်တပ်၊ ရဲနှင့် အစိုးရ ဌာနများ အနေဖြင့် ရခိုင်ပြည်နယ်တွင် ထင်သလို ဆက်လက် မင်းမူနေပြီး တစ်ချို့နေရာများတွင် အခြေအနေမှာ ယခင်ကထက် ပိုမို ဆိုးရွားလာနေသည်ဟု သိရသည်။
" အခြေအနေက စစ်တွေက တစ်ချို့နေရာတွေမှာ ဆိုရင် အရင်ကထက် ပိုဆိုးရွားလာပါတယ်။ အခုဆိုရင် လမ်းပြရဲ (မော်တော်ပီကေ)တွေက အကြောင်း အမျိုးမျိုးပြပြီး ဆိုက်ကားသမားနဲ့ မော်တော်ဆိုင်ကယ် တွေဆီက ငွေကောက်တယ်။ အရင်က ကျပ် ၃၀၀ ဆိုရင် ခုဆိုရင် ၇၀၀ ထိ တိုးကောက်လာပါတယ် " ဟု အမည် မဖေါ်လိုသူ ဆိုက်ကားသမား တစ်ဦးက ပြောသည်။လမ်းပြရဲများကို လမ်းဆုံ လမ်းခွများတွင် ဖြန့်ကျက်ချထားပြီး ဆိုက်ကားတစီးကို ကျပ် ၇၀၀ ကောက်ခံနေပြီး ဆိုင်ကယ် တစ်စီးကိုလည်း ယခင်က ၁၅၀၀ ကျပ်ကောက်ရာမှ ယခုအခါ ကျပ် ၃၀၀၀ ကနေ ၄၀၀၀ ထောင်ထိ ကောက်ခံနေကြောင်း သိရသည်။" သူတို့က ပိုက်ဆံတောင်းချင်ရင် အကြောင်း အမျိုးမျိုးပြပြီး တောင်းနေတာဘဲ။ ကဒ်ပြား မပါဘူး။ ပါရင်လည်း ကဒ်ပြားက ဟောင်းနေပြီ။ လိုင်စင် ကြေးသွင်းပြီး ပီလား။ စသဖြင့် အမျိုးမျိုး ပြပြီး တောင်းနေတာပါဘဲ။ ဆိုက်ကားသမားတွေကလည်း ရဲစခန်းရောက်ရင် ပိုရှုပ်မှာမို့တောင်းတဲ့ငွေကို ပေးကြရတာပါဘဲ" ဟု သူက ဆက်ပြောသည်။ယခုကဲ့သို့ မော်တော်ပီကေရဲများ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေသည်ကို အထက်ကို တင်ပြလျှင်လည်း မည်သူ တစ်ဦးတယောက်မှ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။" အခု ကောက်နေတာက အစိုးရက တရားဝင် ကောက်နေတာ မဟုတ်ပါဘူး။ တပ်ကြပ်အဆင့်ရှိတဲ့ လမ်းပြရဲတွေက သူတို့ အထက် အကြီးအကဲတွေက ကောက်ခိုင်းတဲ့ အတွက် တရားမ၀င် ကေက်နေတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။အဓိက မော်တော်ပီကေမှ ငွေကောက်ခံနေသည့် နေရာများမှာ မေယုလမ်းဆုံ၊ သင်္ဘောဆိပ်၊ စိုင်းဒရား လမ်းဆုံ၊ ရေချမ်းပြင်သွားလမ်း၊ မီးစက်ကြီး လမ်းဆုံ နှင့် တခြားနေရာအသီးတို့တွင် ဖြစ်သည်။၎င်းပြင် စစ်တွေမှ ရဲအဖွဲ့သည့် ကားလမ်းများဘေးတွင် ပြည်သူများ လွတ်လပ်စွာ ယာဉ်များ ရပ်နားနိုင်သော နေရာ ကွက်လပ်များကိုလည်း စည်ပင် အဖွဲ့မှ လေလံဆွဲ ရယူထားပြီး ယာဉ်ရပ်နားသည်နှင့် ငွေများ ကောက်ခံနေကြောင်း သိရသည်။ဆိုက်ကားတစီးကို တညရပ်နားခ ကျပ် ၅၀၀ကနေ ၇၀၀ ထိပေးနေရပြီ ၄င်းတို့ တောင်းခံသည့် ငွေများကို မပေးဆောင်နိုင်ပါက လူနှင့်ဆိုက်ကားကိုဖမ်းကာ စစ်တွေမြို့အမှတ် (၂) ရဲစခန်းသို့ ခေါ်ယူပြီး ငွေကြေးအမြောက်အများ တောင်းခံကြောင်း သိရသည်။ယခုကဲ့သို့ စစ်တွေတွင် မော်တော်ပီကေရဲများ သောင်းကျန်းနေသဖြင့် တစ်နေ့ လုပ်မှ တစ်နေ့ စားရသော ဆိုက်ကား သမားများမှာ စစ်တွေတွင် အခက်အခဲ မျိုးစုံဖြင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။
