Thursday, August 13, 2009

ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံဝင်မည်

ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံဝင်မည်
12 August 2009
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပေါ်နေအိမ်အကျယ်ချုပ် တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက် တဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာကိုဆက်ပြီး အယူခံတင်သွင်းသွားမယ်လို့ အကျိုးဆောင် ရှေ့နေတဦးက ပြောလိုက်ပါတယ်။ ဘယ်လိုပဲ လျှော့ပေါ့ သက်သာပေးခဲ့သည်ဖြစ်စေ အပြစ်ရှိတယ်လို့ဆုံးဖြတ်တာကိုကမှားနေတယ်လို့ဆိုပါတယ်။

အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၇၅ ခုနှစ်၊ နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ် ၂၂ ကို ဖောက်ဖျက်တယ်ဆိုပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးကနေ သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဒီဥပဒေဟာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေပေါ်မှာ အခြေတည်လာ တာဖြစ်ပြီး အခုလက်ရှိ စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းမှာ ဒီအခြေခံဥပဒေဟာ အသက် မရှိ တော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်ကနေ အမှုစစစ်ကတည်းက တောက်လျှောက် ခုခံ ချေပခဲ့ကြပါ တယ်။ ဒါပေမဲ့လည်းတကယ်တမ်းစီရင်ချက်ချတဲ့အခါမှာတော့ အခြေခံဥပဒေကိစ္စဟာ အဓိကမကျဘူး၊ အဓိကကျတာက တားဆီးမိန့်ကို ဖောက်ဖျက်သလား၊ မဖောက်ဖျက်ဘူးလားဆိုတာဖြစ်တယ်၊ တားဆီးမိန့်ကို ဖောက်ဖျက်တာ တွေ့ရှိရတဲ့ အတွက် အပြစ်ရှိ တယ်ဆိုပြီးတော့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအမှုဟာ ဥပဒေကြောင်းအရကို အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လို့မရတာကြောင့် ဒါကို အယူခံဝင်သွားမှာပါလို့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းကပြောပါတယ်။ “ဥပဒေလမ်းကြောင်းကတော့ တရားရုံးက ချမှတ်တဲ့ အမိန့်အပေါ်မှာ ကျွန်တော်တို့ လုံးဝ သဘောမတူဘူး၊ မကျေနပ်ဘူး။ ကျွန်တော်တို့ အယူခံဝင်မှာပါ။ convictလုပ်တာကို မကျေလည်တာ။ ကျွန်တော်တို့ convict ကို မလုပ်နိုင်ဘူး။ ဒီအမှုတွဲ မှတ်တမ်းများအရ။ မလုပ်နိုင်တာကိုလုပ်တယ်၊ အဲဒါကိုအယူခံဝင်မှာ။ ”ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်ရှိတဲ့အတွက်ထောင် ဒဏ်သုံးနှစ်ကျခံစေဆိုပြီး တရားရုံးကစီရင်ချက်ချပြီးကာမှ မြန်မာစစ်ကောင်စီ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သြဂုတ်လ ၁၀ ရက်နေ့စွဲနဲ့ ကြိုပြီးပေးပို့ထားတဲ့ ညွှန်ကြားချက်ကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တရားခွင်မှာ လာဖတ်ပြခဲ့ပါတယ်။

ဒီညွှန်ကြားချက်မှာ ပြစ်ဒဏ်ဘယ်လောက်ပဲ ချမှတ်သည်ဖြစ်စေ၊ ထက်ဝက်လျှော့၊ အဲဒီထက်ဝက်ကိုလည်း ဆိုင်းငံ့ထား၊ နေအိမ်မှာ ပူးတွဲပါကန့်သတ်ချက်တွေနဲ့အညီ ပြန်နေထိုင်၊ အဲဒီကာလ အတွင်း စည်းကမ်းချက်တွေနဲ့အညီ ကောင်းမွန်စွာနေထိုင်မယ်ဆိုရင် ဆိုင်းငံ့ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ် ဆိုပြီးတော့ ပါရှိပါတယ်။ ထောင်ချပြီးကာမှ ထောင်ထဲမထည့်ဘဲ အိမ်ပြန်ပို့တာဟာ စစ်ကောင်စီဥက္ကဋ္ဌက စာနာထောက်ထား ညှာတာတာပါဆိုပေမဲ့ ဒါဟာ တရားဥပဒေအထက်ကနေ လုပ်ဆောင်မှုဖြစ်တယ်ဆိုပြီး ဝေဖန်တာတွေက ရှိပါတယ်။

