Sunday, February 28, 2010

BRSAအသင်း၏ ဖေဖေါ်ဝါရီလအတွက် လပါတ်အစည်းအဝေး

BRSAအသင်း၏ လစဉ်ပြုလုပ်နေကြ လပါတ်အစည်းအဝေးကို ယနေ့ ၂၀၁၀ခုနှစ်ဖေဖေါ်ဝါရီလ၂၈ရက်နေ့တွင် အစည်းအဝေး
ပြုလုပ်နေကြ SUGAMOရှိရုံးခန်းတွင် ပြုလုပ်ရာ အလုပ်အမှုဆောင်ကော်မတီဝင်များ၏ဆွေးနွေးမှုများကို သာမာန်အသင်းဝင်များကပါ
လာရောက်လေ့လာခဲ့ကြပါသည်။အသင်းအနေဖြင့် အသင်းဝင်များ ယခုကဲ့သို့ လာရောက်လေ့လာခြင်းကို နွေးထွေးစွာ ဖိတ်ခေါ်လျက်
ရှိပါသည်။
သတင်းနှင့်ပြန်ကြားရေးမှုး

Friday, February 26, 2010

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၉လ၊ (၈၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားဖိတ်ကြားအပ်ပါသည်။

မေ(၃၀)ဒီပဲယင်းလုပ်ကြံမှုကြီး(၆)နှစ်၉လ၊(၈၁)လပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှဦးဆောင်၍ရှိနဂါဝါရှိမြန်မာသံရုံး(အခွန်ရုံး)ရှေ့တွင်၂၆.၀၂.၂၀၁၀နေ့လည်၃း၀၀နာရီမှ၎း၀၀နာရီအထိကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်အဖွဲ့ချုပ်အဖွဲ့ဝင်များ(မပျက်မကွက်)၊ဂျပန်ရောက်မြန်မာဒီမိုကရေစီလိုလားသူများအားလုံး တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။ ။
(ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး)အတွက်Nagoyaတွင်လည်း
၂၈.၀၂.၂၀၁၀နေ့တွင့်ချီတက်ဆန္နပြပွဲ ပြုလုပ်မည်။
နေရာ..ယခင်လုပ်နေကြ Sakae Koen ...အချိန် နေ့ လည် ၁၂း၀၀ အရောက်စုဝေး၍ ၁၃း၃၀ မှ ၁၄း၃၀ ထိချီတက်ကြပါမည်။
( LDB-NAGOYA)နှင့် NLD(LA)JB နာဂိုယာစည်းရုံးရေးဒေသနှင့်ပူးပေါင်းကျင်းပမည်။
ဂျပန်ရှိ NAGOYA ရောက် မြန်မာဒီမိုကရေစီလိုလားသူများအားလုံး တက်ရောက်
ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။ ။
http://nldlajb.blogspot.comမှကူးယူဖော်ပြပါသည်။

Monday, February 15, 2010

ပြည်ထောင်စုနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများ

ယနေ့2010 FEBRUARY (14)ရက်နေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ
ဦးစီး၍မတရားဖမ်းဆီးအကျဉ်းကျခံနေရသည့်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွကျောင်းသားခေါင်း
ဆောင်မင်းကိုနိုင်၊ဦးခွန်ထွန်းဦး၊နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုချီတက်ဆန္ဒ္ဒ
ပြပွဲပြုလုပ်သည်။ဒေါ်အောင်ဆန်းဆုကြည်နှင့်နိုင်ငံရေးအကျဉ်းများအားလုံးအမြန်ဆုံးလွှတ်ပေးရေး
တောင်းဆိုဆန္ဒပြပွဲကိုနေ့လည်(၁၁း၃၀)နာရီမှ(၁၂း၃၀)နာရီအထိ ဂျပန်နိုင်ငံ၊
တိုကျိုမြို့၊IKEBUKURUဘူတာအနီးရှိKUMIN CENTERရှေ့ပန်းခြံမှOOTSUKA
ပန်းခြံထိ(၄၅)မိနစ်ခန့်အကြာချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။အဆိုပါဆန္ဒပြပွဲသို့
BRSAအသင်းမှလည်းပါဝင်ပူးပေါင်းဆန္ဒပြခဲ့ပါသည်။
ဆန္ဒပြပွဲသို့တက်ရောက်ဦးရေမှာ(၂၅၀)နီးပါးခန့်ရှိသည်ဟုသိရပါသည်။

