Wednesday, March 23, 2011

3月23日(水)14時26分ယနေ့ညနေရရှိသော သတင်း

Tokyo ရေပေးဝေရေးဌာဏမှထုတ်ပြန်ချက်အရ Tokyoမြို့တွင်
ပေးဝေနေသောရေထဲတွင်ရေဒီယိုဓါတ်ကြွမူပါဝင်နူံးမှာ အရွယ်
ရောက်ပြီးလူကြီးများအတွက် အန္တရယ်မရှိသော်လည်း ကလေး
သူငယ်များမှာကြာရှည်သောက်ပါကအန္တရယ်ဖြစ်နိုင ကြောင်း
ကြေငြာသွားပါသဖြင့်ကလေးရှိသောမိသားစုများ
သတိထားကြပါရန်။

http://headlines.yahoo.co.jp/hl?a=20110323-00000075-jij-soci

水道水から放射性ヨウ素=乳児飲用基準の2倍―東京都

時事通信 3月23日(水)14時26分配信
 東京都は23日、金町浄水場(葛飾区)の水道水から乳児向けの飲用基準の約2倍に当たる放射性ヨウ素131を検出したと発表した。同浄水場の供給先の 23区と武蔵野、町田、多摩、稲城、三鷹の5市に居住する住民に対し、乳児の水道水摂取を控えるよう要請した。
 都水道局は、同基準について「長期にわたり摂取した場合の健康影響を考慮して設定したもので、代替となる飲用水が確保できない場合は、摂取しても差し支えない」と説明。石原慎太郎知事は「今後も継続して検査結果を公表していくので、水の使い方を冷静に行ってほしい」と呼び掛けた。
 水道局は、福島第1原発の事故との因果関係に関しては、「どう水源に影響したかは分かりかねる」としている。また、厚生労働省も「気象条件が重なったかもしれないが、調べてみないと分からない」と話している。
 食品衛生法に基づき定められた、乳児向け飲用基準の厚労省の暫定規制値は1キログラム当たり100ベクレル。22日午前9時に同浄水場で採取した水道水からは2倍以上の210ベクレルが検出された。23日午前9時採取分では190ベクレル(速報値)だった。乳児以外向けの規制値300ベクレルは下回っている。放射性セシウム137は検出されなかった。また、同水道局の他の浄水場の放射性ヨウ素の値は、22日午前9時時点で朝霞浄水場(埼玉県朝霞市)では検出されず、小作浄水場(東京都羽村市)が32ベクレルだった。 

မြန်မာ့တပ်မတော်နှင့် လှိုင်သာယာလုပ် အဏုမြူဓါတ်ပေါင်းဖို.

မြန်မာ့တပ်မတော် နှင့် လှိုင်သာယာလုပ် အဏုမြူဓါတ်ပေါင်းဖို (VOA)

ဂျပန်နိုင်ငံတွင် ဖြစ်ပွါးခဲ့သော ငလျှင်၊စူနာမိ နောက်ဆုံးရသတင်း

(ဂျပန်အခေါ် ဟိုရေးဆိုဉ်) တို့ကို စစ်ဆေးရာ အိုင်အို ဒင်းအဆင့်လုံခြုံမှုအဆင့်ထက် ကျော် ဒေသတချို့

ဂျပန်နိုင်ငံတွင် ဖြစ်ပွါးခဲ့သော ငလျှင်၊စူနာမိ ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးမှာ ဒေါ်လာ ၂၃၅ဘီလီယံ ကုန်မည်ဟု ကမ္ဘာဘဏ်ကခန့်မှန်း။ ကျန်းမာရေး အာဏာပိုင်များမှ ရေဒီယမ် အဆိပ်သင့်ကိစ္စရပ်များနှင့် ရေသန့် ကိစ္စရပ်များလည်း ကျန်ရှိသေးဟုဆို

ဂျပန်အာဏာပိုင်များမှ ရေဒီယိုဓါတ်ကြွကို ထိန်းသိန်းနိုင်ခဲ့သော်လည်း အကျပ်အတည်းမှလွန်မြောက်ရန်မှာ ဓါတ်ပေါင်းဖို ၆လုံးအနက် တလုံးမှာ အန္တရယ်အဆင့်ရှိနေသေးကြောင်း၊ ၂ လုံးကို စိတ်ချရသော အပူရှိန်လျော့ချနိုင်ခဲ့ ကြောင်းပြောကြား

အခြေအနေကို ထိန်းချုပ်နိုင်ရန် နီကပ်နေပြီ ဖြစ်ကြောင်း ဒုတိယ အစိုးရအတွင်းဝန်မှ ကြေညာခဲ့

Fukushima Dai-ichi nuclear complex တွင်ဆိုးရွားသော ပြဿနာများ ရှိနေသေးကြောင်း၊ ဓါတ်ပေါင်းဖို အမှတ်၃ မှာ မမျှော်လင့်ဘဲ တက်လာခဲ့ကြောင်းနှင့် ရေဒီယိုဓါတ်ငွေ့များကို စွန့်ထုတ်ပြစ်ရန် လိုကြောင်း၊ စစ်တပ်မှ အန္တရယ်ရှိနေဆဲဖြစ်သော ဓါတ်ပေါင်းဖို ၄ကို တနင်္လာနေ့တွင် ရေထပ်ဖြန်းရန် စီစဉ် ထား




အစားအသောက်နှင့် ရေအန္တရယ် ကင်းရေးသည်လည်း ထူးထူးခြားခြား အရေးကြီးလာ၊ ဒေသတခုမှ နွားနို့နှင့် တခြားဒေသတခုမှ ဟင်းသီးဟင်းရွက်တမျိုး Spinach (ဂျပန်အခေါ် ဟိုရေးဆိုဉ်) တို့ကို စစ်ဆေးရာ အိုင်အို ဒင်းအဆင့်လုံခြုံမှုအဆင့်ထက် ကျော်နေ၍ ဈေးကွက် တင်ပို့မှုပိတ်၊ တခြားသီးနှံအချို့တွင်လည်း ပြန့်နှံမှုရှိ၊ ဓါတ်ပေါင်းဖို နှင့်နီးရာ ဒေသတချို့ရှိ မိုးရေ နှင့် မြေမှုန့်တချို့တွင်လည်း တွေ့ရဟုဆို

ငလျှင်အတွင်း ဓါတ်ပေါင်းဖို ၆လုံးစလုံးတွင် ရေအေးလည်ပတ်မှု စနစ်ပျက်ခဲ့၊ အနည်းဆုံး ပျက်စီးခဲ့သော ဓါတ်ပေါင်းဖို ၅ နှင့်၆ ရှိ လောင်စာချောင်းများ သိုလှောင် ရေလှောင်ကန်များကို စိတ်ချရသော အဆင့် ကိုထိန်းနိုင်ခဲ့ တခြား ဓါတ်ပေါင်းဖို ၂ခုသို့ ဓါတ်အားဆက်သွယ်နိုင်ပြီး တခုကို ပင်လယ်ရေများကို စုပ်ပြီးအ အေးခံနိုင်ခဲ့၊ ဓါတ်ပေါင်းဖို ၆ ရေလှောင်ကန်ကို ပြင်ဆင်နိုင်ခဲ့၊

သို့သော် ဓါတ်ပေါင်းဖို ၃ အတွင်း ဖိအားမှာ စိုးရိမ်စရာ အဆင့်အထိ တိုးတက်လာ၊ တာဝန်ရှိသူများမှ ပေါက် ကွဲမှုမှ ကာကွယ်ရန် ထွက်ပေါက် ဖွင့်ပေးရန် စဉ်းစားလျှက်ရှိ၊ ဤနည်းမှာ လေထုအတွင်း ရေဒီယိုဓါတ်ကြွမှုကို အတိုင်းအတာတရပ် ဖြစ်စေနိုင်၊

ယခု လုပ်ငန်းစဉ်များ အောင်မြင်ပါက အလှည့်အပြောင်း တရပ်ဖြစ်ပြီး စိတ်ဒွိဟဖြစ်စရာမရှိဘဲ အဆိုးဆုံးအ ဆင့်ကို ကျော်လွန်နိုင်မည်မှန်း၊

နူကလီးယား လုံခြုံရေးအရာရှိတဦးမှ ဖြစ်နိုင်ခြေတခုမှာ အိုအိုဒင်ဒင်းနှင့် ရေဒီယိုဓါတ်များဖြစ်သော krypton နှင့် xenon ပါဝင်သော မိုးတိမ်တိုက်တခု လွင့်တင်ရန်ဖြစ်၊

တိုကျိုလျှပ်စစ်မှ ဓါတ်ပေါင်းဖို အတွင်း ဖိအားမြင့်မှုမှာအမြင့်ဆုံးအခြေအနေ တရပ်တွင်ရှိသော်လည်း ဖိအား တိုးလာမှု အခြေအနေ ရပ်ဆိုင်းနေသည့်အတွက် တနင်္ဂနွေ အစီအစဉ်များကို ယာယီရပ်ဆိုင်းကြောင်းနှင့် အခြေအနေ တည်ငြိမ်မှုရှိကြောင်း ပြောဆို၊

ဓါတ်ပေါင်းဖိုအတွင်း အပူရှိန်များမှာ ၅၇၂ံ ဖါရင်ဟိုက် (၃၀၀ံစင်တီဂရိတ်) ရှိ၊ အပူရှိန်တိုးတက်လာပါက အတွင်းရှိ ရေဒီယိုကြွဓါတ်များကို ထုတ်လွတ်ပေးရန် စဉ်းစားလျှက်ရှိ၊

လောင်စာ၊ အစားအစာနှင့် ရေမှာ စိုးရိမ်စရာများ ရှိနေဆဲ၊ သို့သော် အချိန်ကြာကြာနှင့် အရေအတွက် အများ ကြီးမသုံးဆောင်ပါက အန္တရယ် မရှိကြောင်းပြော၊

အစိုရအတွင်းဝန်မှ အစားအသောက်များမှာ အလွန်အမင်း မသုံးဆောင်ပါက အန္တရယ်မရှိကြောင်း ပြောဆို၊ ပါရဂူများမှလည်း ကျန်းမာရေး ခြိမ်းခြောက်မှု မရှိကြောင်းပြောဆို၊

ဇော်မင်းခိုင်
၂၁-၃-၂၀၁၁ (၁၄း၀၀နာရီ)

ညူကလီးယား ကောင်းလားဆိုးလား


ညူကလီးယားတဲ့။ မြန်မာလိုတော့ အဏုမြူလို့ ကျနော်တို့ ဗမာတွေ ဘာသာပြန်ပြီး သုံးခဲ့တာ အခုအထိပါပဲ။ ဂျပန်ကို အမေရိကန်က အဏုမြူဗုံးကြဲလိုက်တဲ့ အခါကြမှ တကမ္ဘာလုံး အဏုမြူစွမ်းအင် အကြောင်းကို ကောင်းကောင်း သိသွား ကြတာမို့လား။ အဏုမြူစွမ်းအင်ဟာ လူသတ်လက်နက် အဖြစ်နဲ့ အသုံးပြုလို့ရသလို အဏုမြူကနေ စွမ်းအင် ထုတ်ယူပြီး လျှပ်စစ်ဓာတ်အား အနေနဲ့ လူတွေ သုံးစွဲနိုင်ပါသေးတယ်။ အဏုမြူကနေ စွမ်းအင် ထုတ်ယူခြင်းဟာ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စတာတွေကနေ စွမ်းအင် ထုတ်ယူတာထက် ဝန်ကျဉ်းတယ်၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း သက်သာစေတယ်၊ ဈေးလည်း ချိုတယ်လို့ အစောပိုင်းက ဆိုခဲ့ကြပါတယ်။