ဒါ့အပြင် စီရင်ချက် မချခင် ကတည်းက ဒီညွှန်ကြားချက်ကို ပေးပို့ထားတာဖြစ်ပြီး သုံးနှုန်းထားတဲ့ဝေါဟာရတွေအရ အပြစ်ရှိကြောင်း ကြိုဆုံးဖြတ်ထား ပြီးသားလို ဖြစ်နေတယ်လို့လည်း ထောက်ပြကြပါတယ်။ ဦးဥာဏ်ဝင်းက သူလည်း အလားတူ သတိထားမိတယ်လို့ ပြောပါ တယ်။

“ဒီနေ့ သတင်းစာထဲမှာ ပါတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်ထဲရေးဝန်ကြီးကို ပေးတဲ့စာ ၂စောင်၊ ပြည်ထဲရေးဝန်ကြီး က နောက်ထပ် ထုတ်ပြန်တဲ့ အမိန့်မပါဘူး။ ဒါပေမဲ့ ဒီနေ့သတင်းစာကို ကြည့်လိုက်တော့ ပြည်ထဲရေးဝန်ကြီး စာကလည်း ၁၀ရက်နေ့ ရက်စွဲ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စာကလည်း ၁၀ရက်နေ့ ရက်စွဲ၊ စာ ၂စောင်လုံးကိုကြည့်လိုက်တော့လည်း အပေါ်နားမှာပါတယ်။ ပြစ်ဒဏ်ချမှတ်ခဲ့ပါက ဆိုတဲ့ စကားလုံးတစ်လုံး ခံထားတယ်။ ဒါပေမဲ့ အဲဒီစာပိုဒ်ရဲ့ အောက်စာပိုဒ်တွေ ကို ဆက်ဖတ်လိုက်တော့ အဲဒီမှာ ကင်းလွတ်ခွင့်တွေ တခါတည်း လုပ်ထားပေးလိုက်တယ်။

ဒီတော့ ကြိုတင်ပြီးတော့ မကျ သေးတဲ့ အမှုကို permission တို့ suspend တို့ လုပ်ထားတာကို ကျွန်တော်တွေ့ရပါတယ်။”ဒါ့အပြင် အမိန့်ထဲမှာ ရည်ညွှန်းထားတဲ့ ကျင့်ထုံး ဥပဒေပုဒ် ၄၀၁ ထဲမှာ နေအိမ်မှာ ပြန်နေထိုင်ခွင့်ပြုတာနဲ့ သက်ဆိုင်တာ တွေ မပါ တဲ့အတွက် ဘယ်ဥပဒေနဲ့ လုပ်တယ်ဆိုတာကို သူတို့လည်း မသိသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။သတ်မှတ် စည်းကမ်းချက်တွေနဲ့အညီ နေထိုင်ခွင့် ပြုလိုက်တယ်ဆိုတာမို့ ဘယ်လိုစည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ထား သလဲ ဆိုတာကိုတော့ ဦးဥာဏ်ဝင်းက သူ မှတ်သားရလိုက်သလောက် ပြန်ပြောပြပါတယ်။

“သူက ဒီအိမ်မှာပဲ နေရမယ်။ မထွက်ရဘူး။ သတ်မှတ်တဲ့ ဆရာဝန်နဲ့ ဆေးကုသခွင့်ရှိတယ်။ nurse အဖွဲ့နဲ့လည်း ဆေးကုခွင့် ရှိတယ်။ အဲဒီမှာ လိုအပ်လို့ရှိရင်၊ တောင်းဆိုရင် တခြားဆေးမှူး၊ ဆရာဝန်နဲ့လည်း ကုသခွင့် သူတို့ ဆောင်ရွက်ပေးမယ်။ ပြည်တွင်းသတင်းမှာလည်း မြ၀တီ၊ မြန်မာ့အသံ ကြည့်ရှုခွင့်ရှိတယ်။ ပြင်ပကို စာနဲ့ စာရေးသား ဆက်သွယ်ခွင့်ရှိတယ်။ ဧည့်သည် တွေ့ခွင့် ရှိတယ်။ ဒါပေမဲ့ အစိုးရရဲ့ ခွင့်ပြုချက်ရှိတဲ့သူနဲ့ပဲ။ အဲဒါတွေပါတယ်။”မေလ ၁၄ ရက်နေ့ကနေ စပြီးစစ်ဆေးခဲ့တဲ့ ကမ္ဘာပေါ်မှာ စောင့်အကြည့်အခံရဆုံး တရားစစ်ဆေးမှုတခုကတော့ မနေ့ကပဲ အဆုံး သတ်သွားခဲ့ပါပြီ။