မြန်မာပြည်မှ မူးယစ်ဆေးဝါးကို ဘင်္ဂလားရဲက ဖမ်း
21/05/2011 လျှပ်တပြက် သတင်းများ ။ နိရဉ္ဖရာသတင်း ဌာန
မနေ့က မြန်မာမှ တင်သွင်းလားတဲ့ တာကာ သန်း ၂၀ (ကျပ်ငွေ သန်း ၂၄၀) တန်ဖိုးရှိတဲ့ ယာဘား ဆေးပြားတွေကို ဘင်္ဂလာရဲက တက်ကနက်နဲ့ ကော့ဘဇား အကြား အိုးကီးယား မြို့နယ်မှာ မိုက်ကရို ကားတစီးပေါ်က ဖမ်းဆီးလိုက်ပါတယ်။ ကားဒရိုင်ဘာကတော့ ထွက်ပြေး သွားခဲ့ပါတယ်။ ယာဘားကို sexual အားတိုးဆေးအဖြစ် ဘင်္ဂလာဒေခ်ျ့မှာ တွင်တွင် ကျယ်ကျယ် သုံးနေတဲ့ အတွက် မြန်မာက လာတဲ့ ယာဘားတွေဟာ ဈေးကြီး ရနေပါတယ်။
“အမျက်ဒေါသနေ့” ကျင်းပ
Saturday, 21 May 2011 03:49 Editor ။ မောက္ခနိုင်ငံတကာသတင်း
ခမာနီများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကို ပြည်လည် သရုပ်ဖော် တင်ဆက်သည့် “အမျက်ဒေါသနေ့” အခမ်းအနားကို မျက်ရည်အပြည့်နှင့် ကမ္ဘောဒီးယား ပြည်သူများစွာ တက်ရောက်ခဲ့ကြသည်။တရားရုံး တင်ခံနေရသည့် အာဏာရှင်ဟောင်းများကို နှစ်ရှည် ထောင်ဒဏ် အပြစ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
ဗုဒ္ဓဘာသာ ရဟန်းများနှင့် ကလေးငယ်များစွာတို့ အပါအ၀င် ထောင်ပေါင်း များစွာသော ပြည်သူတို့ တက်ရောက်ခဲ့ကြသည်။ ၀တ်ရုံနက် ၀တ်ဆင်ထားကြသည့် ကျောင်းသားများက မုဒိမ်းကျင့်ခြင်း၊ ရိုက်နှက် ထိုးကြိတ်ခြင်းနှင့် သေနတ်ဖြင့် ပစ်သတ်ခြင်းတို့ကို ပြန်လည် သရုပ်ဖော် တင်ဆက်ကြသည်။ ဖနွမ်းပင်မြို့တော် အပြင်ဖက်ရှိ အကျဉ်းသား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် သတ်ကွင်းဟောင်းနေရာ သုဿန်တွင် ကျင်းပကြခြင်းပင်။
“ခမာနီတွေ အုပ်ချုပ်စဉ်က ကျမရဲ့ ပူဆွေးသောကကို ဖော်ပြဖို့အတွက် စကား မပြောပြတတ်အောင်ပါပဲ။ အခုတော့လည်း အနှစ် ၃၀ ကျော် ကြာခဲ့ပါပြီ။ ဒါပေမဲ့ ကျမရဲ့ ဝေဒနာတွေကို သတိရနေဆဲပါ။” ၁၉၇၅ - ၇၉ လေးနှစ်တာ ကွန်မြူနစ် လှုပ်ရှားမှုတွင် မိသားစုဝင် ၁၅ ဦး ဆုံးရှုံးခဲ့ရသည့် အသက် ၇၅ နှစ် အရွယ် တင်ဖိုက ပြန်လည်ပြောပြသည်။
နှစ်စဉ်ကျင်းပပြုလုပ်သည့် “အမျက်ဒေါသနေ့” အခမ်းအနားမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ခမာနီခေါင်းဆောင် ၄ ဦးကို တရားစီရင် ဆုံးဖြတ်ချက် မချမီ ရက်သတ္တပတ် အနည်းငယ် အလိုတွင်ပင် ဖြစ်ပါသည်။ တရားခံများထဲတွင် “အကိုကြီး နံပါတ် ၂” ဖြစ်ခဲ့သူ နုယင်ချီယာလည်း ပါဝင်သည်။
“တသက်တာလုံး အကျဉ်းကျ ခံစားရတဲ့ ပြစ်ဒဏ်လိုမျိုးကို ခမာနီခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် အရေးယူပေး စေချင်ပါတယ်။” တင်ဖိုက အေအက်ပီ သတင်းဌာနကို ပြောပြခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် “အကိုကြီး နံပါတ် ၁” ဖြစ်သူ ပိုလ်ပေါ့ ဦးဆောင်သော မာ့က်ဒ်ဝါဒီ ကွန်မြူနစ်အာဏာရှင်တို့က မြို့ကြီးများကို ခါထုတ်ပစ်ခဲ့သည်။ ငွေကြေးစနစ်ကို ဖျက်သိမ်းပြီး ကျောင်းများကိုလည်း ပိတ်ပစ်ခဲ့ကြသည်။ လယ်ယာသမား လူ့အဖွဲ့အစည်း သက်သက်ကိုသာ တည်ဆောက်ရန် စိတ်ကူးယဉ်ခဲ့ကြခြင်းပင်ဖြစ်သည်။ ပညာတတ်များကို သုတ်သင်ရှင်လင်းခဲ့သည်။