အဲတာကြောင့် အနောက် နိုင်ငံများဟာ နောက်ပိုင်းမှာ အဏုမြူ ဓာတ်ပေါင်းဖို အသေးစား၊ အလတ်စားတွေ ဆောက်လုပ် ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူလာခဲ့ကြပါတယ်။ ခေတ်ဦးပိုင်းတုန်းက တချို့သော ပညာရှင်တွေက ထောက်ပြခဲ့ပါသေး တယ်။ အဏုမြူကနေ လျှပ်စစ်စွမ်းအင် ထုတ်ယူတာတော့ ဟုတ်ပါပြီ။ ဓာတ်ပေါင်းဖို မတော်တဆ ပေါက်ကွဲတာမျိုး မ ဖြစ်အောင်၊ အဏုမြူ ဓာတ်ရောင်ခြည် ယိုစိမ့်တာမျိုး မဖြစ်အောင် လုံခြုံရေးအတွက် ဘယ်လို လုပ်ကြမလဲလို့ ဆွေးနွေး ကြပါတယ်။ သို့သော်လည်း
တချို့သော ပညာရှင် တွေကတော့ နည်းပညာ အဆင့်အတန်း မြင့်တယ်ဆိုရင် အဏုမြူ ဓာတ်ပေါင်းဖို လုံခြုံရေးအတွက် စိတ်ချလက်ချ ဆောင်ရွက် နိုင်တယ်လို့ ထောက်ပြပါတယ်။ အဲတော့ အစိုးရများနဲ့ လျှပ် စစ် စွမ်းအင် ထုတ်ယူပြီး ပြန်လည် ရောင်းချလိုတဲ့ ငွေရှင်များက နည်းပညာ အဆင့်အတန်း မြင့်မြင့်မားမားနဲ့ ဆောင်ရွက်နိုင် တယ်ဆိုတဲ့ ပညာရှင်များကို အားကိုးပြီး အဏုမြူ ဓာတ်ပေါင်းဖိုတွေကို ဆောက်လာကြပါတယ်။ နောက်ပိုင်းမှာတော့ ဂျ ပန်နိုင်ငံမှာလည်း အမေရိကန်တွေ ပေးတဲ့ နည်းပညာကိုယူပြီး အဏုမြူ ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ပါတယ်။ ၂ဝဝ၆ ခုနှစ် စာရင်းအရဆိုရင် ဂျပန်နိုင်ငံမှာ လျှပ်စစ်စွမ်းအင် ထုတ်ယူဖို့အတွက် တည်ဆောက်ခဲ့တဲ့ ဓာတ်ပေါင်းဖိုပေါင်း (၅၂) လုံး ရှိပါတယ်။နည်းပညာ အဆင့်အတန်း မြင့်မားရင် အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ပြီး စွမ်းအင် ထုတ်ယူတာဟာ စိတ်ချရတယ်လို့ ဆိုတာဟာ တကယ်တန်း မှန်ပါသလားဆိုတာ စောကြောစရာ ဖြစ်လာပါတယ်။

အဏုမြူဓာတ်ပေါင်းဖို ပေါက်ကွဲတာ၊ ယိုစိမ့်တာတွေကို အသာထားလိုက်ဦး။ အဏုမြူဓာတ်ပေါင်းဖိုမှာ အသုံးပြုပြီးသား ပစ္စည်းတွေကို စွန့်ပစ်တော့မယ်ဆိုရင်တောင် ရေဒီယိုသတ္တိကြွဓာတ်က အနည်းနဲ့အများ သင့်နေဆဲမို့ ကျန်နေဆဲမို့ လူ တွေအတွက် အန္တရာယ်မဖြစ်ရအောင် အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီးမှ စွန့်ပစ်တယ်လို့ ဆိုပါတယ်။ အကြမ်း ဖျဉ်း ပြောရရင်တော့ အဏုမြူစွန့်ပစ် ပစ္စည်းတွေကို အကောင်းစား ကွန်ကရစ်တွေနဲ့ အထပ်ထပ် အုံပြီးမှ မြေကြီးထဲကို မြှုပ်ပါတယ်။ တချို့နိုင်ငံတွေကတော့ ပင်လယ်ထဲမှာ သွားပြစ်တယ်လို့ ဆိုပါတယ်။ မြေကြီးထဲကို မြှုပ်လိုက်တဲ့ နေရာမှာ လည်း ဘာတွေပြောစရာ ဖြစ်လာသလဲဆိုတော့ အဏုမြူ စွန့်ပစ်ပစ္စည်း မြုပ်ထားတဲ့ နေရာတဝိုက်ဟာ သာမန်ထက် အ ပူချိန် ပိုများတယ်လို့ သိရပါတယ်။ အဲသလို စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေမှာ ကျန်ရှိနေသေးတဲ့ ရေဒီယိုသတ္တိကြွ အဏုမြူဓာတ်ဟာ ဘယ်တော့ကျမှ လုံးလုံး ဓာတ်ပျယ်သွားပါသလဲ။ နှစ်ပေါင်း နှစ်သိန်းငါးသောင်း ကြာတော့မှ အဏုမြူဓာတ် လုံးလုံး ကင်းစင်မယ်လို့ ကျွမ်းကျင်သူ များက ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ၁၉၉၇ ခုနှစ်တုန်းက ဓာတ်ပေါင်းဖိုတခု ယိုစိမ့်မှု ဖြစ်ပါတယ်။ လူတွေ မသိခင်မှာ အမြန်ပြန်ပြီး ပိတ်ဆို့နိုင်ခဲ့ ပါတယ်။ ၁၉၉၉ ခုနှစ်မှာလည်း နောက်ထပ် ဓာတ်ပေါင်းဖို တခုက ယိုစိမ့်မှုဖြစ်လို့ လူပေါင်း ၆ဝဝ ကျော် အဏုမြူရေဒီယို ဓာတ်သင့်ခြင်း ခံခဲ့ရပါတယ်။ ၂ဝဝ၄ ခုနှစ် သြဂုတ်လမှာလည်း ဓာတ်ပေါင်းဖိုတခု ယိုစိမ့်မှု ဖြစ်ပြန်ပါတယ်။ လူလေးဦး သေဆုံးခဲ့ရပြီး အများအပြား ဓာတ်သင့်ခြင်း ခံရပါတယ်။ အခုဟာကတော့ ငလျှင်နဲ့ ဆူနာမီဒဏ်ကြောင့် ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး အဏုမြူ ဓာတ်ရောင်ခြည်တွေ လေထုထဲကို ယိုစိမ့် ထွက်လာပါတယ်။ ဒီတခါ ဖြစ်တာက ပိုပြီးအန္တရာယ် ရှိပါ တယ်။
အင်္ဂလန်နိုင်ငံမှာတော့ ၁၉၅ဝ ခုနှစ်များကထဲက ဓာတ်ပေါင်းဖိုတွေ ဆောက်ပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်ယူ ရောင်းချ ပါ တယ်။ အင်္ဂလန်မှာ အဏုမြူ ဓာတ်ပေါင်းဖို (၁၁) လုံးရှိပါတယ်။ သူတို့မှာလည်း တခါတုန်းက ဓာတ်ပေါင်းဖိုတခု ယိုစိမ့်မှု ဖြစ်လို့ ပိတ်ပစ်ခဲ့ရပါတယ်။ အဲတာက ဗြိတိသျှ တပ်မတော်ကနေ တိုက်ရိုက် ဦးစီးလုပ်ကိုင်တဲ့ ဓာတ်ပေါင်းဖို ဖြစ်ပါတယ်။ အင်္ဂလန်မှာ အခု ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ အဏုမြူဓာတ် ကျန်နေဆဲဖြစ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို သန့်ရှင်းသွား အောင် ဆောင်ရွက်တဲ့နေရာမှာ ငွေကြေး အကုန်အကျ များလွန်းတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်အတွင်း အဏု မြူစွန့်ပစ် ပစ္စည်းတွေကို သန့်ရှင်းအောင် ဆောင်ရွက်ရတာ အင်္ဂလိပ်ပေါင်ငွေ ၅၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၂ ဘီ လီယံ) သုံးစွဲခဲ့ရပါတယ်။ အခုလည်း ဆက်ပြီး ငွေကုန်ခံနေရပါတယ်။

၁၉၈၆ ခုနှစ်တုန်းက ရုရှားနိုင်ငံက ရှာနိုဘိုင်းဆိုတဲ့ အဏုမြူ ဓာတ်ပေါင်းဖို ပေါက်ကွဲမှုဖြစ်တော့ လူပေါင်း အမြောက်အများ သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့လူများ ဓာတ်ရောင်ခြည် သင့်တာကို ခံခဲ့ရပါတယ်။ အဲဒီတုန်းက အဏုမြူ ဓာတ်ပေါင်းဖို တွေပိုင်ဆိုင်တဲ့ အခြားသော အနောက်နိုင်ငံများက ဘာပြောသလဲဆိုတော့ ရုရှားရဲ့ နည်းပညာက သူတို့လို အဆင့်မမြင့် လို့ ဖြစ်ရတာလို့ လက်ညှိုးထိုးရင်း သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံကတော့ ကျောက်မီး သွေး အခြေခံ လျှပ်စစ် ဓာတ်အားထုတ် စက်ရုံတွေကို အဏုမြူ ဓာတ်ပေါင်းဖိုတွေနဲ့ အစားထိုးဖို့ ဆောင်ရွက်နေပါတယ်။ သက္ကရာဇ် ၂ဝ၂ဝ မှာ အဏုမြူ ဓာတ်ပေါင်းဖို အလုံးပေါင်း ၃ဝ အထိ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။

အရင်တုန်းက အဏုမြူပညာရှင်တွေ စိုးရိမ်တာက ဓာတ်ပေါင်းဖိုအတွင်း တခုခု အမှားအယွင်းဖြစ်လို့ ပေါက်ကွဲတာ ယို စိမ့်တာကိုသာ အလေးထား ထည့်တွက်ခဲ့တာ ဖြစ်ပါတယ်။ အခုဂျပန်မှာ ဖြစ်သလို ငလျှင်ကြောင့်၊ ဆူနာမီကြောင့် အဏု မြူဓာတ်ပေါင်းဖို တိုက်ရိုက်ပေါက်ကွဲ ပျက်စီးတာမျိုးကို ထည့်မတွက်ခဲ့ကြပါဖူး။ နည်းပညာ ဘယ်လောက်ပဲ အဆင့်မြင့် မြင့် ငလျှင်ဒဏ် ပြင်းပြင်းခံရရင်၊ ဆူနာမီလိုဟာမျိုးနဲ့ တွေ့ရင် အဏုမြူ ဓာတ်ပေါင်းဖို ပျက်စီးပြီး လူတွေအန္တရာယ် တွေ့နိုင် တယ်ဆိုတာကို အခုလို လက်တွေ့ ရင်ဆိုင်လိုက်ရမှ အဏုမြူ ပိုင်ရှင်တွေ မျက်ကလဲဆန်ပြာ ဖြစ်ကြတာပါ။

ကနေ့ကမ္ဘာကြီးရဲ့ လူဦးရေ ၈ဝ% ဟာ ပင်လယ် ကမ်းရိုးတန်း တလျှောက်မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ကုန်းတွင်းပိတ် နိုင်ငံတွေကလွဲလို့ ကျန်တဲ့ နိုင်ငံတွေဟာ အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ရင် ပင်လယ် ကမ်းရိုးတန်းနားမှာပဲ ကပ် ပြီး တည်ဆောက်လေ့ ရှိပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အဏုမြူ ဓာတ်ပေါင်းဖို လည်ပတ်နေတုန်း အအေးခံဖို့အတွက် ရေကို အမြောက်အများ သုံးရလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေနားနီးနီးမှာ တည်ဆောက်တာလည်း ဖြစ်ပါတယ်။ ကုန်း တွင်း ပိတ်နေတဲ့နေရာမျိုးမှာ တည်ဆောက်ထားတဲ့ အဏုမြူ ဓာတ်ပေါင်းဖိုတွေကတော့ ရေချိုကို အသုံးပြုပြီး အအေးခံ တဲ့စနစ်နဲ့ လည်ပတ်ရတာဖြစ်လို့ ရေချိုအမြောက်အများ သုံးစွဲရပါတယ်။ ဒါ့ကြောင့် ရေချိုအရင်းအမြစ်ကို တဖက်မှာ ထိ ခိုက်စေပြန်ပါတယ်။ ကနေ့ ကမ္ဘာကြီးမှာ မိုးခေါင်တဲ့နှစ်တွေ ထပ်သတဲ့ထပ် လာနေပါတယ်။ ရေချိုရှားပါးလာတယ်။ စိုက် ပျိုးရေးအတွက်တောင် ရေမလုံလောက်တဲ့ ကိစ္စမျိုးတွေ ဖြစ်လာနေတဲ့ အချိန်မှာ အဏုမြူ ဓာတ်ပေါင်းဖိုအတွက် ရေချိုကို အလွန်အမင်း သုံးစွဲရတာ အနာဂတ်မှာ ပိုပြီးကြီး ကျယ်လာတဲ့ ပြဿနာ ဖြစ်လာလိမ့်မယ်လို့ တချို့ပညာရှင်များက ဟော ကိန်းထုတ်ပါတယ်။

