Monday, January 24, 2011

2011.JANUARY.24 ဂျပန်နိုင်ငံခြားရေးရုံးရှေ့ တွင်ပြုလုပ်သောတောင်းဆိုဆန္ဒပြပွဲ။

နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြလှုပ်ရှားမှုကို တိုကျို KASUMI KASEKI အရပ်ရှိ ဂျပန်နိုင်ငံခြားရေးဝန်
်ကြီးရုံးရှေ့တွင် မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက်(ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်အစိုးရအား မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ

အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်း
ကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် ဂျပန်နိုင်ငံ အနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့ နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ဂျပန်ဘာသာဖြင့် ကြွေးကြော် တောင်းဆို သွားခဲ့ကြပါသည်။




မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japanမှမြန်မာ့ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုဖိတ်ကြားခြင်း။

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan
မှဦးစီး၍ အောက်ပါအစီအစဉ်အတိုင်း နိုင်ငံရေးလှုပ်ရှားမှု များကို ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင်အဖွဲ့ အစည်းအားလုံးပူးပေါင်းပါဝင်

ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အခမ်းအနားအစီအစဉ်များ
ဇန်နဝါရီလ(၃၁)ရက်နေ့တွင် နအဖကပြုလုပ်မည့် လွှတ်တော်ခေါ်ယူခြင်းနှင့်အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝအသိအမှတ်မပြုကြောင်း နှင့် ဂျပန်နိုင်ငံအစိုးရမှလည်းအသိအမှတ် မပြုရန်အတွက် တိုက်တွန်း တောင်းဆိုမည့်
ဆန္ဒပြပွဲများကို

(၁) ၂၀၁၁၊ဇန်နဝါရီလ၂၄ရက်နှင့်၂၅ရက်နေ့များတွင်……..MOFAရှေ့တွင် လည်းကောင်း၊
(KASUMI KASEKI ဘူတာ ထွက်ပေါက်-A-8)
အချိန်(ညနေ -၃-နာရီမှ-၄-နာရီအထိ)


(၂)၂၀၁၁၊ဇန်နဝါရီလ၂၆ရက်/၂၇ရက်/၂၈ရက်……..ဂျပန်လွှတ်တော်ရှေ့
(KOKAI GIJIDOO MAE ဘူတာ ထွက်ပေါက် -၂-)
အချိန်(ညနေ -၃-နာရီမှ-၄-နာရီအထိ)


(၃)၂၀၁၁၊ဇန်နဝါရီလ၃၀ရက်နေ့ တွင်……
အမျိုးသား ပြန်လည် သင့်မြတ်ရေးရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံး ပေါ်ပေါက်ရန် တောင်းဆို ဆန္ဒပြပွဲ။

နေရာ-နအဖအခွန်ရုံးရှေ ။

အချိန်(ညနေ -၃-နာရီမှ-၄-နာရီ-၃၀-အထိ)

(၄)၂၀၁၁၊ဇန်နဝါရီလ၃၁ရက်နေ့ တွင်…….. နအဖ မှ လွတ်တော် ခေါ်ယူပြီး အဆိုပါ လွတ်တော်မှ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်မခံကြောင်း ဆန်ကျင် ကန့်ကွက်သည့် အခမ်းအနား ။

နေရာ-နအဖအခွန်ရုံးရှေ
အချိန်(ညနေ -၃-နာရီမှ-၄-နာရီ-၃၀-အထိ)

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan

အတက်ကြွဆုံး နိုင်ငံရေး လှုပ်ရှားရန်အတွက် အောက်ပါ အစီအစဉ်

ဖြင့် တခဲနက် လာရောက်စုရုံးကြပါရန် ဂျပန်ရောက် BRSAအသင်းသား
များနှင့် မြန်မာနိုင်ငံသားတိုင်းအားလေးစားစွာ နှိုးဆော် ဖိတ်ခေါ် အပ်ပါသည်။

Thursday, December 9, 2010

သံဃာတော်များကို ဒေါ်အောင်ဆန်းစုကြည် သင်္ကန်း ကပ်လှူ။

ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ယနေ့နံနက် ၈ နာရီတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များက သံဃာတော်များနှင့် သီလရှင်များကို သင်္ကန်းနှင့် ၀တ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းပွဲသို့ ပင့်ဖိတ်ထားသော သံဃာတော်များအပြင် တခြားသော ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များစွာ ကြွရောက် လာမှုကြောင့် စီစဉ်ထားသော သင်္ကန်း အရေအတွက် မလောက်မင ဖြစ်ခဲ့ပြီး သံဃာတော် အပါး ၁၅၀ ကိုသာ သင်္ကန်းများ ကပ်လှူနိုင် ခဲ့ကြောင်း၊ သင်္ကန်း မကပ် လှူနိုင်သော သံဃာတော်များကို ဖိနပ်နှင့် ၀တ္ထုငွေများ ကပ်လှူခဲ့ ရကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော် ၁၅၀ ကို သင်္ကန်းများ ကပ်လှူရန် NLD ရုံး အနီးအနားရှိ ဘုန်းကြီးကျောင်းများကို လိုက်လံ ပင့်ဖိတ် ခဲ့သော်လည်း ယနေ့တွင် ရန်ကုန်မြို့တမြို့လုံးရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များ၊ သာမဏေ များနှင့် သီလရှင်များစွာ ကြွရောက် ခဲ့ကြောင်း NLD ဗဟို ကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းထိန်က ပြောသည်။
ယနေ့ လှူဒါန်းပွဲသို့ NLD ရုံးရှေ့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆွမ်းခံကြွလေ့ ရှိသည့် သံဃာတော် ၇၈၅ ပါးနှင့် သီလရှင် ၁၁၉ ပါး ကြွရောက် ခဲ့သည်ဟု သူက ပြောသည်။
ယနေ့ လှူဒါန်းမှု မပြုလုပ်မီ ၁ ပတ်အလိုကတည်းက NLD ရုံးချုပ်ရှေ့နှင့် ရွှေတိဂုံ စေတီတော် အနီးတဝိုက်တွင် သံဃာတော်များ ကြွရောက်ပါရန် ပင့်ဖိတ် ထားသည့် ကြော်ငြာစာရွက်များ လိုက်လံကပ်ခဲ့သည်ဟု သိရသည်။




http://www.humanright-myanmar.com/ မှကူးယူတင်ပြသည်။