ရက်စက်ယုတ်မာလှသည့် အာဏာရှင် အစိုးရ လက်အောက်တွင် ပြည်သူ ၂ သန်းကျော်မှာ ငတ်မွတ် ခေါင်းပါးခြင်းဘေး၊ အလုပ်ပင်ပန်းသည့် ဒဏ်နှင့် ညှဉ်းပမ်း နှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံး ခဲ့ကြရသည်။ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။
ယခင်က ခမာနီထောင်ပိုင်ချုပ် ကိုင်ဂူယက်အေ့ (ခေါ်) ဒါ့ ကို ပြီးခဲ့သည့် ဂျူလိုင်လက စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရက်စက်ကျူးလွန်သည့် ရာဇ၀တ်မှုများ crimes against humanity အတွက် ထောင်ဒဏ် အနှစ် ၃၀ အမိန့်ချခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံရှိ ကုလသမဂ္ဂမှ ပံ့ပိုးကူညီထားသည့် တရားရုံးတွင် ပထမဆုံး တရားစီရင်ခံရသူလည်း ဖြစ်သည်။ အမှုကို အယူခံဝင် ထားသည်။

Sunday, May 22, 2011
အင်းစိန်ထောင်တွင်း ဆန္ဒပြနေ
နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)2011-05-21
သမ္မတဦးသိန်းစိန် ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို မကျေနပ်တာကြောင့် အင်းစိန် အကျဉ်းထောင်တွင်းမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတချို့ မနေ့ကစပြီး အစာငတ်ခံ ဆန္ဒပြနေကြောင်း သတင်း ရရှိပါတယ်။နိုင်ငံရေးအကျဉ်းသား ကိုဇာဂနာကို ထောင်ဝင်စာ တွေ့လေ့ရှိတဲ့ ခယ်မဖြစ်သူ မငြိမ်းက ဒီအကြောင်းကို သူလည်း ကြားမိကြောင်း RFA ကို ပြောပါတယ်။
“ကြားတာတော့ အမျိုးသမီးအဆောင်ဘက်ပေါ့။ အင်းစိန်ထောင်မှာ အမျိုးသမီးဆောင်တွေက သပ်သပ် ရှိကြတာကိုး။ ၁၆ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် လျှော့ရက်အမိန့်ကို မကျေနပ်လို့ တပတ် ဆန္ဒပြမယ်ဆိုပြီး ကြားတယ်။ ကျမ ထင်တာတော့ နိုင်ငံရေးလည်း ပါမှာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေက ဒီ လွတ်ငြိမ်းချမ်းသာခွင့်ကို အကုန်လုံး မျှော်လင့်ကြတာ။ မိသားစုတွေရော၊ အကျဉ်းကျနေတဲ့ လူတွေရော။ ဆိုတော့ ဒီထွက်လာတဲ့ အမိန့်ကို ဘယ်သူမှ မကျေနပ်ကြဘူးလေ”
ဆန္ဒပြနေတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ အရေအတွက်ကို အတိအကျ စုံစမ်းလို့ မရသေးပေမယ့် နိုင်ငံရေး အကျဉ်းသူတွေရော၊ တခြား အကျဉ်းသူတွေပါ ဆန္ဒပြရာမှာ ပါဝင်နိုင်ကြောင်း မငြိမ်းက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်တဲ့ စာရင်းတွေအရ အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၄ဝဝ ကျော် ရှိပြီး အဲဒီထဲမှာ အမျိုးသမီး အရေအတွက် ၃ဝ ကျော် ပါဝင်ကြောင်း သိရပါတယ်။