နောက်တချက်ကတော့ ငလျှင်ဒဏ်ကို မခံရဖူးထားဦး၊ ပင်လယ်နားမှာ ကပ်ပြီးတည်ဆောက် ထားရတဲ့အတွက် ဆူနာမီ လိုဟာမျိုး၊ ဟာရီကိန်းနဲ့ တိုင်ဖွန်း မုန်တိုင်းလို ဟာမျိုးတွေရဲ့ ဒဏ်ကို ခံရဖို့ အလားအလာ များနေပါတယ်။ ဒါ့အပြင် ကမ္ဘာ ကြီးမှာ ရေခဲတွေ အရည်ပျော်လာတဲ့အတွက် ပင်လယ်ရေမျက်ပြင် မြင့်တက် လာတာကလည်း ရေရှည်မှာ ရင်ဆိုင်ရမယ့် ပြဿနာ ဖြစ်လာပါတယ်။ ဥပမာ တခုကို ပြောရရင် ၂ဝဝ၄ ဆူနာမီတုန်းက ရေလှိုင်းတွေဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ သာမက အိန္ဒိယ နိုင်ငံအထိ ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီ အကျိုးဆက် ကြောင့် မဒရပ်စ်မြို့ အနားက အိန္ဒိယရဲ့ ဒုတိယအကြီး ဆုံး အဏုမြူ ဓာတ်ပေါင်းဖိုကို ခေတ္တပိတ်ပစ် ခဲ့ရပါသေးတယ်။ အင်္ဂလန်မှာလည်း အဏုမြူ ဓာတ်ပေါင်းဖို အများစုဟာ ပင် လယ်ကမ်းရိုးတန်း အနားမှာပဲ တည်ဆောက်ထား ကြတာဖြစ်ပါတယ်။ တချို့ဓာတ်ပေါင်းဖို တွေဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် နှစ်မီတာ သုံးမီတာလောက်ပဲ မြင့်ပါတယ်။

ကုန်းတွင်းပိတ်မှာ ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေဟာ အအေးခံစနစ်အတွက် ရေချိုပမာဏ အမြောက်အများ သုံးစွဲရ တဲ့အပြင် ပူနေဆဲရေတွေကို နီးရာ မြစ်ချောင်းနဲ့ အင်းအိုင်တွေထဲ သွန်ပါတယ်။ အဲတာကလည်း သဘာဝပတ်ဝန်းကျင် ကို ရေရှည်မှာ ပျက်စီးစေပြန်ပါတယ်။ ပင်လယ်နားက ဓာတ်ပေါင်းဖိုကတော့ ရေပူတွေကို ပင်လယ်ထဲ သွန်ထုတ်ပါ တယ်။ အဲတာရဲ့ အကျိုးဆက်အဖြစ် ပင်လယ်ရေအောက်နေ သတ္တဝါတွေကို ပျက်စီးစေပြန်ပါတယ်။ ခြုံပြီး ပြောရမယ်ဆို ရင် သစ်တောတွေပြုန်းလို့ ကမ္ဘာမှာ အပူချိန်မြင့်တက်လာတဲ့ အချိန်မျိုးမှာ အဏုမြူဓာတ်ပေါင်းဖိုတွေကို ဘယ်နားမှာပဲ ဆောက်ဆောက် ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနဲ့ ရေချိုရှားပါးလာမှုကို အားပေးသလို ဖြစ်တာကတော့ အမှန်ပဲလို့ ဆိုကြ ပါတယ်။

၂ဝဝ၃ ခုနှစ်က ဥရောပမှာ စံချိန်တင် အပူလှိုင်းတွေ ဝင်ရောက်လာတော့ ပြင်သစ်နိုင်ငံက ဓာတ်ပေါင်းဖို ၁၇ မှာ တချို့ ဓာတ်ပေါင်းဖိုတွေကို ရပ်ဆိုင်းထားရပါတယ်။ တချို့ဓာတ်ပေါင်းဖို တွေကတော့ ထုတ်လုပ်မှု ပမာဏကို လျှော့ချခဲ့ရပါ တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အပူလှိုင်းကြောင့် မြေရော၊ မြစ်တွေပါ အပူချိန်တက်နေတုန်း ဓာတ်ပေါင်းဖိုက သွန်ထုတ် နေတဲ့ ရေပူတွေကပါ အပူချိန်ကို ပိုပြီးတက်လာအောင် အားပေးသလို ဖြစ်ခဲ့တာကြောင့်ပါ။ ၂ဝဝ၆ ခုနှစ်တုန်းကလည်း စ ပိန်နိုင်ငံမှာ ပူလွန်းတာကြောင့် မြစ်ရေရဲ့အပူချိန်တောင် တက်လာတာမို့ မြစ်ထဲကို ရေပူသွန်နေတဲ့ ဓာတ်ပေါင်းဖို တလုံး ခေတ္တပိတ်ခဲ့ရပါတယ်။ ၂ဝဝ၃ နဲ့ ၂ဝဝ၆ ခုနှစ်များအတွင်း ဥရောပတိုက်မှာ ဓာတ်ပေါင်းဖိုတွေဟာ ရှိသမျှစွမ်းအင်ကို အ ပြည့်အဝသုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်ခဲ့ရပါတယ်။ ဘာလို့တုန်းဆိုတော့ အဲဒီနှစ်များအတွင်း နွေကာလတွေမှာ လေ အေးပေးစက် အလွန်အကျွံသုံးခဲ့လို့ ဖြစ်ရတာလို့ ဆိုပါတယ်။

၁၉၇၉ တုန်းက အမေရိကန်နိုင်ငံ ပင်စီဗေးနီးယားပြည်နယ်မှာ “သုံးမိုင်ကျွန်း” လို့ အမည်ရတဲ့ အဏုမြူဓာတ်ပေါင်းဖို ယို စိမ့်တာ ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၆ ရုရှား ရှာနိုဘိုင်း ဓာတ်ပေါင်းဖို ပေါက်ကွဲ ခဲ့ပါတယ်။ ဒါတွေကို လူတွေကမေ့နေတာ ကြာ လှပါပြီ။ သို့သော်လည်း အခု ဂျပန်နိုင်ငံက ဖူကူရှီးမား ဓာတ်ပေါင်းဖိုပေါက်ကွဲတာဟာ အမေ့မေ့ အလျှော့လျှော့ ဖြစ်နေ တဲ့ လူတွေကို ထပ်မံသတိပေးလိုက်တယ်ဆိုရင်လည်း မမှားပါဖူး။ အဏုမြူဓာတ်ပေါင်းဖိုဟာ လုံခြုံမှုရှိအောင် နည်းပညာ အဆင့် ဘယ်လောက်မြင့်တာတွေနဲ့ပဲ လုပ်လုပ် သဘာဝဘေး ဒုက္ခကပ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ လူသားတွေအ တွက် အန္တရာယ်ကျရောက်နိုင်တဲ့ အလားအလာတွေ ရှိနေသေးတယ်ဆိုတာကို ထင်ထင်ရှားရှား ပြလိုက်တာပါပဲ။

နောက်တချက်လည်း ပစိဖိတ်သမုဒ္ဒရာ ပတ်လည်က နိုင်ငံတွေဟာ ငလျှင်ကြော လိုင်းပေါ်မှာ တည်ရှိတဲ့အတွက် ငလျင် လှုပ်မှာ၊ မီးတောင် ပေါက်ကွဲမှာကို အမြဲ စိုးရိမ်နေရပါတယ်။ မြန်မာနိုင်ငံဟာ ပစိဖိတ်ဒေသထဲမှာ မဟုတ်ပေမယ့် ငလျင် ကြောအပေါ်မှာ တည်နေပါတယ်။ မှတ်မိသလောက်တော့ မြန်မာနိုင်ငံမှာ ငလျှင်ကြီးနှစ်ခု လှုပ်ခဲ့ပါတယ်။ တခုကတော့ အင်္ဂလိပ်ခေတ်မှာ လှုပ်ခဲ့တာဖြစ်ပြီး ပဲခူးငလျှင်ကြီးလို့ လူသိများပါတယ်။ နောက်တခုကတော့ မဆလခေတ်မှာ လှုပ်ခဲ့တဲ့ ပုဂံငလျှင်ကြီး ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဇာတ်လိုက် ကျော်ကြီးများဖြစ်တဲ့ နေပြည်တော်က ဗိုလ်ချုပ်ကြီးများမှာလည်း ညူ ကလီးယား အိပ်မက်တွေ ရှိနေပါတယ်။ ကြိတ်လည်းကြံနေပါတယ်။ သူတို့ကတော့ ပင်လယ်နားမှာ မဆောက်ရဲတော့ ကုန်းတွင်းပိတ်ထဲမှာ သွားဆောက်နေကြပါတယ်။ နောင်ကျရင် ကုန်းတွင်းပိုင်းက လူတွေ ရေချိုရှားပါးမှုနဲ့ ရင်ဆိုင်ရရင် သူတို့ လက်ချက်ပဲလို့ ဆိုရတော့မှာပါ။ ဒီကြားထဲ ကာရန်မသင့်လို့ ဓာတ်ပေါင်းဖို ပေါက်ကွဲ ယိုစိမ့်တယ် ဆိုရင်တော့ အနီးအနားက လူတွေ ခံရဦးမှာကလည်း နောက်တချက်လို့ စိတ်မသက်မသာ ဖြစ်မိပါရဲ့။

ဇော်မင်း
၁၈ ရက်၊ မတ်လ၊ ၂ဝ၁၁ ခုနှစ်
စာကိုး။ ။ “N-advocators will be back … after a suitable hiatus” by Brahma Chellaney, in Bangkok Post, 16th March 2011.

ရန်ကုန်လေဆိပ်၌ နိုင်ငံခြားပြန်များကို ခြိမ်းခြောက် ငွေညှစ်နေ

21 March 2011,

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာ အလုပ်သမားများထံမှ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ကြုံတွေ့ခဲ့ရသူများက ပြောသည်။

မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် ထိုင်းနိုင်ငံ အပါအ၀င် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ပြီး ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများကို လေဆိပ်တာဝန်ကျ အစိုးရ၀န်ထမ်းများက သက်ဆိုင်ရာ မြန်မာသံရုံးများတွင် ၀င်ငွေခွန်မဆောင် ခဲ့သည့်အတွက် ဖမ်းဆီးအရေးယူနိုင်သည်ဟု အကြောင်းပြ ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများက ပြောဆိုကြသည်။

“ရန်ကုန် လေဆိပ်မှာ Channel (နေရာ) တွေခွဲထားတယ်။ အလုပ်လုပ်ပြီး

ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို စိစစ်တဲ့ channel က သပ်သပ်။ အလည်နဲ့
မှီခို သွားပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ စိစစ်တဲ့ Channel က တခု။
နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ မြန်မာအလုပ်သမားတွေ အားလုံးကို လေဆိပ်တာဝန်ကျ လ၀က၊ အကောက်ခွန်၊ ရဲတွေနဲ့ စရဖ တို့ပေါင်းပြီး
ငွေတောင်းတယ်။ သူတို့က ခင်ဗျားတို့ နိုင်ငံခြားမှာ နေတုန်းက သံရုံးမှာ ၀င်ငွေခွန် မဆောင်ခဲ့ဘူး။ ဒါကြောင့် တယောက်ကို အနည်းဆုံး ဆယ်ဒေါ်လာ ပေးရမယ် ဆိုပြီး တောင်းတယ်။ လ၀က ကောင်တာမဖြတ်ခင် ကတည်းက ပိုက်ဆံကြိုထုတ်ထားဖို့
လေဆိပ်ဝန်ထမ်း တွေက ပြန်လာတဲ့ သူတွေကို ပေါ်ပေါ်တင်တင် တရားဝင်ကို လိုက်ပြောတာ”ဟု စင်ကာပူနိုင်ငံရှိ သင်္ဘောကျင်းတခုတွင် အထွေထွေ အလုပ်
သမားအဖြစ် လုပ်ကိုင်ပြီး ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား တဦးက ရှင်းပြသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားအများစုသည် ရန်ကုန်လေဆိပ်၊ လ၀က ကောင်တာကို ဖြတ် သန်းချိန် တဦးလျှင် မလေးရှား

ရင်းဂစ် တဆယ် ပေးရကြောင်း၊ ရင်းဂစ် တဆယ် မပေးဆောင်လျှင် အကောက်ခွန်
ဝန်ထမ်းများက ခရီးဆောင်အိတ်များ၊ လက်ဆွဲအိတ်များကို ရှာဖွေပြီး နိုင်ငံခြားငွေ
ကို တရားဝင်ကြေညာခြင်းမပြုဘဲ သယ်ဆောင် သည်ဟုဆိုကာ ဥပဒေအရ အရေးယူရန် ခြိမ်းခြောက်၍ပါသမျှ ငွေကြေးကို သိမ်းယူခြင်းများပြုလုပ်ကြောင်း မလေးရှားနိုင်ငံတွင် သုံးနှစ်ကြာ အလုပ် လုပ်ပြီး မြန်မာနိုင်ငံ ပြန်လာသည့် အလုပ်သမားတဦးက ဆိုသည်။