ဒါပေမယ့် အမှုစဖြစ်ကတည်းက ပေါ်ထွက်နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသံတွေကတော့ ရပ်မသွားတဲ့အပြင် ပိုပြီးတော့ ကျယ်လောင် ပြင်းထန်လာနေပါတယ်။ အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ်ချမှတ်၊ ပြီးကာမှ တရားစွဲခဲ့ရတာကို စိတ်မချမ်းမြေ့တာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ အာဃာတမရှိရေး၊ ဒီမိုကရေစီလမ်းကြောင်း ချောမွေ့စေရေး စတာတွေနဲ့ စာနာထောက်ထားလိုတဲ့ အတွက် အိမ်မှာပြန်နေပါ၊ စည်းကမ်းတော့ မဖောက်ပါနဲ့ဆိုပြီး ထောင်အချုပ်ကနေ အိမ်အချုပ် ပြန်ပို့ခဲ့တာဖြင့် စစ်မှန်တဲ့ စေတနာမဟုတ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ရှေ့တိုးတက်တဲ့ လုပ်ရပ် မဟုတ်ဘဲ နောက်ပြန် ဆုတ်ယုတ်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ပြည်တွင်းပြည်ပက ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာကနေ ဝေဖန်ပြစ်တင်နေကြကြောင်း သိရှိရပါသည်။
VOA သတင်းဋ္ဌာနမှကူးယူတင်ပြပါသည်။

SHINAGAWAလ.၀.ကနှင့် USHIKUလ.၀.ကရှိမြန်မာလူမျိုးဦးရေ

ယနေ့ ( ၂၀၀၉ခုနှစ်၊ သြဂုတ်လ၊ ၁၂ရက် )နေ့အထိ SHINAGAWA လ.၀.က၌ မြန်မာလူမျိုးအမျိုးသား (၃၂)ဦး၊ အမျိုးသမီး(၁၀)ဦးနှင့် USHIKUလ.၀.က၌ မြန်မာလူမျိုးအမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး(၃)ဦးတို့ ထိန်းသိမ်းခံနေရကြောင်း စုံစမ်းသိရှိရပါသည်။ ထိန်းသိမ်းခံမြန်မာလူမျိုးများအား သွားရောက်တွေ့ဆုံရင်း လူဦးရေစာရင်းကိုပါစုံစမ်းပေးသော BRSA၏ လူမှုရေးဋ္ဌာနမှူး ဦးကွန်းဇော်ထွဋ်အား ကျေးဇူးတင်ပါသည်။

Saturday, August 8, 2009

၂၁ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်နေ့ အထိမ်းအမှတ်ချီတက်ဆန္ဒပြပွဲ

၂၁နှစ်မြောက် ၈၈၈၈နှစ်ပါတ်လည်နေ့ အထိမ်းအမှတ်ချီတက်ဆန္ဒပြပွဲ
ယခင်နှစ်များကဲ့သို့ MinamiGotanda ပန်းခြံတွင်နေ့လည် ၂နာရီ၌ စတင်စုဝေး၍ နေ့လည်၂ နာရီ၄၅မိနစ်တွင် စတင်ချီတက်ဆန္ဒပြခဲ့ကြပြီး၊ စစ်အခွန်ရုံးရှေ့ကိုဖြတ်ကာ Gotanyama ပန်းခြံတွင် ညနေ၄း၃၀ ၌ ချီတက်ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါသည်။


BRSA သတင်းနှင့်ပြန်ကြားရေးဋ္ဌာန၏ အဖွဲ့ဝင်များမဟုတ်သော်လည်း စေတနာဖြင့်BRSAသတင်းနှင့် ပြန်ကြားရေးဋ္ဌာနအတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့ကြသော ကိုကွန်းဇော်ထွဋ်၊ ကိုအောင်ထူးသိန်း၊ ကိုနောင်မင်းသိန်းတို့အား ကျေးဇူးတင်ရှိပါသည်။
အေးနန္ဒာအောင်
ဋ္ဌာနမှူး
သတင်းနှင့်ပြန်ကြားရေး

Sunday, August 2, 2009

၂၁ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်နေ့ အထိမ်းအမှတ်ချီတက်ဆန္ဒပြပွဲ