ဒီအတောအတွင်း ဆယ်စုနှစ်နဲ့ ချီပြီး အကျဉ်းကျ ခံနေရတဲ့ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ပြန်မလွတ်သေးသလို၊ ဟာသ သရုပ်ဆောင်နဲ့ ဒါရိုက်တာဖြစ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုဇာဂနာလည်း ပြန် လွတ်မလာသေးတာကို ကြည့်ရင် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိုး မဟုတ်ဘူးလို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
(၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုပဏ္ဍိတ်ထွန်းရဲ့ မိခင် ဒေါ်ညွန့်နဲ့ ဟာသသရုပ်ဆောင် ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မငြိမ်းတို့ရဲ့ အမြင်တွေကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
Monday, May 16, 2011
၂၀၁၀-၂၀၁၁ခုနှစ် နှစ်ပတ်လည်စုံညီအစည်းအဝေးဖိတ်ကြားခြင်း။
Friday, May 13, 2011
မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
2011-05-12
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ တရပ် ပေါ်ပေါက်ခဲ့ပေမယ့် အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အခု အပတ်အတွင်း ဂျာမနီ ရုပ်သံသတင်းဌာန DW-TV နဲ့ တယ်လီဖုန်း ဆက်သွယ် မေးမြန်းခန်းမှာ မိမိအနေနဲ့ အခုအချိန် အထိ မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ ဘာတခုမှ မတွေ့ရသေးကြောင်း၊ ရွေးကောက်ပွဲ တရပ်ရှိခဲ့ပြီး ဒီရွေးကောက်ပွဲ အပြီး အစိုးရသစ် ဟာလည်း ရွေးကောက်ပွဲ မတိုင်ခင် အစိုးရ လက်ထက်က လူတွေပဲ ဖြစ်ကြောင်း၊ တကယ်စင်စစ် ပြောင်းလဲလာမလား ဆိုတာတော့ စောင့်ကြည့်နေရဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေ လွှတ် မပေးမချင်း၊ မိမိတို့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မပေးမချင်း၊ မြန်မာနိုင်ငံမှာ အမှန် တကယ် ပြောင်းလဲတယ်ဆိုတာ မိမိ မယူဆဘူးလို့လည်း ဂျာမန် ရုပ်သံဌာနနဲ့ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
မြန်မာနိုင်ငံက အာစီယံနိုင်ငံတွေကို အဆိုပြုထားတဲ့ ၂၀၁၄ အာစီယံ ဥက္ကဌ နေရာကို အာစီယံက ပေးအပ်တာဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် ဘယ်နည်းနဲ့မှ အထောက်ကူ မရနိုင်ကြောင်း၊ ဒါပေမယ့် အာစီယံ ဥက္ကဌ နေရာ အတွက် အခြေအနေ သတ်မှတ်ချက်တွေ ပါရှိမယ် ဆိုရင် အထောက်အကူ ပြုနိုင်ကြောင်း၊ ဥပမာ ဥက္ကဌ နေရာ မရယူခင် အပြောင်းအလဲ တချို့ လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတဲ့ အချက်မျိုး ပါဝင်တယ် ဆိုရင် မြန်မာ့ ဒီမိုကရေစီရေး အတွက် အထောက်အကူ ဖြစ်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
RFAမှကူးယူတင်ပြသည်။
Subscribe to:
Posts (Atom)