သတင်းနှင့်ဓါတ်ပုံ။ ။ကိုနေဝင်း(BRSA)

Friday, February 12, 2010

February၁၂ရက်နေ့ပြည်ထောင်စုနေ့မြန်မာသံရုံးရှေ့ဆန္ဒပြပွဲ

၂၀၁၀ခုနှစFebruary၁၂ရက်နေ့(၆၃)ကြိမ်မြောက်ပြည်ထောင်စုနေ့ မြန်မာသံရုံးရှေ့တွင်ဂျပန်
ရောက်မြန်မာဒီမိုကရေစီအင်အားစုများစုပေါင်း၍လူထုဆန္ဒပြပွဲကျင်းပခဲ့သည်။လူထုအင်အား
(၇၀)နီးပါးတက်ရောက်ခဲ့ပါသည်။ယင်းဆန္ဒပြပွဲတွင် BRSA အဖွဲ့ဝင်များလည်းပါဝင်ခဲ့ပါသည်။
ဆန္ဒပြပွဲမှဒေါ်အောင်ဆန်းစုကြည်နှင့်တကွဦးတင်ဦး၊ဦးခွန်ထွန်းဦး၊တိုင်းရင်းသားခေါင်းဆောင်များ၊
ကျောင်းသားခေါင်းဆောင်များ၊မတရားဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအားလုံးချက
်ခြင်းလွတ်ပေးရန်၊၁၉၉၀ခုနှစ်ရွေးကောက်ပွဲကိုအကောင်အထည်ဖေါ်ရန်၊နအဖ၂၀၁၀ခုနှစ်ရွေး
ကောက်ပွဲကိုဆန့်ကျင်ခြင်း၊အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်တွေ့ဆုံဆွေးနွေးရေးကိုချက်
ခြင်းလုပ်ရန်၊စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်စေရန်၊ပင်လုံစိတ်စါတ်အဓွန့်
ရှည်စေရန်နှင့်စစ်မှန်သောဒီမိုကရေစီအရေးတော်ပုံအောင်မြင်စေရန်အတွက်တခဲနက်ကြွေးကျော်
ဆန္ဒပြကြသည်။


သတင်းနှင့်ဓါတ်ပုံ။ ။ကိုနေဝင်း(BRSA)

Sunday, February 7, 2010

(၄၉)နှစ်မြောက်ကချင်တော်လှန်ရေးနေ့ဆန္ဒပြပွဲ

၂၀၁၀၊ဖေဖဝါရီလ၅ရက်နေ့က ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်(၄၉)နှစ်မြောက်ကချင်တော်လှန်ရေးနေ့ဆန္ဒုူု
ပြပွဲကို ပြုလုပ်ခဲ့ရာတွင် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်အတူ BRSAမှလည်းဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည်။
ဆန္ဒပြပွဲသို့ တက်ရောက်ဦးရေမှာ(၁၀၀)နှီးပါးခန့်ရှိသည်ဟုသိရပါသည်။
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းတည်ဆောက်ရေးကိုဆန့်ကျင်ခြင်း၊
အတင်းအဓမ္မရွေ့ပြောင်းစေခြင်းနှင့်မြေယာများသိမ်းပိုက်ခြင်းကိုဆန့်ကျင်ခြင်း၊
အတင်းအဓမ္မလုပ်အားပေးစေခြင်းကိုဆန့်ကျင်ခြင်း၊
အရွယ်မရောက်သေးသောကလေးသူငယ်များအားစစ်မှုထမ်းစေခြင်းကိုဆန့်ကျင်ခြင်း၊
အတင်းအဓမ္မလိင်အကြမ်းဖက်မှုကိုဆန့်ကျင်ခြင်း၊
တိုင်းရင်းသားလူမျိုးစုများအားမျိုးပြုတ်တိုက်ဖြတ်ခြင်းကိုဆန့်ကျင်ခြင်း၊
နယ်ခြားစောင့်တပ်ဖွဲ့ထားခြင်းကိုဆန့်ကျင်ခြင်း၊
ပင်လုံသဘောတူစာချုပ်ကိုအလေးထားရန်တောင်းဆိုခြင်း၊
ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦးနှင့်နိုင်ငံရေးအကျဉ်းသားများ၊ဦးခွန်ထွန်းဦးနှင့်တိုင်းရင်းသားခေါင်းဆောင်များချက်ခြင်းလွတ်ရန်
တို့ကို တောင်းဆိုခဲ့ကြပါသည်။
Newer Posts Older Posts Home