“မလေးရှားက အလုပ်လုပ်ပြီး ပြန်လာတဲ့သူ ဆိုရင် ရင်းဂစ် တဆယ်၊ စင်ကာပူဆိုရင် စင်ကာပူ ဒေါ်လာ ၂၀ ၊ ဂျပန်ဆိုရင် အမေရိကန် ဒေါ်လာ ၅၀ လောက်ထိ လေဆိပ်

ဝန်ထမ်းတွေက တောင်းတယ်။ ပိုက်ဆံ မပေးရင် ရစ်တယ်၊ ပြဿနာ ရှာတယ်။
တော်တော် များများကလည်း ပြန်လာတဲ့အချိန် ပြဿနာ မတက်ချင်တော့ တောင်းသမျှ ပေးကြတယ်။ လေယာဉ် တစီးဆိုက်ပြီးရင် မြန်မာ အလုပ်သမား တွေကို စိစစ်တဲ့ လ၀က ကောင်တာမှာ နိုင်ငံခြား ပိုက်ဆံတွေ ကြွပ်ကြွပ်အိတ် အမည်းတွေနဲ့ ကျူံးပြီးသိမ်းရတဲ့

အထိ ပိုက်ဆံတွေက များတယ်”ဟု လေဆိပ် ၀န်ထမ်းတဦးက ပြောပြသည်။

ရန်ကုန်လေဆိပ်တွင် ပြည်ပမှ ပြန်ရောက် လာသူများ အားလုံးကို လ၀က ၀န်ထမ်း

များက လုပ်ငန်းနှင့် မသက်ဆိုင်သော မေးခွန်းများ မေးမြန်းပြီး စိစစ် မှုများ ပြုလုပ်ကြကြောင်းလည်း သိရှိရသည်။

“ရန်ကုန်လေဆိပ်မှာ မလိုအပ်တဲ့ မေးခွန်းတွေမေးတယ်။ အလည်သွားတာလား၊

ဟိုမှာ ဘယ်လောက်ကြာလဲ၊ ဘာကိစ္စ သွားတာလဲ၊ ဟိုမှာ ဘယ်သူရှိလဲ ဆိုတဲ့
မေးခွန်းတွေ မေးတယ်။ ဒါတွေက ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ၀င်ရောက် စွက်ဖက
်တာပဲ။ နိုင်ငံခြား လေဆိပ်တွေ မှာ အဲဒီလို မမေးဘူး။ ဗီဇာပြပြီး အေးအေး လူလူ
ဝင်သွားလို့ ရတယ်။ ကိုယ့်နိုင်ငံ ပြန်ရောက်မှ အမေးခံရ၊ အစစ်ခံရတာ။ လေဆိပ်
ဝန် ထမ်းတွေက မလိုအပ်ဘဲ အာဏာပြ နေကြတယ်”ဟု ထိုင်းနိုင်ငံ
ဘန်ကောက်မြို့သို့ ပုံမှန် သွားနေသူ စီးပွားရေး သမားတဦးက ဆိုသည်။

အကောက်ခွန် အသိုင်းအ၀ိုင်း၏အဆိုအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်

လ၀က ၊ ရဲ၊ အကောက်ခွန် ၀န်ထမ်း နှင့် စရဖ များကို လစဉ် အပြောင်းအလ
ပြုလုပ်လေ့ရှိပြီး လေဆိပ်တွင် တာဝန်ထမ်းဆောင်ခွင့်ရချိန်
ဝင်ငွေအများအပြားရရှိခြင်းကြောင့် တာဝန် ထမ်းဆောင်လိုသူ များပြားကြောင်း
သိရှိရသည်။

အငြိမ်းစား အစိုးရ ၀န်ထမ်းတဦးကမူ“လာဘ်ပေး လာဘ်ယူ ဆိုတာက ထိပ်ပိုင်းကစပြီးဖြစ်နေတာ။ အောက်ခြေတင် မဟုတ်ဘူး။ အရေးယူမယ်ဆိုရင် ထိပ်ဆုံးက လူတွေကို စပြီး အရေးယူမှ ရမယ်။ ဒါက အလေ့အထ တခုလိုဖြစ်နေပြီ။ ဘယ်သူမဆို လုပ်စားခွင် ရရင် လုပ်ကြမှာပဲ။ အစိုးရ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ လာဘ်ပေး လာဘ်ယူ မလုပ်တဲ့သူဆိုတာ ခပ်ရှားရှားပဲ”ဟု ဝေဖန်ပြောဆို သည်။

သတင်းရင်းမြစ် _ ဧရာဝတီ

MAUNG NE WIN

ဓာတ်ပေါင်းဖိုအတွက် ဓာတ်အားပေးနိုင်တော့မည့် သတင်း

မတ်လ ၂၁ ရက် တနင်္လာနေ့ ၁၅း၅၅ နာရီတွင် နံပတ် ၃ ဓာတ်ပေါင်းဖိုရှိတဲ့နေရာကနေ မီးခိုးတွေ ထွက်လာခဲ့ပါတယ်။ နံပတ် ၂ ကလည်း အဖြူရောင်အခိုးအငွေ့တွေ ထွက်လာခဲ့တယ်လို့ လည်းသိရပါ တယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို တိတိကျကျမသိရသေးပါဘူး။ နံပတ် ၃ ဓာတ်ပေါင်းဖို နေရာမှာ မီးခိုးမဲတွေထွက်လာတဲ့အတွက် TEPCO သူ့ရဲ့ ၀န်ထမ်းတွေကို အရေးပေါ် ယာယီကယ်ထုတ်ခဲ့ ရတယ်လို့ ပြောပါတယ်။

ဂျပန်အစိုးရရဲ့သတင်းထုတ်ပြန်ကြေညာချက်တွေအရဆိုရင် အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာ နေတဲ့ဘက်ကို တဖြည်းဖြည်းချင်းဦးတည်လာနေပေမဲ့လည်း အချိန်ကြာရှည်လာတာရယ်၊ ဟင်းသီး ဟင်းရွက်၊ နွားနို့၊ ရေ စတာတွေဟာ ဓာတ်ရောင်ခြည်သင့်မှုတွေရှိနေတယ်လို့ အတိအလင်းထုတ်ဖော် ပြောဆိုတာတွေရှိနေတာက တကယ်လက်တွေ့မှာ ကောင်းတဲ့ဘက်ကို ဦးတည်နေတာမျိုးမရှိဘူးလို့ တွက်ဆလို့ရတဲ့အနေအထားကို ရောက်စေပါတဲ့အတွက် လူတွေကြားမှာ ထင်ကြေးအမျိုးမျိုးပေးနေပါ တယ်။

စားစရာသောက်စရာတွေဟာ လူတွေရဲ့ကျန်းမာရေး ကို ချက်ချင်းလက်ငင်းထိခိုက်စေတာမျိုးမရှိပါဘူးလို့ ပြောနေပေမဲ့လည်း ရောင်းချမှုတွေ ရပ်ဆိုင်းလိုက်တာတွေက အစိုးရရဲ့သတင်းထုတ်ပြန်မှုတွေက ပြည့်စုံ လုံလောက်မှုမရှိဘူးဆိုတဲ့အမြင်တွေကို ပေါ်ပေါက်လာစေပါတယ်။

ဒီအတောအတွင်း အမေရိကန်စစ်တပ်ကရိုက်ယူတဲ့ မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် RQ-4 Global Hawk ကနေရိုက်ယူထားတဲ့ ဓာတ်ပေါင်းဖိုရဲ့ပုံတွေကို ဂျပန်အစိုးရက လူသိရှင်ကြားထုတ်ပြဖို့ ခွင့်မပြုဘူးလို့လည်း သိရပါတယ်။ အဲဒီလေယာဉ်ကနေရိုက်ကူးတဲ့ပုံတွေဟာ မော်တော်ကားနံပတ်ပြားကို တောင်ရှင်းရှင်းလင်းလင်းမြင်ရတဲ့အထိ အင်မတန်ကောင်းမွန်တယ်လို့ ဆိုပါတယ်၊ ဖူကူရှီးမားစက်ရုံက ဓာတ်ပေါင်းဖိုအခြေအနေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ရိုက်ကူးနေပြီး ဂြိုဟ်တုကနေတဆင့် ဂျပန်အစိုးရ နဲ့ အမေရိကန်စစ်စခန်းတွေဆီကို ပို့ပေးနေတယ်လို့ မိုင်းနိချိသတင်းစာ သတင်းတပုဒ်မှာ ဖော်ပြထားပါ တယ်။

နံပတ် ၂ ဓာတ်ပေါင်းဖိုအတွက် ပြင်ပကနေ လျှပ်စစ်ဓာတ်အားဆက်သွယ်ဖို့ကြိုးပမ်းတာ အောင်မြင်မှုရ သွားပြီဖြစ်တဲ့အတွက် ဓာတ်ပေါင်းဖိုအတွက် ဓာတ်အားပေးနိုင်တော့မှာဖြစ်ပြီး ထိန်းချုပ်စခန်းကနေ ထိန်းသိမ်းကွပ်ကဲနိုင်တော့မှာဖြစ်ပါတယ်။

တိုကျိုမှာရောက်နေတဲ့ အမေရိကန် ညူကလီယားထိန်းသိမ်းကွပ်ကဲရေးအရာရှိတဦးက အခြေအနေတွေ တဖြည်းဖြည်းချင်းတည်ငြိမ်လာမယ့်အနေအထားရှိတယ်လို့ပြောတဲ့အကြောင်း မတ်လ ၂၁ နေ့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ကျော်ကျော်စိုး
၁း၅၃ နာရီ
မတ်လ ၂၂ ရက် ။ ၂၀၁၁ ခုနှစ်

ဖူကူးရှီးမရှိ ပင်လယ်ရေမှာ ရေဒီယိုကြွ အိုင်အိုဒင်းနှင့် စီစီယမ်အတိုင်းအတာ မြင့်တက်လာ

ညူကလီးယား ဓါတ်ပေါင်းဖိုသို့ တနင်္လာနေ့ကို လျှပ်စစ်ဓါတ်အား ရောက်ရှိအောင် အပြင်းအထန် ကြိုးစားခဲ့သော်လည်း အဆုံးသတ် အခက်အခဲများကို ကျော်လွားရန်မှာ တွန့်လိမ် ကောက်ကွေးနေသော အပျက်အစီးများနှင့် တချို့တ၀က် ပျော်ကျနေသော ဓါတ်ပေါင်းဖို အဓိက အစိတ်အပိုင်းများက ကြီးမားသော အခက်အခဲများ ကိုဖြစ်စေသည်။

အပူလွန်ကဲနေသော ဓါတ်ပေါင်းဖို၏ အဓိက အစိတ်အပိုင်းများနှင့် အသုံးပြုပြီး လောင်စာချောင်း သိုလှောင် ကန်များ အတွင်းမှ ရေဒီယို စိမ့်ထွက်မှုများကို ကာကွယ်ရန် ရေအေး လည်ပတ်မှု စနစ်အတွက် မော်တာများ၊ အဖွင့်အပိတ်အဆို့ရှင်များနှင့် ဓါတ်အားပေး ခလုပ်များကို ဓါတ်အား ရောက်ရန်မှာ ငလျှင် ဒဏ်ကြောင့် ပျက်စီး ခဲ့သော ဓါတ်ပေါင်းဖို ၆ လုံး စလုံးအတွက် အဓိကကျသော အချက်ဖြစ်ပြီး၊ သီအိုရီ အရလည်း လိုအပ်ပေသည်။

အစကတရက်အတွင်း ရေလည်ပတ်မှုစနစ်ကိုစတင်နိုင်မည်ဟုမျှော်မှန်းခဲ့သော်လည်း ယင်းကိုကျော်လွန် ရန်သတင်း ပတ်ပေါင်းများစွာ ကြာမည်ထင်ရသည်။

ကြီးမားသော သဘာဝ ဘေးအန္တရယ်က ညူကလီယား ဓါတ်အားပေး စက်ရုံကို မိမိတို့ မမျော်မှန်းခဲ့သော အ တိုင်းအတာ တရပ်သို့ ကြီးမားစွာ ပျက်စီးစေခဲ့သည် ဟု ညူကလီးယားနှင့် စက်ရုံများ လုံခြုံရေး အေဂျင်စီ ဒုတိယ ညွန်ကြားရေမှူး Hidehiko Nishiyama ကပြောကြားသည်။

နောက် အခက်အခဲတခုမှာ ဓါတ်ပေါင်းဖို၂ ရှိ ရေလည်ပတ်မှု စနစ်ရှိ အဓိကပန့် များမှ ဆက်လက် အသုံးပြုရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။ အစားထို ပြင်ဆင်ရန် လိုသည်။ ပန့်အသစ်များကို အရေးတကြီး မှာနေရသည်။ မည်သည့် အချိန်ရောက်မည် မသိနိုင်သေး။