လေးစားအပ်ပါသော BRSA၏အသင်းဝင်အပေါင်းတို့ရှင့်----
၂၁နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်နေ့ အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲအတွက် ယခင်နှစ်များကဲ့သို့ MinamiGotanda ပန်းခြံမှစတင်ထွက်ခွာရန် ရဲချုပ်ရုံးနှင့်သဘောတူညီချက် ရပြီဖြစ်ပါသည်။
စုရပ် ။ ။ (Minami Gotanda ပန်းခြံ။ Yamanote line, Gotanda ဘူတာ။
၂ နာရီ၁၅မိနစ်တွင်အခမ်းအနားစ၍ ၂ နာရီခွဲတွင်စတင်ထွက်ခွာမည်။) ဟုသတင်းရရှိပါသည်။

Saturday, August 1, 2009

ဇူလိုင်လ ၃၁ရက် ဂျပန်ရောက်မြန်မာများ ဆန္ဒပြပွဲ


၂၀၀၉ဇူလိုင်လ၃၁ရက်နေ့လည်၁၂နာရီအချိန်ဂျပန်နိုင်ငံတိုကျိုမြို့ရှိနာဂါဝါမြို့နယ်နအဖအခွန်ရုံးရှေ့တွင်ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စီရင်ချက်ချမည့်ကိစ္စအတွက်ဤမတရားမှုကိုကန့်ကွက်ကြောင်းဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ
ဆန္ဒပြခဲ့ကြပါသည်။စုစုပေါင်းအင်အား၂၅၀ ခန့်တက်ရောက်ခဲ့ကြပြီး၊ညနေ၄နာရီတွင်ဆန္ဒပြပွဲအခမ်းအနားပြီးဆုံးခဲ့ပါသည်။
အဆိုပါဆန္ဒပြသို့ထိုင်းနိုင်ငံမှခေတ္တရောက်ရှိနေသူကိုဆလိုင်းယောအောင်(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF)မှ`ဂျပန်ရှိမြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကိုအားရကျေနပ်မိကြောင်း၊အင်အား၃ရပ်(နယ်စပ်ဒေသ၊ နိုင်ငံတကာ၊မြန်မာပြည်တွင်း)ဟန်ချက်ညီလှုပ်ရှားမှအောင်မြင်နိုင်ကြောင်း၊နအဖ၏နိုင်ငံရေးအကျပ်အတည်း၅
ရပ်(ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊စစ်တပ်တွင်းမတည်ငြိမ်မှု၊ကမ္ဘာ့စီးပွားပျက်ကပ်၊၂၀၁၀ ရွေးကောက်ပွဲ၏စိန်ခေါ်မှု၊အပစ်အခပ်ရပ်စဲရေး)တို့ကိုထောက်ပြဝေဖန်ခဲ့ပါသည်။
အမေရိကန်မှခေတ္တရောက်ရှိနေသူကိုမိုးသီးဇွန်မှလည်း`၈၈`မှယနေ့ထိ၂၁နှစ်တိုင်အောင်မြန်မာပြည်တွင်အဓမ္မဝါဒီတို့နှင့်တရားမျှတမှုတို့စစ်ဖြစ်နေရကြောင်း၊အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးမစ္စဟီလာရီကလင်တန်မှအပြုသဘောကမ်းလှမ်းချက်ကိုငြင်းဆန်ခဲ့သောနအဖ၏
လုပ်ရပ်ကိုဝေဖန်ရှုတ်ချလိုက်ပြီးယခင်မိမိလာရောက်ခဲ့သောနှစ်များထက်ဒီမိုကရေစီအင်အားစုများ
တိုးပွားလာသည်ကိုမြင်ရ၍အားတက်မိကြောင်းပြောကြားခဲ့ပါသည်။
အလားတူအမေရိကန်မှခေတ္တရောက်ရှိနေသူကိုမြတ်စိုး(ဗကသအဖွဲ့ဝင်ဟောင်း-အမေရိက)မှအမျိုးသားပြန်လည်သင့်မြတ်ရေးကိုဆန့်ကျင်သွေဖည်နေသောနအဖ၏လုပ်ရပ်များကို
ဝေဖန်ပြောကြားပေးခဲ့သည်။

ဓါတ်ပုံ ။ ကိုသန်းဝင်း၊သတင်းအချက်အလက်များကို ကိုစိုးအောင်ဝင်း တို့မှ ရယူပါသည်။

ရှစ်လေးလုံးအထိမ်းအမှတ်ချီတက်ဆန္ဒပြပွဲကိုဩဂုတ်လ၈ရက်စနေနေ့နေ့လည် ၂နာရီခွဲတိုကျိုမြို့
GOTANDAမြို့နယ်ပန်းခြံတွင်စုဝေး၍ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်ရပါသည်။