တာဝန်ရှိသူတဦးက လျှပ်စ်ဓါတ်အားကိုဖွင့်၊ ပန့်များကို အစားထိုးလည်ပတ်၊ ဓါတ်ပေါင်းဖိုနှင့် လောင်စာသို လှောင်ကန်များအတွင်း ပင်လယ်ရေ အလုံအလောက် ထည့်နိုင်ပါက တရက်တာအတွင်း အပူရှိန်ကို လုံခြုံမှုအဆင့်သို့ ရောက်ပြီး အအေး လည်ပတ်မှု အဆင့်ကို ထိန်းသိမ်းနှိင်မည်ဟု ဆိုသည်။

သို့မဟုတ်ပါက လက်ရှိ လုပ်ငန်းစဉ်အတိုင်း လူအား၊ စက်အားဖြင့် ရေပက်ရန်သာ ရှိဟုဆိုသည်။

U.S. Nuclear Regulatory Commission မှအရာရှိတဦးက ဓါတ်ပေါင်းဖို ၁၊၂ နှင့် ၃ များ အားလုံးပင် မကြောရိုးများ ပျက်စီး၊ သို့သော် ပြင်ပအခွံမှာ မပျက်ကြောင်း၊

အကောင်းမြင်ဘက်က ကြည့်ပါက အရာရာအားလုံးမှာ တည်ငြိမ်မှုအဆင့်သို့ ရောက်ပြီဟု ပြောနိုင်ကြောင်း ဆက်လက်ပြောဆို။

တနင်္လာနေ့က ဓါတ်ပေါင်းဖို ၃ တွင် အသုံးပြုပြီး လောင်စာချောင်းများ သိုလှောင်ရာကန်မှ မီးခိုများ ထွက်လာ ၍ ၀န်ထမ်းများကို ဘေးလွတ်ကင်းရာ အရေးပေါ်ကယ်ဆယ်ခဲ့ရ၊

ဖူကူးရှီးမရှိ ပင်လယ်ရေမှာ ရေဒီယိုကြွ အိုင်အိုဒင်းနှင့် စီစီယမ်အတိုင်းအတာ မြင့်တက်လာ၍ အစိုးရမှ ပင် လယ်အစားအစာများကို စမ်းသပ်ရန်လိုဟု တိုက်တွန်းမှုများ ရှိသည်။

ဂျပန်၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သော တရုပ်နိုင်ငံမှ ဂျပန်မှ တင်သွင်းသော အစားအစာ အားလုံးကို စစ်ဆေးရန် ညွန်ကြား ထားသည်။ ကမ္ဘာကျန်းမာရေး အဖွဲ့ (WHO) ကလည်း ဂျပန်အစိုးရ အနေဖြင့် တင်းကျပ်သော တိုင်းထွာမှုများဖြင့် လူထုကို အာမခံမှုပြုသင့်ကြောင်း ပြောဆိုသည်။

ဂျပန်အစိုးရ တာဝန်ရှိသူများမှ အဆိပ်သင့်မှုမှာ နိမ့်သောအဆင့်ရှိပြီး အလွန်အကျွံ မစားသုံးပါက လူ၏ကျန်း
မာရေးကို ထိခိုက်နိုင်သော အဆင့် မရှိကြောင်းပြောဆို၊ သို့သော် အစိုးရက ထုတ်လွှင့်သော ရေဒီယို ဓါတ်ကြွ မှုအတိုင်းအတာ၊ အချို့ အစားအစာများကို မရောင်းချရန် တားမြစ်မှုနှင့် တချို့ လူထု၏ စိုးရိမ်မှုကို တိုးပွါးစေပြီး အခြေအနေကို ပို၍ဆိုးဝါးစေသည်။

ဇော်မင်းခိုင်
၂၂-၃-၂၀၁၁(၁၈း၃၀ နာရီ)

Monday, March 21, 2011

ငလျင်နှင့်စုနာမိဒဏ်သင့် ဂျပန်ပြည်သူများအတွက်လှူဒန်း မှုအစီအစဉ်။

ဂျပန်နိုင်ငံတွင်ငလျင်နှင့်စုနာမိဒဏ်သင့် ဂျပန်ပြည်သူများအတွက်
မြန်မာနိုင်ငံသား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အသင်း
မှကူညီလှူဒန်းသွားရန်နှင့်လုပ်အားပေးလုပ်ဆောင် မှုများပြုလုပ်ရန်
အတွက်(၂၀၁၁.၃.၂၀)နေ့တွင်ကျင်းပသောအလုပ်အ မှုဆောင်အစည်း
အဝေးဆုံးဖြတ်ချက်အရအကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိ
ပါသည်။
သို့ဖြစ်ပါ၍ပူးပေါင်းပါဝင်လှူဒန်းလိုသူများနှင့်မေတ္တာဖြင်
လုပ်အားဒါနလှူဒန်း
လိုက်ပါကူညီလိုသူများသည်အောက်ဖေါ်ပြပါ
တာဝန်ခံများသို့ဆက်သွယ်မေးမြန်း
လှူဒန်းနိုင်ပါသည်။


OTAKI TAEKO--၀၈၀ ၃၄၂၀ ၇၇၆၀
KUMAKIRI TAKU---၀၈၀ ၃၂၀၇ ၇၂၃၉
ဦးအောင်စိုးမိုး---၀၈၀ ၃၆၀၈ ၄၀၀၁
ဦးမိုးကျော်စိုး----၀၈၀ ၃၄၇၄ ၃၄၁၁
ဦးလှတင်ထွန်း---၀၈၀ ၄၀၆၈ ၆၂၀၂
ဦးလှမျိုး-----၀၉၀ ၇၁၇၈ ၃၆၆၂
ဦးမြင့်ဦး-----၀၉၀ ၄၇၁၅ ၆၅၃၁
ဦးနေမျိုးအောင်------၀၈၀ ၁၁၅၃ ၄၉၆၄
မစန္ဒာသောင်း-----၀၈၀ ၃၃၁၅ ၇၈၉၉
မနီလာဝင်းခိုင်-----၀၈၀ ၆၇၃၈ ၄၃၅၅
မအေးအေးခိုင်-----၀၈၀ ၄၃၆၂ ၈၀၈၈

Sunday, March 20, 2011

ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်းကို တိုကျိုမှာ အနည်းအကျဉ်းတွေ့ရ

ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်းကို တိုကျိုမှာ အနည်းအကျဉ်းတွေ့ရတယ်လို့ ဂျပန်အစိုးရက မတ်လ ၁၉ ရက် စနေနေ့နှောင်းပိုင်းက ပြောပါတယ်။ ဒါပေမဲ့ အဲဒီပမာဏပါဝင်တဲ့ရေကိုသောက်သုံးလည်း ဘာမှမဖြစ် ဘူးလို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက တိုချိဂိ။ ဂွန်းမ။ နီးအိဂါ့တာ။ ဖူကူရှီးမား။ စိုင်းတမာ့။ ချီးဘား တို့မှာလည်း အလားတူတွေ့ ရတယ်လို့ ပြောပါတယ်။ တိုကျိုမှာတွေ့ရတဲ့ပမာဏဟာ 1.5 becquerels ရှိ တယ်လို့ဆိုပါတယ်။

ညူကလီယားဘေးကင်းရေးဆိုင်ရာအေဂျင်စီက ရေ တစ်ကီလိုဂရမ်မှာ becquerel ၃၀၀ ပါဝင်လို့ရှိရင် သောက်သုံးရန်မသင့်တဲ့ရေလို့ ဆိုပါတယ်။

ဒီအတောအတွင်း ညူကလီယားပျံ့နှံ့မှုကြောင့် စိုးရိမ်စိတ်တွေဖြစ်ပြီး တိုကျိုကနေ အိုဆာကာဘက်ကို တိမ်းရှောင်တဲ့ဂျပန်တွေလည်းရှိတာမို့ အိုဆာကာမှာဆိုရင် ဟိုတယ်တွေအခန်းပြည့်ခဲ့ကြတယ်လို့ သိရပါ တယ်။

တိုကျိုမီးသတ်ဦးစီးဌာနဟာ စနေနေ့ည သန်းခေါင်ချိန်မှာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုဆက် လုပ်ခဲ့ရာ တနင်္ဂနွေမနက် ၃း၄၀ နာရီအထိလုပ်ခဲ့ကြပါတယ်။ အပူလွန်နေတာတွေကို လျော့ကျသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နံပတ် ၄ ဓာတ်ပေါင်းဖိုကိုလည်း ကိုယ်ပိုင်ကာကွယ်ရေးတပ်က အလားတူရေပက်ဖျန်းမှုတွေလုပ်ဖို့ စီစဉ်နေ ပြီလို့ သိရပါတယ်။

နံပတ် ၆ ဓာတ်ပေါင်းဖိုအတွက် လျှပ်စစ်ဓာတ်အားပြန်ရပြီဖြစ်လို့အအေးပေးစနစ်ပြန်ပြီး အလုပ်လုပ်နေပြီ လို့ TEPCO က ပြောပါတယ်။

နံပတ် ၁ နဲ့ နံပတ် ၂ ဓာတ်ပေါင်းဖိုအတွက်လျှပ်စစ်ဓာတ်အားပြန်လည်ရရှိဖို့လုပ်ဆောင်နေပြီး တနင်္ဂနွေ နေ့အနှောင်းပိုင်းလောက်မှာ ပြီးစီးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဓာတ်ပေါင်းဖိုတွေအတွက် အအေးပေးတဲ့စနစ် ကောင်းကောင်းအလုပ်လုပ်နိုင်ပြီဆိုရင် အပူလွန်မှုကြောင့် ညူကလီယားလောင်စာတောင့်တွေဆီကနေ ရေဒီယိုဓာတ်သတ္တိကြွမှုထွက်တာတွေ လျော့နည်းသွားနိုင် ပါတယ်။

အစိုးရသစ်နဲ့ ဆွေးနွေးဖို့ NLD အဆင်သင့်

တွေ့ဆုံဆွေးနွေးရေးကို ဦးတည်နေတဲ့ NLD ပါတီဟာ နောက်တက်လာမယ့် အစိုးရသစ်နဲ့ရော ဘယ်အဖွဲ့အစည်းနဲ့မမြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေပြေလည်ဖို့အတွက် နောက်တက်လာတဲ့အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး အပေးအယူလုပ်ဖို့ အဆင်သင့်ပဲလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ကချင်ပြည်နယ်က NLD ပါတီဝင်တွေ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ ရန်ကုန် NLD ရုံးချုပ်မှာ တိုင်းနဲ့ပြည်နယ်အလိုက် NLD စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ သောကြာနေ့မှာ အခုလို ပြောလိုက်တဲ့အကြောင်း အသေးစိတ်ကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဆို ဆွေးနွေးညှိနှိုင်းပြီး အပေးအယူနဲ့ အလျော့အတင်းလုပ်ဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကချင်ပြည်နယ်က NLD စည်းရုံးရေးမှူးတွေနဲ့ဆွေးနွေးပွဲမှာ ပြောလိုက်တာပါ။ ဒါ့ကြောင့် NLD ပါတီဟာ စည်းလုံးညီညွတ်ကြဖို့လိုသလို လူထုရှေ့က မားမားမတ်မတ် ရပ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားတယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးအုန်းကြိုင်ကပြောပါတယ်။

“တွေ့ဆုံဆွေးနွေးရေးကို ဦးတည်တဲ့အဖွဲ့ဖြစ်တယ်။ န.အ.ဖ မဟုတ်ဘူးဆိုရင်လည်း ဘယ်နံမည်နဲ့ အစိုးရပဲဖြစ်ဖြစ်ပေါ့လေ၊ နောက်ဆုံးကျတော့ တပ်မတော်အစိုးရအပေါ်မှာ သြဇာအာဏာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ဆိုတာကို ကျမတို့ ဦးတည်ချက်ထားပြီးတော့ လုပ်နေတာဖြစ်တယ်။ အဲဒီတော့ ကျမတို့ အနှစ် ၂၀ ကျော် အဆင်မပြေတဲ့ကိစ္စတွေကို ကျော်လွှားပြီးတော့ ညှိနှိုင်းဆွေးနွေဖို့ ကျမတို့ ဦးတည်နေတာ။ ဒီဟာအတွက် ကျမတို့အပေးအယူလုပ်ဖို့ အဆင်သင့်ပဲပါဆိုတာလည်း ထပ်လဲလဲပြောနေတယ်။ တွေ့ဆုံဆွေးနွေးတယ်ဆိုတာဟာ ဘယ်ဘက်ကမှ လိုချင်သလိုတော့ ရနိုင်မှာမဟုတ်ဘူး။ အလျော့အတင်းဆိုတာ ရှိမှာပဲဆိုတာ ကျမတို့ သဘောပေါက်တယ်။ ကျမတို့အချင်းချင်းလည်း မပြေလည်တဲ့အခါကျရင် အလျော့အတင်း ရှိရမယ်။ ဘယ်သူကပိုပြီးတော့ အလျော့ပေးနိုင်သလဲဆိုတာ ပြိုင်ပါတဲ့။ အထွေထွေအတွင်းရေးမှူးက လမ်းညွှန်ပါတယ်။”

ကယားပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ် ၁၃ ခုက NLD ပါတီ စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲတွေကို ၁၀ ရက်ကြာကျင်းပခဲ့တဲ့အထဲ ဒီကနေ့ နောက်ဆုံးနေ့အဖြစ် ကချင်ပြည်နယ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ကချင်ပြည်နယ်နဲ့ တွေ့တဲ့အခါမှာတော့ အဲဒီဒေသတွေမှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတဲ့ ကချင်လူထုရဲ့ခံစားချက်တွေကို ပြောပြခဲ့ကြပါတယ်။

“ရွေးကောက်ပွဲလုပ်ပြီးတော့ လွှတ်တော်ကျင်းပနေချိန်မှာ ဟိုမှာတပ်အင်အားတွေ တိုးချဲ့ပြီးတော့ တပ်ချတာတွေ တိုးလုပ်လာနေတယ်တဲ့၊ အဲဒီတော့ အဲဒါတွေဟာ တဖက်နဲ့တဖက်ပေါ့ဗျာ။ လက်နက်ကိုင် တိုက်ခိုက်ကြတော့မလို ပြည်သူလူထုက စိုးရိမ်ထိတ်လန့်နေတယ် ဆိုတာတွေကိုလည်း တင်ပြသွားကြပါတယ်ခင်ဗျ။”

ကချင်ပြည်နယ်တွင်း နိုင်ငံရေးဖိနှိပ်မှုကြီးတဲ့ အခြေအနေ၊ စိုးရိမ်စရာဖြစ်နေတဲ့ စီးပွားရေး မှောင်ခိုလောကနဲ့ လူငယ်တွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေအပေါ်မှာလည်း NLD ပါတီက ဘယ်လိုကူညီနိုင်မလဲဆိုတာကို ဒီဆွေးနွေးပွဲအတွင်း စဉ်းစားခဲ့ကြပါတယ်။

“တိုင်းရင်းသားဒေသတွေလည်း ဖြစ်တယ်။ ပြီးတဲ့အခါကျတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း အလွန်ဖိနှိပ်တဲ့အနေအထားမှာ ရှိနေတယ်။ အဲဒါကြောင့်မိုလို့ စည်းရုံးရေးလုပ်ငန်းတွေက အခက်အခဲတွေ ရှိနေတဲ့အကြောင်း တင်ပြပါတယ်။ ကချင်ပြည်နယ်မှာ လူငယ်များအကြားမှာလည်း တခြား စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ မရှိတဲ့အခါကျတော့ မှောင်ခိုလုပ်ငန်းတွေနဲ့ပဲ ပတ်သက်နေတာတွေ ဖြစ်နေတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောင်ကားမှုနဲ့ သုံးစွဲမှု အခြေအနေကလည်း တအားကိုတက်လာတယ်။ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်ကလည်း သူကိုယ်တိုင် စားဝတ်နေရေးကို လုပ်နေတာက မှောင်ခိုလုပ်ငန်းလို ဖြစ်နေတဲ့အခါကျတော့ သူကကြောက်နေတယ်။ အဲဒီသဘောတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေ တင်ပြပါတယ်။ ဒါ နိုင်ငံရေး စည်းရုံးရေးနဲ့ ပတ်သက်လို့။”

မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ ကြုံနေရတဲ့ သဘာဝပတ်ဝင်းကျင် ပျက်စီးမှု၊ လယ်ယာမြေသိမ်းခံရတဲ့ အခြေအနေတွေကလည်း ကချင်ပြည်နယ်မှာ ဆိုးဆိုးရွားရွားရှိနေတာ ဖြစ်ပါတယ်။

“တနိုင်းချောင်းဟာ အခုအခါမှာ မြစ်ရဲ့ ဟိုးအဖျားပိုင်းမှာ ရွှေကျင်တဲ့လုပ်ငန်းတွေဟာ အင်တိုက်အားတိုက်လုပ်နေတဲ့ အတွက်ကြောင့် ချောင်းကကောလာတယ်။ အဲဒီမှာ သောက်သုံးရေတောင် အခက်အခဲဖြစ်လာတယ်။ သွားလာဖို့ဆိုတာတောင်မှ မလွယ်တော့ဘူး ဖြစ်နေတယ်။ အဲဒီတော့ ဒေသ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေက တအားကိုဆိုးရွားနေတယ်။ ဖားကန့် အခြေအနေကတော့ အတော်ကို အဆိုးဆုံးဖြစ်နေပါတယ်။ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းတွေကို ကုမ္ပဏီတွေကိုလုပ်ပိုင်ခွင့်တွေ အပြတ်ပေးထားတဲ့အတွက်ကြောင့် ဥတိုချောင်းဟာ အခုဆိုရင် လုံးဝပျောက်လုနီးပါး ဖြစ်နေပြီးတော့ လူတွေလည်းနေစရာမရှိအောင်ကို ဖြစ်နေပြီ။ အလွန့်ကို ဆိုးရွားခက်ခဲနေပါတယ်၊ အဲဒါကလည်း တတ်နိုင်ရင် ကူညီဖြေရှင်းပေးပါလို့ ပြေကြတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင် ပြောပြခဲ့တာပါ။ ကချင်ပြည်နယ်မှာ ကျပ်တည်းတဲ့စီးပွားရေးကြောင့် ကျောင်းမနေနိုင်ကြတဲ့ ကလေးငယ်တွေနဲ့ ပညာရေးစနစ်နိမ့်ကျမှု၊ ကျန်းမာရေးစောင့်ရှောက်မှု မကောင်းတဲ့ အခြေအနေတွေနဲ့အတူ လူမှုရေးကိစ္စတွေမှာလည်း အခက်အခဲရှိနေကြတဲ့ ကချင်လူထုရဲ့ ဘ၀တွေကိုလည်း ကချင်အဖွဲ့တွေက တင်ပြခဲ့ကြပါတယ်။

NLD ရုံးချုပ်မှာ မတ်လ ၃ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ တိုင်းနဲ့ပြည်နယ် အဖွဲ့လိုက် ၁၀ ရက်ကြာ ဆွေးနွေးခဲ့အပြီး NLD ရုံးချုပ်နဲ့အတူ ဥပဒေအထောက်အကူပြုအဖွဲ့၊ လူငယ်ကွန်ယက်အဖွဲ့တွေအပြင် လူမှုထောက်ကူပြုအဖွဲ့တွေနဲ့ပါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ပြန်လည်ဆွေးနွေးပြီး အကူအညီပေးသွားဖို့ကိုလည်း ဆက်လက်စီစဉ်သွားမယ်လို့ NLD ပါတီက ပြောပါတယ်။

ဖူကူရှီးမားခရိုင်ထွက် နွားနို့၊ အီဘားရားကိခရိုင်ထွက် ဟိုးရင်းဆို Horenso

ဖူကူရှီးမားခရိုင်ထွက် နွားနို့၊ အီဘားရားကိခရိုင်ထွက် ဟိုးရင်းဆို Horenso (မုန်ညင်းစိမ်း အနုစားလို့ ပြောလို့ရပါတယ်) တို့ကိုစစ်ဆေးကြည့်တော့ စားသုံးရန်သင့်သောအရာမဟုတ်ဟု စစ်ဆေးတွေ့ရှိသော ကြောင့် ရောင်းချခြင်းမပြုရန် တားမြစ်ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ(အစိုးရအဖွဲ့အတွင်းဝန်ချုပ်) ယုကိအို အဲဒါ့နိုက ၁၆း၁၀ နာရီ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာသွားသည်။

ဒါကြောင့် ၀ယ်ယူစားသုံးသူများ အနေဖြင့် ဘယ်နေရာကထွက်သလဲဆိုတာကို သေသေချာချာစစ်ဆေးပြီး မှ ၀ယ်ယူကြရန် သတိပေးပါတယ်။

နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုကို တိုကျိုမီးသတ်က ၇ နာရီကြာ လုပ်ခဲ့

နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုကို တိုကျိုမီးသတ်က ၇ နာရီကြာ လုပ်ခဲ့တယ်လို့သိရပါတယ်။ အခက်အခဲမရှိလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖူကူရှီးမားအမှတ် ၁ ဓာတ်အားပေးစက်ရုံကနေ ကီလိုမီတာ ၂၀ ကနေ ၃၀ အတွင်းနေထိုင်ကြသူတွေ ရေဒီယိုဓာတ်သတ္တိကြွမှုကြောင့် ရောင်ခြည်သင့်ခံရမှုကနေ ရှောင်လွှဲနိုင်စေဖို့ ဆောင်ရန်နည်းလမ်းတွေကို ညူကလီယားနဲ့ စက်မှုလုပ်ငန်းဘေးအန္တရာယ်ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

- အပြင်သွားတဲ့အခါ လမ်းလျှောက်သွားမျိုးထက် မော်တော်ကားနဲ့သွားတာမျိုးကိုလုပ်ပါ။

- အပြင်ထွက်လျှင် မျက်နှာဖုံးစွပ်ပြီးသွားပါ။

- ခန္ဓာကိုယ်ရဲ့အသားအရေကို ထိတွေ့ခြင်းမရှိစေရန် အင်္ကျီလက်ရှည်ဝတ်ပါ။

- မိုးရေမစိုပါစေနဲ့လို့

NHK ၁၅း၀၀ နာရီသတင်းမှာ ကြေညာသွားပါတယ်။



Saturday, March 19, 2011

တိုကျိုဧရိယာတ၀ိုက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုလျှပ်စစ်ဓာတ်သုံးစွဲမှု ချွေတာ။

တိုကျိုဧရိယာတ၀ိုက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဟာ ကြီးကြီးမားမားဖြစ်နိုင်တယ်လို့ ဂျပန့်စီးပွားရေး ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး Banri Kaieda က မတ်လ ၁၇ ရက်နေ့ကပြောပါတယ်။

တိုကျိုမြို့တော်ဧရိယာတွင်ပြေးဆွဲနေသော ရထားလိုင်းကုမ္ပဏီများကလည်း ညနေ ၅ နာရီနောက်ပိုင်းက စပြီး ပြေးဆွဲတဲ့ရထားအရေအတွက်ကို လျှော့ချမယ်လို့ ပြောပါတယ်။

တိုကျိုမြို့တွင်းနေရာအနှံ့ကိုကြည့်မယ်ဆိုရင် လျှပ်စစ်မီးထွန်းတာတွေကို လျှော့ချထားတာကိုတွေ့ရပါလိမ့် မယ်။ စူပါမားကက်တွေ၊ ဆိုင်တွေ၊ ကွန်ဗီးနီးယင့်စ်စတိုးတွေ၊ ရုံးအဆောက်အဦ စတာတွေဖြစ်ပါတယ်။

တိုကျိုတာဝါ လည်း ညဘက် မီးအလှဆင်ထွန်းတာတွေကိုလည်း ရပ်တန့်လိုက်ပါပြီ။

ကန်တိုဧရိယာတွင် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကိုလုပ်ကိုင်နေသော TEPCO က လျှပ်စစ်ဓာတ်သုံးစွဲမှု ချွေတာတဲ့လုပ်ဆောင်ချက်တွေဟာ ဧပြီလကုန်ပိုင်းအထိ ဆက်ပြီးရှိနေလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

အဲဒီလိုဆိုရင် ဂျပန့်စီးပွားရေးရော၊ ဂျပန်မှာနေထိုင်နေတဲ့သူတွေရဲ့ ဘ၀လည်း အထိုက်အလျောက် ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ တွက်ဆလို့ရပါတယ်။

ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ တို့ကို ရေအမြောက်အမြားပက်ဖျန်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် ရေဒီယို ဓာတ်သတ္တိကြွမှုပမာဏကိုတိုင်းတာ။

ဒီကနေ့ မတ်လ ၁၈ ရက်မှာ ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့တွေက ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ တို့ကို ရေအမြောက်အမြားပက်ဖျန်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် ရေဒီယို ဓာတ်သတ္တိကြွမှုပမာဏကိုတိုင်းတာကြည့်တဲ့အခါ သိသိသာသာကျဆင်းသွားတာမျိုးမရှိခဲ့ပေမဲ့ အနည်းငယ် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ အရင်ရက်တွေက ဓာတ်ပေါင်းဖိုအနီးပတ်ဝန်းကျင်ကို အနားတောင် မကပ်နိုင်တဲ့အခြေအနေကနေ အင်အား ကောင်းတဲ့မီးသတ်ပိုက်တွေလက်လှမ်းမီတဲ့နေရာအထိသွားပြီး ရေပက်ဖျန်းနိုင်ခဲ့တယ်ဆိုတာက ဓာတ်သတ္တိ ကြွမှုလျော့နည်းသွားလို့လား ဒါမှမဟုတ် ဓာတ်ရောင်ခြည် အသင့်ခံရနိုင်တာတောင် စွန့်စားပြီးသွားရောက် တာလားဆိုပြီး ၂ မျိုးတွေးလို့ရပါတယ်။

ဂျပန်အစိုးရကတော့ လူရဲ့ကျန်းမာရေးကို ချက်ချင်းလက်ငင်းထိခိုက်ရလောက်တဲ့အခြေအနေမျိုးမဟုတ်ဘူး လို့ ပြောပါတယ်။ ဂျပန်ဆရာဝန်တဦးကတော့ အနုမြူဓာတ်ရောင်ခြည်သင့်တယ်ဆိုတာ ရောဂါဝေဒနာကို ချက်ချင်းဖြစ်စေတာမဟုတ် နှစ်နဲ့ချီကြာမှကင်ဆာလိုရောဂါမျိုးတွေနဲ့ဖြစ်တတ်တာလို့ မှတ်ချက်ပေးတာ ရှိပါတယ်။

ဒီအတောအတွင်း ဂျပန်အစိုးရ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို စားကုန်သောက်ကုန်အားလုံးကို ဓာတ် ရောင်ခြည်သင့်မသင့်ဆိုတာကို စစ်ဆေးမှုလုပ်ကြရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီလိုမျိုးအမိန့်ထုတ် တယ်ဆိုတာဟာ ပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ဒီလိုပဲ ဖူကူရှီးမားခရိုင်မှာ လူ တသောင်းလောက်ကို ရောင်ခြည်သင့်မသင့်ဆိုတာ စစ်ဆေးမှုတွေကို စတင်လုပ်နေပြီလို့ သိရပါတယ်။

ဒီကနေ့မှာ ဓာတ်ပေါင်းဖိုတွေကို မီးသတ်ကားတွေသုံးပြီးရေပက်ဖျန်းနိုင်ခဲ့တဲ့အတွက် ရေဒီယိုဓာတ်သတ္တိ ကြွမှုနဲ့ပတ်သက်ပြီး လူအများစိတ်ထဲမှာ အနည်းငယ်သက်သာရတဲ့ပုံရှိပါတယ်။ ဒါပေမဲ့လည်း တချို့သော ကွန်ဗီးနီးယင့်စ်စတိုးတွေမှာ စားစရာတွေထားတဲ့ စင်တွေ ပြောင်သလင်းခါဖြစ်နေတာတွေက တချို့လူတွေ ရဲ့စိတ်ထဲမှာ လာမယ့်ရက်တွေမှာ ဘာတွေဖြစ်မလဲဆိုတာ မှန်းဆလို့မရနိုင်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေ တယ်ဆိုတာကိုလည်း တွက်ဆလို့ရပါတယ်။

ရုပ်မြင်သံကြားအစီအစဉ်တွေဟာလည်း တခြားသတင်းတွေနဲ့ အစီအစဉ်တွေကို အနည်းငယ် ပိုပြီး ထုတ်လွှင့်လာတာကိုတွေ့ရသလို၊ လမ်းသွားလမ်းလာတွေလည်း အရင်နေ့တွေကထက်စာရင်ပိုများပြား လာတာကို သတိထားမိပါတယ်။

ဂျပန်လူမျိုးတွေရဲ့အသည်းစွဲ ဘေ့စ်ဘော ကစားပွဲတွေ မတ်လ ၂၅ ရက်မှာ ပြန်စဖို့အစီအစဉ်ကို လွန်ခဲ့တဲ့ ရက်တွေက ရွှေ့ဆိုင်းမယ်ဆိုပြီးပြောဆိုဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့ညနေမှာ မူလအစီအစဉ်အတိုင်းပြန်စမယ် လို့ ပြောပါတယ်။ ကစားသမားတချို့ကတော့ ကန့်ကွက်မှုတွေရှိနေပါတယ်။

လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် တိုကျိုဆင်ခြေဖုံးနဲ့ ကန်တို ဧရိယာလူနေရပ်ကွက်တွေမှာ လျှပ်စစ်မီးအလှည့်ကျဖြတ်တောက်တာတွေရှိပေမဲ့ တချို့နေရာတွေ မပြတ်ပဲရှိတာ၊ ရထားပြေးဆွဲမှုတွေ တိုးတက်ကောင်းမွန်လာတာတွေက အခြေအနေတွေ နည်းနည်းချင်းအကောင်းဘက်ကို ပြလာတဲ့သဘော ဖြစ်ပါတယ်။

မတ်လ ၁၉ ရက် စနေနေ့ မနက် ၀ နာရီ ၃၀ မိနစ် (၁၈ရက်ညသန်းခေါင်ကျော်)အဲန်အိပ်ခ်ျကေ သတင်းမှာ တိုကျိုမီးသတ်တပ်ဖွဲ့ဟာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ၀ နာရီ ၃၀ မိနစ်မှာ ရေပက်ဖျန်းတာတွေကိုလုပ်မယ်လို့ ကြေညာသွားပါတယ်။

Wednesday, March 16, 2011

ရေဒီယိုသတ္တိကြွတဲ့ဓာတ်ငွေ့တွေစိမ့်ထွက်နေပြီဖြစ်ခြင်း။လုပ်သင့်လုပ်ထိုက်တဲ့ညွှန်ကြားချက်များ။

ရေဒီယိုသတ္တိကြွတဲ့ဓာတ်ငွေ့တွေစိမ့်ထွက်နေပြီဖြစ်တာကြောင့် လုပ်သင့်လုပ်ထိုက်တဲ့ညွှန်ကြားချက်တွေ ကို ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာကို ကြားသိရသမျှ လက်ဆင့်ကမ်းလိုက်ပါတယ်။

အပြင်ထွက်တဲ့အခါ ခန္ဓာကိုယ်ရဲ့အရေပြားကို ပြင်ပလေနဲ့တတ်နိုင်သမျှ တိုက်ရိုက်ထိတွေ့မှု နည်းနိုင် သမျှ နည်းအောင်လုပ်ပြီှးမှ အပြင်ထွက်ပါ။

ဦးထုပ်ဆောင်း၊ မျက်မှန်တပ်၊ မျက်နှာဖုံးအကာစွပ်၊ လက်အိပ်၊ အင်္ကျီလက်ရှည်၊ ဂျာကင်၊ မိုးကာအင်္ကျီလိုမျိုး ပါးပါးထထပ်ကိုထပ်ဝတ်ပါ။

လက်ကိုင်ပုဝါ လက်သုပ်ပုဝါကိုဆောင်ထားပါ။ ရေဆွတ်ထားပြီး နှာခေါင်းပါးစပ်တို့ကို ကာလို့လည်း ရပါတယ်။ လိုအပ်တာတွေရှိရင် ထပ်ဖြည့်နိုင်တဲ့သူတွေဖြည့်ပေးပါ။

အပြင်ကနေပြန်ရောက်လာရင် အပေါ်ဆုံးက၀တ်ထားတဲ့အ၀တ်အစားကို အိမ်အပြင်မှာချွတ်ပြီးအမှိုက်အိပ် လိုမျိုး ပလပ်စတစ်အိပ်ထဲထည့် လုံအောင်ပိတ်ပြီးမှ အိမ်ခန်းတွင်းသွင်းပါ။ အ၀တ်လျှော်စက်ထဲမှာ လျှော် ပစ်ပါ။

Tuesday, March 15, 2011

ဒုတိယအကြိမ် Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း

ဂျပန်နိုင်ငံ Fukushima နယူကလီးယား ဓါတ်ပေါင်းဖို အမှတ်(၃)စက်ရုံမှာ ဆုနာမိ ဒီလှိုင်းဒဏ်ကြောင့် အအေးပေး စနစ်တွေ ပျက်စီးသွားတဲ့အတွက် ယနေ့ နေခင်းလောက်မှာ ထပ်မှန်ပြီး နောက်ထပ် ပေါက်ကွဲမှု တခု ဖြစ်ပွါးခဲ့ကြောင်းကို သတင်းဌာနမျာမှ ပြသသွားပါသည်။

နျူကလီးယား ဓာတ်အားပေးစက်ရုံကို ဆူနာမိ ဒီလှိုင်း ရိုက်ခတ်မှု ဒဏ်တွေကြောင့် ဓါတ်ပေါင်းဖို အအေးပေးစနစ်တွေ ပျက်စီးပြီး နျူကလီယား ဓါတ်ပေါင်းဖို အတွင်းရှိ လောင်စာချောင်းတွေ အပူလွန်ကဲရာက ဓါတ်ပေါင်းဖို အပြင်ရှိ အဆောက်အဦးကြီး အမှတ် (၁)နဲ့ အမှတ်(၃)တွေ ပေါက်ကွဲရခြင်း ဖြစ်ကြောင်း သိရပါသည်။ အမှတ် (၂)ဓါတ်ပေါင်းဖိုကိုတော့ ဒီကနေ့ အပူရှိန် တက်လာတဲ့ အချိန်မှာ ပင်လယ်ရေအေးတွေသွင်းတာ မ၀င်တော့တဲ့အတွက် ဓာတ်ပေါင်းဖိုတွင်းရှိတဲ့ရေပမာဏ ကျဆင်းလာပြီး ညူကလီယား လောင်စာတောင့်များရဲ့အောက်ဆုံးအခြေအထိ ရေပမာဏ ကျဆင်းလာနိုင်ပြီး အပူချိန်လွန် ကာ ပေါက်ကွဲနိုင်ကြောင်း ကြေခြာခဲ့သော်လည်း ဓာတ်ပေါင်းဖိုကို ဖိအားတွေ ကျလာစေဖို့ ပင်လယ်ရေသွင်းပြီး အချိန်မှီ ထိမ်းချုပ်နိုင်ကြောင်း ထပ်မှန်ကြေငြာသွားသည်ကိုလည်း တွေ့ရပါသည်။







ဂျပန်နိုင်ငံတွင် လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် ဂျပန်ရောက် မြန်မာများ တတ်အားသ၍ ကူညီရန်ပြင်ဆင်

၂၀၁၁ ခုနှစ် မတ်လ(၁၃)ရက်။

မြန်မာ့ဒီမိုကရေစီ ကွန်ယက် NDB-Japan (ဂျပန်)မှ ဂျပန်နိုင်ငံတွင် လှုပ်ခတ်သွားသည့် ငလျင်ကြီးနဲ့ ပတ်သက်ပြီတော့ ၀မ်းနည်းကြောင်း သ၀န်လွှာ ထုတ်ပြန်ကြေငြာပြီး ဂျပန်ရောက် မြန်မာများ တတ်အားသ၍ ကူညီသွားကြရန် ညှိနှိုင်းစည်းဝေး ကို ယနေ့ နံနက် ၁၀ နာရီမှာ Takadanobaba Recycle Center, 4F မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ငလျင်နဲ့ ပတ်သက်ပြီးတော့ လိုအပ်နေတဲ့ အကူအညီများ နဲ့ လုပ်အားပေးများကို ကူညီပေးရန် တာဝန်ရှိ သူများထံသို့ ဆက်သွယ်၍ အကြောင်းကြားသော်လည်း လက်ရှိအနေအထားအရ လတ်တလော အခြေအနေမှာ သွားလာရေး လုံခြုံစိတ်ချမှု မရှိသေးအပြင် တခြားသော အခက်အခဲ့တွေကြောင့် “အသက်ကယ် ကျွမ်းကျင် ကယ်ဆယ်ရေး သမား”များကိုသာ အဓိကထားပြီး ခွင့်ပြု ထားကြောင်းနှင့် လတ်တလော အခြေအနမှာတော့ လုပ်အားပေးမည့် လူမှုရေး အကူအညီများ မလိုအပ်သေးကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ငလျင်ဒဏ်ခံ ဒေသတွင်း ရှင်းလင်းရေးနဲ့ ပြန်လည် တည်ဆောက်ရေးတွင် လုပ်အားပေး လူမှုအကုအညီNGO တို့ရဲ့ ဆောင်ရွက်မှု အကူအညီနဲ့ လုပ်အားပေး များစွာလိုအပ်ကြောင်းနဲ့ ပြန်လည် အကြောင်းကြား ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဂျပန် ငလျင်နဲ့ ပတ်သက်ပြီး ငွေ လုပ်အားပေး နှင့် လူမှုရေးဆိုင်ရာ အကူညီအတွက် အောက်ပါ ဖုန်းနံပါတ်များ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

ကိုသန်းဆွေ ၀၉၀ ၄၉၆၄ ၉၇၁၈ ၊ မိုင်ကျော်ဦး ၀၉၀ ၉၈၃၁ ၇၁၉၂ ၊ ကိုဘုန်းလှိုင် ၀၉၀ ၅၃၁၈ ၅၀၅၄ ၊ ကိုကျော်ကျော်စိုး ၀၉၀ ၆၀၃၁ ၄၃၉၄ ၊ ကိုမောင်မောင်ဦး ၀၉၀ ၆၇၉၈ ၀၁၃၇ ၊ ကိုမြင့်ဆွေ ၀၈၀ ၄၁၅၅ ၆၀၉၉ ၊ ကိုဖုန်းမြင့်ထွန်း ၀၉၀ ၄၂၂၁ ၁၉၈၈ ၊ ကိုရဲငြိမ်း ၀၈၀ ၅၀၇၀ ၀၀၈၀ ။

Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း


Saturday, March 12, 2011

ဒီကနေ့ ညနေ ၃း ၄၆ နာရီ မှာ Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ရီအက်တာ အမှတ်(၁)စက်ရုံမှာ ပေါက်ကွဲမှု တခုဖြစ်ပေါ်ခဲ့ပြီး စက်ရုံက မျက်နှာကြက် အမိုး အကာလည်း အောက်ကို ပြုတ်ကျခဲ့ပြီး အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပါတယ် နျူကလီးယား ဓါတ်ပေါင်းဖိုမှ ထွက်လာသည့် ဓါတ်ရောင်ချီမှာ ၁ နာရီမှာ တနစ်စာ သုံးစွဲသည့် ဓါတ်ရောင်ချီ နဲ့ ညီမျှပြီး အနီးအနားမှာ ပြန့်နှံနေကြောင်း ရေဒီယိုသတ္တိကြွနှုန်းဟာလည်း တနာရီကို ၁၀၁၅ မိုက်ခရိုစီလီဘယ်လ်ရှိတယ်လို့ ဆိုပါတယ်။ ၂၀ ကီလိုမီတာ အတွင်းရှိ ပြည်သူများကို ထွက်ပြေး တိမ်ရှောင်ဖို့ ထပ်မှန် သတိပေးထားကြောင်း သိရပါတယ်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ EDANO မှ သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်သွားပါတယ်၊ ပေါက်ကွဲရခြင်း အကြောင်းရင်းကို အသေးစိတ် မသိသေးဘ ပေမဲ့ ၀န်ထမ်း၎ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပြောဆိုပါတယ်။ ဓာတ်ပေါင်းဖိုကြီးလဲ ပျက်စီးသွားနိုင်ဘွယ်ရှိကြောင်း သတင်းသမား အများစုက သုံးသပ်ကြပါတယ်။ တခုလုံးပေါက်ကွဲ ပျက်စီးမှုဖြစ်ပါက ဂျပန်တနိုင်ငံလုံး ပျက်ဆီးဆုံးရူံးမည့် အန္တရာယ်က လက်ရှိ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရပါတယ်။


ငလျင်ကြေင့် နျူကလီယား ဓါတ်ပေါင်းဖို နောက်ဆက်တွဲ သတင်း။





စီးပွါးရေးနဲ့ ကုန်သွယ် ထုတ်လုပ်ရေး ၀န်ကြီးဌာန လက်အောက်က NISA နျူကလီယားနဲ့ စက်မှုလုံခြုံရေး ဌာနက ယနေ့ ၃ နာရီလောက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အမှတ်(၁) ဖူကူရှီးမား ဓါတ်ပေါင်းဖိုမှ MELT DOWN နျူကလီယား ဓါတ်ပေါင်းဖိုအတွက် အဆိုးဆုံး ဖြစ်နေပြီလို့ ထုတ်ပြန်ကြေငြာသွားပါတယ်။ ၁၂ ရက်နေ့ ညကနေစပြီး မီးပျက်သွားနိုင်ဘွယ်ရှိတယ်လို့လည်း ကြေငြာသွားပါတယ်။


ငလျင်ကြေင့် နျူကလီယား ဓါတ်ပေါင်းဖို အပူချိန် အရမ်းမြင့်တက်လာပြီးဓါတ်ပေါင်းဖို ကို ရပ်ဆိုင်း ထားပြီးတော့ ဓါတ်ပေါင်းဖို ထိန်းသိမ်းဖို့အတွက် အပူချိန်အေးအောင် ထိမ်းသိမ်းဖို့ ရေသွင်းဖို့အတွက်လည်း လျှပ်စစ်မရတဲ့အတွက် ရေသွင်းဖို့ အခက်အခဲ့ဖြစ်နေပါတယ်။

ဒီအတိုင်းဆိုရင် ဆက်လက်ပြီး နျူကလီယား လောင်စာ အပူချိနက အရမ်းတက်လာပြီး လောင်စာ ထည့်ထားတဲ့ လှောင်ကန် ပေါက်ကွဲနိုင်သည့် အန္တာရယ်ရှိပြီး ဓါတ်ပေါင်းဖိုမှ ရောင်ချီက သဘာဝပြင်ပကို ယိုထွက် လာနိုင်ကြောင်း ဂျပန် သတင်းဌာန၊ TV သတင်းဌာနများမှ သတင်းအရ သိရပါတယ်။ ဓါတ်ပေါင်းဖို အခြေနေကတော့ အဆိုးဆုံး အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။

နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်နိုင်။

၂၀၁၁ ခုနှစ် မတ်လ (၁၃)ရက်။

(၃)ရက် အတွင်း နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်သွားနိုင်ကြောင်းကို ဂျပန်အစိုးရ၏ မိုးလေ၀သ ဌာန ငလျင် ပညာရှင်များမှ ထုတ်ပြန် ကြေငြာသွားပါတယ်။ ငလျင်ဖြစ်ပေါ်ရန် ၇၀% ဟု တရားဝင် ထုတ်ဖေါ် ပြောကြားသွားပြီး လက်ရှိ ခန့်မှန်း ထားကတော့ ယခင် ငလျင်လှုပ်ခတ်သွားသော ဧရိယာ အတွင်းမှာ ဗဟိုပြုပြီး ဖြစ်ပေါ်လာမယ် အနည်းဆုံး အင်အား M 7.0 ကျော် ဖြစ်နိုင်ကြောင်း ပြောကြားသွားပါတယ်။

လျှပ်စစ်စွမ်းအား ထုတ်လုပ်ပေးတဲ့ နျူကလီယား ဓါတ်ပေါင်းဖို ရပ်ဆိုင်းသွားတဲ့အတွက် မီးဖြန့်ဖြူးရေးမှာ မလုံလောက် ဖြစ်သွားပြီး TEPCO တိုကျို လျှပ်စစ်စွမ်းအင် ကုမ္မဏီမှ မီးဖြန့်ဖြူးရေး လျော့ချ တော့မည့် အစီအစဉ်ကို ၀န်ကြီးချုပ် နာအိုးတိုးခမ် (Naoto Kan) က လက်ခံ လိုက်ပြီး မနက်ဖြန် ၆း၂၀ နာရီကနေစပြီး အလှည့်ကျ တနေ့ ပျမ်းမျှ ၃ နာရီလောက် မီးပျက် သွားနိုင်ကြောင်းကို ၀န်ကြီးချုပ်က ပြောကြား သွာပါတယ်။ TEPCO တိုကျို လျှပ်စစ်စွမ်းအင် ကုမ္မဏီမှလည်း ခန်တို ဧရိယာအတွင်း သတ်မှတ်ထားသည့် ဒေသ ၅ ခုရှိ ပြည်သူတွေ ကို မနက်ဖြန် ၆း၂၀ နာရီကနေစပြီး ည ၁၀း၀၀ နာရီကြားမှာ မီးကို အလှည့်ကျ တနေ့ ပျမ်းမျှ ၃ နာရီလောက် အလှည်ကျ မီးဖြတ်တောက် သွားမည်ဖြစ်ကြောင်း ကြေငြာသွားပြီး မီးလျောချသွားမည့် အစီအစဉ်ကို ၄ လပိုင်း လကုန်ပိုင်းအထိ အထိဖြစ်နိုင် ကြောင်း ပြောကြားသွားပါတယ်။

မတ်လ ၁၁ ရက်နေ့ လှုပ်ခတ်သွားသော ငလျင်အားကို ပညာရှင်များ၏ ငလျင်တိုင်းထွာချက် မှတ်တမ်းအရ M 9.0 အဖြစ်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာသွားပါတယ်။ 9.0M သည် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်သော ငလျင်များထဲတွင် ၁၉၀၀ ခုနှစ် နောက်ပိုင်း ပဉ္စမမြောက် အကြီးဆုံး ငလျင်ကြီး ဖြစ်ပြီး ဂျပန် သမိုင်းမှာတော့ နှစ်ပေါင်း ၁၄၀ ကျော်အတွင်း အကြီးဆုံး ငလျင်ဖြစ်ကြောင်း သိရပါတယ်။ M 9 ပြင်းအားရှိ ငလျင်နှင့် အမြင့် ၁ဝ မီတာခန့်ရှိ ဆူနာမီ ရေလှိုင်းကြီးများကြောင့် ဂျပန်နိုင်ငံအတွင်း အသေအပျောက် ၃၀၀၀ ကျော် ရှိပြီး အမြောက်အများ ပျောက်ဆုံးကြောင်း ငလျင်ဗဟိုပြုခဲ့
Boldသည့် မီယဂိ ဒေသ တခုထဲမှာ လူဦးရေ အသေအပျောက် ၁၀၀၀၀ ကျော်ရှိနိုင်ကြောင်း သတင်းများမှ ခန့်မှန်း ပြောကြားသွားပါတယ်။

ဂျပန် မိုးလေ၀သ ဌာနမှ ငလျင်မှတ်တမ်းကို သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://www.jma.go.jp/jma/indexe.html

M8.8 အင်အားရှိတဲ့ ငလျင် ဂျပန်နိုင်ငံမှာလှုပ်ခတ် သွား။

11.3.2011နေ့ ညနေ ၁၄ နာရီ ၄၆ မိနစ် မှာ ဂျပန်နိုင်ငံ၏ အရှေ့မြောက်ပိုင်းမှာ M8.8 အင်အားရှိတဲ့ ငလျင် လှုပ်ခတ် သွားပါတယ်။ ဂျပန်နိုင်ငံရဲ့၏ မြေငလျင် အင်အား တိုင်းထွာစက် သမိုင်း မှတ်တမ်းအရ ( M 8.8 )သည် အကြီးဆုံး ငလျင်ဖြစ်ကြောင်း သတင်းဌာန အသီးသီးမှ ထုတ်လွင့် ကြေငြာသွားပါသည်။

လွန်ခဲ့သည့် ၉ ရက်နေ့ ဂျပန်နိုင်ငံ၏ အရှေ့မြောက် ပိုင်းမှာပဲ မနက် ၁၁း၄၀ နာရီ M 7.2 လှုပ်ခတ် သွားခဲ့သေး ကြောင်းလည်း သိရှိရပါသည်။

ဆူနာမိက မကြာမီ အဲဒီဒေသကို လာရောက်တိုက်ခတ်သွားပါတယ်။ ပညာရှင် ပြောပြချက်အရ ဆူနာမိက ဂျပန်နိုင်ငံ တခုလုံကို တိုက်ခတ်သွားခဲ့ပြီး အမြင် ၁၀ မီတာအထိ တိုက်ခတ်သွားတဲ့ ဒေသလဲ ရှိကြောင်း သိရှိရပါတယ်။ နှစ်ပေါင်း တစ်ရာမှာ တခေါက်လောက် ဖြစ်လောက်သည့် အလွန်ကြီးမားသည့် ဆူနာမိ ဖြစ်ကြောင်း ပညာရှင်များ သုံးသတ်သွားပါတယ်။

အခုတိုကျိုမှာ ရှိသည့် မြေပေါ် မြေအောက် ရထားတွေအားလုံး ခေတ္တရပ်ဆိုင်းသွာပြီး တယ်လီဖုန်း လိုင်းတွေလဲ ဆက်သွယ်မှုတွေ ရပ်ဆိုင်းသွားပါတယ်။ ငလျင်ကြောင့် မီလောင်မှုတွေလည်း ရှိကြောင်း အသေအပျောက် နှင့် ဒဏ်ရရသူအများအပြားလဲ ရှိကြောင်းသိရှိရပါသည်။